Friday, 16 May 2014

မော်တော်ယာဉ် မီး’ထလောင်မှု အကြောင်း တစေ့တစောင်း


(ယခုလက်ရှိ Toyota pro box 1.3 တွင် တပ်ဆင်ထားသော အချက်ပြ ဒိုင်ခွက်များ)



ယခုနှင့် ယခင် ကာလများက မြန်မာနိုင်ငံနှင့် ပက်သက်သော သတင်းများ
ဖတ်ရှုရာ လမ်းပေါ်တွင် မောင်းနှင်းနေသော မော်တော်ကားများ၊ မောင်းနှင်း
နေရာမှ ရုတ်တရက် မီး’ထလောင်မှု များ ဖြစ်ပွားကြောင်း သိရပါသည်။ ထို ပြဿနာ
များအကြောင်း ကျနော်သည် လူမှုကွန်ယက် ဖေ့ဘွတ်ပေါ်တွင် တင်ပြ ပြောဆိုရာမှ
ကျနော့်စတေးတပ်အောက်တွင် ပြည်တွင်းပြည်ပ နေထိုင် အလုပ်လုပ်ကိုင်လျက်
ရှိကြသော ကျနော့်မိတ်ဆွေများကလည်း သူတို့၏ အတွေ့အကြုံ ဗဟုသုတ
ထင်မြင်ချက်များကို လာရောက်ရေးသား ဝေဖန် အကြံပြုကြပါသည်။

ကျနော်တို့၏ ထင်မြင်ယူဆ၊ ဝေဖန် အကြံပြုချက်များသည် ရာခိုင်နှုန်းပြည့်
မမှန်ကန်သည်တိုင် မြန်မာနိုင်ငံအတွင်း ယာဉ်မောင်းသူများအတွက် တစုံတရာ
အထိ အကျိုးရှိစေရာ ရည်ရွယ်ပြီး ကျနော်တို့၏ လူမှုကွန်ယက် ဖေ့ဘွတ်ပေါ်မှ
အပြန်အလှန် ရေးသားမှုများကို ဖော်ပြလိုက်ပါသည်။
........................

Aung Khin Myint အခုတလောနဲ့ ယခင်က မြန်မာနိုင်ငံ သတင်းတွေ ဖတ်ရရင် ... ကားတွေ ... အထူးသဖြင့် လူစီးကား တချို့ မောင်းနှင်း နေရင်းကနေ မီး ထ'လောင် တယ်ဆိုတဲ့ ဓါတ်ပုံတွေ သတင်းတွေ ဖတ်ရပါတယ် .....
ဥပမာ- ကုန်တင်ကား တစ်စီး ဟာ ပေါက်ကွဲစေတတ်တဲ့ ကုန်ပစ္စည်းတို့ လောင်ဇာဆီတို့ တင်ဆောင်ရင်းကနေ မီး ထ'လောင်တယ်ဆိုရင် .. ဒါ သဘာဝ ကျပါတယ် ...
အခုဟာ ... သာမန် မိသားစု သုံးတဲ့ လူစီး ကားတွေဟာ လမ်းပေါ်မှာ မောင်းနှင်းနေရင်းကနေ မီး ထ'လောင်တယ်ဆိုတဲ့ အဖြစ်အပျက်များကို ကြည့်ပြီး တော်တော်ကိုး အံ့သြမိပါတယ် ....
*ကျနော် မြန်မာပြည်က ထွက်လာတာ ၁၅ နှစ်ကျော်ပါပြီ၊ ကျနော် လက်ရှိနေထိုင်တဲ့ ပါတ်ဝန်းကျင်မှာရော အခြားနေရာတွေမှာ အဲလို သာမန် ကားငယ်တွေ လမ်းပေါ် သွားရင်းကနေ မီး ထ'လောင်တယ် ဆိုတာ တခါ မှ မကြားဘူးလို့ ...
အခု မြန်မာပြည်က သတင်းတွေ ဖတ်ပြီး ....

