ကျိုးစားအားထုတ်ကြတဲ့ ကွန်ပြူတာ I.T သမားပေါင်း များစွာ ရှိခဲ့ကြမှုာပါ သို့မဟုတ်လည်း
အနည်းငယ်ထက်ပိုပြီး ရှိရင်လည်း ရှိနိုင်ပါတယ်။ အဲလို I.T
ပညာ နီးစပ်သူတွေ ကျွမ်းကျင်သူ
တွေကြားထဲက ညီလင်းဆက်နဲ့ မန္တလေးက ဘလော့ဂါ ကိုမောင်လှတို့က
ခပ်စောစော အချိန်
ကာလတစ်ခုမှာ အွန်လိုင်းပေါ် ကိုယ်ပိုင် စာမျက်နှာတစ်ခု ဖွင့်ပြီး
မြန်မာစာလုံးတွေနဲ့ ရေးဖို့
ကျိုးစားကြသူများလို့ ကျနော် ထင်ပါတယ်။
၂၀၀၇ ခုနှစ် မြန်မာနိုင်ငံက နိုင်ငံရေး ပြသနာတွေ အုံကြွမပေါ်ပေါက်ခင်မှာ ပြည်တွင်းကနေ
၂၀၀၇ ခုနှစ် မြန်မာနိုင်ငံက နိုင်ငံရေး ပြသနာတွေ အုံကြွမပေါ်ပေါက်ခင်မှာ ပြည်တွင်းကနေ
မြန်မာစာလုံးနဲ့ အင်တာနက်ပေါ်မှာ အဲလို စာရေးသားကြတဲ့ အွန်လိုင်း
မီဒီယာ စာရေးသူ
အုပ်စုတစ်စု ပေါ်လာတယ်လို့ ထင်ပါတယ်။ ကွယ်လွန်သူ ဒေါက်တာ နေ၀င်းမောင်နဲ့
ပြည်တွင်း
က I.T လေ့လာသူတချို့ဟာ Myanmar Egress (မြန်မာ အီးဂရက်) လို့
ခေါ်တဲ့ အုပ်စု တစ်စုကို
အစောပိုင်း ကာလတွေမှာ ထူထောင်ပြီး မြန်မာ့နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်း၊
တရားမျှတမူ
တွေ၊ လူ့အခွင့်အရေးတွေအတွက် စိုင်းပြင်းခဲ့ကြတယ်လို့ ကျနော်
ထင်မြင် ယူဆပါတယ်။
တတိယမြောက် အင်အားစုဆိုတဲ့ စကားလုံးဆိုတာ လူ့အဖွဲ့အစည်းတိုင်း၊
နေရာတိုင်းမှာ ရှိ
ပါတယ်။ တကယ်ပဲ တတိယမြောက်အောင် လုပ်နိုင်တာမျိုးတွေ ရှိသလို
မလုပ်နိုင်တာတွေ
လည်း ရှိနိုင်ပါတယ်။ “အီးဂရက်” (Egress) ဆိုတဲ့ ဝေါဟာရနဲ့
ပက်သက်ပြီး ကျနော့်မိတ်ဆွေ
တစ်ဦးဖြစ်တဲ့ ကိုမောင်မောင်သိမ်း (အမေရိကန်၊ ဆန်ဖရန်စစ္စကို
ဘေးဧရိယာနေ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်ဟောင်း၊ လက်ရှိ ရွှေည၀ါဆရာတော် ကပ္ပိယကြီး)က
.....
