ဒိန်းမတ်နိုင်ငံ
ကိုပင်ဟေဂင် မြို့တော်အနီးရှိ
သရဲခြောက်
သည်ဟု
နာမည်ကြီးနေသော `တို့ရ်စတုပ်´
(Tåstrup) ရုပ်ရှင်ရုံ
အဟောင်းကြီးနှင့်
လက်ရှိ ကျနော့် (စာရေးသူ)
အိမ်သည်
အကွာအဝေးအားဖြင့်
ကီလိုမီတာ ၅၀ ခန့်သာ ကွာဝေး
ပါသည်။
ဥရောပ ရှေးဟောင်းမြို့တော်
စာရင်းဝင်ဖြစ်သည့်
ကိုပင်ဟေဂင်မြို့
အနီးအနားတ၀ိုက်တွင် သရဲတစ္ဆေ
ခြောက်လှန့်
သည်ဟု
နာမည်ကြီးသော နေရာ အတော်များများ
ရှိပါသည်။
ထိုနေရာများထဲတွင်
`တို့ရ်စတုပ်´
ရုပ်ရှင်ရုံအဟောင်းသည်
ထိပ်တန်းစာရင်းဝင်
နေရာတစ်ခုဖြစ်ပါသည်။
…........
…... ….
ကျနော်တို့
လက်ရှိ နေထိုင်ရာ ရပ်ကွက်ထဲတွင်
ပင်စင်စား
ဝန်ထမ်းများ၏
အပျော်တမ်း လမ်းလျှောက်အသင်း
ဆိုသည့်
အဖွဲ့တစ်ဖွဲ့
ရှိပါသည်။ ထိုအဖွဲ့၏ ရုံးခန်းသည်
ကျနော်တို့
တိုက်နှင့်
မလှမ်းမကမ်းတွင် ရှိပါသည်။
ကျနော်သည် ထိုအဖွဲ့
မှ
`ပေါလ်´
ဟု ခေါ်သော
ဒိန်းမတ်လူမျိုး အဖိုးအို
တစ်ဦးနှင့်
ရင်းနှီးနေပါသည်။
`ပေါလ်´
သည်
ယခင်က ဒိန်းမတ် ရုပ်မြင်သံကြား
လိုင်း
တစ်ခုဖြစ်သည့် `TV
3´ ၏
သရဲတစ္ဆေ၊ နာမ် ၀ိညာဉ်
များနှင့်
ပက်သက်သော ပရိုဂမ်တစ်ခုတွင်
သတင်းမုဆိုး
(hunter)
အဖြစ်
ကာလရှည်ကြာ ထမ်းဆောင်ခဲ့သူ
ဖြစ်ပါသည်။
ယခုအချိန်အထိလည်း
ရုပ်မြင်သံကြား အစီအစဉ်
တော်တော်
များများတွင်
သူ့မိတ်ဆွေ အချို့နှင့်
တွဲဖက်၍ သူတို့၏ ထူးခြား
အံသြဖွယ်
အတွေ့အကြုံများအကြောင်း
ပြောပြလေ့ရှိပါသည်။
ကျနော်တို့
နေထိုင်ရာ ဒေသ၏ အနီးတ၀ိုက်တွင်
သဘာဝ
သစ်တောဖြစ်သည့်
ဒိန်းမတ်အမျိုးသား ဥယျာဉ်`ဂစ်စကို့´
(Gribskov)
သစ်တောနှင့်
သဘာဝအရ မဟုတ်ဘဲ ၁၇-
ရာစုခေတ်
ဒိန်းမတ်ဘုရင်များ
အမဲလိုက်ရန်အတွက် သမင်၊
ဒရယ်များအား
မွေးမြူထားခဲ့သော
`စတိုးဝါ
ဒွိရော်ဟဲဘန်း´
(Store
Dyrehave)
ဟု
ခေါ်ဆိုသော သစ်တော နှစ်ခု
ရှိပါသည်။ ထိုသစ်တောများ
အတွင်း
လေ့လာ အပန်းဖြေသူများ၊
မုဆိုးများအတွက် တစ်ည
တာ
တည်းခို အိပ်စက်နိုင်သည့်
တဲငယ် များ ရှိပါသည်။ ကျနော့်
မိတ်ဆွေ
အဖိုးအို `ပေါလ်´
၏ ပြောပြချက်အရ
….