တာဝန်ရှိ အစိုးရရော ... ကား တင်သွင်းသူတွေ ... စီးနင်းသူတွေ .... မော်တော်ယာဉ် အဆင့်အတန်း သတ်မှတ်ပေးတဲ့ ဥပမာ- က.ည.န ရုံးတို့ရဲ့ လုပ်ပုံလုပ်နည်းများဟာ ... နိုင်ငံတကာက ကား အဆင့်အတန်းများ နဲ့ ဘယ်လိုများ ကွဲပြားခြားနား နေသလဲလို့ ....

Pe Ti စင်္ကာပူမှာလည်း ခဏခဏဖြစ်တတ်ပါတယ်။

Aung Khin Myint ဟုတ်လား ... ကျနော်တို့ဖက်မှာတော့ ကျနော် တခါမှ မကြားဘူးလို့ပါ .... တစ်ခုခုကို ပွတ်တိုက်လို့ မီး ထလောင်တယ် ဆိုရင် ကျနော်တော့ လက်ခံပါတယ် ... အခုဟာက သူ့အလိုလို မောင်းနေတဲ့ ကားဟာ အလိုအလျောက် မီးထလောင်တယ် ဆိုတော့ ... ဒါ နည်းပညာ ချို့ယွင်းမှုလား ... လမ်းကြောင့်လား .... မောင်းတဲ့သူက ခလုပ်တွေ ဂီယာတွေ ကြိုက်သလို မှားလုပ်ပါစေ ... မီး ထလောင်တယ်ဆိုတာကြီးက ... ကျနော်တော့ သိပ် ဘ၀ရ် မကျဘူး ...

Myat Soe ဒေသမတူလို့၊ရာသီဥတုမတူတာနဲ့၊ ကားအင်ဂျင်တွေပူတာမတူတာလည်းပါနိုင်ပါတယ်။ ဒီနှစ်နွေရာသီမှာ အာရှနိုင်ငံတွေရဲ့အပူရှိန်ကအတော်လေးမြင့်တက်လာလို့ ပိုဆိုးတာဖြစ်နိုင်ပါတယ်။

Aung Khin Myint နည်းပညာပိုင်း ကွာဟမှု ရှိတယ်ဆိုရင် ကျနော်လည်း မပြောတတ်ဘူး ... ယနေ့ မြန်မာနိုင်ငံမှာ တင်သွင်းခွင့် ပြုထားတဲ့ ချယ်ရီ ဆိုတဲ့ တရုတ်နိုင်ငံထုတ် ကားဆိုရင် အနောက်အုပ်စု နိုင်ငံတွေမှာ တင်သွင်းခွင့် မပြုထားဘူး ... အဲဒီကားရဲ့ အတွင်းပိုင် ပြင်ဆင်မှုမှာ ပါဝင်တဲ့ ကာဘွန်ဒြပ်စင်တွေဟာ အဆုတ်ကင်ဆာ ဖြစ်တယ်လို့ ပြောကြတယ် .... အင်ဂျင်ပါဝါ အပူဒဏ် ခံနိုင်ရည်ကြောင့် မီးထလောင် သလား .... ကားအတွင်း အခြား ၀ါယာရှော့တွေကြောင့် မီးလောင်သလား .... အဲလို နည်းပညာ ချို့ယွင်းချက် ဖြစ်နေတဲ့ ကား ကို လမ်းပေါ် ဘာကြောင့် မောင်းခွင့် ပြုထားသလဲ .... ဒါ မဖြစ်သင့်ဘူးလို့ ကျနော် တော့ ထင်ပါတယ် ...