“အီးဂရက်ဆိုတာ ရုပ်ရှင်ရုံကြီး တစ်ရုံမှာ ရုပ်ရှင်ဇာတ်ကား
အမျိုးမျိုးကို ကြည့်ရူနေတဲ့ ပရိတ်သတ်
တွေက သူတို့ရုပ်ရှင်အပြီး ခန်းမအသီးသီးက ထွက်လာကာစ ရုံအပြင်ကို
ထွက်ဖို့အရေး
ရုံထဲက တစ်ခုတည်းသော လမ်းမအကျယ်ကို ခေါ်တာ …. ဘယ်ဇာတ်ကား ဘယ်ရုပ်ရှင်
ကို ကြည့်လာတဲ့သူ ဖြစ်ပါစေ … ဇာတ်လမ်းအပြီး ကိုယ့်ခန်းမထဲကနေ
အပြင်ကို ထွက်လိုက်
လို့ တခြားခန်းမတွေထဲကနေ ထွက်လာသူတွေနဲ့အတူ ရုံထဲကနေ အပြင်ကို
ထွက်ရတဲ့
တစ်ခုတည်းသော လမ်းမကြီး …… ”
၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး မတိုင်ခင်ကတည်းက အင်တာနက်အွန်လိုင်းမှာ
စာရေးသူတွေရှိပါတယ်။ ပြည်းတွင်းက စာရေးသူတွေ ရှိသလို ပြည်ပမှာ
နေထိုင်တဲ့
ဘလော့ဂါတွေလည်း ရှိပါတယ်။ ကျနော်ကိုယ်တိုင် ၂၀၀၇ ခုနှစ် နှောင်းပိုင်း
၂၀၀၈ ခုနှစ်
အစမှာ ဘလော့ စရေးပါတယ်။ သတင်းအချက်အလက်တွေ တင်ပြတဲ့ သတင်းဘလော့ဂါ
တွေ၊ Hot News တွေကို up to date တင်ပြ ဖော်ပြနိုင်ကြတဲ့
ဘလော့ဂါ ပေါ်လာကြ
ပါတယ်။ တချို့ ဘလော့များဟာ ဘလော့တစ်ခုကို လူ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်တည်း
က စီစဉ်ပေမယ့် တချို့ဘလော့စာမျက်နှာများကတော့ နှစ်ဦး၊ သုံးဦး
ပူးပေါင်း စီစဉ်ရတာ
မျိုးလည်း ရှိပါတယ်။ ဘလော့ဂါ တစ်ဦးတည်းက ဘလော့ နှစ်ခု၊ သုံးခု ဖွင့်ထားတာမျိုးလည်း
ရှိပါတယ်။ ကျနော်ကိုယ်တိုင် ဘလော့မှာ မြန်မာစာလုံးပေါ်လာအောင်
လုပ်ရတဲ့ EOT
ကို ယနေ့အထိ မလုပ်တတ်ပါဘူး။ ကျနော့်ဘလော့ရဲ့ အပြင်အဆင် blog template
တွေကို ကျနော် ဘာမှ မလုပ်တတ်ပါ။ ဂျာမဏီ နိုင်ငံမှာ လက်ရှိ
နေထိုင်တဲ့ ဘလော့ဂါ
ကိုလင်းထက် လုပ်ပေးထားတာပါ။ ကျနော် တတ်နိုင်တာ လုပ်နိုင်တာ
စာရေးရုံသက်သက်ပါ။
ကျနော် အပါအ၀င် ဘလော့ဂါ အများစုဟာ မြန်မာစာ အဓိကနဲ့ တက္ကသိုလ်မှာ
ဘွဲ့ရ
လာတဲ့သူများ မဟုတ်ကြပါဘူး။ ကျနော်တို့ဟာ သဒ္ဒါစာလုံးပေါင်း
အမှားမှား အယွင်းယွင်းနဲ့
ဘလော့လမ်းကို လျှောက်ခဲ့ကြပါတယ်။ ကျနော်တို့နဲ့ အင်မတန်မှ
မနီးစပ်ခဲ့တဲ့ အယူအဆ
လမ်းတွေပေါ်မှာ လျှောက်ခဲ့ကြပါတယ်။ ယနေ့အထိလည်း လျှောက်နေကြဆဲပါ။
စာလုံးပေါင်း သတ်ပုံ အမှားတချို့နဲ့ “ကဗျာ” တွေ၊ “ဆောင်းပါး”
တွေ ရေးခဲ့ကြပါတယ်။
ကဗျာရေးတော့ ကဗျာဆရာ စစ်စစ်ကြီး မဟုတ်ရင်တောင် ကဗျာရေးဖူးသူ
သို့မဟုတ်
ကဗျာပိုင်ရှင်၊ ခေတ္တခဏ ကဗျာဆရာ ဖြစ်ဖူးသူပေါ့ …..
