ကျနော်(စာရေးသူ) လက်ရှိနေထိုင်ရာ
မြို့ပြက စုပေါင်း အိမ်ယာ(ဂတ်တို-
နိုင်ငံခြားသားအများစု
နေထိုင်ရာ အိမ်ယာစီမံကိန်း) မှာ နေဖို့ အကြံပေးတဲ့
မိတ်ဆွေတစ်ဦး ရှိပါတယ်။
သူက သီရိလင်္ကာနိုင်ငံသူ တမီးလ် အမျိုးသမီးကြီး
တစ်ဦးပါ။ သူနဲ့ ကျနော်က
အလုပ်ထဲက မိတ်ဆွေတွေပါ။ သူတို့ မိသားစု
နေထိုင်ရာ တိုက်ခန်းဟာ
ကျနော်တို့ မိသားစု နေထိုင်တဲ့ နေရာကနေ
လမ်း လျှောက်သွားမယ်ဆိုရင်
လေး၊ ငါးမိနစ်လောက် အကွာအဝေးမှာ ရှိပါတယ်။

သူ့ခင်ပွန်းဟာ အိန္ဒိယ၀န်ကြီးချုပ်ဟောင်း
ရာဂျစ်ဂန္ဒီကို အသေခံ ဗုံးခွဲလုပ်ကြံ
ခဲ့တဲ့ ကိုယ်ဝန်သုံးလလွယ်
တမီးလွတ်မြောက်ရေး ပျောက်ကျား အမျိုးသမီး
နဲ့ ဆွေမျိုးစပ်မယ်ဆိုရင်
နှစ်ဝမ်းကွဲလောက် တော်စပ်တယ်လို့ သူက ပြော
ပြပါတယ်။ လွန်ခဲ့သော
သီတင်း နှစ်ပတ်ခန့်က အဲဒီ အမျိုးသမီးကြီးက
ကျနော့်အား ....
“အောင်၊ ငါ့အိမ် လုံခြုံရေးအတွက်
နေ့ရောညပါ လုံလုံခြုံခြုံ ကာကွယ်ပေး
မယ့်သူ ရပြီ၊ အဲဒါ
ရှေ့အပတ်ကျရင် သွားခေါ်မယ်၊ နင် စိတ်ဝင်စားလား .... ”
တဲ့ ... ။ သူ ပြောတဲ့
စကား နာထောင်ပြီး ကျနော် တော်တော်လေး ဇဝေဇ၀ါ
ဖြစ်သွားပါတယ်။ ဒီလို
ကုန်ဈေးနှုန်း ကြီးမားတဲ့ နိုင်ငံတစ်ခုမှာ နေတဲ့သူများ
ဟာ အခုလို ကိုယ့်ကိုယ်ပိုင်ကိစ္စအတွက်
အချိန်ပြည့် အလုပ်သမား ဌားဖို့
ဆိုတာ အင်မတန် မလွယ်ကူတဲ့
ကိစ္စပါ။ ဒါနဲ့ ကျနော်လည်း ပြန်မေးလိုက်ပါတယ်။
နင့်အလုပ်သမားက ယောက်ျားလား၊
မိန်းမလား၊ လစာရော ဘယ်လောက်
ပေးရလဲ၊ ဘယ် လုံခြုံရေး
ကုမ္မဏီကနေ ဌားတာလဲ၊ ဒိန်းမတ်လူမျိုးလား၊
အရှေ့ဥရောပ သားလား၊
အာရှသားလား ... လို့ မေးလိုက်တော့
သူ ပြန်ဖြေပုံက
...