`နေရာတိုင်းတော့
မဟုတ်ဘူး၊ တချို့ တဲငယ်တွေမှာ
ဝိညာဉ်တွေ၊
မကောင်းဆိုးဝါးတွေ တွဲကပ်နေတယ်ဆိုတဲ့
သတင်းတွေ
ကျနော် ကြားရတယ်၊ ထုံးစံအတိုင်းပေါ့
ကျနော်တို့
က
သတင်းမုဆိုးဆိုတော့ အဲဒီနေရာမှာ
အသံဖမ်းစက်တွေ
ဘာတွေ
သွားထားပြီး သတင်းယူဖို့
ကြိုးစားပါတယ်၊
သုံး၊
လေးရက်လောက်နေတော့ သွားပြန်ကြည့်တာ
ကိုယ့်
အသံဖမ်းစက်
ပျောက်တာပဲ အဖက် တင်တယ်၊
တောထဲ
အပျော်တမ်း
ခရီးထွက်တဲ့ လူငယ်တွေက
ကျနော်တို့ အကြံ
အစည်ကို
ကြို သိလို့လား မပြောတတ်ဘူး၊
သရဲ အသံတော့
မရဘူး၊
စက် ပျောက်တာပဲ အဖက်တင်တယ်
…. ´
ဟု
`တဟားဟား´
ရယ်မောပြီး
ပြောပြပါသည်။
လွန်ခဲ့သော
အပတ် သောကြာနေ့ ညနေခင်းတစ်ခုတွင်
အဖိုးအို
`ပေါလ်´သည်
ကျနော်ထံသို့ ရောက်လာပြီး
`ကျုပ်မိတ်ဆွေ
တစ်ဦးထံက သတင်းတစ်ခု ရတယ်ဗျ၊
`တို့ရ်စတုပ်´
(Tåstrup)
ဖက်က
ရုပ်ရှင်ရုံအဟောင်းကြီးမှ
ခုတလော
သရဲတစ္ဆေတွေ ပြန်ပြီး
ခြောက်လှန့်နေတယ်ဆိုတဲ့
သတင်းပဲ၊
အဲဒါ ပင်စင်စား အပျော်တမ်း
လမ်းလျှောက်အသင်း
က
နောက်ထပ် မိတ်ဆွေ နှစ်ဦးလည်း
ပါမယ်၊ ခင်ဗျားပါ လိုက်မယ်
ဆိုရင်
လေးယောက်ပေါ့၊ အဲဒီမှာ တစ်ညတာ
အိပ်စက် လေ့လာဖို့
ရုပ်ရှင်ရုံက
တာဝန်ရှိသူတွေထံ ကျနော်
ခွင့်တောင်းပြီးပြီ၊ ဘယ်လိုလဲ
သရဲနဲ့
မတွေ့ရတော့လည်း ရုပ်ရှင်ရုံထဲက
ခန်းမထဲမှာ ကျနော်
တို့အုပ်စု
ပျော်ပျော်ပါးပါး ဘီယာ
သောက်ကြမယ်လေ ဗျာ … ´
…......
…... …
ရုပ်ရှင်ရုံ၏
ခန်းမသည် သိပ်အကျယ်ကြီးတော့
မဟုတ်ပါ၊ သာမန်
အငယ်စား
ဇာတ်စင်လောက်သာ ဖြစ်ပါသည်။
သရဲတစ္ဆေ ၀ိညာဉ်
အရိပ်များ
ပေါ်လာတတ်သည်ဟု လူပြောများသော
`မှန်´
ပြတင်း
ပေါက်သည်
ခပ်မြင့်မြင့် နေရာများတွင်
ရှိပါသည်။ ကျနော်တို့ လေးဦး
သည်
ခန်းမအတွင်း စရောက်သည်နှင့်
ဖွင့်လိုက် ပိတ်လိုက် ဖြစ်တတ်
သည်ဟု
နာမည်ကြီးသော နံရံပေါ်မှာ
မီးခလုတ်အားလုံး၏ ထိန်းချုပ်ရာ
ဖြစ်သော
ပင်မ မီးခလုတ်အား ပိတ်ထားလိုက်ပါသည်။
အပေါ့အပါး
သွားရန်
အိမ်သာအခန်း မီးနှင့်
ဇာတ်စင်ပေါ်က မီးများအားလုံးကို
ထိန်းထိန်းတောက်နေအောင်
ထွန်းထားလိုက်ပါသည်။
ရုံထဲ
ရောက်ကာစက အနည်းငယ်
သတိထားနေမိသော်လည်း
ရယ်စရာ
ပြောပြတတ်သည့် အဖိုးအို
တစ်ဦးကြောင့် သရဲတစ္ဆေဆီ
စိတ်မရောက်ပဲ
သူ့စကားအတွင်း နှစ်မျောနေပါသည်။
ည ၁၁ နာရီ
ခန့်
တွင် ကျနော်တို့ အုပ်စု
ထိုင်နေသော ဇာတ်စင်၏ ဘေးဖက်
လှေကား
အတက်အဆင်းတွင် ရှိသည့်
အမှိုက်ပုံးသည် တစုံတယောက်
ခြေထောက်ဖြင့်
ခပ်ပြင်းပြင်း လာကန်လိုက်သလို
ခပ်ကျယ်ကျယ်
အသံတစ်ခု
ထွက်လာပါသည်။ ကျနော်တို့
လေးဦး အလျင်အမြန်
သွားကြည့်ခဲ့ပါသည်။
အမှိုက်ပုံးသည် သူ မဟုတ်သလိုပင်၊
တစ်ခုခု
ချိုင့်ဝင်သွားသလိုလည်း
