ကျနော်တို့ နေထိုင်တဲ့ ရပ်ကွပ်ထဲက ပင်စင်စား အဖိုးကြီးတွေ အဖွဲ့
တစ်ဖွဲ့
ဖွဲ့ထားတာရှိတယ်။ ထူးထူးဆန်းဆန်း လေ့လာရေး အသင်း
ပုံစံမျိုး
ဆိုပါတော့။ အမှန်တော့ ဒီအဖွဲ့က ဟိုနေရာ ဒီနေရာက
သတင်းပလင်း
ကြားရင် ပျော်ပွဲစားထွက်သလို ပေါင်မုန့်တွေ၊ အသားပြား
တွေ၊
ဝိုင်တွေ၊ ကော်ဖီ ထည့်ထားတဲ့ ဓါတ်ဗူးတွေ၊ သယ်ဆောင်ပြီး တရုံရုံနဲ့
စကား
စုပြော၊ အတူ စုအိပ်တဲ့ “ဂဲသားရင်း” လုပ်တဲ့ သဘောက များ
နေပါတယ်။
ကျနော်က အဲလို ဝေဖန်ရင် အဖိုးကြီးတွေက စိတ်ကောက်
ကြပါတယ်။
မှာ
သရဲ ခြောက်တယ်ဆိုတဲ့ သတင်း ထွက်လာတယ်။ အဲဒီ စာကြည့်တိုက်
နဲ့
ကပ်လျက်တိုက်မှာ နေထိုင် အမျိုးသမီး တစ်ဦးက လွန်ခဲ့တဲ့ ၁၀ နှစ်
ကျော်က
စိတ်ဓါတ်ကျ ရောဂါနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ဖူးပါတယ်။
သို့ပေမယ့်
သူမက နေ့တိုင်း အဲဒီ စာကြည့်မှာ စာလာဖတ်လေ့ရှိတယ်။
စာကြည့်တိုက်
ဝန်ထမ်းတွေနဲ့ လည်း တော်တော် ခင်မင်ရင်းနှီးတယ်လို့
ပြောကြပါတယ်။
သူမ အဲလို သေဆုံးသွားပြီးတဲ့ နောက် စာကြည့်တိုက်ထဲ
အသံဗလံတွေ
ထွက်လာပါတယ်။ အခုမှ ထွက်လာတာ မဟုတ်ပါဘူး။
ဆယ်နှစ်နီးပါး
ဒီသရဲ ခြောက်တယ် ဆိုတဲ့ သတင်းဟာ တော်တော်ကိုး
မွှေးနေပါတယ်။
သတင်းဌာနတွေ၊ ဂျာနယ်လစ်တွေ၊ သရဲ ရှာဖွေရေးသမား
တွေ
ခြေချင်း ထပ်လုနီးပါး စုံစမ်းခဲ့ကြဘူးပါတယ်။ သရဲခြောက်တဲ့ အသံဗလံ
တော့
သူတို့ ကြားရတယ် ... တဲ့ ... ။ သရဲနဲ့ တိုက်ရိုက် ဆက်သွယ်ဖို့
ကြိုးစားမှုတော့
မအောင်မြင်ကြပါဘူး ...။
ဒါနဲ့ ကျနော်တို့ ရပ်ကွပ်ထဲက အထက်ပါ ဘော်လန်တီယား ထူးထူး
ဒါနဲ့ ကျနော်တို့ ရပ်ကွပ်ထဲက အထက်ပါ ဘော်လန်တီယား ထူးထူး
ဆန်းဆန်း
လေ့လာရေး အဖွဲ့ဟာ “အလုပ်မရှိ ကြောင်ရေချိုး” ဆိုသလို
အဆိုပါ
စာကြည့်တိုက်မှာ တစ်ညတာ စုံစမ်းမှုတွေ လုပ်ဖို့ ဆုံးဖြတ်
လိုက်ပါတယ်။
အဖွဲ့ဝင်ဖြစ်တဲ့ ကျနော့်ထံလည်း အကြောင်း ကြားပါတယ် ...
