Friday 31 August 2012

ဘလော့ဂါကိုကြီးကျောက် လွမ်းချင်း


နိုင်ငံရေး ဂယ်ပေါက်
တော်လှန်ရေး ဂယ်ပေါက်
အနုပညာ ဂယ်ပေါက်
နည်းပညာ ဂယ်ပေါက်
ဘယ်ဂယ်ပေါက်ကနေ အရှင်ထွက် ထွက်ပြီး
နတ်ပြည်က သိကြာမင်းအဖြစ်ကို
ရသွားပါသလဲ ကိုကြီးကျောက်ရေ
အားရင် ဘလော့လေး ဘာလေး
ရေးပါအုံးဗျ …....

အောင်သာငယ် လည်း
သန်းကြွယ်သူဋ္ဌေး မဖြစ်သေး
မောင်မျိုး လည်း
ထီ ပထမဆု မပေါက်သေး
ကျွန်တော် လည်း
ပိုက်ဆံ အထုပ်လိုက် မကောက်ရသေး
မ ဘယ်သူတို့
မောင် ဘယ်ဝါတို့တော့
ဆက်ပြီး ဘလော့ မဂင်ကြတော့ဘူးဗျာ
ကိုဟိုဒင်းတို့
မမဟိုဟာတို့လည်း
ဘလော့ရွာကနေ အိမ်ပြောင်းသွားကြပြီ ဗျ …..

ခင်ဗျား
နတ်ပြည်တက်သွားခဲ့တဲ့
တစ်နှစ်ပြည့်တဲ့နေ့က
ခင်ဗျားမှာဆီမှာ လာလာပြီး
ကော်မန့် ရေး၊ ကြော်ငြာဝင်ခဲ့ဘူးတဲ့ဘလော့ဂါတွေ
ဘယ်သူများ တခုတ်တရ လွမ်းသေးသလဲလို့
ကျွန်တော် လိုက်ရှာသေးတယ်
သူတို့ဘလော့တွေလည်း
မှိုတွေ ဆွဲလို့ …..

ကိုယ့်ထမင်း ကိုယ်စားပြီး
ကြီးဒေါ်နွား အတူတူကျောင်းလို့
အမိပြည်ကြီးကို သိပ်ချစ်ခဲ့တဲ့
ကျွန်တော်တို့တသိုက်ဆီ
ဘယ်သူကများ
တခုတ်တရ ကျေးဇူးတင်စကားတွေ
ဆိုမလဲလို့
အရင်ကတော့ မျှော်ခဲ့ဘူးတယ် ….
အခုတော့လည်း အဲဒီမျှော်လင့်ချက်တွေ
နာဂစ်အပြန်မှာ
ဒီရေနဲ့အတူ မျှောပါသွားတဲ့
ဒိုက်တွေလို တဖြေးဖြေးချင်း
ကမ်းနဲ့ ဝေးပေါ့ ….

သြော်
ခင်ဗျားကတော့
နတ်ပြည်မှာ သိကြာမင်းဘ၀နဲ့
ဇိမ်တွေကြသမို့
မဖို့ စဖို့လည်း
သတိရပါအုံး ကိုကြီးကျောက်ရေ
ပွဲသဘင်မှာ
တင်ပါ့ မြှောက်ပါ့မယ် …. ။ ။

-စစ်ငြိမ်းဒီရေ

16 comments:

ဘေဘီ said...

ကိုကြီးကျောက်ကို တကယ်ပဲ သတိရမိတယ်း(

Anonymous said...

အမယ်... သတိရတိုင်း ဘကျောက်စာတွေ သွားသွားဖတ်ဖြစ်တာ.....
ဘကြီးကျောက်နဲ့ စကားပြောခဲ့တာတွေ ပြန်တွေးတိုင်း သတိရတာ...အ
ခု ကိုအောင့်ဆီမယ် ဘကြီးကျောက်အကြောင်းရေးတော့ မမန့်ပဲမနေနိုင်လို့ လာမန့်ဖြစ်ပါတယ်။

မြတ်နိုး

sosegado said...

လူဝင်စားဖြစ်နေပါပြီ သူရေးထားတဲ့အတိုင်း

seesein said...

ဘကျောက်ကြီးဇိမ်ကျနေပေါ့..ကိုယ့်ထမင်းကိုယ်စား ကြီးဒေါ်နွားကျောင်းတာ အိပ်ရေးတွေပျက်လှပြီဗျို့...ဘကျောက်သာရှိရင် ဖွဘုတ်ပေါ်မှာ တော်တော်ပျော်ရှာမယ်လို့တောင် ညီအမနှစ်ယောက်ပြောနေတုန်း ကိုအောင်ကဗျာတက်လာတာဘဲဗျို့...ကဗျာလေးအတွက်ကျေးဇူးတင်ပါတယ်....

ခင်မင်တဲ့
seesein

SHWE ZIN U said...

ကိုအောင် ရေ

ကိုကြီးကျောက် ကို အမြဲဘဲ သတိရပါတယ်... ထုတ်ဖော် မပြောမိပေမဲ့ ရင်ထဲမှာ အလွမ်းတွေ အပြည့်ပါ

ခင်မင်တဲ့
ရွှေစင်ဦး

Angelhlaing(May everybody be happy and healthy! said...

အိန်ဂျယ် ဘလော့မှာ မှတ်မှတ်ရရ ဘကျောက်ရဲ့ ကွန်မန့်လေး တစ်ခုသာ ရလိုက်တယ်... အရမ်းကြီး မရင်းနှီးလိုက်ရခင်မှာပဲ သူဆုံးသွားပေမယ့် .. သူ့ကွန်မန့်လေးကို မကြာခဏ ဖတ်မိတိုင်း အပြုံးတွေနဲ့ သတိရမိတယ်အကို..ရေ...။

ဟန်ကြည် said...

