ယနေ့ ၂၁ ရာစုမှာခေတ်မီ မြို့ပြအိမ် များနဲ့ ထုတ်လုပ်မှု ဆိုင်ရာ ကုမ္ပဏီကြီး တွေဟာ သဘာဝကို အခြေခံပြီး ဘေးပတ်ဝန်းကျင်နဲ့ကိုက်ညီအောင် ဆောက်လုပ်ထားတာကိုတွေ့မြင်လာရပါ
ကမ္ဘာ့ထိပ်သီးသဘာဝစွမ်းအင်ပြောင်းပိုင်ရှင်
ကမ္ဘာမှာ Green Energy သဘာဝစွမ်းအားကို နံပတ်၁ အနေနဲ့ စွမ်းစွမ်းတမံ သုတေသန
နဲ့လက်တွေ့ကျင့်သုံးနေတာကတော့် ဥရောပတိုက်ရဲ့
အလယ်မှာရှိတဲ့ဂျာမနီနိုင်ငံဖြစ် ပါတယ်။
ဂျာမနီစွမ်းအင်ဝန်ကြီး ငှာနဟာ
နှစ်စဉ်နှစ်တိုင်း သူ့နိုင်ငံရဲ့ သဘာဝစွမ်းအင် ရင်းနှီးမြုပ်နှံမှုအတွက် ယူရို
သန်းပေါင်း ၁၅% မှ၂၀% အထိပုံမှန် သုံး နေပါတယ်။ ၂၀၀၉ ရှင်းတမ်း အရ ဂျာမန်
စွမ်းအင်ဝန်ကြီးဌာနဟာ 2020 နှစ်အ ထိ သန်းပေါင်း ၆၀၀ ယူရို ရှိတဲ့
စွမ်းအင်လုပ်ငန်းကြီးများရင်းနှီး ချဲ့ထွင်သွားမည့်အကြောင်းကြေငြာ ခဲ့ပါတယ်။ နေ၊ရေ၊
လေနဲ့ ဇီဝကို အခြေခံတဲ့ စွမ်းအင်လုပ်ငန်းများ လုပ်ဆောင်မယ့် နိုင်ငံစွမ်းအင်
ကဏ္ဍမှာဂျာမန် ပြည်သူလူထုအများဟာလည်း စွမ်းစွမ်းတမန်ထောက်ခံပြီး စွမ်းအင် အခွန်
အနေနဲ့ ပေးဆပ်သွားမယ်လို့ပြောသွားပါတယ် ။ ယနေ့ ဂျာမနီနိုင်ငံ ၁၆ ပြည်နယ်အားလုံးမှာ Photovotaics နေရောင်ခြည်အခြေခံ Solar
Panel ကို အိမ်တိုင်း
မှာတွေ့နိုင်ပါတယ်။ အများဆုံးတွေ့နိုင်
တဲ့ပြည်နယ်တွေကတော့်စီးပွားဖွဲ့ ဖြိုးမှုအင်အားအတောင့်ဆုံးပြည် နယ်များဖြစ်တဲ့
တောင်ပိုင်းပြည်နယ် Baden Württemberg (မားစီးဒီးကားထုတ်ပြည်နယ်) နဲ့ Bavaria
(ဘီအမ်ဒဘလူကားထုတ်) ပြည်နယ်တွေဖြစ်ပါတယ်။
၂၀၁၁ နှစ်ချုပ်အရ Baden Württemberg ပြည်နယ် က ၃၅၈၁ မီဂါဝတ် ၊ Bavaria
က ၈၀၆၇ မီဂါဝတ်နဲ့ နေရောင်ခြည်
စွမ်းအင်ကိုဖြန့်ဖြူးပေးခဲ့ပါ တယ်။ ယနေ့ဂျာမနီ ကို လေယာဉ်ပေါ်မှကြည့်လိုက်မယ်ဆိုရင်
အိမ်ခေါင်မိုး အားလုံးတိုင်းမှာ Solar Panel ကို တပ်ဆင်ထားတာတွေ့ရပါတယ်။ ဂျာမနီလို့ပြောလိုက်ရင် လူပု
ဂိုလ် တွေကြီးပြီး အိမ်တွေလည်းကြီးမယ်လို့ထင်ရေ ပမယ့်ဂျာမန်အိမ်တော်တော်များဟာ
သေးငယ်ပါတယ်။ တချို့အိမ်တွေဆိုရင် ကျွန်တော်တို့မြန်မာပြည်နယ်တွေ မှာရှိတဲ့
အိမ်လောက်တောင်မကြီးပါဘူး။ အချို့အိမ်ဆိုရင် တဲပုတ်စာလေးလောက်ပဲရှိပါတယ်။ ပုံစံမျိုးအားဖြင့်ကတော့်
