အက်(စ်)ပီးယား (Esbjerg) ဘူတာအနီး၌ ရှိသော အဝေးပြေး
ကားမှတ်တိုင်တွင် ကားစောင့်နေခိုက် မိုးသည် တိတ်သွားလိုက်
ခပ်ဖွဲဖွဲ ပြန်ရွာလိုက် ဖြစ်နေပါသည်။ ကျနော်တို့ စီးနင်းလိုက်ပါ
ရမည့် အမှတ် (၉၈၀) ဘက်စ်ကား ဆိုက်ရောက်လာသည့်အခါ
ကားရှေ့ မျက်နှာပြင်ပေါ်တွင် ရေးထားသည့် စာတန်းကို ကြည့်ရင်း
အနည်းငယ် စိတ်ညစ်သွားမိပါသည်။
အဘယ်ကြောင့်ဆိုသော် ကားသည် ခရီးအဆုံးအထိ မောင်းနှင်းရန်
ကြေညာထားသော အစီအစဉ်အစား ဒိန်းမတ်နိုင်ငံ၏ တတိယ
မြောက် မြို့တော်ဖြစ်သော “အော်လဘို” (Aalborg) အထိသာ
ရောက်မည်ဖြစ်ကြောင်း သိရပါသည်။ ကျနော်တို့ သွားလိုသည့်
ကိုသန်းအောင်နိုင်တို့ ဇနီးမောင်နှံ နေထိုင်ရာ “ဆေးဗြူ” (Sæby)
မြို့အထိ ကားပြောင်းစီးရေးအတွက် အလုပ်များရပါတော့မည်ဟု
စိတ်ထဲတွင် ညည်းညူးမိပါသည်။ ကားသည် နေ့လည် ၂ နာရီ ၁၅
မိနစ်တွင် အက်(စ်)ပီးယား ဘူတာအနီးမှ စတင် ထွက်ခွာလာခဲ့ပါ
သည်။ ကားပေါ်တွင် ခရီးသည် နေရာပြည့် မရှိပါ။ ကျနော်တို့ မြန်မာ
သုံးဦးနှင့်အတူ ဒိန်းမတ်နိုင်ငံတွင် အလုပ် လာလုပ်ကြသော အရှေ့
ဥရောပသားများဖြစ်သော ပိုလန်လူမျိုးများ၊ ရုရှားများ၊ အက်စ်တိုးနီးယား
များ၊ လစ်သူယေးနီးယားများ၊ ဘီလာရုစ်များ၊ ယူကရိန်းနိုင်ငံသားများ
သား စီးနင်းလိုက်ပါကြပါသည်။ အဘယ်ကြောင့် ထိုနိုင်ငံသားများ
ဖြစ်သည်ဟု ကျနော် အသေအချာ ပြောနိုင်သည်ကို နောက်ပိုင်းတွင်
ကျနော် ရှင်းပြပါ့မည်။
ကားသည် အက်(စ်)ပီးယားမြို့မှ ထွက်ခွာလာပြီး ပထမဆုံး ရပ်နား
သည့် နေရာမှာ အက်(စ်)ပီးယား လေယာဉ်ကွင်း ဖြစ်ပါသည်။ ထိုကွင်း
သည် လေကြောင်းသွားလာမှု ခရီးစဉ်များအတွက် အသုံးပြုခြင်း မရှိ
တော့ပါ၊ ပင်လယ်ပြင်ဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေးနှင့် အခြား
အရေး
ပေါ် အခြေအနေများအတွက် လေကြောင်းမှ ကူညီရန် လေယာဉ်ပျံအစား
ရဟတ်ယာဉ်စခန်းပုံစံသာ ဖြစ်နေပါသည်။ လေ့ကျင့်ပျံသန်းနေသော
ရဟတ်ယာဉ်များကို တွေ့ရပါသည်။ ကားသည် အဝေးပြေးလမ်းမပေါ်
တွင် တရှိန်ထိုး မောင်းနှင်းနေပါသည်။ ကျနော်တို့ သုံးဦးသည်
ခရီးသည်
နှစ်ဦးချင်း ဘေးချင်းယှဉ်တွဲ ထိုင်နိုင်သည့် နှစ်ခုံတွဲများပေါ်တွင်
တစ်ဦးစီ
လွတ်လွတ်လပ်လပ် ထိုင်စီးရင်း တဖြေးဖြေး အိပ်ငိုက်နေကြသည်။
