Saturday 9 June 2012

အစိုးရစစ်တပ် ကိုင်တွယ်ပုံ နှေးကွေးလွန်သဖြင့် စစ်တွေမြို့ အတိုက်ခိုက် ခံနေရဆဲ

အစိုးရစစ်တပ် ဘာလုပ်နေလဲ၊ စစ်တွေမြို့မှာ မီးရှို့ခံနေရတယ်

စစ်တွေမြို့ မင်းဂံရပ် အကွက် ၁၅ ရှိ ရခိုင်တိုင်းရင်းသား
နေအိမ်ကို ဘဂါင်္လီများက ည ၇နာရီ ကျော်ခန့် အချိန်တွင်
မီးရှို့ခဲ့ပြီး နေအိမ် သုံးအိမ်လောင်ကျွမ်းခဲ့ကြောင်း စစ်တွေ
ဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။
(11 မီဒီယာ ...)

လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင်
အင်အား ၁၈၀ ခန့်နဲ့ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေ ရခိုင်-
ဘင်္ဂလားနယ်စပ်မှာ ဒီနေ့ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
မောင်တောနယ်စပ်ကို ဖြတ်ပြီး ရိုဟင်ဂျာလက်နက်ကိုင်အင်အား
၂၀၀ လောက် ထပ်ဝင်လာနေတယ်လို့ အဲဒီနယ်စပ်က ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီးတစ်ပါးက စစ်တွေမြို့ကို အကြောင်းကြားလာ
ပါတယ်။ နယ်စပ် ကာကွယ်ရေး မြန်မာတပ်တစ်တပ်အ၀ိုင်းခံ
နေရတယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာတွေမှာ အေကေ 47 သေနတ်
တွေ၊ လောင်ချာတွေလည်း ပါလာပြီး ပစ်ခတ်မှုတွေ ဆက်ဖြစ်နေ
တယ်လို့ စစ်တွေမြို့က ရခိုင်အမျိုးသားစောင့်ကြည့်ရေးကွန်ရက်
က တာဝန်ရှိသူတစ်ဦးက ဖုန်းနဲ့အကြောင်းကြားထားပါတယ်။
မြန်မာ့တပ်မတော် လေတပ်ကို အကူအညီတောင်းခံထားတယ်လို့
သိရပါတယ်။

သတင်းကို အတည်ပြုနိုင်ဖို့ကြိုးစားနေဆဲဖြစ်ပြီး နောက်ဆက်တွဲ
အခြေအနေကို ဆက်တင်သွားပါမယ်။ မောင်တောမြို့မှာ အခြေ
အနေတွေ ပြန်လည်တည်ငြိမ်နေပြီလို့လည်း သမ္မတရုံးက
ထုတ်ပြန်ထားပါတယ်။
(ဥက္ကာကိုကို facebook မှ ...)

စစ်တွေမြို့အတွင်းကို ယနေ့ ဇွန်လ ၉ ရက်နေ့ ညနေ ၅ နာရီ
ခန့်တွင် ရိုဟင်ဂျာကုလားများ ၀င်ရောက်တိုက်ခိုက်ဖို့
ကြိုးစားနေပါတယ် ... အစိုးရ စစ်တပ် ခင်ဗျာ ...

စစ်တွေ ပဋိပက္ခ အသွင်ဆောင်မှု သေနတ်ပစ်ဖောက် ဟန့်တား
လူမျိုးရေး အသွင်ဆောင်သော ပဋိပက္ခမှုများ ဆက်တိုက်ဖြစ်ပွါး
နေသော ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့တွင် ယနေ့ညနေ ၅နာရီခန့်
က ဘုမေ ရွှာမှ အစ္စလာမ်ဘာသာဝင် ၃၀၀ခန့် ရခိုင်
တိုင်းရင်းသားများနေထိုင်သော ဓည၀တီ ရပ်ကွက်များဘက်သို့
ဝင်ရောက်လာ၍ ရပ်ကွက် ဒေသခံများ တားဆီးစဉ် နှစ်ဦး
နှစ်ဘက် ပဋိပက္ခ အသွင်ဆောင်လာသောကြောင့် ရဲတပ်ဖွဲ့ဝင်
များ ကားငါးစီးဖြင့် ရောက်ရှိလာကာ သေနတ်ပစ်ဖောက် ဟန့်တား
ခဲ့ရကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်း ချက်အရ သိရှိရသည်။
(The Voice Weekly ...facebook)

