Sunday, 4 November 2012

နှင်းဆီဖြူနှင့် ကျနော့်အတွေးများ

ကျနော် (စာရေးသူ) ရေးသားထားတဲ့ သရဲတစ္ဆေ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့
“နှင်းဆီဖြူ” ပါဝင်တဲ့ E-book စာအုပ်ထွက်ပါပြီ။
ပါဝင် ရေးသားသူများကတော့ ကိုကိုသက်၊ ကိုမျိုး၊ ချစ်ကြည်အေး၊ ခိုင်စိုးလင်း၊
ချိုပိန်းနောင်၊ စစ်ငြိမ်းဒီရေ (ကျနော်)၊ ဆူးခက်မင်း၊ ညီဇံလှ၊ နှင်းနဲ့ မာယာ၊
ပန်ဒိုရာ၊ ဖိုးခွား၊ ဖိုးစိန်၊ မိုးလှိုင်ည၊ မြသွေးနီ၊ မှိုင်း (ဆေး- ၂)၊ သူရဿဝါ၊
သက်ဝေ၊ အော်ဂဲနီ၊ အောင်ဖြိုး၊ သြမြိုင်နှင့် အမည်မဖေါ်လိုသူတစ်ဦးတို့
ဖြစ်ပါတယ်။



အောက်က လင့်ခ်မှာ ဒေါင်းလုပ်ချပြီးဖြစ်ဖြစ် တိုက်ရိုက်ဖြစ်ဖြစ် ဖတ်ရှု
နိုင်ပါတယ်၊ ကျနော့်ဇာတ်လမ်းက စာမျက်နှာ (၃၀)မှာပါ ....
ဒီ အီးဘွတ်ဖြစ်မြောက်အောင် အဖက်ဖက်က ပါဝင်ကူညီ ဆောင်ရွက်ပေးတဲ့
သူတွေအားလုံးကို အထူးပဲ ကျေးဇူး တင်ပါတယ်။

နှင်းဆီဖြူ ဇာတ်လမ်းကို ၂၀၁၂ ခုနှစ် ပြီးခဲ့တဲ့ မေလ ၃- ရက် မှာကတည်းက
ရေးသားပြီးစီးခဲ့ပါတယ် .....
အဲဒီအရင် ကျနော် ရေးသားတဲ့ သရဲတစ္ဆေ နာမ် ၀ိညာဉ် ဇာတ်လမ်း
တော်တော်များများမှာ ဖြစ်ရပ်ရဲ့ အဓိက ပုံစံကို စာဖတ်သူ စိတ်ဝင်စားဖို့ပဲ
အလေးထားခဲ့ပါတယ်၊ ခံစားမိတဲ့ စိတ်နှင့် ၀န်းကျင်ဆိုင်ရာ ရိုက်ခတ်မှုကို
အသားပေး ဖော်ပြတာ များပါတယ်။

မိတ်ဆွေတွေဆီက ရလာတဲ့ အချက်အလက်တချို့ ....
“နှင်းဆီဖြူ”ကို ၂၀၁၂ ခုနှစ် လွန်ခဲ့တဲ့ ဖေဖ်ါဝါရီလလောက်ကတည်းက
ဖြစ်ရပ်မှန်တချို့အပေါ် အခြေခံပြီး ကျနော်ရဲ့ စိတ်ကူးတချို့ ပေါင်းစပ်ဖို့
ကျနော် ကြံစည်ခဲ့ပါတယ်။ တကယ် တကယ် ရေးမယ်လို့ စီစဉ်လိုက်တော့
ဘယ်နေရာက စရမှန်း မသိ ဖြစ်လာပါတယ်။ ဒီလိုနဲ့ပဲ နှင်းဆီဖြူဟာ စာမျက်
နှာပေါ် ရောက်မလာခဲ့တာပါ။ အဲလို စာရေးဖို့ ဇဝေဇ၀ါ ဖြစ်နေတဲ့ ကျနော့်ဆီ
ဇာတ်လမ်းအသစ်တွေ ရောက်လာပါသေးတယ်။