ကျနော့်ရှေ့မှ နှစ်ခုံတွဲပေါ်တွင် တစ်ဦးတည်း ထိုင်နေသော ကိုမိုက်ကယ်
သည် သူတို့ ဇနီးမောင်နှံ သွားရောက်တည်းခိုမည့် အော်စလိုမြို့မှ
လူငယ်လေးအကြောင်း ပြောပြနေပါသည်။ ထိုလူငယ်လေးသည်
တခါက “ကလေးစစ်သား” အဖြစ် န.၀.တ စစ်အစိုးရလက်ထက်တွင်
အဓမ္မ စစ်သား စုဆောင်းခြင်း ခံခဲ့ရသူဖြစ်ပြီး၊ နယ်စပ်ဒေသရှိ
UNHCR
ဒုက္ခသည် အစီအစဉ်ဖြင့် တတိယ ကမ္ဘာ့နိုင်ငံများဆီသို့ ရွေ့ပြောင်း
နေခွင့်ရခဲ့သူ ဖြစ်ပါသည်။ နယ်စပ်က ဒုက္ခသည်စခန်းများတွင် ထိုကဲ့သို့
စစ်တပ်မှ ထွက်ပြေးလာသော ကလေးစစ်သား အများအပြားရှိ
ပါသည်။ ကိုမိုက်ကယ်၏ ဇနီးသည်ဖြစ်သူ အမ မပိုသည် ထိုင်း-မြန်မာ
နယ်စပ်ရှိ ဒုက္ခသည်စခန်းအတွင်း နေထိုင်ခဲ့စဉ် ကာလများက ထို
ကလေးစစ်သားအဖြစ်မှ ထွက်ပြေးလာသော ကလေးငယ် ဆယ်ဦးခန့်
အား အစစအရာရာ ချက်ပြုတ်ကျွေးမွေး စောင့်ရှောက်ပေးခဲ့ပါသည်။
ထိုကြောင့် ထို “ကလေး စစ်သား” များ၊ သက်ဆိုင်ရာ UNHCR စခန်း
တာဝန်ခံများက အမ မပိုအား ကလေးစစ်သားများ၏ မိခင် “မာမီ”
အဖြစ် ခေါ်ဝေါ် သတ်မှတ်ခဲ့ကြပါသည်။ ကိုမိုက်ကယ်သည် ထိုကလေး
စစ်သားများအကြောင်း သူ သိသမျှ တတွတ်တွတ် ပြောနေသောအချိန်
တွင် အမ မပိုကတော့ နှစ်ခုံတွဲပေါ်တွင် တစ်ဦးတည်း တခေါခေါ
ဟောက်ရင်း အိပ်ပျော်နေပါသည်။
နိုဗယ်ဆုပေးပွဲ အခမ်းအနား ဖိတ်စာမရသော ကျနော်သည် ဤခရီးစဉ်
အတွင်း ကိုမိုးမောင်မောင်နှင့် အမ မပူစူးတို့ ဇနီးမောင်နှံ
နေအိမ်တွင်
သွားရောက်တည်းခိုရန် စီစဉ်ထားပါသည်။ ကျနော်လို နော်ဝေနိုင်ငံပြင်ပ
မှ လာရောက်ကြမည့် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ၊ နိုင်ငံရေး
အကျဉ်း
သားများဖြင့် ကိုမိုးမောင်မောင်တို့ အိမ်တွင် စည်းစည်းကားကား
ဖြစ်နေ
မည်ဟု တွေးတောရင်း စိတ်ထဲ၌ ပျော်ရွှင်ကြည်နူးနေပါသည်။ နိုဗယ်ဆု
ပေးပွဲ အခမ်းအနား တက်ခွင့် ဖိတ်စာမရလည်း မြန်မာများနှင့်
အန်တီစု
သီးသန့် တွေ့ဆုံရန် စီစဉ်ထားသော နေရာသို့ ခပ်စောစောသွားပြီး
တန်းစီရင် ကောင်းမလားဟု တစ်ယောက်တည်း တွေးနေမိပါသည်။
ဘတ်စ်ကားသည် “ဗီဘို” (Viborg) ဟုခေါ်သော မြို့တစ်မြို့သို့
ဆိုက်ရောက်
ခဲ့ပြန်ပါသည်။ ထို “ဗီဘို” မြို့သည် ဒိန်းမတ်နိုင်ငံတွင်
အင်မတန် ထူးခြားသော
မြို့တစ်မြို့ ဖြစ်ပါသည်။ နိုင်ငံသားတစ်ယောက်သည် သူ၏ ဘိုးဘွား