ဘလော့တစ်ခုကို တည်ဆောက်ပြီး ဘလော့ရေးရုံနဲ့ ဘလော့ဂါ စဖြစ်ပြီလား
ဆိုတဲ့
မေးခွန်းဟာ ကျနော်တို့ ဘလော့ဂါတွေအကြားမှာ တိတ်ဆိတ်စွာ နေရာယူနေတဲ့
မြွေဆိုးတစ်ကောင်ပါပဲ။ ကျနော် ဘလော့လောကထဲ ၀င်ကာစက ကျနော်ဘလော့ပေါ်
မှာ ကျနော် ရေးထားတာကို လာဖတ်တဲ့သူ အင်မတန်မှ နည်းပါတယ်။
ကျနော် မှတ်မိ
သလောက် ထိုင်းနိုင်ငံမှာ လက်ရှိအထိ နေထိုင်နေတဲ့ ဘလော့ဂါ
မောင်မျိုး၊ ထိုင်ဝမ်ကျွန်း
မှာ နေတဲ့ ဘလော့ရေးတဲ့ မြန်မာ မိန်းကလေးတစ်ဦးနဲ့ ကျနော်ဟာ
သူ့ဘလော့၊ ကိုယ့်
ဘလော့ လည်ပတ် ကြည့်ရူပြီး C-box မှာ စာတွေ ရေးခဲ့ကြတယ်။ ကျနော့်ဘလော့လေး
ကို အဲဒီတုန်းက နေ့စဉ် စာလာဖတ်တဲ့သူဟာ သူတို့နှစ်ဦးသာ ရှိပြီး၊
သူတို့ ဘလော့
တွေမှာလည်း နေ့စဉ် စာလာဖတ်တဲ့သူ ဆိုလို့ အနည်းငယ်လောက်ပဲ
ရှိခဲ့ပါတယ်။
နောက်တော့ ကျနော်တို့ သုံးယောက်မှာတောင် မောင်မျိုးက လူချစ်လူခင်
များလာပြီး
စာဖတ်သူ နေ့စဉ် ရာဂဏန်း ကျော်လာပါတယ်။
ကျနော်တို့လို ဘလော့ဂါ ပေါက်စနလေးတွေဟာ နာမည်ရ ဘလော့ဂါတွေ၊
စီနီယာ
ဘလော့ဂါတွေရဲ့ C-box တွေ၊ ကော်မန့် ရေးတဲ့ နေရာမှာ ကော်မန့်တွေ
ဝင်ရေးပြီး
ကိုယ်ဟာ ဘလော့ရေးကာစ ဘလော့ဂါလေး ဖြစ်ပါကြောင်း လူပျို လှည့်ရပါတယ်။
ပြည်တွင်းနေ ဘလော့ဂါ ပင့်ဂိုးက သူ့ဘလော့ C-box မှာ အဲလို
လာနူတ်ဆက်တဲ့
ဘလော့ဂါ ပေါက်စနတွေကို “ခဏခဏ လာ မကြော်ငြာပါနဲ့… ” ပြည်တွင်းမှာ
ကော်နက်ရှင် မကောင်းတဲ့ကြားက C-box ထဲကမှာ လာရေးသွားတဲ့ လင့်ခ်
ခြေရာတွေနောက် လိုက်ဖို့ ခက်ပါကြောင်း ရေးတာမျိုးတွေ ရှိပါတယ်။
အဲလို
၂၀၀၇- ၂၀၀၈ ခုနှစ် ဘလော့ဂါ ခေတ်ဦးမှာ ကျနော်တို့လို ဘလော့ဂါ
ပေါက်စ
တွေဟာ အမေရိကန်က ကဗျာဆရာ သူပုန် ကိုအောင်သာငယ်၊ စက်ာပူက
ကဗျာဆရာမ ပန်ဒိုရာ၊ သြစတြေးရီးယားကျွန်းက မကေသွယ်တို့ရဲ့
ဘလော့
တွေထံ ချောင်းပေါက်မတတ် နေ့စဉ်သွားပြီး ကျနော်၊ ကျမတို့ရဲ့
ဘလော့ဂါ