ဇွန်လ ၉ ရက်နေ့ နံနက် မောင်တောမြို့တွင်း လက်ရှိ
အခြေအနေမှာ ငြိမ်သက်နေပြီး မြို့တွင်းသို့ ပေးဝေနေသည့်
ရေကို စည်ပင်သာယာက ရပ်တန့်လိုက်ကြောင်း
မောင်တောမြို့ခံတစ်ဦးက ပြောကြားခဲ့သည်။ ထိုကဲ့သို့
ရပ်တန့်လိုက်ရခြင်းမှာ ရေပေးဝေနေသည့် ကန်တော်ကြီးကန်
ကို ဘင်္ဂါလီများက အဆိပ်ခပ်လိုက်သောကြောင့်
ဖြစ်ကြောင်း မောင်တောမြို့ခံများက ဆိုပါသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန်
ဆက်သွယ်စုံစမ်းနေပြီဖြစ်ပါသည်။ ထို့ပြင် မောင်တောမြို့
ဝန်းကျင်ရှိ ခရေကုန်းဘောင်ရွာမှ ဓားဒဏ်ရာများဖြင့်
အသတ်ခံရသော ကျောင်းဆရာမ နှစ်ဦး၏ အလောင်းများ
မောင်တောဆေးရုံသို့ ယနေ့နံနက် ရောက်ရှိလာကြောင်း
သိရသည်။ စစ်တပ်အနေဖြင့် မောင်တောမြို့တွင်းသို့
ဘင်္ဂါလီများ ၀င်ရောက်လာမှု မရှိရန် မြို့ပြင်
မှနေ၍ တားဆီးကာကွယ်နေကြောင်း သိရသည်။
(Eleven Media Group)


(ဘင်္ဂလားအနွယ် ရိုဟင်ဂျာကုလားများ၏ တိုက်ခိုက်မှု
ကြောင့် ဒဏ်ရာရနေသော အပြစ်မဲ့ပြည်သူများ ...)

စစ်တွေမြို့ရှိ ဘုမေရပ်ကွက်ထဲမှ ရိုဟင်ဂျာ ကုလားများ
မြို့အတွင်းသို့ ၀င်ရောက်တိုက်ခိုက်ရန် ကြိုးစားနေ ....

စစ်တွေမြို့တွင် ပဋိပက္ခများဖြစ်ပွားစေရန် ဘင်္ဂါလီများမှ
လှုံ့ဆော်နေဟုဆို

ဘင်္ဂါလီလူမျိုး သောင်းဂဏန်းခန့်နေထိုင်ရာ စစ်တွေတက္ကသိုလ်
အနီးရှိ ဘုမေရပ်ကွက်တွင် ဘင်္ဂါလီအင်အားငါးရာ ၀န်းကျင်ခန့်
မှ စစ်တွေမြို့တွင်းသို့ ၀င်ရောက်ရန်ကြိုးစားနေသဖြင့် လုံခြုံရေး
တပ်ဖွဲ့များမှ သွားရောက်တားဆီးနေကြောင်း၊ ရခိုင်တိုင်းရင်းသားများ
ှနှင့် ပဋိပက္ခများဖြစ်ပွားစေရန် လှုံဆော်နေသည်ဟု သူ့အနေဖြင့်
ယူဆကြောင်း စစ်တွေ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ
ဦးအောင်မြကျော်က ပြည်သူ့ခေတ်သို့ပြောသည်။
၎င်း၏ ပြောပြချက်အရ တက္ကသိုလ်ဆရာ/ဆရာမ များ၏
ဝန်ထမ်းအိမ်ယာနှင့် နီးကပ်လျက်ရှိသဖြင့် ပြည်နယ်အစိုးရအဖွဲ့မှ
တာဝန်ယူရွှေ့ပြောင်းပေးနေကြောင်းသိရသည်။
(ပြည်သူ့ခေတ် ... facebook မှ)

(ရခိုင်ပြည်နယ်ရှိ အပြစ်မဲ့ ပြည်သူများအား လိုက်လံတိုက်ခိုက်
နေသော ရိုဟင်ဂျာ အကြမ်းဖက်သမားများ ...)