Myat Soe အေးဗျာ၊ ဟိုးအရင့်အရင်နှစ်တွေတုံးကတော့ အခုလိုမျိုး မောင်းနေရင်းမီးထလောင်တာမျိုး မကြားဖူးသလောက်ပါပဲ၊ အခုမှမီးထလောင်နေကြတာဆိုတော့၊ ရာသီဥတုအပူရှိန်ကြောင့်လို့ပဲ ယေဘူယျ သုံးသပ်ကြည့်တာပေါ့ဗျာ၊ နောက်တခုက ကျွမ်းကျင်သူတွေက စနစ်တကျလေ့လာထားမှုတွေလည်း အခုထိမတွေ့မိသေးတော့ လောလောဆယ် ဒီလိုပဲသုံးသပ်ရတာပေါ့။

Cliff Lee This is happening to Probox 1.3K models. J .... :)

Aung Khin Myint အဲဒီ အမျိုးအစားက အလိုလို မောင်းနေရင်းကနေ မီးထလောင်တတ်တာမျိုးလား အကို ...
 
Cliff Lee Yes. The fuel pipe and electrical lines in 1.3 model is running very close to each other. Design defect in hot weather countries. So when it is very hot, they catch each other.

Aung Khin Myint ဟုတ် အကို ကျေးဇူး ... အဲဒါကြောင့်ဖြစ်မယ် ... အခု မြန်မာပြည်မှာ မီးထလောင်တဲ့ ကားတွေ ကြည့်လိုက်တော့ မော်ဒယ် အနိမ့်စားတွေလည်း မဟုတ်ဘူး .. ဘာကြောင့် အဲလို ဖြစ်သလဲ ဆိုတာကို စဉ်းစား မရလို့ ... ကျေးဇူး အကို ..

Aung Khin Myint အကို ... အားရင် အဲဒီ ပြသနာကို အသေးစိတ် ရေးပေးရင် ကောင်းမယ် .... လူတွေက ကားသာ ၀ယ်စီးကြတာ ..... ၀ယ်ကာစ မပြောနဲ့ ... မလေ့လာရင် ဘယ်သူမှ မသိတဲ့ကိစ္စပဲ အကို ... အကို အားတဲ့တနေ့ ... အကို သိသလောက် မြင်သလောက် ရေးပါလား အကို ... ကျနော်တို့လည်း ရှယ်ရတာပေါ့ ... J

Ko Thaw ဟုတ်တယ်ဗျ Toyota pro box 1.3 တွေ မှာအဖြစ်များနေတယ်လို့သိရပါတယ် အခြား1.3 တွေတော့မကြားမိပါဘူး အကြောင်းကတော့ အပေါ်ကအကိုတယောက်ပြောထားသလိုပါပဲ ကိုအောင်တို့ဆီမှာကော probox သုံးကြသလား ရှိမယ်တော့ မထင်ဘူး၊၊

Aung Khin Myint ကျနော်တို့ဖက်မှာလည်း သုံးကြပါတယ် ... သို့ပေမယ့် ဒီဖက်မှာ ရာသီဥတုက အာရှလောက် မပူတော့ ဒီပြသနာ မကြားရသေးတာ ဖြစ်မယ် .... ပြီးတော့ ဒီဖက် အစိုးရတွေက တစ်ခုခု တင်သွင်းမယ်ဆိုရင် စစ်ဆေးတဲ့ အချိန်က တော်တော်ကြာတယ် ..

Cliff Lee ကျွန်တော်ဒီအကြောင်းကို ဒီလောက်ပဲသိပါတယ်။ စီးနေရင်း၊ ကားဆရာနဲ့ စကားပြောရင်းမေးရာကသိတာပါ။ ဒါပေမဲ့ မြန်မာပြည် က ဂျပန်နဲ့၊ ဥရောပလောက်မအေးပဲ၊ အရမ်းပူတော့၊ မြန်မာပြည်နဲ့၊ ဒီလိုပူတဲ့နေရာကို ပို့တဲ့ တစ်ပတ်ရစ်ကားတွေရဲ့၊ Temperature Guage ကို အပူပိုင်းမှာသုံးတဲ့ ဟာမျိုးနဲ့ပြောင်း လေ့ရှိကြပါတယ်။မြန်မာပြည်မှာ အဲလိုမလုပ်ဘူး၊ Middle East မှာဆို၊ ပြောင်းပြီးမှရောင်းကြပါတယ်။

Cliff Lee Toyota Probox must be for Domestic Production only for use in Japan (originally).