ခေါင်မိုးနှစ်ခုပိုင်းဟာစောင်းေ စာင်းလေးနဲ့ အောက်သို့စောင်းကျနေပါတယ်။
ဂျာမန်ပြည်သူများဟာသဘာထိန်းသိမ်းရေးကို အင်မတန်ဦးစားပေးတဲ့
လူမျိုးများဖြစ်ကြ ပါတယ်။ဒါ့ကြောင့်သူတို့ရဲ့ လူနေမှု နေထိုင်စားသောက်တဲ့
စနစ်မှာလည်း လိုအပ်တာထက် ပိုလျှံသည့် စနစ်ကိုမသုံးပါဘူး။ ဒီတော့် မိသားစုဝင် ၃
ယောက်နေရမယ့် အိမ်ဟာ ၃ ယောက်နဲ့ အဆင်ပြေအောင်ဆောက်လုပ်ထားပါတယ်။
နေရောင်ခြည်သိပ်မရတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ Solar ပြားနဲ့ စွမ်းအင်ကို ယူနေတယ်ဆိုတော့်
သံသယ၀င်စရာပါဘဲ။ ဒါပေမယ့် စက်မှု နည်းပညာကောင်းတဲ့ ဂျာမနီဟာယနေ့ ကမ္ဘာမှာ Solar
Panel Manufacturing ကဏ္ဍမှာ No.
1 ဖြစ်ပါတယ်။
တို့မြန်မာသင်ခန်း ယူစရာ
မြန်မာပြည်မှာစွမ်းအင်နဲ့ပတ်သက် လာရင်ခက်ခဲမှုများတွေ့ရှိနေတယ် ဆိုတာကို
လူတိုင်းတွေ့ကြုံခံစားမိ မှာပါ။ ဒါပေမယ့်လက်ရှိပြည်တွင်း လျှပ်စစ်စွမ်းအင်ကို
၁၀၀% အားကိုးရန်မလိုပဲ အခြားသော နေရောင်ခြည်စွမ်းအင်ကို
လည်းအားကိုးရန်ပြည်သူများအနေနဲ့ Alternative Source of Energy အခြားနည်းလမ်းပေးစွမ်းအင်များကိုရှာရန်လိုလိမ့်မယ်လို့မြင်ပါ တယ်။
လက်ရှိအကောင်ထည်ဖော်နိုင်တဲ့ နည်းလမ်းက
Solar Power Panel များဖြစ်ပါတယ်။ နေရောင်ခြည်နည်းပါးတဲ့
ဂျာမနီ ဟာ Solar Energy ကို
ဦးစားပေးနေတယ်ဆိုတော့်နေရောင် ခြည်အမြဲရနေတဲ့မြန်မာပြည်က ဘာဖြစ်လို့ နေရောင်ခြည်
လျှပ်စစ်အားကို မရနိုင်ရမှာလည်းဆိုတဲ့ မေးခွန်းတွေထွက်လာပါတယ်။
ယနေ့ခေတ်သစ်အဆောက်အုံများ နဲ့ ကုမ္ပဏီကြီး အများဟာ Glass
House ပုံစံမျိုးနဲ့ Solar Panel များကိုတပ်ဆင်ပြီး သူတို့ရဲ့နေ့စဉ်လုပ်ငန်းဆောင် တာများကို
ထိရောက်စွာ လုပ်နေပါတယ်။
အကောင်းဆုံးဥပမာနဲ့ပြောရရင်ကမ္ဘာ့ အကြီးဆုံးကုမ္ပဏီများဖြစ်တဲ့
Apple, IKEA နဲ့ Walmart
တို့ဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေဟာ Solar
Energy Panels
တွေကိုတတ်ဆင်ပြီး လုပ်ငန်းများကို လုပ်ဆောင်ရာ ၂၀၁၂ Solar
Energy Industries Association ၏ရှင်းတမ်းအရ
ဒေါ်လာသန်းပေါင်း ၄၇.၃ တန်တဲ့စွမ်းအင် ပမာဏကို စုဆောင်းနိုင်ခဲ့ပါတယ်။
မြန်မာပြည်မှာလည်း အသေးစားလုပ်ငန်းတွေမှာ ဤကဲ့သို့ သဘာဝကို အခြေခံတဲ့