“ငါတို့နင်တို့ နေတဲ့
ဒီအဆောက်အအုံတွေ နံဘေးက သစ်တောထဲက
သစ်ပင်ကြီး တစ်ပင်မှာ
သွားပြီး ဆုတောင်းနေတာ တစ်လလောက်ရှိပြီ ဟ။
အခု ငါ့အိမ် လုံခြုံရေးအတွက်
စောင့်ရှောက်ပေးမယ့်သူက လူတော့
မဟုတ်ဘူး၊ နင် နားလည်အောင်
ဘယ်လို ပြောရမလဲ၊ ၀ိညာဉ် သရဲ
ဆိုတာမျိုး ပေါ့
.... ”
သူ ပြောလိုက်သည့်
စကားကြောင့် သူရဲ့ ဇာတ်ကြောင်းကုန်စင်ကို
မေးဖြစ်ခဲ့ပါသည်။
သူတို့ အိမ်သည် လွန်ခဲ့သည့် တစ်လခန့် နေ့ဖက်
တွင် ဖောက်ထွင်းခိုးယူခြင်း
ခံရပါသည်။ သူတို့မိသားစုသည် သုံးထပ်
တိုက်၏ အပေါ်ဆုံးထပ်တွင်
နေထိုင်ပါသည်။ သူတို့အခန်းနှင့် ဘေး
ခြင်းကပ်တွင် အခန်းတစ်ခန်း
ရှိပါသည်။ ဒိန်းမတ်လူ့အဖွဲ့အစည်း၏
ပုဂ္ဂလိကဆန်ဆန် ဖာသိဖာသာ
နေတတ်သော အကျင့်များကြောင့်
စပ်စပ်စုစု အရောတ၀င်နေလေ့
မရှိကြပါ။ ဖောက်ထွင်း ခိုးယူခြင်း ခံရ
ချိန်မှာ နေ့ဖက် ဖြစ်ပါသည်။
တစ်မိသားစုလုံး အလုပ်၊ ကျောင်းများ
သွားနေချိန် ဖြစ်သောကြောင့်
အိမ်တွင် မည်သူမျှ မရှိပါ။ သူတို့
တမီးလ်လူမျိုးများသည်လည်း
ကျနော်တို့ မြန်မာများ နည်းတူ “ရွှေ”
နှင့် ပြုလုပ်ထားသည့်
လက်ဝတ်ရတနာများကို အင်မတန် နှစ်ခြိုက်လေ့
ရှိပါသည်။ ဖောက်ထွင်းမှုကြောင့်
သူတို့ မိသားစုပိုင် အမေရိကန်ဒေါ်လာ
တစ်သောင်းကျော်ဖိုးခန့်
ဆုံးရှုံးသွားပါသည်။ လောလောဆယ် အချိန်
အထိ ရဲလည်း စုံစမ်းဆဲပင်
ဖြစ်ပါသည်။ ဒိန်းမတ်နိုင်ငံ၏ လူနေမှုစနစ်
တွင် အာမခံ ပေးသွင်းရသော
အာမခံစနစ်များ ရှိပါသည်။ သို့သော်
သူတို့မိသားစုသည်
လက်ရှိတိုက်ခန်းတွင် (၁၉)နှစ် နီးပါး နေထိုင်သူများ
ဖြစ်သောကြောင့် ဒေသခံလိုလို
ဖြစ်နေကြပြီး ထိုအရာများကို မစဉ်းစား
မိခဲ့ခြင်း ဖြစ်ပါသည်။
မီးဘေးအတွက် မီးအာမခံ၊
ဖောက်ထွင်းခိုးယူမှုအတွက် ထားရသည့်
အာမခံ၊ ကိုယ့်ကလေးငယ်
သူတစ်ပါး ပစ္စည်းကို ဖျက်ဆီးမိပါက အလျော်
ပေးနိုင်ရန် ထားရသည့်
အာမခံ၊ တစ်မိသားစုလုံးအတွက် ထားရသော
အာမခံ၊ ခရီးသွား အာမခံ
စသဖြင့် ဒိန်းမတ် လူနေမှုစနစ်တွင် အာမခံ
စနစ်ပေါင်းစုံ ရှိပါသည်။
သူတို့မိသားစုသည် အာမခံ မရှိသောကြောင့်
အာမခံစနစ်မှ ပြန်လည်
အလျော် မရပါ။ ရဲက ဖောက်ထွင်းသူအား ဖမ်းမိ
မှသာ မိမိပစ္စည်း ပြန်ရဖို့
လမ်းစ ရှိပါသည်။
အိမ် ဖောက်ထွင်းခိုးယူခြင်း
ခံရသော ပြဿနာနောက်ပိုင်း ထိုတမီးလ်
လူမျိုး ကုလားမကြီးအား
သူ့မိတ်ဆွေ တမီးလ်တစ်ဦးက သရဲမွေးရန်
အကြံပြုပါတော့တယ်။
သူတို့၏ အယူအဆ အရအား နီးစပ်ရာ သစ်ပင်
ခပ်ကြီးကြီး သုံး၊
လေးပင်တို့တွင် ညစဉ် ဖယောင်းတိုင် မီးထွန်းပြီး ဆု
တောင်းပါတယ်။ “ဒါဆို
အခု ခင်ဗျား ရလာတဲ့ဆိုတဲ့ သရဲက အထီးလား
အမလား ... ” ဟု ကျနော်
မေးလိုက်ရာ ထိုအမျိုးသမီးကြီး ပြန်ဖြေပုံက ....
