Monday, 28 May 2012

ကမ်းခြေချစ်သူများ

သူ(စာရေးသူ)နှင့် သူ့ဇနီးသည်တို့သည် လွန်ခဲ့သော
သုံးရက်က ဒိန်းမတ်နိုင်ငံ အနောက်တောင်ဖက်တွင်
ရှိသော `ရို့မို့ရ်´ (RØMØ) ကျွန်းဆီ အလည် ရောက်ခဲ့သည်။
ဒိန်းမတ်နိုင်ငံ၏ ဘေးပတ်လည်တစ်ခုလုံးတွင် ကမ်းခြေပေါင်း
များစွာရှိပါသည်။ သို့သော် ကျယ်ပြန့်သော သဲသောင်ပြင်
ရှိသည့် ထို `ရို့မို့ရ်´ ကျွန်း၏ ကမ်းခြေသည် လူများစုအတွက်
စိတ်ဝင်စားစရာ တစ်ခုဖြစ်သည်။ နွေရာသီတွင် ပင်လယ်
ရေမျက်နှာပြင်အောက်မှ ပေါ်ထွက်လာသော ထိုသဲသောင်ပြင်
သည် နဂိုမူလ သတ်မှတ် ကမ်းခြေအစပ်မှ ရေပြင် ထိစပ်ရာ
ကမ်းစပ်အထိ 3 ကီလိုမီတာခန့် ရှိပြီး ကျွန်း၏ တောင်မှ
မြောက်၊ လူနေ ဧရိယာနှင့်အပြိုင် 9.2 ကီလိုမီတာခန့် ရှည်လျား
သော သဲသောင်ပြင်မျိုး ဖြစ်သည်။

ထို `ရို့မို့ရ်´ ကျွန်းလေး၏ တစ်ဖက်ကမ်းရှိ `စကဲယာဘတ်´
(Skærbæk) ခေါ် တောမြို့လေးတစ်ခုရှိသည်။ ထိုမြို့လေးတွင်
သူ့ဇနီးသည်နှင့် အင်မတန် ရင်းနှီးသော မိသားစု တစ်စု နေထိုင်
ကြသည်။ သူ့ဇနီးသည်က ထိုမြို့လေးတွင် ရှိသော ကျောင်း
နေဖက် သူ့သူငယ်ချင်းနှင့် စားလိုက်၊ စကားပြောလိုက်ဖြင့် ပျော်ပျော်
ရွှင်ရွှင် ဖြတ်သန်းဖို့စိတ်ကူးသည်။ သူကတော့ `ရို့မို့ရ်´ ကျွန်း၏ သဲ
သောင်ပြင်၌ ကျင်းပသော ရွှက်တပ် စက်မဲ့ယာဉ် ခေါ် Beach Sailing
ပြိုင်ပွဲကို စိတ်ဝင်စားသည်။ ဒိန်းမတ်လို Rømø Strandsejler Club၊
ဂျာမန်ဘာသာစကားဖြင့် Strandsegler Club Römö ခေါ်သော
ထို ရွှက်တပ် စက်မဲ့ယာဉ်အသင်း၏ နွေရာသီ ဖိတ်ခေါ်ပြိုင်ပွဲကို
ထိုနေ့တွင် ယှဉ်ပြိုင် နေကြသည်။


အလားတူ လာမည့် စက်တင်ဘာလတွင် ကျင်းပရန်ရှိသော
`စွန်´လွှတ်ပြိုင်ပွဲ၏ ပုံစံပြည့် အကြို လေ့ကျင့်မှုကိုလည်း ထိုနေ့
တွင် တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့ခဲ့ရသည်။

