ဂုဏ်သိက္ခာရှိပြီး တိုင်းပြည်က ချစ်တဲ့ သန်းကြွယ်သူဋ္ဌေးတစ်ဦး သို့မဟုတ်
ကမ္ဘာကျော် Maersk သင်္ဘောလိုင်းပိုင်ရှင် မတ်စ်မကင်လီ မိုလာ (Mærsk
Mc-Kinney Møller) ဆိုတဲ့ သူတစ်ဦး ကမ္ဘာမြေပေါ်မှာ ရှိခဲ့ဘူးပါတယ် ...
-သူ့ကို ၁၃ ရက် ဇူလိုင်လ
၁၉၁၃ ခုနှစ် (ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့နဲ့ တွက်မယ်ဆိုရင် ကျနော်တို့
ဗိုလ်ချုပ်ထက် ငါးလ တိတိ ငယ်ပါတယ် ...) -နေ့မှာ မွေးဖွားခဲ့ပါတယ် ...။
၁၆ ရက် ဧပြီလ ၂၀၁၂ ခုနှစ်မှာ ကွယ်လွန်သွားပါပြီ (မြန်မာလို နှစ်ဆန်း တစ်ရက်နေ့ပေါ့) ...
-သူဟာ ဒိန်းမတ်နိုင်ငံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ကမ္ဘာကျော်
ကွန်တိန်နာ သင်္ဘောလုပ်ငန်း ပိုင်ရှင်လည်း ဖြစ်ပါတယ်၊ ၂၀၀၇ ခုနှစ်က
စာရင်းဇယားများအရ သူ့ပိုင်ဆိုင်မှုဟာ တစ်ဦးတည်း အမေရိကန် ဒေါ်လာ
သန်းထောင်ပေါင်း ၂၃ ဘီလယျံ၊ အုပ်စုလိုက် ပိုင်ဆိုင်မှုအရ အမေရိကန်ဒေါ်လာ
သန်း ၂၅ ထောင် ဖြစ်ပါတယ်၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ အစုရှယ်ယာပိုင်ဆိုင်ရာ
ကိန်းဂဏန်းတွေကတော့ ခန့်မှန်းချေ အမေရိကန်ဒေါ်လာ ဘီလယျံပေါင်း ၆၈ ဘီလယျံ
လောက် ရှိပါတယ် ...
-သူဟာ သူနေထိုင်တဲ့ Hellrerup
မြို့နယ်အုပ်ချုပ်ရေးရုံးထံ နှစ်စဉ် အခွန်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ထက်
မနည်း အခွန်ပေးဆောင်တဲ့ သူပါ၊ နိုင်ငံတော်ထံကို အဲဒီထက် ငါးဆလောက်ရှိတဲ့
အခွန်ကို နှစ်စဉ် ပေးဆောင်ပါတယ် (သူ့ပိုင်ဆိုင်မှုက ကမ္ဘာနဲ့အ၀ှမ်းဖြစ်ပြီး၊
ဒိန်းမတ်က လုပ်ငန်းအရ ဒိန်းမတ်မှာ အခွန်ဆောင်ပြီး အခြားနေရာက
လုပ်ငန်းတွေအတွက် အခြားနိုင်ငံတွေမှာ အခွန်ပေးရပါတယ်) ....
-သူဟာ
ပိုက်ဆံ ချမ်းသာလို့ သူ့တစ်ပါးအပေါ် မောက်မောက်မာမာ ကြမ်းကြမ်းတမ်းတမ်း
အထက်စီးကနေ ပြောဆိုဆက်ဆံတဲ့သူမျိုး လုံးဝ မဟုတ်ပါဘူး၊ သာမန် အခွန်ထမ်း
ပြည်သူတစ်ဦးလို ဘ၀ကို ရိုးရှင်းစွာ ဖြတ်သန်းခဲ့ပါတယ် ...
-သူ့ဘဝ
တလျှောက်မှာ သူ ပိုင်ဆိုင်မှုတွေနဲ့ ပက်သက်ပြီး သတင်းနဲ့ မီဒီယာတွေ၊ အစိုးရ
အကောက်ခွန် အရာရှိတွေကို အချိန်မရွေး ဖိတ်ခေါ်ပါကြောင်း အကြိမ်ကြိမ်
ပြောဆိုခဲ့ပါတယ်၊ သူ့ရဲ့ သန့်ရှင်းတဲ့ ပိုင်ဆိုင်မှုကို အစစ်ခံရဲသူ
တစ်ဦးပါ ....
-သူဟာ ဥရောပတိုက်က သူဋ္ဌေးတွေ အားလုံးထဲမှာ အသန့်ရှင်းဆုံး ဂုဏ်သိက္ခာရှိသူ လို့ နာမည်ကြီးသူ တစ်ဦးပါ ....
-သူဟာ ဒုတိယကမ္ဘာစစ်အတွင်းက ပြည်ပြေးတစ်ဦး အဖြစ် အမေရိကန် ပြည်ထောင်စု နယူးယော့မြို့မှာ နေထိုင်ခဲ့ပါတယ် ...
-သူဟာ ဒိန်းမတ်နိုင်ငံရဲ့ ထင်ရှားတဲ့ အဆောင်အဦး တော်တော်များများကို
ဒေါ်လာ သန်းချီပြီး အကုန်အကျခံ ဆောက်လုပ် လှူဒါန်းခဲ့ပါတယ် (ဥပမာ
Copenhagen Opera House) ...
-သူ ကွယ်လွန်တဲ့နေ့ အသုဘ အခမ်းအနားကို
တက်ရောက်လာတဲ့ ဒိန်းမတ် ဘုရင်မကြီးက “ကျမတို့ နိုင်ငံရဲ့ အင်မတန်
ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ဟာ ကျမတို့ အားလုံးကို ထားရစ်ခဲ့ပါပြီ” ...လို့
ဝမ်းနည်းစကား ဆိုခဲ့ပါတယ် ....
26Mar23
20 hours ago
5 comments:
မိုးနတ် မသိသေးတဲ့ တန်ဖိုးရှိတဲ့ လူတစ်ယောက်
အကြောင်းကို စုံစုံလင်မျှဝေပေးတဲ့ အတွက်
ကျေးဇူးပါ အကိုရေ...စိတ်ကောင်းရှိပြီး ကိုယ့်ကျင့်
တရားဖြူစင်သန့်ရှင်းတဲ့လူများ ကံကလဲ ကောင်းလိုက်တာ
အသက်အရှည်ကြီးနေရတယ်နော်...၂၀၁၂ ၊ ၄ လပိုင်းကမှ ဆုံးသွားတာဆိုရင် သူက အသက် (၉၉)
ပေါ့...ဟုတ်လား.အကို....?
ခင်တဲ့...မိုးနတ်
100%quite diffenent from our fucking Generals.
သူ့ shipping line တော့ သိပါတယ်၊
နတ်ပြည်ရောက်နေလောက်ပြီပေါ့။
ကိုအောင့် ကိုတိတ်တဆိတ် အမွေပေးသွားပုံရတယ်။
ဒီလိုလူမျိုးတွေက နိုင်ငံကို တိုးတက်စေတာ သေချာပါတယ် ...
Post a Comment