skip to main |
skip to left sidebar
skip to right sidebar
နိုင်ငံတော် အကျဉ်းသား စာအုပ်
ရေးသူ- (ကို)အောင်မိုးဝင်း
တရုတ်ပြည်ကြီး တိုးတက်မှုအကြောင်းပြောတိုင်း
တိန့်ရှောင်ဖိန် တယောက်တည်းကိုပဲ အမှတ်ပေး ခြီးမွန်းလေ့ရှိကြတယ်။
နိုင်ငံတော်ရဲ့ အကျဉ်းသား ဆိုတဲ့စာအုပ်လေးကို ဖတ်စေချင်ပါတယ်။
တရုတ်စီးပွားရေးတိုးတက်မှုကို အဓိကဖြစ်စေတဲ့ အကြောင်းရင်း အပါအဝင်
တီယင်မင်လူသတ်ပွဲအထိ စိတ်ဝင်စားစရာအပြည့် ။
ဒီစာအုပ်က ကွန်မြူနစ်ပါတီရဲ့ ဝါဒဖြန့်စာအုပ်မဟုတ်တော့ ဖတ်လို့ပိုကောင်းပါတယ်။
တကယ်တော့ တိန့်ရှောင်ဖိန်က စီးပွားရေးဦးမော့လာဖို့အတွက် ဝန်ကြီးချုပ်
ကျောက်ကျိယံကို အားကိုးခဲ့တယ်။ ဈေးကွက်စီးပွားရေးအတွက်
မဟာဗျူဟာကျကျလှမ်းဖို့ ကျောက်ကျိယံကို ဦးဆောင်စေချင်တယ်။
အနောက်နိုင်ငံတွေနဲ့ နီးစပ်စေခဲ့တယ်။
ဒါပေမယ့် တီယင်မင်ရင်ပြင်
ကျောင်းသားလှုပ်ရှားမှုနဲ့ လူသတ်ပွဲတွေက ကျောက်ကျိယံနဲ့ တိန့်ရှောင်ဖိန်
နှစ်ယောက်ကြားမှာ အကြီးအကျယ် ကွဲအက်စေခဲ့တယ်။
ဒီလိုနဲ့ ကျောက်ကျိယံတယောက် ရာထူးက ဖယ်ရှားခံလိုက်ရတယ်။
နိုင်ငံရေး ကိစ္စတွေကို ခဏထား။
တရုတ်စီးပွားရေး ဖေါ်ဆောင်မှုအယူအဆ ကို ပြောကြည့်ရအောင်
တရုတ်က ဈေးကွက်စီးပွားရေး လုပ်ယုံတင်မကဘူး
အရင်းရှင်တွေကို ကွန်မြူနစ်ပါတီဝင် ပေးပစ်တယ်
အဓိက ကတော့ ကွန်မြူနစ်နဖူးစီးတပ်ပြီး စီးပွားရေးလုပ်ခိုင်းတာ
တိန့်ရှောင်ဖိန်က လက်တွေ့ကျတယ်။
ကားလ်မာ့က်စ် ပြောသလိုမျိုး လိုက်လုပ်ရင် ကျန်တဲ့ ကွန်မြူနစ်နိုင်ငံတွေလို
ဒုက္ခရောက်တော့မယ်။ ငတ်တော့မယ် ဆိုတာ သိတယ်။
ဒါ့ကြောင့် တရုတ်နည်းတရုတ်ဟန် အရင်းရှင်စံနစ်ဆီကို တရွေ့ရွေ့ပြောင်းတယ်
တရုတ်အရင်းရှင်စံနစ်က အာဏာရှင်ဆန်တဲ့ စီးပွားရေးဖေါ်ဆောင်မှု
ဒါပေမယ့် ကွန်မြူနစ်ခရိုနီတွေအပေါ် အခွင့်အရေးတအားပေးထားတယ်။
ကွန်မြူနစ်ခေါင်းဆောင်တွေရဲ့ မိန်းမတွေက စိန်ကုန်သည် ကျောက်မျက်ရတနာဋ္ဌာန အကြီးအကဲတွေ။
ပါးစပ်ကတော့ ပြောနေတာပဲ
လူတန်းစားညီမျှမှု၊ ကွန်မြူနစ် ဘာညာပေါ့
ဒါပေမယ့် တရုတ်သွားနေတဲ့လမ်းက အရင်းရှင်အာဏာရှင်စံနစ် ပါ။
စစ်အေးတိုက်ပွဲတုံးက အမေရိကန်တွေမှားခဲ့သလိုမျိုး
အာဏာရှင်တွေကို ထောက်ခံပေးပြီး ဆရာမွေးတပည့်မွေးလုပ်ပြီး စီးပွားရှာတော့တယ်။
ကွန်မြူနစ်အတွေးအခေါ်ထက် ငွေနဲ့ချမ်းသာကြွယ်ဝမှုကို ပိုဇောင်းပေးခဲ့ကြတော့ စီးပွားဖြစ်လာတော့တာပေါ့။ စာအုပ်ကို ဖတ်ကြည့်စေချင်ပါတယ်။
0 comments:
Post a Comment