အောင် ... ၀ိုင်အရက် အကောင်းစား အနည်းဆုံး နှစ်ပုလင်း သယ်လာပါ၊
အောင် ... ၀ိုင်အရက် အကောင်းစား အနည်းဆုံး နှစ်ပုလင်း သယ်လာပါ၊
မြန်မာ
အစား အစား သယ်လာမယ် ဆိုရင် ငရုတ်သီးပါတဲ့ ဟာတွေ
သယ်
မလာပါနဲ့၊ ငါတို့ စားလို့ မရလို့ ...
အဲဒါနဲ့
မနေ့က ညမှာ ရပ်ကွပ်ထဲက ၁၀၉- ၁၁၀ အဖိုးကြီးတသိုက်နဲ့
အတူ
အဲဒီ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ စာကြည့်တိုက်ဆီ
ကျနော်
ရောက်ရှိခဲ့ပါတယ် ...။
လူတွေက သရဲအဖြစ် ရောက်ရှိနေတဲ့ အမျိုးသမီးရဲ့ ဓါတ်ပုံကို စာကြည့်
လူတွေက သရဲအဖြစ် ရောက်ရှိနေတဲ့ အမျိုးသမီးရဲ့ ဓါတ်ပုံကို စာကြည့်
တိုက်ထဲက
စာပွဲတစ်ခုပေါ် တင်ပြီး ဓါတ်ပုံရှေ့မှာ ဓါတ်ခဲသုံး မီးလုံး ခပ်သေးသေး
ထွန်းထားပါတယ်
...
စာကြည့်တိုက်ထဲမှာ
ဖယောင်းတိုင် သုံးခွင့် မရှိပါဘူး၊ မတော်တဆ မီး ထ
လောင်ရင်
ပြဿနာ အကြီးကြီး ဖြစ်သွားနိုင်လို့ပါ ...
အဲဒီ ဓါတ်ပုံနဲ့ မီးလုံးဟာ စာကြည့်တိုက်ရဲ့ ချောင်ကျကျ တစ်နေရာမှာ ထွန်းညှိ
အဲဒီ ဓါတ်ပုံနဲ့ မီးလုံးဟာ စာကြည့်တိုက်ရဲ့ ချောင်ကျကျ တစ်နေရာမှာ ထွန်းညှိ
ထားလို့
ကြည့်လိုက်ရင် စိတ်ခြောက်ခြားစရာပါ ...
ကျနော်က
အဖိုးကြီးတွေထံ ခွင့်တောင်းပါတယ် ... အဲဒီ ဓါတ်ပုံတင်ထား
တဲ့
စာပွဲပေါ်မှာ ၀ိုင်အရက် တစ်ခွက်လောက် ကွယ်လွန်သူ သောက်ဖို့
တင်ခွင့်ပြုပါ
လို့ ...
အဖိုးကြီးတွေက
...
သရဲက
ဝိုင် သောက်ပါ့မလားကွာ ... တကယ်လို သောက်တယ် ဆိုရင် ...
အမျိုးသမီးတွေ
သောက်တဲ့ ပေါ်တူဂီနိုင်ငံထုတ် ပေါ်တို ၀ိုင် အပါအ၀င်
အနံ့သိပ်မပြင်းတဲ့
ဝိုင်တွေက ဈေးကြီးတယ်ကွ ... အဲဒီတော့ ငါတို့
သောက်မဲ့
အထဲကနေ ခွဲတိုက်ရင် ငါတို့ ဝေစု လျှော့တာပေါ့ ... ဘယ်လို
လုပ်ရင်
ကောင်းမလဲ ... လို့
ပြောကြပါတယ် ...
ကျနော်က
အကြံတစ်ခု ပေးလိုက်ပါတယ် ...