အဘဆရာ သခင် လှိုင် ကိုပျူအွန်လိုင်း အသစ်သွင်းလာတဲ့ ပရာဒို 2013 အတူတူမှာတောင် ကနေဒါ အတွက်ကားက နေပြည်တော်လမ်းမှာ မီးခိုးဖြူဖြူတွေထွက်တယ်။ အမြဲတော့မဟုတ်ဘူးပေါ့နော်။ ဒူဘိုင်းကားကျအေးဆေးဘဲ။ ခက်တာက ကိုယ်ဆွေကိုယ်မျိုးများက ထုတ်တဲ့နိုင်ငံကအစ စာဖတ်ကြတယ်လေဗျ။ အဲတာလေးက ကိုယ်တွေ့ပါ။ မီးဘေးသင့် တဲ့မော်တော်ယာဉ်ကို အတိုရေးတာပါဂျာ လူကြီးကိုစက်ပစ်ကွင်းမပို့ပါဘူးဟီးဟီး:)

Cliff Lee Probox မှာ အခြားကားတွေလို temperature guage မပါဘူး၊ အပူအရမ်းတက်ရင် မီးပဲပြတယ်။ အခုဘယ်လောက်ရှိနေလဲ၊ (C) Cool နဲ့၊ (H) Hot ကြား၊ အ ခု Current Engine's Temperature က ဘယ်လောက်ပူနေလဲ ပြတာမပါဘူး။

Cliff Lee When an engine is tune the best, and if you push the accelerator (Burmese call it "Lever"), the exhaust can produce some drop of water.

Aung Khin Myint ဟုတ် ကိုCliff Lee ကျေးဇူး ... အခု အကို ရေးထားတဲ့ ကော်မန့်တွေကို စုပြီး ကျနော် စတေးတပ်တစ်ခု တင်မယ် အကို ... ဆရာ အဘဆရာသခင်လှိုင် ... ဆရာတို့က ပြည်တွင်းမှာ ဗိုလ်ချုပ်တွေဆိုတော့ ဆရာတို့က ကျနော်တို့ထက် ပို သိမှာပါ ....

Aung Khin Myint Engine ကနေ heat တက်တာကိုး ပြတဲ့ ဒိုင်ခွက် မပါတာဟာ တော်တော်ကိုး ဆိုတာပဲ ....

Cliff Lee အရမ်းအေးတဲ့ ရာသီမှာ မီးခိုး ဖြူ (မီးခိုးဖြော့ရောင်) ထွက်တယ်။ မီးခိုးမဲထွက်ရင်၊ engine tuning လုပ်ရမယ်၊ oxygen (air) နဲ့၊ဆီ နှစ်ခုလုံးအကုန်လောင်ရမယ်၊ ဆီအကုန်မလောင်လို့ မီးခိုးမဲနေတာ။ အရမ်းကောင်းတဲ့ engine tuning ကို ဆောင့်နင်းရင်၊ မီးခိုးမထွက်ရဘူး၊ ရေစက်လေးတွေထွက်လာမယ်။

အဘဆရာ သခင် လှိုင် မိဘမကောင်းလို့ မုဆိုးမတွေ တစ်ခုလပ်တွေ လက်ထပ်ပေါင်းသင်းရတာပါ ပျူအွန်လိုင်းရယ် တကယ်တော့သားလဲ အပျို လိုချင်တာပါ။ တစ်ပါတ်ရစ် ဆိုတာကြီးကို မကြားလိုပါခင်ဗျာ:)

Cliff Lee Yes. There is no such meter in Probox models, it only indicates a light when it is very hot. But then it is already too late.