အသစ်လေးများအား လက်တွဲခေါ်ယူ လင့်ခ်ချိတ်ပေးပါရန် မျက်နှာငယ်ငယ်ဖြင့်
နေ့စဉ် နူတ်ဆက်ရပါတယ်။ အမေရိကန်က မမိုးချိုသင်း (ကဗျာဆရာကြီးဦးတင်မိုး
၏ သမီး) ရဲ့ ဘလော့လေးထံမှာ ပို့စ်အသစ်တစ်ခု တင်လိုက်သည်နဲ့
ကျနော်၊
ကျမ ဘလော့ပေါက်စနများတို့သည် သူ့ထက်ငါ အလျင်အမြန် ကော်မန့်ရေး
ရခြင်းသည်လည်း မာရသွန် အပြေးပြိုင်ပွဲ ၀င်ရသလိုပါ။
ကျနော်တို့ မြန်မာဘလော့ဂါခေတ်ဦးမှာ မိမိဘလော့ စာမျက်နှာ
(main page)နံဘေး
က ကော်လံအသေး (sidebar) မှာ အခြား ဘလော့တွေရဲ့ လင့်ခ်တွေကို
ချိတ်ဆွဲပေးရေး
အတွက် မျက်နှာချို သွေးရခြင်းမှာ အင်မတန်မှ ခက်ခဲတဲ့ အလုပ်တစ်ခုပါ။
လူသည်
အသိအမှတ်ပြုခြင်းကို လိုလားသည့် သတ္တ၀ါဖြစ်လေရာ မိမိအား မည်သူက
စတင်
အသိအမှတ်ပြုပေးမလဲ ဟူသော အတွေးဖြင့် နေ့စဉ် အခြားဘလော့များ၏
စာမျက်နှာ
များပေါ်သို့ လှည့်လည်သွားရခြင်းမှာလည်း ဘလော့ဂါ အသစ်တို့၏
ကြီးစွာသော ဒုက္ခ
ဟု ကျနော် ယူဆပါ၏။ ကျနော်တို့ဟာ စာ၊ အကြောင်းအရာကို ဖြစ်ဖြစ်မြောက်မြောက်
မရေးတတ်၊ မတင်ပြတတ်ပေမယ့် အသိအမှတ် ပြု ခံရရေးအတွက် ထိုသို့
အတွေးချော်
ကာ အချိန်ပေး ကော်မန့်လိုက်ရေး၊ C-box ထဲ ခြေရာလေးတွေ လိုက်ချခဲ့ဘူးပါတယ်။
ဘလော့ပေါ် စာရေးကာစက ဘာစရေးလို့ ရေးရမှန်း တကယ့်ကို မသိခဲ့ပါ။
တစ်ယောက်ယောက်က ပေါ်ပြူလာဖြစ်တဲ့ အဖြစ်အပျက်တစ်ခုအကြောင်း
စရေး
လိုက်၊ ကဗျာ စပ်လိုက်တာနဲ့ ကျန်တဲ့သူ အများစုက အလားတူ ရေးကြ
ပြောကြပါ။
မိမိအကြောင်း၊ မိမိ ထိတွေ့ဆက်ဆံခဲ့တဲ့ အတိတ်က အကြောင်းအရာတွေကို
တင်ပြ
ရင်းကနေ ကျနော်တို့ဟာ ကိုယ့်ဘလော့လင့်ခ်ကို ဘယ်စီနီယာ ဘလော့ဂါကြီးများ
သူတို့ ဘလော့ sidebar မှာ လင့်ခ် ချိတ်ပေးမလားလို့ “သစ်ကုလားအုပ်
လည်ပင် …”
လို တမျှော်မျှော်ပါ။ ဤသို့ဖြင့် ကျွန်ုပ်တို့ မြန်မာဘလောဂါ
ပေါက်စနအပေါင်းတို့သည်