ဒါဆို
ဒီ သရဲမ သောက်ဖို့ ခွက်ထဲမှာ ၀ိုင်အစစ်ကို တ၀က်ပဲ ထည့်မယ်ဗျာ ...
ကျန်တ၀က်ကို
ရေရောမယ် ဆိုရင် သူ့အတွက်လည်း အဆင်ပြေ ... ကျနော်
တို့
ဝေစုလည်း မလျှော့ဘူးပေါ့ ...
အဲလို
ပြောတော့ အဖိုးကြီးတသိုက် တခစ်ခစ် ရယ်ကြတယ် ...
သရဲကို
ရေရောတဲ့ ၀ိုင် တိုက်လို့ မင်းကို ဒေါကန်နေအုံးမယ် ... တဲ့ ...
ရပ်ကွက်ထဲက
အဖိုးကြီးအုပ်စုဟာ အရင်ထက် စာရင် တော်တော်လေး
အဆင့်မြင့်တဲ့
ကင်မရာတွေ၊ ဗွီဒီယို ရိုက်စက်တွေ၊ အသံဖမ်းစက်တွေပါ
ပါလာလို့
ကျနော် နည်းနည်း အံ့သြမိပါတယ်။ ဒါနဲ့ ဒီပစ္စည်းတွေ ဘယ်တုန်း
က
ဝယ်လိုက်သလဲလို့ ကျနော်က မေးမြန်း စပ်စုလိုက်တော့ ...
နှစ်ကူး
“ဒစ္စကောက်” အထူးလျှော့ဈေးပွဲတော် စစ ဖွင့်ချင်းနေ့က
မနက်စောစော
တန်းစီးပြီး ၀ယ်ထားတာပါ တဲ့။ သူတို့ ပြောတာကိုး
နားထောင်ပြီး
ကျနော် အတော်မသတ်အောင် ရယ်နေမိပါတယ်။
ဒီအဖိုးကြီးတွေ
ငယ်ငယ်ကဆို ဘယ်လောက်တောင် “ကဲ” လိုက်မလဲ
မမှန်းတတ်ဘူး။
သူတို့ ကလေးဘ၀ကဆို သူတို့လည်း ကျနော်လို
“မျောက်
မူးလဲ” အောင် ဆော့တတ်တဲ့ ကလေးမျိုးတွေပဲ ဖြစ်မယ်လို့
ကိုယ်ဘာသာ
ထင်မိပါတယ်။
အဖိုးကြီး
ငါးယောက်ရယ်၊ အသက်
ငါးဆယ်ကျော် တစ်ဦးရယ်၊ ကျနော်ရယ်
စုစုပေါင်း
ခုနှစ်ဦး တို့ စုစုပေါင်း သယ်လာတဲ့ ၀ိုင်ပုလင်း အရေအတွက်ကို
ကြည့်ပြီး
နည်းနည်းတော့ လန့်သွားပါတယ်။ ၀ိုင်ပုလင်းပေါင်းက ၂၅ လုံး
တောင် ဖြစ်နေပါတယ်။
စားစရာတွေကလည်း အလျှံအပယ်ပါ။ ကျနော်တို့
အုပ်စု စာကြည့်တိုက်ကို
ရောက်ရှိခဲ့တဲ့ အချိန်ဟာ ည ၈ နာရီ ကျော်ကာစ
ဖြစ်ပါတယ်။
အားလုံး ဗိုက်မဆာသေးလို့ နောက်မှ စားမယ်ဆိုပြီး ၀ိုင်ပုလင်း
ဖွင့်ပြီး
သောက်နေခဲ့ကြပါတယ်။ စာကြည့်တိုက်ထဲက တီဗွီမှာ အစိုးရ
သတင်းလိုင်းကို
ဖွင့်ထားကြပါတယ်။ အဖိုးကြီးတစ်ဦးက သေဆုံးပြီး သရဲဘဝ
ရောက်နေတဲ့
မာရီယာ ဆိုသူ အမျိုးသမီးရဲ့ ဘ၀ဇာတ်ကြောင်းကို
အားလုံး
သိအောင် ရှင်းပြပါတယ်။