စွမ်းအင်သုံးလုပ်ငန်းများ ချဲ့ထွင်လျှင်အကျိုးမြတ်ပေးဖို့ စာရေးသူ
အနေနဲ့မြင်ပါတယ်။
ဒါ့ကြောင့်မြို့ပြကြီးများဖြစ် တဲ့ရန်ကုန်၊မန္တလေး၊မကွေး၊ပဲခူး စသည့်ဒေသတွေမှာ
စီးပွားရေးလုပ်ငန်းများ အတွင်း လုပ်နိုင်ရန်
မြန်မာပြည်မှာလည်းဤကဲ့သို့နေရော င်ခြည်ကို အခြေခံပြီးကိုက်ညီမဲ့
အဆောက်အုံဒီဇိုင်းများ ကိုလည်း အင်ဂျင်နီယာများ မှ ဆောက်လုပ်နေပါတယ်။ ဤကဲ့တို့
ဒီဇိုင်းဆန်းပြီး Solar Panel များတပ်ဆင်နိုင်မယ့် အိမ်ခြံ တိုက်ခန်းများကို
အင်တာနက်မှတဆင့် House.com.mm ကဲ့သို့အကျိုးဆောင်အိမ်ရှာဖွေေ ရးလုပ်ငန်းများမှလည်းလွယ်ကူစွာ ရှာဖွေနိုင်ပါတယ်။
ဆိုလာ နည်းပညာနဲ့ ပက်သက်လို့လည်း မြန်မာပြည်မှာ လှုပ်ရှား ဆောင်ရွက်မှုတွေ အင်မတန်
များပြား လာနေ ပါပြီ။ Popular Myanmar နဲ့ Myanmar
Internet Journal တို့လို ပြည်တွင်းက ဝဘ်ဆိုဒ်တွေရဲ့ နည်းပညာ နဲ့ ပြည်တွင်း သတင်း ကဏ္ဍ တွေမှာ
ဆိုလာ နည်းပညာ အကြောင်း နဲ့ ပြည်တွင်း က အသုံးပြု နေမှု အကြောင်း များကို မြင်တွေ့
လေ့လာ ကြည့်နိုင် ပါတယ်။
အကြီးစားစက်မှုလုပ်ငန်းများအတွ က် Solar Power ဟာလိုအပ်တဲ့စွမ်းအင်ကို မပေးနိုင်သေးပေမယ့်လည်း ခေတ်မီ
ရုံး၊အိမ်။ဆေးရုံများမှာတော့် ထင်မြင်ထားတာနဲု့ပိုပြီးအကျိုးေ ပးနေပါပြီ။
ဤစနစ်ကိုကုမ္ပဏီကြီးများနဲ့ တတ်ဆင်နိုင်တဲ့ အိမ်မိသားစုတိုင်း
အထူးသဖြင့်မြန်မာပြည် ကျေးလက်ဒေသများ အားလုံးမှာ သုံးစွဲမယ်ဆိုရင်
တစ်နိုင်ငံလုံးအတိုင်းအတာ လျှပ်စစ်သုံးအား ဟာမျှတမှုပိုရှိပြီးပြည်သူများ အတွက်
အထောက်အကူဖြစ်မှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ပေးရတဲ့လျှပ်စစ် အခွန်မှလည်း
အကုန်ကျသက်သာပြီး ပို ၍စုဆောင်းမိမှာဖြစ်ပါတယ်။ စက်မှုထွန်းကားတဲ့ဂျာမနီ၊အမေရိ ကန်တို့လို
နှိုင်းယှဉ်ရန်မသင့်တော်ပေ မယ့်လည်း သူတို့ထံမှ ဈေးသက်သာစွာနဲ့ရနိုင်တဲ့ Solar Technology နည်းစနစ်ကိုတေ့ မြန်မာပြည်မှာ ရာနှုန်းပြည့်ကောင်းမွန်စွာ
သုံးစွဲနိုင်မယ်လို့မျှော်လင့် ပါတယ် မြန်မာ့ရောင်ခြည်ကို အသုံးပြုပြီး
မြန်မာပြည်သူ များရဲ့ စီးပွားရေး နဲ့
မိသားစုဝန်ဆောင်မှုလုပ်ငန်းများ ပို၍အောင်မြင်နိုင်ရန်ရည်စူးလျ က်……....
ကိုဆိုင်း
ဘာလင်
0 comments:
Post a Comment