ထိုအရာပေါင်းများစွာထက် သူ့အား ပိုမို စိတ်ဝင်စားစေသော
ကိစ္စတစ်ခုလည်း ရှိပါသည်။ ထိုအရာက ကမ်းခြေ၏ တိုတောင်း
သော ညအချိန်တွင် ထွက်ပေါ်လေ့ရှိသော `သရဲ´ ဇာတ်လမ်း
ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များက ညဖက် သဲသောင်ပြင်
ပေါ်၌ မော်တော်ဆိုက်ကယ် အပြိုင်စီးကြရာမှ တိမ်းမှောက်ပြီး
လူငယ်လေးတစ်ဦး ကွယ်လွန်ခဲ့သည်။ ကွယ်လွန်သူ၏ ၀ိညာဉ်
သည် ယခုလို သာယာလှပသည့် နွေညများတွင် ကမ်းခြေပေါ်
သို့ အလည်ရောက်လာသော ဧည်သည့်များအား ကျီစယ်
လေ့ရှိကြောင်း လူပြောသူပြော များလှသည်။ တိုတောင်းသော
နွေညများ- ဟု ဆိုရခြင်းမှာ ဒိန်းမတ်နိုင်ငံ အပါအ၀င် ကမ္ဘာ့
ဝင်ရိုးစွန်း ဒေသများ၏ နွေကာလများတွင် `နေ´ သည် နံနက် ၅
နာရီခန့်တွင် ထွက်လေ့ရှိပြီး ည ၁၀ နာရီလောက်မှ ၀င်လေ့
ရှိသည်။ မြန်မာ အဆိုတော် စိုးပိုင် သီဆိုသော သီချင်းတစ်ပုဒ်
ထဲမှ …. `ညဦးဖက် နေ မထွက်ပါ´ … ဟူသော စာသားသည်
အာရှဒေသ အတွက် မှန်ကန်သော်လည်း ကမ္ဘာ့မြောက်ဖျားပိုင်း
ဒေသများအတွက် မှားယွင်းပါသည်။
…............. ….... …..

သူနှင့် အင်မတန် ရင်းနှီးသော ပင်စင်စား အဖိုးအို သုံးဦးတို့
သည် Homecar ဟု ခေါ်သော အိမ်ပုံစံ မီးဖိုချောင်၊ အိမ်သာ၊
ဧည့်ခန်းငယ်၊ အိပ်ခန်းများ ပါရှိသည့် ကားဖြင့် ကမ်းခြေသို့
သူတို့ထက်အရင် အလည်အပတ် ရောက်နေကြသည်။

တစ်နေ့ကုန် `စက်မဲ့ ရွှက်တပ် ယာဉ်´ ပြိုင်ပွဲ ကြည့်လိုက်၊ `စွန်´
လွှတ်ပြိုင်ပွဲ ကြည့်လိုက်၊ ပင်လယ်ရေထဲ ဆင်းလိုက်ဖြင့် ပျော်ရွှင်
နေကြသော သူတို့အားလုံးသည် ည (၈) နာရီခန့်တွင် မျက်လုံး
များ တဖြေးဖြေး စေ့ချင်လာသည်။ သူ့ဇနီးသည်အား တစ်ဖက်
ကမ်း `စကဲယာဘတ်´ မြို့ရှိ အသိမိတ်ဆွေအိမ်တွင် ပို့ထားခဲ့ပြီး
ကမ်းခြေသဲသောင်ဆီသို့ သူ တစ်ဦးတည်း ပြန်လာခဲ့သည်။

သူနှင့် သူ့မိတ်ဆွေ အဖိုးအို သုံးဦးတို့သည် သူတို့ ဌားစီးလာ
သော Homecar ပေါ်တွင် နွေည၏ အပူရှိန်ကြောင့် မအိပ်နိုင်
ကြပါ။ ကားနံဘေးတွင် ရွှက်ဖျင်တဲ ထိုးပြီး တဲထဲတွင် ဘီယာ
သောက်လိုက်၊ လက်ဆွဲ `အကော်ဒီယံ´ တီးရင်း သီချင်းသံ
တကျော်ကျော်ဖြင့် နွေညကို အံတုနေကြသည်။

ကြာကြာတော့ သူတို့ အံ မတုနိုင်ပါ။ ည (၁၀) နာရီလောက်
တွင် လေးလံလာသော သူတို့၏ မျက်ခွံများအောက်တွင်
သူတို့ ကျဆုံးသွားကြသည်။ ည နှစ်နာရီခန့်တွင် သူတို့ထဲက
တစ်ဦး၏ အော်ဟစ်သံကြောင့် သူတို့အားလုံး နိုးလာကြသည်။
အိမ်မက်တစ်ခုကို မြင်မက်ခဲ့သော အဖိုးအိုက သူတို့ ဌားရမ်း
ထားသည် Homecar ထဲတွင် လူတစ်ဦးသည် သူ အိပ်စက်
နေသော ကုတင်ပေါ်တွင် မအိပ်စက်ရန် သူ့အား လာပြောကြောင်း၊
သူက လက်မခံသောအခါ ကုတင်ပေါ်မှ သူ့အား ဇွတ်အတင်း
ဆွဲချကြောင်း၊ အိမ်မက်မှ နိုးလာသောအခါ သူသည် ကုတင်ပေါ်
တွင် မရှိတော့ပဲ အောက်သို့ ရောက်ရှိနေကြောင်း ပြောပြပါသည်။