မရှိ၊ ပုံးနံဘေးတွင်
ခြေရာလက်ရာလည်း
မပျက်ပါ။
စဉ်းစားလို့ အဖြေထွက်မလာပါ။
ကျနော်တို့ စကားဝိုင်းသည်
ခေတ္တ
တိတ်ဆိတ်သွားပြီး တစ်အုပ်စုလုံး
ဟိုနေရာ ဓါတ်မီးဖြင့် ထိုး
ကြည့်လိုက်၊
ဒီနေရာ ထိုးကြည့်လိုက်ဖြင့်
စူးစမ်းကြည့်ပါသည်။ ဘာမျှ
မမြင်ရပါ။
နောက်ထပ် တစ်နာရီနီးပါးလောက်
ဟိုအကြောင်း ပြောလိုက်၊
ဒီအကြောင်းပြောလိုက်ဖြင့်
တစုံတခုကို သတိ အနေအထားဖြင့်
ကျနော်
တို့
စကားဝိုင်းကို ဆက်ခဲ့ပါသည်။
သို့သော် အားလုံးသည်
ထူးထူးခြားခြား
အသံဗလံများ
ထပ်ကြားမရလား ဟူသော်
မျှော်လင့်ချက်ဖြင့် ဘေးဘီသို့
မကြာခဏ
လှည့်ပတ် ကြည့်နေမိပါသည်။
ည ၁၂ နာရီ ကျော်ကာစတွင်
ကျနော်တို့
လေးဦးစလုံး နံဘေးချင်း
တန်းစီးပြီး အိပ်စက်ခဲ့ကြပါသည်။
အပူချိန်သည်
သုညအထိ ထိုးကျနေသောကြောင့်
ခန်းမနံဘေးမှ အပူစက်
များကို
နံပါတ် (၄)
အထိ
ဖွင့်ထားရပါသည်။ ကျနော့်နံဘေး
အစွန်းဆုံး
တွင်
အဖိုးအို `ပေါလ်´
အိပ်စက်ပြီး
တစ်ဖက်တွင် ကျန် အဖိုးအို
နှစ်ဦး
တို့
အိပ်စက်နေပါသည်။ အိပ်ဖို့
အိပ်ယာနှင့် ကျော ထိစပ်လိုက်သည့်
နှင့်
ချက်ချင်း အိပ်မပျော်တတ်သည့်
ကျနော်သည် သူတို့၏ ဟောက်သံ
များကို
နားထောင်ရင်း နောက်ထပ် ၁၅
မိနစ်ခန့်တွင် အိပ်ပျော်သွား
ပါသည်။
ရုတ်တရက်
စကားပြောသံ ခပ်ကျယ်ကျယ်များကြောင့်
အိပ်ပျော်
နေရာမှ
ကျနော် နိုးလာပါသည်။ အဖိုးအိုများ၏
ပြောပြချက်အရ
အိမ်သာနှင့်
ကျနော်တို့ အုပ်စု အိပ်စက်နေရာ
ဇာတ်စင်တို့အကြား
လူသွားလမ်းတွင်
လူ နှစ်ဦး၊ သုံးဦးခန့်
စကား စုပြောသံ၊ လမ်းလျှောက်သံ
များ
ကြားရကြောင်း၊ ခန်းမနှင့်
အိပ်သာအကြားတွင် ရှိသော
အ၀င်အထွက်
တံခါးကို တစုံတဦး
တွန်းဖွင့်လိုက်သံကို ပီပီသသ
ကြားရကြောင်း
ပြောပြပါသည်။ နောက်ထပ်
နှစ်နာရီ နီးပါးလောက်
ကျနော်တို့
တစ်အုပ်စုလုံး ပုံစံမျိုးစုံဖြင့်
စူးစမ်းကြည့်ပါသေးသည်။
အရာရာသည်
တုပ်တုပ်မျှ မလှုပ်ရှားပါ။
နောက်ဆုံးတွင်
ကျနော်တို့တစ်စုလုံး အိပ်ယာထဲ
ပြန်အိပ်ခဲ့ကြ
ပါသည်။
အဖိုးအို သုံးဦးထံမှ
`ဟောက်သံ´များ
ချက်ချင်း ထွက်
မလာတော့ပါ။
တစုံတခုအတွက် သူတို့ ဇဝေဇ၀ါ
ဖြစ်နေပုံ
ရပါသည်။
ကျနော်သည် ငယ်စဉ်က ကျနော့်အမေဖက်မှ
အဖွား
ဖြစ်သူ
နူတ်တိုက် သင်ကြား ရှင်းပြခဲ့သော
ဗုဒ္ဓဘာသာဝင်အများစု
မှီခိုအားထားရဖြစ်သည့်
`ဓာရဏ
ပရိတ်´ ကို
သုံးခေါက်ခန့် ရွတ်ဆို
ရင်း
ကျနော်တို့ လေးဦး အိပ်စက်ရာ
နံဘေးတွင် စည်းပုံစံ
တားခဲ့ပါသည်။
နောက်ထပ် နံနက်ခင်းအထိ ကျနော်
မနိုးတော့ပါ။
နံနက်ခင်း
အိမ်အပြန်တွင် အိမ်နံဘေးက
သူတို့ လမ်းလျှောက်အသင်း
၏
ရုံးခန်းထဲ၌ ကော်ဖီသောက်ရင်း
ညက ထိန့်လန့်စရာများကို
ပြန်ပြောင်း
ပြောနေခဲ့ကြပါသည် ….