ဆွေစဉ်
မျိုးဆက်၏ အမည်စာရင်းများနှင့် ပြောင်းရွှေ့နေထိုင်ခဲ့သည့်
ရာဇ၀င်များကို
သိချင်လျှင် ထို“ဗီဘို”မြို့လေး၏ ဘုရားကျောင်းတွင် စုံစမ်းနိုင်ပါသည်။
ထိုမြို့
၏ ခရစ်ယာန် ဘုရားကျောင်းတွင် တစ်နိုင်ငံလုံးရှိ နိုင်ငံသားများနှင့်
ပက်သက်
သော အချက်အလက်ပေါင်းများစွာကို လွန်ခဲ့သော နှစ် ရာပေါင်းများစွာမှစ၍
သိမ်းဆည်းထားခဲ့သည်။ ကျနော်နှင့် ရင်းနှီးသော ဒိန်းမတ် အမျိုးသားကြီးတစ်ဦး
သည် သူ့ဘိုးဘွားများ၏ ရာဇ၀င်ကို ထို“ဗီဘို”မြို့၏ ဘုရားကျောင်းတွင်
စုံစမ်း
ကြည့်ရာ သူ့မျိုးရိုး (၈)ဆက်မြောက် အဖိုးသည် ပေါ်တူဂီလူမျိုး
ပင်လယ်ဓါးပြ
တစ်ဦးအဖြစ် ဒိန်းမတ်သူ တစ်ဦးနှင့် လက်ထပ်ပေါင်းသင်းခဲ့ပြီး
သူတို့မျိုးရိုးကို
စတင်ခဲ့ကြောင်း သိခွင့်ရခဲ့ပါသည်။
ကျနော် ထိုင်နေသည့် ထိုင်ခုံနှင့် မျက်စောင်းထိုးတွင် ဥရောပသားနှစ်ဦး
ယှဉ်တွဲ
ထိုင်ပြီး ဒိန်းမတ်ဘာသာစကား မဟုတ်သည့် သူတို့ကိုယ်ပိုင် ဘာသာစကား
များကို ခပ်တိုးတိုး ပြောဆိုနေကြသည်။ ထိုနောက် အမျိုးသားကြီး
တစ်ဦးသည်
သူ့ပိုက်ဆံအိတ်မှ မိသားစု ဓါတ်ပုံကို တစ်ပုံကို ထုတ်ပြရင်း
သူ့မျက်လုံးအိမ်မှ
မျက်ရည်များသည် ထိုဓါတ်ပုံပေါ်သို့ တစက်ပြီး တစက် ကျဆင်းနေပါသည်။
သူ့
နံဘေးမှ မိတ်ဆွေအား တစုံတရာအတွက် ပြောပြနေပုံရပါသည်။ ကျနော်သည်
ထိုမြင်ကွင်းများကို အရှေ့တောင်အာရှ နိုင်ငံအချို့တွင် အလုပ်
လုပ်နေရသော
မြန်မာနိုင်ငံသားများအကြားတွင် မြင်ခဲ့ရဖူးပါသည်။ လူသားစွမ်းအင်း
အရင်းအမြစ်
ပညာရှင်များ၊ ကျန်းမာရေး သုတေသီများ၏ အဆိုအရ လူတစ်ဦးသည်
အသက်
(၂၀)နှစ်မှ (၄၅) နှစ် ကြား ကာလများအတွင်းသာ ပြင်းထန်သော အလုပ်ကြမ်း
များကို လုပ်ဆောင်နိုင်ပါက လုပ်ဆောင်သင့်ပါသည်။ ထို အသက်
အပိုင်းအခြား
ကာလများတွင် ထိုနိုင်ငံသားသည် သူ့တိုင်းပြည်အတွင်းရှိ ကုန်ထုတ်
လုပ်ငန်း
များအတွက် ရှင်သန် လုပ်ဆောင်မှု မပါဝင်ခဲ့လျှင် နိုင်ငံတစ်ခု၏
ဆုံးရှုံးမှု
သည် မည်၍မည်မျှ ရှိနိုင်မည်ကို ကျနော်တို့ မှန်းဆကြည့်သင့်ပါသည်။
လူတစ်ယောက် သို့မဟုတ် နိုင်ငံသားတစ်ဦးသည် သူ့မွေးရပ်မြေ
သို့မဟုတ်
သူ့နိုင်ငံ၌ သူ့ အနာဂတ်ဘ၀ မရှိခဲ့လျှင် ထိုဖြစ်ရပ်သည် အကြီးမားဆုံး
ကျိန်စာသင့်မှုဟု ကျနော်တော့ ထင်ပါသည်။