အနှီပုံလေး မှတ်မိသဗျာ...ကိုကြီးကျောက်ရဲ့ ကျောက်ဒီဇယ်ပုံပေါ့...ပြောရရင်တော့ ကိုကြီးကျောက်က ကျွန်တော့်ရဲ့ ဘလော့ဂါသူရဲကောင်းဗျ...သူ့ရဲ့ ပုဂ္ဂလိကဘ၀နဲ့ နိုင်ငံရေးခံယူချက် ဖြတ်သန်းမှုတွေကို အကျွမ်းတ၀င် သိပ်မရှိလှပေမယ့် သေခြင်းတရားအပေါ်မှာ သူထားတဲ့ ခံယူချက်နဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကိုတော့ အမြဲလေးစားနေမိတုန်း...လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ကိုကြီးကျောက်ကို ထူးထူးခြားခြား သတိတရရှိနေတာနဲ့ ပို့စ်တစ်ခုရေးပြီး ဂုဏ်ပြုဖို့တောင် စိတ်ကူးမိသေးတယ်...ကိုအောင်ရဲ့ပို့စ်ဖတ်ရတော့ ပိုပြီးသတိရပါလေရောဗျို့...

ကွန်ပျူတာပြဿနာလေး ဖြေရှင်းပြီးရင်တော့ ပို့စ်တစ်ခု ရေးဖြစ်အောင် ရေးဦးမဗျာ...

San San Htun said...

ဘကြီးကျောက်နဲ့  မဆုံးဖူးလိုက်ပေမယ့် ဆုံးသွားပြီးမှ ဘကြီးကျောုးက် ပို့ စ်တွေ အကုန်လုံး ဖတ်ဖြစ်ခဲ့တယ်..ဘကြီးကျောက်ကို ဘလော့အသိုင်းအဝိုင်းက ချစ်ကြတာ သတိထားမိတယ်..

An Asian Tour Operator said...

သတိရပါတယ်ဗျာ။

Anonymous said...

me too, miss ko gyi kyout

Anonymous said...

ကျွန်တော်လည်း ဘကျောက်ဆုံးပြီးမှ သူ့ဘလောက်က စာတွေ အားလုံးကို ဖတ်ဖြစ်သွားတယ်။ ရွှေစင်ဦးဆိုက်ကနေတဆင့် ဘကျောက်စီ ရောက်ဖြစ်ခဲ့တာ။ သူ့ပရိသတ် အခိုင်အမာ ဖြစ်သွားချိန်မှာ ကိုကြီးကျောက်က မရှိတော့ဘူးဗျာ။ စိတ်ထဲမှာ မိတ်ဆွေအရင်းကြီးတစ်ယောက်လို ခံစားမိနေတယ်။
တကယ်ကို.. နှမြောတသ သတိတရ ရှိနေမိတယ်။ ဒီနေ့ထိလည်း ကိုကြီးကျောက်နဲ့ ပတ်သက်ခဲ့သူတွေရဲ့ ဆိုက်တွေကို စိတ်ဝင်တစားနဲ့ ကိုကြီးကျောက်သတင်း ဘာများသိရမလဲဆိုတဲ့စိတ်နဲ့ သွားဖြစ်နေတုန်းပါပဲ။
အခုလည်း ကိုကြီးကျောက်လွမ်းချင်း ဆိုလို့ တကူတက လာဖတ်ဖြစ်တာ...
ကိုတိုး

မောင်သီဟ said...

အင်းဗျာာ ရွှေမန်းရောက်ရင် မရွှေစင်တို့ မစည်းစိမ်တို့နဲ့ ပြောဖြစ်တယ် သတိရမိတဲ့အကြောင်း
သူ့ကိုသတိတရအမြဲရှိသပါ့
တဂ်ပို့စ်အကြောင်းကို သရော်ပို့စ်ရေးတာ ဝိုင်းတွယ်ကြသေးတယ်လေ အဲတုန်းက သူကပြုံးပြုံးပဲ ဘလော့လည်းစရေးစပေါ့ အရှိန်တဖြည်းဖြည်းနဲ့ သူ့ပရိတ်သတ်ကိုသူဆွဲဆောင်သွားလိုက်တာ ကိုကြီးကျောက်ရယ်လို့ ဘလော့ရွာမှာ အမည်ကြီးပါ့
ကျွန်တော်လည်း ဟုမ္မလင်းရောက်နေလို့ တခုတ်တရမလွမ်းဖြစ်ဖူးဗျာ
စိတ်ထဲတော့ တွေးမိတုန်း ဆုံတိုင်းလည်း ပြောဖြစ်တုန်း
ဘလော့ရွာကိုစွန့်သွားသူတချို့ကိုလည်း လွမ်းမိတုန်းပဲဗျို့

phyo phyo said...

ba kyout yay, ba kyout sar tway ko pyan pyan phat phit par tal byar..

Thu said...

Very coincidence, I just read Kogyo Kuauk old posts and share to other.

Thu said...

Very coincidence, I just read Kogyo Kuauk old posts and share to other.

Anonymous said...

ဘကျောက်ကို သတိယတယ် ခဏခဏပါပဲ ကိုအောင် သူရေးခဲ့တဲ့ ငလျင်ကြောင်း ဟိုတလောကပဲ ဖတ်ဖြစ်တယ် တော်တော် မှတ်ညဏ်ကောင်းတဲ့လူ

မအယ်