Monday, 21 May 2012

မန္တလေးမြို့တွင် ရှင်ပြန်ထမြောက်ခဲ့သော ဒိုင်အော်ဂျီးနက်စ်


သခင်ယေရှုမပေါ်ခင် ဘီစီ လေးရာမှာ
နေ့ခင်းကြောင်တောင် မီးအိမ်ထွန်းပြီး
အမှန်တရားကို လိုက်လံရှာဖွေသော
သစ္စာတရားကို လိုက်လံရှာဖွေသော
ယုံကြည်မှုကို လိုက်လံရှာဖွေသော
ဒိုင်အော်ဂျီးနက်စ်တစ်ယောက်
မနေ့ညက
မန္တလေးမြို့တွင် ရှင်ပြန်ထမြောက်သတဲ့

မြို့ရိုးကြီးလည်း မမြင်ခဲ့ရပါဘူးတဲ့
နန်းတော်ကြီးလည်း မတွေ့ရပါဘူးတဲ့
ရွှေကျောင်းကိုလည်း ရှာလို့မရပါတဲ့
ဘုရားကြီးဖက်လည်း မှန်းဆလို့မရပါတဲ့
ငွေငန်းဟာလည်း အဖြူရောင်ရှိသလားတဲ့
နန်းတော်ရှေ့မှာ ဆရာတင်တို့ နေခဲ့ဖူးသလားတဲ့
သုဓမ္မာဇရပ်တွေအကြားမှာ ပိုးစုန်းကြူးတွေ ရှိသလားတဲ့

ခုနှစ်ဆောင်တိုက်ခန်းတွင်
အလင်းရောင်ပေးနိုင်သော
ပပ၀တီအား ရှာမတွေ့ခဲ့
ပတ္တမြားငမောက်အား ရှာမတွေ့ခဲ့

သီပေါဘုရင် မျက်နှာတော်အား
ဖူးတွေ့ဖို့အရေး
လျှပ်စစ်မီးတော့
ပေးသနားတော် မူ …..... ။ ။


-စစ်ငြိမ်းဒီရေ

(*ဒိုင်အော်ဂျီးနက်စ်= Diogenes)

2 comments:

လှိုင်ဘွား(သီချင်းအိမ်) said...

အဓိပ္မါယ်တွေ အလျှံအပယ်နဲ့  ကဗျာ တစ်ပုဒ်ပါပဲ အစ်ကိုအောင်ရေ

သိ င်္ဂါ ရ said...

အိမ်ရှေ့ ၀ရန်တာက ကြည့်လိုက်ရတော့ ... ပထမ ... လူတွေ စည်းမဲ့ကမ်းမဲ့ လမ်းပြောင်းပြန် မောင်းနေကြတယ်ပဲ ထင်နေတာ ... နောက်ထဲ ကြည့်လိုက်တော့မှ ... ဖယောင်းတိုင်နဲ့ လူတွေ ... နည်းမှ မနည်းဘဲ ... လမ်းလုံးပြည့်ပဲ ... :)