အင်တာနက် ရေစီးကြောင်းတွင် မျှော်ပါခဲ့ကြပါတယ်။
နောက်တော့ ထိုင်းနိုင်ငံက ဘလော့ဂါ ကိုသင်ကာ ရဲ့ အကောင်းဆုံး
ဘလော့ပို့စ်တစ်ရာ
ဆိုတဲ့ စာရင်းထဲ ကျနော့်ဘလော့က ပို့စ်တစ်ခု ပါခွင့်ရပါတယ်။
အဲဒီ ၂၀၀၈ ခုနှစ်
မြန်မာဘလော့ဂါ ပွဲဆူစဉ်ခေတ်မှာ သဘော အကောင်းဆုံး ဘလော့ဂါကတော့
စက်ာပူနိုင်ငံက ဘလော့ဂါ ကိုလူသစ်ပါ။ ဘလော့ဂါ အသစ်လေးတွေကို
လက်တွဲခေါ်
လေ့ရှိတဲ့ ဘလော့ဂါကြီးတွေကတော့ အမေရိကန်နေ ဘလော့ဂါ ကိုအောင်သာငယ်နဲ့
သြစီကျွန်းနေ မကေသွယ်တို့ပါ။ သူတို့ရဲ့ အသိအမှတ်ပြု လင့်ခ်ချိတ်ပေးမူကြောင့်ပဲ
ကျနော်တို့ ဘလော့ဂါ ပေါက်စနတွေ နေရာရ လူသိများခဲ့ကြပါတယ်။
ကျနော်တို့လည်း
လူသိများတာနဲ့ အမျှ ကျနော်တို့နောက်မှ ဘလော့ရေးလာကြတဲ့ ဘလော့ဂါအသစ်တွေ
ကို တွဲခေါ်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံက ဘလော့ဂါမောင်မျိုးရဲ့
C-box ဟာ ဘလော့ဂါ
ပေါက်စနပေါင်းများစွာတို့ရဲ့ ရင်ဖွင့်သံတွေနဲ့ စည်းကားနေကြပါ။
ကျနော့်ဘလော့က
Sidbar မှာ နေ့စဉ် သို့မဟုတ် တစ်ပတ် တစ်ခါလောက် update လုပ်ပြီး
ဘလော့အသစ်
မှန်သမျှကို လင့်ခ်ချိတ် အသိအမှတ်ပြုခဲ့ပါတယ်။
ဘလော့ရေးကြတဲ့သူတွေ များသထက် များလာနဲ့အမျှ ပြသနာ အယူအဆတွေ
ရှုပ်
ထက် ရှုပ်လာကြပါတယ်။ ဘလော့ဂါတွေ အချင်းချင်း အငြင်းပွား ရန်ဖြစ်ရင်းကနေ
သတ်မယ် ဖြတ်မယ်၊ ခုတ်မယ်ထစ်မယ်ဆိုပြီး အွန်လိုင်း အင်တာနက်ပေါ်ကနေ
မမြင်
ဘူး မဆုံဘူးသူတွေကြား ဆဲဆို ပြသနာတက်တာတွေ ရှိခဲ့ ဖြစ်ခဲ့ကြပါတယ်။
စာရေး
တဲ့ ဘလော့ဂါတွေပဲ ပြသနာဖြစ်တယ်လို့ မထင်ကြပါနဲ့။ ဟင်းချက်နည်း
ရေးတဲ့
အချက်အပြုတ် ဘလော့တွေကြားမှာတောင် “ဒင်းက မချက်တတ်ပဲ ဓါတ်ပုံတွေတင်၊
သူများစာတွေကို ကော်ပီကူးပြီး လုပ်နေတာ …” ဆိုပြီး ရန်ဖြစ်ကြတာ
ရှိပါတယ်။
ကျနော့်အသိ ဘလော့ဂါတစ်ဦးဆိုရင် သူက သူ့နာမည်အမှန်အတိုင်း
ဘလော့ရေး