ကျနော်နဲ့အတူ ဘလော့လောကထဲ ရှေ့ဆင့်နောက်ဆင့် ရေးသားဖို့
ကြိုးစားတဲ့ ညီငယ်တစ်ဦး ရှိပါတယ်။ သူလည်း ကျနော်လို ဘလော့လုပ်ကာစ
က ဘာ တင်ရမှန်း မသိလို့ ဟိုသတင်း တင်လိုက်၊ ဒီသတင်း တင်လိုက်၊
ကဗျာလိုလို စာလိုလို ကိုယ်ထင်တာ ကိုယ်ရေးရင်း ကိုယ့်ဘလော့လေး
စည်းကားဖို့ နည်းအမျိုးမျိုး ကြိုးစားဖော် ကြိုးစားဖက်တွေပါ။ နောက်တော့
သူရောက်နေတဲ့ တိုင်းပြည်ကနေ အမိနိုင်ငံတော်ကြီးဆီ ပြန်သွားပါတယ်။
သူ့ဘလော့လေးလည်း ပိုင်ရှင်မဲ့ ဘလော့ဘ၀ကို ရောက်ပြီး နောက်တော့
သူကိုယ်တိုင် သူ့ဘလော့ကို ဖျက်သိမ်း လိုက်ပါတယ်။ မကြာခင်မှာ သူ့ဆီ
ကနေ အင်မတန် စိတ်ဝင်စားဖို့ ကောင်းတဲ့ သတင်းတချို့ကို ကျနော် ရလာ
ပါတယ်။ သူကတော့ သူ့ပတ်ဝန်းကျင်က အဲလို ဖြစ်ရပ်ဆန်းကို ရေးသားဖို့
သူ့ကိုယ်ပိုင် ဘလော့လေး မရှိတော့တဲ့အတွက် ကျနော့်ဆီ ပေးပို့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ စက်ာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာ
အလုပ် သွားရောက် လုပ်ကိုင်နေတဲ့ မြန်မာ အမျိုးသမီးငယ်တချို့ တိုက်
ပေါ်ကနေ ခုန်ချပြီး သေကြောင်း ကြံစည်ခဲ့တဲ့ ဖြစ်ရပ်တချို့ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီ အမျိုးသမီးငယ်တွေထဲက တစုံတယောက်သော အမျိုးသမီးငယ်လေး
ဟာ တိုက်ပေါ်ခုန်မချခင် ရက်အနည်းငယ် အလိုက သူ့မိသားစုထံ သူ အိမ်မက်ဆိုး
တွေ မကြာခဏ မက်ကြောင်း၊ အိမ်မက်ထဲမှာ သရဲလိုလို တစ္ဆေလိုလို ပုံစံတစ်ခု
က သူ့ကို တိုက်ပေါ်ကနေ တွန်းချကြောင်း တယ်လီဖုန်းကတဆင့် သူ့မိသားစု
ထံ ပြောကြားပါတယ်။ မြန်မာပြည်က မိသားစုကလည်း ဒါကို ပေါ့ပေါ့တန်တန်
စဉ်းစားခဲ့လေသလား မပြောတတ်ပါ၊ နောက် ရက်အနည်းငယ်အတွင်း အဲဒီဖြစ်ရပ်
မျိုး ဖြစ်တော့မှ ယူကျုံးမရ ဖြစ်ကြပါတော့တယ်။ ဒီဇာတ်လမ်းလည်း ကျနော့်ဆီမှာ
အကြမ်းအနေနဲ့ ရထားပြီးပါပြီ။ အခု လောလောဆယ်တော့ ညီမငယ် “ခိုင်စိုးလင်း”
စီစဉ်ထားတဲ့ “၀ိညာဉ်မှတ်တမ်း” အီးဘွတ်လေးကို ဖတ်ရှု အားပေးကြပါအုံး
မိတ်ဆွေတို့ရေ ... ။

6 comments:

အိမ့်ချမ်းမြေ့ said...


ခုချိန်မှာတော့ မှောင်ကမဲမဲနဲ့
မိုးတွေထစ်ချုန်းလို့ရွာမို့...
နေကြဲကြဲတောက် ပူနေတဲ့
တောက်ပနေတဲ့ နေ့တစ်နေ့မှာ သေချာကိုဖတ်ပါမယ်..

အိမ့်ချမ်းမြေ့ said...


ခုချိန်မှာတော့ မှောင်ကမဲမဲနဲ့
မိုးတွေထစ်ချုန်းလို့ရွာမို့...
နေကြဲကြဲတောက် ပူနေတဲ့
တောက်ပနေတဲ့ နေ့တစ်နေ့မှာ သေချာကိုဖတ်ပါမယ်..

sosegado said...

သွားဖတ်လိုက်ပါဦးမယ်

An Asian Tour Operator said...

ဖတ်ပြီးသွားပြီ.. စီစဉ်တဲ့ သူတွေ ကိုချီးကျူးပါတယ်။

ငြိမ်းစိုးဦး said...

ဖတ်မှာပါ ... ဒါပေမယ့် ကြောက်တတ်နေလို့ ...

Anonymous said...

ဒေါင်းထားလိုက်မယ် အစ်ကိုရေ


မောင်ဘကြိုင်