သူတို့အားလုံး အိပ်မှုံစုံဖွားဖြင့် ပြန်အိပ်ခဲ့ကြပါသည်။ သို့သော်
ကားအတွင်းမှ ဆေးပြင်းလိပ်အနံ့တစ်ခု ထွက်လာပါသည်။
သူတို့လေးဦးစလုံး ဆေးလိပ်သောက်သူများ မဟုတ်ပါ။ ဆေးပြင်း
လိပ်အနံ့သည် အဘယ်ကြောင့် ကားအတွင်းမှ ထွက်လာသည်
ကို သူတို့ အဖြေရှာမရပါ။

မိုးလင်းကာနီး နံနက် (၄)နာရီခန့်တွင် သူတို့ ကားနံဘေးသို့
ရောက်ရှိလာသည့် ကမ်းခြေစောင့် ရဲတပ်ဖွဲ့ဝင်ထံမှ သတင်း
တစ်ခုကို သူတို့ သိခဲ့ရပါသည်။ လွန်ခဲ့သော နှစ်က ဤနေရာ၌
ဆေးပြင်းလိပ် အင်မတန် ကြိုက်နှစ်သက်သော အဖိုးအိုတစ်ဦး
Homecar အတွင်း လဲကျ သေဆုံးခဲ့သော သတင်းပင် ဖြစ်ပါသည်။


-စစ်ငြိမ်းဒီရေ

13 comments:

rose of sharon said...

ကိုအောင်ရေ...စစဖတ်ခြင်း သရဲအကြောင်းမဟုတ်တန်ရာဘူးလို့ ပြီးတဲ့အထိဖတ်လိုက်မှ လန့်တာ... ကိုအောင်စာရေးကောင်းပေမဲ့ သရဲကြောက်တတ်လို့ ကိုအောင့်ပို့စ်တွေ သိပ်မဖတ်ရဲဘူး...

sosegado said...

ကျနော်လည်း ဟိုတစ်နေ့က လူသရဲနဲ့တွေ့လို့

Anonymous said...

ဘာကြောင့် သေသွားတာလဲ မေးလိုက်ဘူးလား..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Anonymous said...

သူငယ်ချင်းတယောက်က အခုဘဲထိပ်လန့် စရာ မရေးတော့ဘူးလား မေးနေတယ်
ကမ်းခြေအကြောင်းလို့ မေးပြီးမှ အောက်ပိုင်းမှာ ပေါ်လာရော
ဂစ် ဂစ် ဂစ်

ကြောက်လို့ အော်သံ

ဆောင်း

ဇေဇေ said...

စာဖတ်တဲ့သူကို ခေါ်ဆောင်နေရာမှာ ကျွမ်းကျင်တယ်။
အားပေးပါတ်ယ်
စာဖတ်သူ

အိမ့်ချမ်းမြေ့ said...

သြော်...........

ကမ်းခြေပုံ.. လေမှာလွင့်သော စွန်ပုံလေးတွေကြည့်ပြိး
ရရှိနေသော
သိင်္ဂါရ ရသကလေးဟာ
ရုတ်တရက်
ဘယာနက ရသ သို့ ကူးပြောင်းသွားပါတော့တယ်း))

Anonymous said...

သရဲ ဇာတ်လမ်းတွေပြန်ရေးပေးနေပြီ... ဒါဆိုအရင်လို..အခန်းဆက်တွေ..ပြန်ဖတ်ရတော့မယ် ထင်တယ်...များများရေးပါဦးအောင်ရေ... မရေးရင်..ဖေစ့်ဘုတ်မှာ...သရဲဇာတ်လမ်းတွေရေးပေးပါဦးလို့ လာလာအော်မယ်...း)))))

ကိုအောင်(ပျူနိုင်ငံ) said...