အဲလို ရှင်းပြနေခိုက်
စာကြည့်တိုက်ထဲက အိမ်သာ အ၀င်အ၀ တံခါးကို
ခပ်ပြင်းပြင်
ဆောင့်ပိတ်လိုက်သံကြောင့် ကျနော်တို့ အားလုံး ပါးစပ်
အဟောင်းသား
ဖြစ်သွားပါတယ်။ ဒီစာကြည့်တိုက်ထဲ ကျနော်တို့ ခုနှစ်ဦး
ကလွှဲရင် အခြားမည်သူမျှ
မရှိပါ။ ကျနော်တို့ အုပ်စုဟာ အိမ်သာအပေါက်ဝ
တံခါးကို
ဖွင့်ပြီး အထဲမှာ လူ ရှိ၊ မရှိ ကြည့်ကြပါတယ်။ အထဲမှ မည်သူမျှ
မရှိပါ။ ဒါဆို
ခုနက “ဒုန်း” ကနဲ မြည်အောင် တံခါးကို ဆောင့်ပိတ်စေတဲ့
သဘောဟာ ဘာလဲ
... ။ အပြင်ဖက်မှာ နှင်းတွေကျနေလို့ အေးစက်
နေပေမယ့်
ကျနော်တို့ အားလုံးရဲ့ ဆံပင်တွေ အနည်းငယ် ထိုးထောင်
နေပါတယ်။
ကျနော်တို့ အုပ်စုခေါင်းဆာင် “ဖင်းလ်” ဆိုတဲ့ အဖိုးကြီးက
...
... မာရီယာ ... နင် ဒီနေရာမှာ ရောက်နေလား ... ရှိနေလား
...
ငါ့နာမည် ဖင်းလ် ပါ။ ငါတို့ အုပ်စုက အပျော်တမ်း လေ့လာစူစမ်းရေး
အဖွဲ့ပါ။ ငါတို့အုပ်စုက နင့်ကို အနှောက်အယှက် မပေးပါဘူး။
နင့်အနေနဲ့
လိုအပ်တာ တခုခု ရှိရင် ... ငါတို့ အုပ်စုနဲ့ ဆက်သွယ်နိုင်ပါတယ်
...
ရုတ်တရက် ကျနော်တို့အားလုံး ရေမွှေးနံ့တစ်ခုကို ရူရှိုက်ရသလို
အနံ့
တစ်ခု နှာခေါင်းထဲ ၀င်လာပါတယ်။ ကျနော်တို့တိုက်နဲ့ တိုက်တန်းလျား
တစ်ခု
ကျော်လောက်မှာ နေထိုင်တဲ့ “နီကိုလိုင်” ဆိုတဲ့ အဖိုးကြီးက
ကျနော်နဲ့ ပခုံးဘေး
တိုက်မှာ မတ်တပ်ရပ်နေပါတယ်။ သူ့က သူ့ခန္ဓာကိုယ်နဲ့ ကျနော့်ဖက်ကို
အသာလေး
တိုးလိုက်လို့ သူ့မျက်နှာကို ကြည့်လိုက်တဲ့အခါ သူ့မျက်ခုံးကို
ပင့်ပြီး တစ်ခုခုတော့
ထူးဆန်းနေပြီလို့ အသံတိတ် အချက်ပြပါတယ်။ ကျနော်တို့ အုပ်စုထဲက
အဖိုးကြီး
တစ်ဦးက ဗွီဒီယိုရိုက် ကင်မရာနဲ့ လျှောက်ရိုက်နေသလို၊ နောက်ထပ်
အဖိုးကြီး
တစ်ဦးကလည်း အသံဖမ်း ကိရိယာနဲ့ တစုံတခုများ ဖမ်းယူ ရရှိမလားဆိုတဲ့
ကြိုးစားကြည့်ပါတယ်။
မာရီယာ ... လို့ ခေါ်ဝေါ်တဲ့ ကွယ်လွန်ပြီး သရဲဘ၀ ရောက်နေသူထံမှ
မည်သည့်