Cliff Lee ကျွန်တော်လဲ မသိလှပါဘူး၊ Theory က အဖေ (Mechanical Engineer) က အမြဲပြောနေလို့သိရတာပါ။ လက်တွေ့က ကားအဟောင်း တစ်ပတ်နွမ်းဝယ်စီး၊ ပြင်တိုင်း၊ ကားဆရာတွေနဲ့စကားပြော၊ သူပြောတာက လမ်းဘေးလူပိန်းစကား၊ ကိုယ့်ဘာသာကို Theory နဲ့ တွဲပြီး နားလည်သလောက် ရှင်းပြတာပါ။

Aung Khin Myint ဟုတ်အကို ... ကျနော်ကိုယ်တိုင် ... ကျနော် သိသလောက် လူ အတော်များများ ... စီးသာ စီးနေကြတယ် ... သိပ် သိတာ မဟုတ်ဘူး အကို ... မြန်မာပြည်မှာတုန်းက ရေတိုင်ကီထဲ ရေကုန်သွားလို့ ရေ မဖြည့်တတ်တဲ့သူ ကျနော် တွေ့ဖူးတယ် အကိုရေ ...

Cliff Lee Highway မှာ အရှိန်နဲ့မောင်းတော့မယ်ဆို၊ တာယာလေကို အများကြီးသိသိသာသာလျှော့ရမယ် (ပူတဲ့နေရာမှာပြောတာ)၊ အရမ်းမောင်းရင်၊တာယာထဲကလေတွေကပွမယ်၊ ပွရင်၊ Pressure of Air inside Tyre/Tire တွေများပြီး၊ ၁၀၀ ကျော်မောင်းနေတုန်း၊ တာယာ တွေ ပွင့်/ပေါက်ကွဲမယ်၊ ကားမှောက်မယ်။ Hightway ကားမောင်းသမားတွေက သိတယ်။ ခုမှ ဇိမ်ကျကျမောင်းတဲ့ ချာတိတ် တွေ၊ ကိုယ်ပိုင်ကားသမားတွေ လမ်းကောင်းလို့ ကျယ်လို့ စွတ်မောင်းရင်း အဲလိုဖြစ်တာ ဖြစ်မယ်။ လေလျှော့ထားခဲ့ရင်တောင်၊ မောင်းနေရင်း ကိုယ့်ကား လမ်းမှာပြေးတာ မာ လာလား၊ ငြိမ့်သေးသလား သတိထားနေရတယ်၊ မာ တယ်ထင်ရင်၊ ဆင်းလေလျှော့ပစ်ရတယ်။ လူတွေက Air-Con ထဲ ထိုင်ပြီးစွတ်နင်တာကိုး။ ကားဘီးတွေဘာဖြစ်နေလဲ ကို အမြဲ sense လုပ်နေရတယ်။ ဘရိတ်လဲဒီလိုပဲ၊ အရမ်းဖိနင်တာဘယ်တော့မှ မလုပ်နဲ့၊ အရမ်းပူရင် ဘာမှ အာမခံချက်မရှိဘူး၊ အဝေးကြီးထဲက ကြို အ ရှိန်ချရပါမယ်။ For safety.

ကားအမြန်မောင်းတဲ့အခါမှာ၊ ကိုယ်မှားလဲ ကိုယ်ခံ၊ ကားပျက်လဲကိုယ်ခံ၊ လမ်းစည်းကမ်းအတိုင်း၊ ဘယ်သူမှားတာ၊ မှန်တာ နောက်မှပြော၊ ဖြစ်ရင်၊ ခံရမှာက ကိုယ်အရင်။ ဒါကြောင့် ဘယ်တော့မှာ သူဘာလုပ်သင့်လဲ မတွေးနဲ့၊ သူဘာလုပ်ရင် ငါ ကိုမထိအောင် ဘယ်လို့ တက်မယ်၊ဆင်းမယ်ကျော်မယ်၊ရပ်မယ်၊ရှောင်ဖို့လမ်းထားမယ်။ နောက်ပြီးကားကရှေ့ကို အမြန်နှုံးနဲ့သွားနေပေမဲ့၊ နောက်နဲ့၊ ဘေးဘယ်ဘယ်ညာမှာ ကားရှိမရှိအမြဲသတိထားနေပါ၊ ရှိနေခဲ့ရင်၊ ပေးကျော်ရင်ကျော်၊ ဒါမှမဟုတ်ရင် နဲနဲလေးအမြန်မောင်းပြီးခွါထားပါ။