“ခွေး၊ သရဲဖြစ်တဲ့
ခွေး၊ ခွေး ၀ိညာဉ်ပေါ့ ... ”
တိရိစ္ဆာန်တစ်ကောင်
သေဆုံးပြီးတဲ့နောက်ပိုင်း ၀ိညာဉ်အဖြစ် ပူးကပ်နေ
သော ဖြစ်စဉ်တစ်ခုကို
လွန်ခဲ့သော ၇- နှစ်ခန့်က ကျနော် ကြုံဖူးပါသည်။
ကျနော့်မိတ်ဆွေ မွန်တိုင်းရင်းသား
မုဆိုးမ အမျိုးသမီးကြီးတစ်ဦး၏
နေအိမ်၌ ထို ပြဿနာမျိုး
ကြုံတွေ့ရသည်ဟု သိရပါသည်။ ထိုမွန်တိုင်းရင်း
သား မိသားစုတွင် မုဆိုးမ
မိခင်နှင့် သား သုံးယောက်ရှိပါသည်။ အငယ်ဆုံး
သားဖြစ်သူသည် အိမ်မက်တစ်ခုကို
ညစဉ်ဆက်တိုင်း မြင်မက်ပြီး တရေးနိုး
တွင် ထထ’ ငိုပါသည်။
သူ ပြောပြမှုအရ သူ့ကုတင်၏ အောက်တွင် အင်မတန်
ကြီးမားသော ခွေးကြီးတစ်ကောင်သည်
သူ့အား ကြည့်ပြီး ဟောင် နေသည်
ဟု ပြောပြပါသည်။ ထိုပြဿနာအား
ရွှေ့ပြောင်း အခြေချလာသူများနှင့်
သက်ဆိုင်သော အစိုးရဌာနသို့
ပြောပြပါသည်။ ထိုအခါ ထိုအိမ်နှင့် ပက်သက်
သော ရာဇ၀င်များကို
ပြန်လည် ကြည့်ရှုသောအခါ သူတို့အရင် နေထိုင်
သွားသော မိသားစုတစ်စုတွင်
ခွေးတစ်ကောင် မွေးခဲ့ဖူးကြောင်း သိရပါ
သည်။ ဒိန်းမတ်နိုင်ငံတွင်
ခွေးသည် တိရိစ္ဆာန်ကု ဆရာဝန်၏ ခွင့်ပြုထောက်
ခံချက်ရမှ မွေးမြူးရသဖြင့်
ထိုကဲ့သို့ ခွေးမွေးမြူးခြင်း မှတ်တမ်းကို အတိအကျ
သိရခြင်း ဖြစ်ပါသည်။
ထို့နောက် ယခင်နေခဲ့ဖူးသူများနှင့် ဆက်သွယ်သော
အခါ သူတို့မိသားစုသည်
သူတို့မွေးခဲ့သော ထိုခွေးကြီး သေဆုံးသည့်အခါ
ထိုခြံထဲတွင် တွင်းတူးမြုပ်နှံခဲ့ကြောင်း
သိရပါသည်။ ထို့ကြောင့် ခွေးသေ
အလောင်းအား တူးထုတ်ပြီး
အခြားတစ်နေရာတွင် ရွှေ့ပြောင်းမြုပ်နှံလိုက်မှ
ကလေးငယ်အား ညစဉ် ခြောက်လန့်နေသော
ခွေးသရဲ ဇာတ်လမ်း
ပြီးဆုံးသွားပါသည်။
ယခုတဖန် ထိုတမီးလ်ကုလားမကြီး၏
ဇာတ်လမ်းမှာ အသစ်ဖြစ်လာ
ပြန်ပါသည်။ သူ ချိန်းဆိုသော
ခွေးသရဲအား သူ့အိမ်သို့ ခေါ်ဆောင်မည့်
နေ့တွင် ကျနော် အလုပ်ရှုပ်နေသောကြောင့်
မသွားဖြစ်ခဲ့ပါ။ သူ့သမီး
အငယ်မလေးသည် ကျနော်တို့
အလုပ်ထဲတွင် ကျောင်းတစ်ဖက်နဲ့
အချိန်ပိုင်းအလုပ်
လုပ်နေပါသည်။ လွန်ခဲ့သော ရက်အနည်းငယ်က
အလုပ်၏ ခေတ္တ နားချိန်အတွင်း
ထိုကုလားမလေးက ကျနော် အပါအ၀င်
အလုပ်ထဲမှ မိတ်ဆွေများအား
သူ့အိမ်မက်အကြောင်း ပြောပြပါသည်။
“ညက တော်တော်ကိုး