ကျနော်တို့ သုံးဦး စီးနင်းလိုက်ပါလာသော ကားသည် “အော်လဘို”
(Aalborg)
မြို့သို့ ရောက်ရှိခဲ့ပါသည်။ ကျနော်တို့ သုံးဦးသည် ခရီးဆောင်အိတ်
မနိုင်တနိုင်
များကို သယ်ဆောင်ရင်း ကိုသန်းအောင်နိုင်တို့ ဇနီးမောင်နှံ
နေထိုင်ရာ “ဆေးဗြူး”
(Sæby) မြို့သို့
ထွက်ခွာမည့် ခရီးသည်တင် ဘက်စ်ကားပေါ် ပြောင်းရွှေ့ခဲ့ပါသည်။
ထိုကားပေါ်တွင်
ကျောင်းတစ်ဖက်နှင့် အချိန်ပိုင်း အလုပ် လုပ်နေသော လူငယ်၊
လူရွယ် များစွာကို
တွေ့နေရပါသည်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်
ရေး အလွန်အမင်း
အားပေးသည့် ဥရောပ ယဉ်ကျေးမှုသည် မိဘနှင့် သားသမီး
အကြား သံယောဇဉ်ကို
သိပ်တော့ အားမပေးပါ။ သို့သော် မိမိကိုယ်ကိုယ် ယုံကြည်
မှုပြည်ဝစေရန်
တွန်းအားပေးရာ၌ အင်မတန် ထိရောက်ပါသည်။ ကားပေါ်က
ထိုလူငယ်များ၏
စကားသံများအတွင်း သူတို့သည် ဘယ်ဒေသသို့ ဘယ်နေ့
တွင် အပျော်ခရီး
ထွက်မည်၊ အလုပ်က ရသည့်ဝင်ငွေ၊ နိုင်ငံတော်မှ လစဉ်
ထောက်ပံ့သော
ပညာသင် ထောက်ပံ့ကြေးများဖြင့် သူတို့၏ နေ့စဉ်ဘ၀တွင်
အပူအပင်ဆိုသော
စကားလုံးသည် ရေပန်းမစားနိုင်ဟု ကျနော် ထင်ပါသည်။
ကျနော်တို့
မြန်မာနိုင်ငံက ကျောင်းသားလူငယ်များ၏ နေ့စဉ်ဘ၀များအား
ထိုနည်းတူစွာ
ကျနော် ဖြစ်စေချင်ပါသည်။ သို့သော် ကျနော့် ကျောင်းသား
လူငယ်ဘ၀၏
တချို့သော ညများတွင် “ဧည့်စာရင်း စစ်မယ်”ဆိုသည့်
အသံများနှင့်အတူ
အိမ်အတွင်းသို့ လက်နက်ကိုင်ပြီး ၀င်ရောက်လာလေ့
ရှိသော ဧည့်ဆိုးများဖြင့်
ပြည့်နှက်ခဲ့ဖူးပါသည်။
(ဆက်ရန်။ ။)
-စစ်ငြိမ်းဒီရေ
2 comments:
ဆက်လက်မဲ့ အပိုင်းလေးကို စောင့်မျှော်နေကြောင်းပါရှင်.
Unquestionably believe that which you stated. Your favorite
justification seemed to be on the net the easiest thing to be aware of.
I say to you, I definitely get irked while people think
about worries that they just do not know about.
You managed to hit the nail upon the top and defined out
the whole thing without having side effect , people could take a signal.
Will probably be back to get more. Thanks
Also visit my blog post ... numerology calculator
Post a Comment