မလေးရေ ...
သိဂါင်္ရ ရသထဲ သရဲကို ထည့်ကြည့်တာ ... မအောင်မြင်ဘူး ....း)

မိတ်ဆွေများ ...
ကျနော် ရေးလက်စ သရဲဇာတ်လမ်းတွဲကို အမြန်ဆုံး အဆုံးသတ်နိုင်အောင် ကြိုးစားပါ့မယ် ... စိတ်တွေ စု မရလို့ ....
သည်းခံပေးကြတာ ကျေးဇူးတင်ပါတယ် ...

Anonymous said...

သရဲကြောင်းမပါဘူးမှတ်လို့ ဖတ်နေတာ...အစ်အစ်...


pifpif

akmoe said...

Hello , Ko Aung
Very good ghost story and writing.
Thanks, a lot .

Have a nice day !

ZORRO said...

ကျွန်တော် အဲ့ဒီကမ်းခြေကိုရောက်ဘူးပါတယ်။ ရေတွေ ပတ်လည် ၀ိုင်းနေတဲ့ ကျောက်ဆောင်ပေါ်မှာ သဲဖြူဖြူလေးတွေ ခင်းထားသလို၊ တစ်ချို့နေရာတွေမှာ ထိုးထိုးထောင်ထောင်ထိုးတွက်နေတဲ့၊ ငါးရိုးလိုအရာလေး တွေရှိတယ်နော်။ အဲဒီကြားထဲမှာမ အန်မတန်လှပလို့ နာမည်ကြီးတဲ့ ကျူးလစ်ပ် ပန်းရောင်စုံကလည်း၊ အလှပေါ် အယဉ်ဆင့်ဆိုသလို ကဗျာဆန် တယ်ဗျာ၊ လူ့ပြည်က နိဗာန်ဘုံလို့ တင်စားခေါ်ဝေါ်ခံရတဲ့ စကင်ဒီနေးဗီးယားကျွန်းမှာ ဒီလိုလှပမှုအတိပြီးတဲ့ ကမ်းခြေရှိတယ်ဆိုတာ မဆန်းဘူးပေါ့နော်။ ဒါပေမဲ့ဆန်းတာလေးတစ်ခုကို ကိုအောင်အပါအ၀င် အဲဒီကိုအလည်ရောက်ဘူးသူ အားလုံး မသိတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိပါတယ်။ အဲဒီကျွန်းလေးဟာ အေဒီ 17 ရာစု အော်တိုမင် အင်ပါယာခေတ်က တစ်ကျွန်းပို့၊သေဒါဏ် ပေးသူတွေ ပို့တဲ့ကျွန်းပါ။ ၀ိဥာဏ်တွေဂိန်မာနတွေ ဘယ်လောက် များလဲဆိုရင် ခရစ်ယာန်ဘုန်းကြီး တစ်ပါးက ဘုရားကျောင်းသွားတည်ဆောက်တာ၊ကျွန်းမှာ ပျော်ရွှင်နေတဲ့ ၀ိဥာဏ်တွေက ဘုန်းတော်ကြီးကို ညတိုင်း အိပ်ယာပေါ်ကနေချပြီး၊ေ၇ချိုးကန်ထဲထည့်ထားကြတာ၊ နောက်ဆုံးဘုန်းတော်ကြီးလဲ အားမတန်မာန်လျော့ပြီး ထွက်ပြေးရတယ်တဲ့။ ခုမြေပုံမှာပြထားတဲ့ ဟော်တယ် တွေရဲ့အလယ်မှာ ရှေးဟောင်း ဘုရားကျောင်းလို့ညွှန်ပြထားတာ အဲဒီကျောင်းပါ။ ကျွန်တော်ဟာ အောက်စ်ဖိုဒ့် မှာ မနုသာဗေဒပညာရပ် သင်ကြားနေတဲ့ကျောင်းသားပါ။ စာကြည့်တိုက်က Mythical True on Earth ဆိုတဲ့စာအုပ်မှာ၊တွေ့နိုင်ပါတယ်။

san htun said...

အဲဒီကမ်းခြေကိုတော့ ဝှောင်ဝှောင်ရှေးမယ်..မီးမီးကြောက်ကြောက်..:P

ရွှေပြည်သူ (ShwePyiThu) said...

Labels မှာ "သရဲ- တစ္ဆေဇာတ်လမ်းများ" လို့တွေ့လို့ ပါမှာပဲ ဆိုပြီး ဖတ်မိတာ။ ကိုအောင့် ထုံးစံအတိုင်း စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။ အစွဲတွေများ ကြောက်ဖို့ကောင်းလိုက်တာနော်...