ရန်ကုန်၊ဇွန်-၉

ရခိုင်ပြည်နယ်၊စစ်တွေမြို့ပေါ်ရပ်ကွက်များရှိ နေရာအနှံ့တွင်
လူအများ ဟိုတစ်စုသည်တစ်စု အုတ်အုတ်ကျတ်ကျတ်ဖြစ်လျှက်
ရှိနေသဖြင့် လုံခြုံရေးအပြည့်အ၀ချထားရန်လိုအပ်ကြောင်း
စစ်တွေမြို့ခံတစ်ဦးက ယနေ့ ညနေ ၅နာရီခန့်တွင်ပြောကားသည်။

“လူတွေက ဟိုနားစုစု၊ဒီနားစုစုနဲ့ အုတ်အုတ်ကျက်ကျက်ဖြစ်နေတယ်။
ကုလားတွေအုပ်စုလိုက် ဟိုနားပေါ်လာသလိုလို၊ဒီနားပဲ ပေါ်လာသလိုလို
ပြောသံတွေကြားနေရတယ်။ လုံခြုံရေးတွေကို လမ်းထောင့်တွေမှာ
မြင်သာထင်သာချထားသင့်နေပြီ။ ဒါမှလူတွေစိတ်လုံခြုံမှုနည်းနည်း
ရှိမယ်။ ဒီကြားထဲ ပစ္စည်းလုချင်တဲ့ တောကြောင်တွေကလည်းရှိတယ်။
ကျွန်တော်တော့ ဆိုင်ပိတ်ထားပြီ”ဟု စစ်တွေမြို့၊ ကျောင်းကြီးလမ်း
တွင်နေထိုင်သူတစ်ဦးကပြောသည်။

စစ်တွေမြို့တွင် ဈေးဆိုင်များပိတ်ထားပြီး၊ မိဘများကလည်း ကလေးများ
အား စာသင်ကျောင်းများသို့ မပို့တော့ကြောင်း စစ်တွေမြို့၊ ဆင်ကူးလမ်း
ရပ်ကွက်တွင်နေထိုင်သူ ရခိုင်အမျိုးသမီးကြီးတစ်ဦးကပြောသည်။

“တော်တော်ဆူနေတယ်။ကြောက်တယ်။ ယောက်ျားတွေကတော့
အိမ်မှာတုတ်တွေ၊ဓားတွေစုဆောင်းပြီးစောင့်နေရတယ်။ လုံခြုံရေး
က ကိုယ့်ဘာသာချထားရတယ်။မောင်တောမှာသတ်နေတယ်ဆိုတဲ့
သတင်းတွေကြောင့် လူတွေလည်း မျက်ရည်တွေ ၀ိုင်းလို့။ လမ်းပေါ်
မှာတော့ လူတွေက အုပ်စုအုပ်စုသွားလာနေတာတွေရှိတယ်”ဟု
ဆင်ကူးလမ်းရပ်ကွက်၊ စက်ရုံလမ်းမှ ဒေသခံရခိုင်အမျိုး သမီးကြီးတစ်ဦး
က 7Day News သို့ပြောသည်။

ထို့ပြင် ယနေ့နံနက်တွင်လည်း စစ်တွေမြို့ရှိဈေးများကိုပိတ်လိုက်ပြီး၊
ဘင်္ဂါလီလူမျိုးများ၏ဆိုင်များကို ရခိုင်အမျိုးသားများက ဖွင့်ခွင့်မပြု
ကြောင်းလည်း ၄င်းကဆက်ပြောသည်။


စစ်တွေမြို့တွင် သက်ဆိုင်ရာမှ လုံခြုံရေးချထားသည့် ရဲဝန်ထမ်းအချို့
ရှိသော်လည်း အလွန်နည်းပါးနေကြောင်း ကျောင်းကြီးလမ်းတွင်
နေထိုင်သူတစ်ဦးကပြောသည်။
(7Day News ... facebook)