ထူးဆန်းတဲ့ အိမ်မက်တစ်ခုကို ကျမ မက်တယ်၊
ကျမတို့ အိမ်ခန်းတံခါးကို
အပြင်ကနေ အဆက်မပြတ် ခေါင်းလောင်း
တီးနေလို့ ကျမ တံခါးကို
ဖွင့်လိုက်တော့ အပေါက်ဝမှာ လူကြီးတစ်ယောက်
မတ်တပ်ရပ်နေတယ်၊ အဲဒါနဲ့
ဘာကိစ္စ ရှိလို့လဲ မေးလိုက်တော့၊ နင်တို့
အိမ်မှာ ငါ့ခွေး ရောက်နေလို့
ငါ လိုက်လာတယ် တဲ့၊ မောလိုက်တာ သောက်
စရာ ဘာရှိလဲလို့ ပြောတာနဲ့
ကျမက သူ့ကို ဧည့်ခန်းထဲကို ခေါ်လာခဲ့တယ်၊
အခန်းထဲလည်း ရောက်ရော
ထူးထူးဆန်းဆန်း ကျမတို့ အခန်းထဲမှာ
ဘယ်ကမှန်းမသိတဲ့ ခွေးတစ်ကောင်
ရှိနေတယ်၊ အဲဒီခွေးဟာ ခုနက
ဧည့်ခန်းထဲ ၀င်လာတဲ့
လူကြီးကို နမ်းရှိုက်နေပုံများ တော်တော်ကိုး ရင်းနှီး
တဲ့ ပုံစံမျိုး၊ အဲဒီနောက်
အဲဒီ လူကြီးက ကျမကို ဘာပြောသလဲ ဆိုတော့
နင်တို့ မိသားစု ငါ့ခွေးကို
ခေါ်ထားတာ အခု ငါက သူ့ကို နင်တို့ဆီကနေ
ပြန်ခေါ်တာ ခေါ်လို့
မရဘူး၊ ခေါ်လို့ မရရင်တော့ ငါလည်း သူနဲ့အတူတူ
နင်တို့ဆီမှာ နေမယ်ဆိုပြီး
ပြောတယ်၊ ဒါနဲ့ ကျမက ရှင်ကိုလည်း ကျမ
မသိဘူး၊ ရှင့်ခွေးကိုလည်း
ကျမ မသိဘူး၊ ရှင် အခု ချက်ချင်း ထွက်သွားလို့
အော်လိုက်တော့
... အိမ်မက်ကနေ ငယောင်ခြောက်ခြားနဲ့ ကျမလည်း
နိုးလာတာပဲ ....
”
ထိုနောက် တစ်ခုသော
နံနက်ခင်းတစ်ခုတွင် သူတို့ တိုက်ရှေ့က ဖြတ်
လျှောက်ရင်း သူတို့အခန်းဆီ
မော့ကြည့်လိုက်မိပါသည်။ အခန်းရှေ့
ဝရံတာတွင် မတ်တပ်ရပ်နေသော
ကျနော့်မိတ်ဆွေ တမီးလ်ကုလားမကြီး
နှင့်အတူ သူ့မိတ်ဆွေ
တမီးလ်အမျိုးသမီး တစ်ဦးတို့ မတ်တပ်ရပ်ရင်း
စကားပြောနေသည့်ကို
တွေ့ရပါသည်။ ကျနော့်ကို တွေ့လိုက်သည်နှင့်
တပြိုင်နက် ကျနော့်မိတ်ဆွေ
ထိုအမျိုးသမီးကြီးက သူတို့အခန်းဆီ
အလည်လာဖို့ လှမ်းပြောပါသည်။
နဂိုကတည်းက သူမွေးထားသော
ခွေးသရဲအကြောင်း သိချင်နေသည့်
ကျနော်၏ ခြေလှမ်းများသည် သူတို့
တိုက်အပေါ်ထပ်သို့
ဦးတည်လိုက်ပါသည်။
သူတို့ဧည့်ခန်းထဲ
ထိုင်နေရင်း ဟိုရောက်ဒီရောက် စကားများကို နားထောင်
လိုက် ပြန်လည် ပြောဆိုလိုက်
လုပ်နေသော ကျနော့်အား ခြေဆုံးခေါင်းဆုံး
ကြည့်နေသည့် သူတို့ဧည့်သည်
တမီးလ်အမျိုးသမီး၏ မျက်လုံးများအား
ကျနော် မသိချင်ယောင်
ဆောင်နေခဲ့ပါသည်။ ထို့နောက် ထိုဧည့်သည်က
ကျနော့်အား ....
“နင် ငယ်ငယ်က ညဖက် အိပ်နေရင်း ခြေထောက်မှာ
ခြေချင်းတွေ ချူတွေ
ချိတ်ဆွဲထားလို့ လမ်းလျှောက်တဲ့အခါ ထွက်ပေါ်
လာတဲ့ အသံမျိုး ကြားဖူးတယ်လို့
ငါတော့ ထင်တယ် ... ” ဟု ပြော
လိုက်ရာ ကျနော် အနည်းငယ်
အံသြသွားပါသည်။ ကျနော် သုံးနှစ်သား
အရွယ်က အချို့ ညဖက်များတွင် အိမ်ယာမှထပြီး ပြတင်းပေါက်တစ်ခု
အနားသို့ တစ်ယောက်တည်း
ထ သွားလေ့ရှိကြောင်း၊ ထို့နောက် တစ်စုံ
တစ်ယောက်နှင့် စကားပြောသလို
မပီမသ စကားများ ပြောတတ်ကြောင်း၊
ထိုအခါ ပြတင်းပေါက်
အခြားဖက်တွင် ကုလားမများ ၀တ်ဆင်လေ့
ရှိသော ခြေချင်းသံများ
ကြားရလေ့ရှိကြောင်း ငယ်ငယ်က ကျနော့်အား
ထိန်းကျောင်းခဲ့သော
အမ ၀မ်းကွဲတော်စပ်သူ တစ်ဦး ပြောပြသည်ကို
သတိရမိပါသည်။ သူက
... “နင်လည်း အိန္ဒိယက လာတာပါ ... ” ဟု
ဆက်ပြောပါသည်။
ထိုဧည့်သည် တမီးလ်အမျိုးသမီးသည်
ကျနော့်မိတ်ဆွေ မိသားစုအတွက်
ခွေးသရဲအား သယ်ဆောင်ရာတွင်
ကူညီခဲ့သူ ဖြစ်ကြောင်း သိရပါသည်။
ယခုရက်ပိုင်းများတွင်
ကျနော့်မိတ်ဆွေ မိသားစုသည် သူတို့အိမ်အား
လာရောက် ဖောက်ထွင်းမည့်
သူခိုးများရန်ကို မကြောက်ရသော်လည်း
ညဖက်များတွင် ဘယ်က
ဘယ်လိုမှန်း မသိ လေထဲတွင် မျှောပါလာသော
ခွေးအူသံများ၊ အိမ်အ၀င်အဝ
တံခါးရှေ့မှ ချောင်းဟန့်သံများကြောင့်
ထိုဧည့်သည်အား ထိုနေ့တွင်
ဖိတ်ခေါ်ရခြင်း ဖြစ်ကြောင်း သိရပါသည်။
ကျနော်က ကျနော့်မိတ်ဆွေအား
အာမခံစနစ် ထားရှိရန် ထပ်မံ အကြံ
ပေးလိုက်သည့်အခါ ကျနော့်မိတ်ဆွေက
....
“အာမခံထားဖို့ ဆုံးဖြတ်ပြီးပါပြီ၊
ခက်တာက အခု ခေါ်ထားမိတဲ့
ဟာတွေကို မြန်မြန်
ပြန်ပို့ချင်တာပဲ သိတယ်၊ အခု ကလေးတွေ
လည်း သိကုန်တော့ ပိုဆိုးတာပေါ့၊
ခေါ်တုန်းက ခေါ်ချင်သလို
ခေါ်လို့ မရနိုင်သလို
ပြန်ပို့ချင်တော့လည်း ပြန်ပို့ချင်တိုင်း ပြန်ပို့လို့
မရပဲ အချိန်တစ်ခုအထိ
သည်းခံပြီး စောင့်နေရတာလည်း မလွယ်ဘူး ... ”
ဟု ညည်းရှာပါသည်။
-ကိုအောင်(ပျူနိုင်ငံ)