ပါတယ်။ ဒီလိုနဲ့ အွန်လိုင်းပေါ် နာမည်ကြီး လူသိများလာတဲ့အခါ
သူနေထိုင်ရာ
ပတ်ဝန်းကျင် အိမ်နီးနားချင်းတွေက မနာလို ၀န်တိုဖြစ်ပြီး သူနဲ့တကွ
သူ့မိသားစုကို
ရစရာ မရှိအောင် အတင်းအဖျင်းအပြောခံရတဲ့အဆင့်ထိ ဖြစ်တာတွေ
ရှိပါတယ်။
ဘလော့ရေးတဲ့ ဘလော့ဂါဟာ သူ့ဘလော့နဲ့ ဘလော့လောကကို စွဲလန်းပြီး
အချိန်အများစုကို အင်တာနက်အွန်လိုင်းမှာ အသုံးများခဲ့တဲ့အတွက်
စီးပွားရေးနဲ့
မိသားစုဘ၀တွေ ထိခိုက်မူ ရှိခဲ့တဲ့ ဘလော့ဂါတွေတောင် ရှိခဲ့ဖူးပါတယ်။
တကယ်တော့ ဆိုရှယ်မီဒီယာပေါ်မှာ ၀ါသနာပါလို့ စာရေးတဲ့သူပဲဖြစ်ဖြစ်၊
လူအများစု
သိစေချင်လို့ နားလည်စေချင်လို့ ဖြန့်ချီသူပဲ ဖြစ်ဖြစ်၊ နာမည်ကြီး
လူသိ များချင်တဲ့
သူပဲဖြစ်ဖြစ် …. မည်သည့်ရည်ရွယ်ချက်နဲ့ မည်သို့ စိတ်ထား ထားပါစေ
အချိန်ကာလ
တစ်ခုကိုတော့ စိတ်ရှည်ရှည်နဲ့ ဖြတ်ကျော်ရပါတယ်။ တစ်ပတ် ပို့စ်အသစ် တစ်ပုဒ်
တင်နိုင်ဖို့ဆိုတာ သတင်းဘလော့ဂါ မဟုတ်တဲ့ ဘလော့ဂါများအတွက်
အင်မတန်
ခက်ခဲတဲ့ အလုပ်တစ်ခုပါ။
ယနေ့ခေတ်မှာ ဘလော့ဂါ အများစုဟာ ဘလော့တွေ စာရေးနေကြ အနေအထားကနေ
ဖေ့ဘွတ်၊ တွမ်တာဆီ ကူးပြောင်းသွားကြပါပြီ။ သို့ပေမယ့် ထင်ရှားပြီး
အများအကျိုးစီးပွား
အတွက် ထိခိုက်နစ်နာမူတွေ မပေါ်ပေါက်အောင် အွန်လိုင်းအင်တာနက်ပေါ်က
အပျော်တမ်း
မြန်မာဘလော့ဂါများရဲ့ အခန်းကဏ္ဍဟာ သမိုင်းစာမျက်နှာရဲ့ ရှုထောင့်တစ်ခုမှာ
ထင်ထင်ရှားရှား ရှိနေမှာကတော့ အသေအချာပါ။
…………..
ကွယ်လွန်သူ မြန်မာဘလော့ဂါများ ကောင်းရာသုဂတိ ရောက်ရှိပါစေ
….
ဘ၀ရဲ့ တန်ဖိုးရှိအချိန်တွေကို ပေးဆပ်ခဲ့တဲ့ ဘလော့ဂါများ စိတ်သွားတိုင်း
ကိုယ်ပါ ဖြစ်ကြပါစေ ….
အင်တာနက်ဆိုရှယ်မီဒီယာပေါ်က မြန်မာစာပေမြတ်နိုးသူများ အဓွန့်ရှည်ပါစေ
….
လို့ ကျနော် ဆုတောင်းပါတယ် ….
ကျနော် “ပျူနိုင်ငံ” ဘလော့ကို ရေးတဲ့ ဘလော့ဂါကိုအောင် ပါ
ခင်ဗျာ …..
0 comments:
Post a Comment