ဘယ်တော့မှာ ကိုယ့်ကားနောက်မှာ အခြားကားကအကပ်မခံပါနဲ့။ ကိုယ်ကလဲသူများနောက်ကပ်မနေနဲ့။ ဒါကို Defensive Driving လို့ခေါ်ပါတယ်။ မြန်မာလိုတော့၊ ဘယ်သူမှန်မှန်၊ အထိမခံနဲ့ပေါ့။

Aung Khin Myint ကျနော်တို့ ဒီဖက်(ဥရောပ) မှာက မြို့တွင်း ကီလိုမီတာ ၅၀၊ သာမန် အဝေးပြေးလမ်း (မျက်နှာချင်း ကားလမ်းရှိ) မှာ ကီလိုမီတာ ၈၀၊ express highway ဆိုရင် ကီလိုမီတာ ၁၃၀ ... မောင်းခွင့်ပြုထားတယ် .... ချွင်းချက် ဂျာမန်ဖက်မှာတော့ ကျနော်တို့နဲ့ နည်းနည်းပဲ ကွာတယ် .. မြန်မာပြည်က ဘယ်လို ပေးမောင်းလဲ မသိ ...

Cliff Lee မြန်မာပြည်က ဆိုင်းဘုတ်တွေက တစ်နေရာ တစ်မျိုးပါ၊ ၁၀၀ လို့ပြောထားတာတွေ့ပါတယ်။ ဒါပေမဲ့၊ ရှေ့မှာ ချောင်းကျော်ရှိတယ်လို့ ဆိုင်းဘုတ်တွေ့တာနဲ့ ချောင်းကရောက်နေပြီ။ ဒီတော့၊ ဆိုင်းဘုတ်ကိုအားမကိုးနဲ့၊ အမြန်မောင်းရင်၊ ကိုရပ်လို့ရမဲ့အကွာအဝေး (မျက်စေ့တစ်ဆုံး၊ ရှေ့ဝဲယာ) ဘာမှမရှိမှ ဆက်မောင်း တွေ့ရင် လိုသလို အရှိန်လျှော့ မှ ရပါမယ်။

Aung Khin Myint အဲလို သတိပေးဆိုင်းဘုတ်နဲ့ သတိထားရမယ့် အနေအထား ကပ်နေတာ ဟာ ကားမောင်းတဲ့သူတွေအတွက် ရင်လေးစရာပဲ .... အကိုရေ ..

Cliff Lee ဒီတစ်ခါ ပုဂံက မန္တလေးအ ပြန်မှာ တော့ လမ်းဖြောင့်တယ်။ ၁၂၀-၁၃၀-၁၄၀ လောက်ထိ တင်လို့ရတယ်၊ အရမ်းသတိထားနေရတယ်။ ဘာပဲဖြစ် ဆိုင်းဘုတ်ပဲရှိရှိမရှိရှိ ကိုယ့်မျက်စေ့ကိုယ်ယုံ၊ အသက်နဲ့အရှိန်ကို ဉဏ်စောင့်၊ စကားတစ်ခွန်းက "သေချာအန္တရယ်ကင်းမှကိုယ်နှိုင်တဲ့ maximum speed အထိတင်"။


Cliff Lee Yes. But this is Burma. No standard. So we need to act accordingly for our own safety and those on the road side, and any close by vehicles.

And concrete roads are different from other road, that you need to put in your consideration when thinking how fast you will be keeping your car running at.



Cliff Lee Blaming road is not good, or rules are bad or standards is not there will not keep you safe. Acting accordingly will keep you safe. Otherwise we will continue blaming road, rules and standards from our next lives. har har..

0 comments: