Friday, 31 August 2012

စောက်ရေးမပါ၊စောက်ရာမရောက်

ရေးသူ- (ကို)မိုးမောင်မောင်

၁၉၈၈ ကတည်းကပြောလာခဲ့ကြတဲ့စကားတွေရှိ
တယ်။

(၁)တော်လှန်ရေးကရှေ့ ကသွားနေတယ်။
တော်လှန်ရေးသမားတွေက နောက်ကလိုက်နေရတယ်။

(၂)နိုင်ငံရေးကို ချက်စ်ထိုးသလိုမထိုးဘဲကျားထိုးသ
လိုထိုးနေကြတယ်။

(၃)ကစားကွက်ဖန်တီးသူတွေမဟုတ်ဘဲ ကစားကွက်
ဖန်တီးခံနေရသူတွေဘဲဖြစ်
နေတယ်။
(၄)သူများလုပ်ရင် အဲဒီပေါ်လစီကအမှား၊ ကိုယ်လုပ်ရင်အဲဒီ
ပေါ်လစီကအမှန်။

(၅)တော်လှန်ရေးသမားတွေဘက်မှာ
လူတန်းစားပျက်တွေ၊ဂလေကချေတွေရော
ရောထွေးထွေးဖြစ်နေတယ်။

(၆)ကိုယ်ယုံကြည်တဲ့နိုင်ငံရေးအယူဝ်ါဒကို
မကြေငြာရဲဘဲ ဒီမိုကရေစီစနစ်နဲ့ ရောကြိတ်နေတယ်။

(၇)လက်သင့်ရာစားတော်ခေါ်တဲ့အုပ်စုတွေဖြစ်
နေတယ်။

(၈)အောက်လူတွေရဲ့ အကြံပြုချက်ကောင်းတွေ
လျစ်လျူရှုခံရပြီး ဒီထက်နဲနဲစွာရင် အရှင်းခံရတတ်တယ်။

(၉)အထက်လူတွေခုတမျိုးတော်ကြာတမျိုးလုပ်၊
ကြိုက်တာလုပ်၊မျက်စိစုံမှိတ်ပြီးလိုက်မှန်ပေးတတ်
တဲ့ အခွင့်အရေးသမားတွေ၊ဖေါ်လံဖါးတွေများနေတယ်။

(၁၀)တော်လှန်ရေးသမားအများစုဟာနည်းပညာနဲ့
လေ့လာမှုအားနည်းတယ်။

(၁၁)၂ ယောက်ရှိရင် ၃အုပ်ကွဲတဲ့အထိ နိုင်ငံရေး
ယဉ်ကျေးမှုခေါင်းပါးသေးတယ်။

(၁၂) စာနဲ့ ပေနဲ့ မှတ်တမ်းတင်ထားတဲ့သဘောတူညီချက်
တွေကို မျက်နှာပြောင်ပြောင်ချိုးဖေါက်လေ့ရှိကြတယ်။

(၁၃)ဗိုလ်လုပ်ချင်စိတ်များနေတယ်။

(၁၄)စစ်အစိုးရကို သိပ်လျော့တွက်တယ်။

(၁၅)တော်လှန်ရေးသမားတွေဘက်မှာအမှားကျူးလွန်သူ
ကိုအရေးယူဘို့ ဥပဒေမရှိဘူး။

(၁၆)ထောင်ထွက်၊တောပြန်၊ရပ်ခံ လူတန်းစား၃ရပ်ကြားမှာ
ပူးပေါင်းဆောင်ရွက်နိုင်စွမ်းမရှိမှုကို အခွင့်ကောင်းယူပြီး
ခုန်ချ နဲ့ နအဖ က အခွင့်ပေါ်တိုင်းဝင်သမတာခံနေရတယ်။

(၁၇)အချင်းချင်းခဲနဲ့ ပေါက်ဘို့ ဝန်မလေးပေမယ့် စစ်ကားကို
တော့ခဲနဲ့ ပေါက်ရဲတဲ့သူတစ်သန်းမှာတစ်ယောက်။
...........

ဦးစိန်လွင်တုံးကပျောက်နေတဲ့သူတွေ ဦးမောင်မောင်ဆိုတော့
လမ်းလုံးပြည့်။ ဦးစောမောင် တက်လာတော့ ပြန်ပျောက်
သွားကြပြန်ရော။ ဒီပဲယင်းမှာ အံတီစုကိုယ်တိုင်ထွက်
အရိုက်ခံတာတောင်(ထွက်အရိုက်ခံတာနော်) မေမေစုကို
သိပ်ချစ်တဲ့သားသမီးတွေဘယ်ရောက်နေမှန်းမသိ။

ဦးခင်ညွန့် လက်သံပြောင်တော့ ၁၉၉၂ နဲ့ ၁၉၉၆ အထိနိုင်ငံရေး
လုပ်မယ့်သူမရှိ၊ကျောင်းသားတွေသာထုံ့ ပိုင်းထုံ့ ပိုင်းနဲ့ ဆက်မသယ်
ရင်ပွဲပြီးသလောက်။ အမျိုးသားညီလာခံဆိုလည်း ခံတဲ့ ကောင်က
ခံလိုက်တာဘဲ။ နာဂစ်ဆို ဂစ်လိုက်ပြန်ရော။၂၀၀ရ အခြေခံဥပဒေ
နိုး ...နိုးကလည်း ရက်ချင်တော့ရက်လိုက်ပြန်ရော။ဗုတ် နိုး..နိုး
ကလည်းရက်ချင်တော့ရက်လိုက်ပြန်ရော၊သူများနိုးလို့  အားရပါးရ
လိုက်နိုးတဲ့ကောင်တွေထောင်ကျ ၊နိုးခိုင်းပြီးရက်လိုက်တဲ့သူတွေ
အကောင်ဖြစ်သွားတာတောင်ပြန်မလွတ်ဘဲ နိုင်ငံရေး သာတီးဒီ
ဖြစ်သွားပြန်ေ၇ာ၊တမတ်သားအလိုမရှိဆိုပြီးတကျပ်သားပေးလိုက်
ကျပြန်ေ၇ာ။နျူရင်ဘတ် ကိုပို့ မယ်ဆိုတာကနေ နိုဘယ်ပိစ်စင်တာ
ကိုပို့ ကြပြန်ရော။ ၂၀၁၀ ဥပဒေ မတရားဆိုပြီး ခုတော့လည်းခံချင်
တော့ခံလိုက်ပြန်ရော။

ဖြစ်ချင်တာဖြစ် ရတဲ့အပေါက်ကတက်တာ၊သူခိုးဖြစ်လည်းကံ၊
သမက်ဖြစ်လည်းစံမယ် ဆိုတဲ့စိတ်ဓါတ်ကိုလူထုကိုသွတ်သွင်းပေး
ကြပြန်ရော။
............

နိုင်ငံရေးလူကြီးမင်းများခင်ဗျား
တခါလောက်တော့သေချာစဉ်းစားကြပါ။
မောင်တို့ မယ်တို့ ဘယ်သောအခါကများအမိမြန်မာပြည်ကြီး
ကောင်းစားရေးအတွက်ပြည်သူလူထု (သို့ မဟုတ်) မိမိအဖွဲ့ အစည်း
ကို တိကျရှင်းလင်းသော နိုင်ငံရေးလမ်းညွှန်မှုတွေပေးခဲ့ပါသလည်း?

စစ်အစိုးရ အရင် နိုင်ငံရေးအကွက်သစ် ဘယ် တုံးကရွှေ့ ဘူး
ပါသလည်း?

ခု ရနေတဲ့ အခွင့်အရေးတွေဟာ စစ်အစိုးရကဆော့ချင်လို့ ဆော့တာ
လား၊မောင်တို့ မယ်တို့ မယ်တို့ တော်လွန်းတတ်လွန်းလို့ ငါတို့ တော့
ဒီမိုကရေစီတော်လှန်ရေးအင်အားစုကြီးများနဲ့ မပေါင်းရင် သေဘွယ်ရာ
သာရှိတော့တယ်လို့ စစ်အစိုးရကယုံကြည်လက်ခံသွားရရှာတာလို့
ထင်ပါသလား?
............

ခုလည်းကြည့်
စစ်အစိုးရကလွယ်နေတာကိုခက်အောင်လုပ်နေတာကို သိသိကြီးနဲ့
ဘလက်လစ်ကိစ္စကိုလိုက်လစ်နေကြပြန်ရော။အင်မတန်ရိုးသားပြီး
ပွင့်လင်းလှတဲ့ စစ်အစိုးရက ဘလက်လစ်တချို့ ဖျက်ကြောင်းကြေငြာ
တာလိုက်လစ်နေကြပြန်ဘီ။ဦးသိန်းစိန်ကလည်းရိုးသားတယ်၊မောင်တို့
မယ်တို့ လည်း သင်္ချာတတ်တယ်ဆို ဒီတစ်ချက်ဘဲစဉ်းစားကြည့်။
ဘလက်၂၀၀၀ ကိုဖျက်လိုက်တယ်ဆိုတော့ ကျန် (သန်း၆၀ - ၂၀၀၀) သောလူသားတွေခမျာရင်တထိတ်ထိတ်ဖြစ်နေမှာပေါ့ဗျာ။တနည်း
ဘလက်လစ်ပယ်ဖျက် ၂၀၀၀ ကိုရေးလိုက်တော့ (သန်း၆၀-၂၀၀၀)
ကို ဘလက်လစ် ထဲပါမပါရေးနေရဦးမှာပေါ့။ အမှန်တော့ရိုးရိုးလေးပါ။
ခု ဘလက်လစ်အဖြစ်သတ်မှတ်ထားတဲ့လူလေး၆၀၀၀လောက်စာရင်း
ကိုထုတ်ပြန်လိုက်ပြီး အဲဒီသူတွေမှအပ ကျန်သူများဗီဇာလျောက်လို့
ရပါပြီဆိုပြီးဘီပေါ့ဗျာ။စစ်အစိုးရလည်းမင်သိတ်မကုန်ဘူး(သို့ မဟုတ်)
ကွန်ပြူတာသုံးရင်ဇက်မညောင်းတော့ဘူး။ဗီဇာလျောက်တဲ့သူတွေ
ခင်မျာလည်း ဘလက်လစ်ထဲပါမပါကြည့်ပေးမယ်ဆိုတဲ့သူတွေကို
လက်ဘက်ရည်ဘိုးမပေးရတော့ဘူး။ဗီဇာ ရနိုးရနိုးနဲ့  အလုပ်ပျက်
အကိုင်ပျက်ခွင့်ယူရခက်လည်းမဖြစ်ကြတော့ဘူး၊လဝက ကလူတွေ
လည်း ဘာကြောင့် ဒီကောင့်ကို ဗီဇာပေးတာလည်းဆိုပြီးမလိုတမျိုး
လိုတမျိုးအထောင်းမခံရတော့ဘူး။ဦးသိန်းစိန်ကြီးက သူနဲ့ မကြည်လို့
ခုမှဘလက်လစ်ထဲပါတယ်ဆိုပြီးပြောတာလို့  စစ်အစိုးရလည်း
အစွပ်စွဲမခံရတော့ဘူး။သားရွှေအိုးထမ်းတဲ့အပြင်ချွေး
မချောချောလေးပါ ပါလာမယ့်ကိန်းလေ။

ခုတော့မောင်တို့ မယ်တို့ က ဘလက်လစ်ထဲကအပယ်ဖျက်ခံရတယ်
ဆိုတဲ့ စာရင်းထဲမှာပါတဲ့နာမည်လေးကိုကြည့်ပြီးအင်မတန်ပျော်နေကြ
ပုံရလို့ ဒီစာလေးကိုရေးလိုက်တာပါ။ဆိုက်ကိုသဘောအရကြည့်ကြည့်၊
ဖရန်စစ်ဖူကူယားမားရဲ့ သဘောတရားကိုယူယူ စစ်အစိုးရက တော်လှန်ရေး
ဘက်ကသူတွေကို “ထိုင်မို”(အသိအမှတ်ပြုခံလိုသောစိတ်) တစ်ခုပေး
လိုက်တာဘဲ။အင်း....ဒါကြောင့်လည်း စစ်အစိုးရ ၂၄ နှစ်မြဲပေသပေါ့
ဗျာ၊ဓါတ်ပုံလေးတွေနဲ့ များထည့်ပေးရင် အနှစ် ၂၄၀တောင်ခံနိုင်တယ်။
ကျွန်တော်ဆို အများသုံးအိမ်သာနံရံ မှာကြွက်ချောက်ရန်ဆိုပြီး
သူငယ်ချင်းတွေက ကိုယ့်ဓါတ်ပုံနဲ့ နာမည်ကိုရေးပြီးကပ်ထားတာ
တွေ့ ရင်တောင် မီဒီယာမှာငါ့နာမည်ပါပဟဲ့ဆိုပြီး
လှိုက်လှိုက်လှိုက်လှိုက် ဖြစ်အောင်ကိုဝမ်းသာတတ်တာ။

ဒီစာကလည်းကံကောင်းရင် ဦးသိန်းစိန်တို့  ဦးအောင်မင်းတို့ရဲ့
တပည့်လက်သားတစ်ယောက်၊သို့ မဟုတ်နိုင်ငံရေးရွှေကြိုတစ်ယောက်
များဖတ်မိလေမလားလို့ ရည်စူးပြီးရေးတာပါ။
ဒါဘဲနော် အနော့်အလှည့်ကျရင် ဓါတ်ပုံလေးနဲ့ နာမည်လေးနဲ့ လုပ်ပေး။
ပတ်စပို့ ပုံနဲ့ မဟုတ်ဘဲပို့ စကဒ်ဆိုဒ်နဲ့ ထည့်ပေးလို့ ကတော့ ထည့်ပေး
လို့ ကတော့ ၂၄ နှစ်လုံးနိုးခဲ့မိသမျှတွေအတွက် စိန်စိန်တို့ အုပ်စု
စိတ်ကျေနပ်တဲ့အထိ အားရပါးရ ရက်ပေးမယ်လို့ ကတိပေးပါကြောင်း။

-ကိုမိုးမောင်မောင် (ထာဝရ -နော်ဝေး)

2 comments:

Anonymous said...

ကုးခွင့်ပြုပါခင်ဗျား

Anonymous said...

how to copy this?