တုန့်ပြန့်မှုမှ မရှိပါ။ ကျနော်တို့ အားလုံး ည ကိုးနာရီ ကျော်ကာစအထိ
အိမ်သာ
နား တ၀ိုက်နဲ့ သူ့ဓါတ်ပုံ တင်ပြီး မီးလုံးထွန်းထားတဲ့ အနားတ၀ိုက်တွေမှာ
စောင့်
ကြည့်ခဲ့ပါတယ်။ ထပ်ပြီး ထူးခြားမလာပါ။ ကျနော်တို့ ၀ိုင်အရက်တွေ
တင်ထားတဲ့
စာပွဲဆီ ပြန်လာခဲ့ကြပါတယ်။ စာပွဲအနားကို အရောက် ကျနော်တို့
အားလုံး အံ့သြ
စရာ မြင်ကွင်းတွေ တွေ့လိုက်ရပါတယ်။ ကျနော်တို့ အုပ်စု သယ်လာတဲ့
စားစရာအချို့ ဗူးတွေပွင့်ပြီး တစုံတယောက် ယူစားထားသလို ပြန့်ကျဲနေပါတယ်။
စောစောက ကျနော်တို့ ဖွင့်ပြီး သောက်ကာစ ၀ိုင်ပုလင်း နှစ်လုံးထဲမှာ
ဝိုင်တွေ
ကုန်ဆုံးနေတာကိုး ကြည့်ပြီး ကျနော်တို့မျက်လုံးတွေ တော်တော်လေး
ပြူးသွား
ပါတယ်။
ဒါတွေ ဘယ်သူ စား သွားပါလိမ့် ...
ဝိုင်တွေ ဘယ်သူများ လာ ထပ်သောက် သေးလဲ ...
အဖြေစကားများ ပြန်မလာပါ။ ကျနော်တို့ အားလုံး တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး ပြုံးရမလိုလို၊ မဲ့ ရမလိုလို ဖြစ်နေကြပါတယ်။
ကျနော်တို့ အုပ်စုထဲက “ဂျွန်” ဆိုတဲ့ အဖိုးကြီးက ခွက်တစ်ခွက်ကို
လက်ညှိုးထိုး
ပြပါတယ်။ ငါတို့ ခုနက ထ လာတုန်းက ဒီခွက်ကို ဘယ်သူမှ မသုံးသေးဘူး။
အခု ဒီခွက်က တယောက်ယောက် ၀ိုင် ထည့်သောက်ထားသလို ဖြစ်နေတယ်။
ငါတို့က ခုနှစ်ယောက် ... အခု ၀ိုင်သောက်ထားတဲ့ ခွက်က ရှစ်ခွက်
ဖြစ်နေ
တယ်။ မူးလို့ ယူသောက်ရအောင်လည်း ငါ သိသလောက် အားလုံး တစ်ယောက်
တစ်ခွက်တောင် ကုန်အောင် မသောက်ကြသေးဘူး။ ခွက်ထဲ ထည့်ပြီး
မသောက်
ရသေးတဲ့ သူတောင် ရှိသေးတယ်။ အခု ရှစ်ခွက်မြောက် ခွက်က ဘယ်သူ
ထည့်သောက်ထား သလဲ ... ။ ဒါ ငါတို့အတွက် မမြင်နိုင်တဲ့ စမ်းသပ်မှုလား၊
စိန်ခေါ်မှုလား ...
“ဂျွန်” ပြောလိုက်တဲ့ စကားကြောင့် ကျနော်တို့တတွေ မျက်ခုံးတွေ
တွန့်
သွားတဲ့အထိ စဉ်းစားရ အကြပ်ရိုက်သွားပါတယ်။ ဒီစာကြည့်တိုက်ထဲမှာ
ကျနော် ခုနှစ်ယောက် အပါအ၀င် နောက်ထပ် တစ်ဦးဦး ရှိသေးလား
...