။
…..... …..
….
ဆက်စပ်နိုင်မည့်
သတင်း-
(Dansk … )
Det spøger på Tåstrup Amatørscene
Da Tåstrup Amatørscene overtager Tåstrups gamle biograf,er det for at spille teater og ikke film. De underholder publikum
med Shakespeare, Ipsen og Brecht, men det er ikke uden
problemer, for de er ikke altid alene på de skrå brædder.
Teaterleder Tine og hendes nærmeste tre medarbejdere oplever
uforklarlige ting alle steder på teatret. På første sal oplever lys-
og lydteknikeren, hvordan han bliver overvåget og ser skygger
nede på scenen.
I teatersalen oplever instruktøren, hvordan der bliver talt til
hende, og at alle de papirer hun har hængt op på opslagstavlen,
bliver revet ned, i det hun går forbi. Kostumieren er blevet lukket
ude, og hendes kjoler er blevet smidt på gulvet i kælderen.
De er helt klar over, at der er noget galt og tror selv, at det er den
gamle biografdirektør fru Nielsen, der går igen. Mediet Marion
kommer dem til hjælp, og giver Ibi Støving spor, der leder til
en forklaring.
(English ….
)
it is to play
theater and not film. They entertain the audience
with
Shakespeare, Ibsen and Brecht, but it is not without problems,
because they are
not always alone on the stage.
Theatre Manager Tina and her closest three employees experiencing
Theatre Manager Tina and her closest three employees experiencing
unexplainable
things everywhere in the theater. On the first floor
are experiencing
light and the sound, how he will be monitored
and sees shadows
down on the stage.
In theater experience director, how people talk to her, and that
In theater experience director, how people talk to her, and that
all the papers
she has hung up on the bulletin board, will be
torn down as she
walks past. Kostumieren have been shut out,
and her dresses
were thrown on the floor in the basement.
They are quite aware that something is wrong and believe it,
They are quite aware that something is wrong and believe it,
it's the old
theater director Mrs Nielsen, who goes again.
The medium
Marion come to their aid, and gives Ibi trail
that leads to an
explanation.
9 comments:
ကိုအောင် ရေ
ပို့စ်အသစ်လေး အတွက် ကျေးဇူးပါ သရဲ တွေက အစည်းအဝေး များလုပ်နေလို့ ကောင်းကောင်းမခြောက် လိုက်တာထင်တယ် နောက်တခါ ပြန်သွားသင့်တယ်
ခင်တဲ့
ရွှေစင်ဦး
nice post ....
အာဂသတ္တိတွေ ၊ အာဂသတ္တိတွေ .. :D
ကိုအောင်တို့ကို သရဲက ပြန်ကြောက်သွားတာ နေမှား)
ခင်မင်လျှက်
ဆောင်းနှင်းရွက်
ဖတ်ခဲ့ပါတယ် ...
ပို့စ်ကို ဖတ်သွားပါတယ် ကိုအောင်... ပြန်ရောက်နေပါပြီခင်ဗျာ.မှတ်မိဦးမယ်ထင်တယ်
Hav any experience of ghost which try to get contact by SMELL?
အသံဖြစ် ခြောက်သော သရဲ ကိုယ်တွေ့ပေါ့
Dont they greet you?
ကိုအောင့်ဆီလာတိုင်း ကျောစိမ့်တယ်..အဟဲ မဖတ်ဘဲလည်း မနေနိုင်ဘူး..းD
Post a Comment