ညနေ ၅နာရီ၊ ဇွန် ၉၊ ၂၀၁၂၊ YPI

ညနေ ၄နာရီ ၁၅ ၀န်းကျင်တွင် စစ်တွေလေယာဉ်ကွင်း အနီးရှိ တပိုင်၊
ဘုမယ်နှင့် သဲချောင်းကျေးရွာများမှ ဘင်္ဂါလီလူမျိုး အယောက် ၁၀၀၀
ခန့်က တုတ်၊ ဓါးများကိုင်ဆောင်၍ စစ်တွေမြို့ဘက်
သို့ ဦးတည်လာရာ လုံထိန်းရဲများက သေနတ်ထောင်ဖေါက်ကာ
နောက်ဆုတ်စေခဲ့သည်။ ယခုလောလောဆယ် အနေအထားတွင်
ရထားလမ်း တဖက်မှ ယင်းလူအုပ်က လမ်းတဘက်တွင်ရှိသည့်
လုံထိန်းရဲများအား ခဲများဖြင့် ပစ်ပေါက်လျှက်ရှိသည်ဟု စစ်တွေမြို့
ရခိုင်အမျိုးသား စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

စစ်တွေမြို့ခံများအနေဖြင့် ယခုအနေအထားတွင် လုံထိန်းများက တားဆီး
လိုက်နိုင်သော်လည်း ညဘက်တွင် ယင်းတုတ် ဓါးကိုင်စွဲသူ လူစုလူဝေးက
စစ်တွေမြို့ရပ်ကွက်များကို အန္တရာယ်ပြုလာမည့် အရေးစိုးရိမ်လျှက်ရှိသည်
ဟု ဆိုသည်။

ယင်းကျေးရွာ ၃ ရွာမှာ ပင်လယ်ထွက်ပေါက်နှင့်နီးစပ်သည့် ကျေးရွာများ
ဖြစ်သည်။
(Yangon Press International ... facebook)



(ဇွန်လ ၈ ရက်နေ့က မောင်တောမြို့ကို ရိုဟင်ဂျာများ
ဝင်ရောက်ဖျက်ဆီးနေပုံ- 11 မီဒီယာမှ ကူးယူဖော်ပြ ... )

စစ်တွေမြို့စွန်ရှိ ဘုမေရွာ၊ နာဇီရွာများမှ ဘင်္ဂါလီများသည်
စစ်တွေမြို့အတွင်းသို့ဝင်ရောက်ရန်ကြိုး ပမ်းနေသဖြင့် စစ်တွေ
မြို့မ လမ်းတစ်လျှောက်နှင့် လောကနန္နာဘုရာအနီးတစ်ဝိုက်တွင်
မှာ မြို့ခံများ စုဝေးနေပြီးဘင်္ဂါလီလူမျိုးများ စစ်တွေမြို့တွင်း
ဝင်ရောက်ရန်ကြိုးပမ်း နေသည်ကိုရဲများတပ်မတော်သားများက
မ၀င်ရောက်နိုင်အောင်ထိန်းနေသော်လည်းလုံခြုံရေးအင်အား
နည်းပါးလျှက်ရှိ ကြောင်း လုံခြုံရေးအင်အားတိုးမြှင့်ရန်
သက်ဆိုင်ရာသို့ပြောကြားထားသည်ဟု တာဝန်ထမ်းဆောင်
လျှက်ရှိသော ဒုရဲအုပ်တစ်ဦးကပြောကြားသည်ဟုစစ်တွေမြို့မှ
သတင်းထောက်ကသတင်းပေးပို့သည်။

(7Day News Journal ... facebook)

3 comments:

Anonymous said...

ကချင်ပြည်မှာကိုယ်လူမျီူးအချင်းချင်းသတ်ဖျတ်နေတဲ့စစ်တပ်တွေကိုပြန်ခေါ်ယူပြီး ဘင်္ဂါလီလူမျိုးရန်ကိုကာကွယ်ဖို့ရခိုင်ကိုပို့ လိုက်ပါအလုံးအဆင်ပြေသွားလိုက်မယ်

Anonymous said...

မိုက်ရိုင်းလိုက်တာ၊ မြန်မာဆိုတာ အမျိုးထိရင် အသည်းထိနာတတ်တာ နင်တို့သိလာရင်ဒီလိုနောက်ထပ် မလုပ်ရဲတော့ပါဘူး

Anonymous said...

တော်တော်မိုက်ရိုင်းတဲ့ကုလားတွေကွာ...