ရုတ်တရက် ကျနော် အပါအ၀င် အဖိုးကြီး တချို့ တနေရာဆီ အပြေးအလွှား
သွားကြည့်ကြပါတယ်။ သရဲဘ၀ ရောက်နေသူလို့ လူပြောသူပြော များနေတဲ့
မာရီယာ ဓါတ်ပုံတင်ထားတဲ့ စာပွဲဆီပါ။ မာရီယာ ဓါတ်ပုံရှေ့မှာ
ကျနော်ကိုယ်တိုင်
ရေရောထားတဲ့ ၀ိုင်ခွက် ရှိပါတယ်။ စာပွဲရှေ့ရောက်လို့ ၀ိုက်ခွက်ထဲ
ကြည့်လိုက်
တော့ ခွက်ထဲမှာ ဘာမှ မရှိပါ။ ... ဟင် ... ဟာ ... ဆိုတဲ့ အသံတွေ
ကျနော်တို့
နှုတ်ဖျားက ထွက်ပေါ်လာပါတယ်။
နောက်တော့ ကျနော်တို့ တစ်အုပ်စုလုံး ဆုံးဖြတ်ချက်တစ်ခုကို
ချလိုက်ပါတယ်။
များများသောက်၊ မြန်မြန်သောက် ... မြန်မြန်မူးပြီး မြန်မြန်
အိပ်ပျော်သွားဖို့ပါ ...
ဝိုင်ပုလင်းပေါင်း နှစ်ဆယ်ကျော်ကို ကျနော်တို့ ခုနှစ်ဦး၊
တစ်ခွက်ပြီး တစ်ခွက်
ခပ်မြန်မြန် သောက်နေကြပါတယ်။ မူးကာစ ကျနော်တို့ မြင်ကွင်းထဲမှာ
ကျနော်တို့
အားလုံးဟာ ခုနှစ်ဦးလား ... ရှစ်ဦးလား ဆိုတာ တဖြေးဖြေး ဝေး၀ါးလာပါတယ်။
************
ညှိုငယ်ပြီး ငိုထားလို့ မျက်လုံးတွေ မို့အစ်နေတဲ့ အမျိုးသမီးတစ်ဦးဟာ
ကျနော့်ရှေ့မှာ ခေါက်တုပ်ခေါက်ပြန့် လမ်းလျှောက်နေပါတယ်။
သူမကို ကျနော်
ကြည့်နေတာကိုတောင် သူမ သတိ မထားမိတဲ့ ပုံစံမျိုးပါ။ သူ့ဘာသာ
သူ
လမ်းလျှောက်ရင်း တစ်ခုခုကို တွေးနေပုံ ရပါတယ်။
ရုတ်တရက် သူမဟာ ကျနော်ရှေ့ကနေ ကွယ်ပျောက်သွားပါတယ်။
အဲဒီနောက် ကျနော့်ပခုံးကို အင်မတန် အေးစက်တဲ့ လက်တစုံက ရုတ်တရက်
လာပြီး ဆုပ်ကိုင်လာပါတယ် ...
ကျနော် လန့်ပြီး အော်လိုက်တဲ့ အချိန်မှာ ...
မိုးလင်းနေပါပြီ ...
ကျနော်တို့ ခေါင်းဆောင် ဖင်းလ် ဦးဆောင်ပြီး ...
ညက ကျနော်တို့အားလုံးကြောင့် ရှုပ်ပွနေသမျှကို ပြန်ပြီး သန့်ရှင်းရေး
လုပ်
ကြပါတယ်။ အဲဒီနောက် ၀ိုက်အရက်တွေ ယူသောက်တဲ့ စာကြည့်တိုက်
ကနေ ထွက်ခွာခဲ့ကြပါတယ် ... ။
(ပြီးပါပြီ။)
0 comments:
Post a Comment