(၂၁.၀၄.၂၀၁၂)နေ့က ဂျာမန်နိုင်ငံ ဘွန်ဒစ်လီဂါ
အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်ခုတွင် ဘရာဇီးနိုင်ငံ
မှ ကြေးစား ဘောလုံးသမား naldo abwehr သည်
မိခင်ကလပ်အသင်းဖြစ်သော ၀ါဒါဘာမင် အသင်း၌
ပါဝင် ကစားခဲ့ပါသည်။ ထိုနေ့တွင် မိမိတို့ အိမ်ကွင်းသို့
လာရောက်ယှဉ်ပြိုင်သည့် နာမည်ကြီး ဘေယန်းမြူနစ်
အသင်းဖက်သို့ ပထမဆုံး ဂိုးအား ဒုတိယပိုင်း (၅၁)မိနစ်
တွင် ၀ါဒါဘာမင်အသင်းအတွက် သွင်းယူပေးခဲ့ပါသည်။
အလားတူ ဒုတိယပိုင်း (၇၅)မိနစ်ခန့်တွင် ဘေယန်းမြူနစ်
အသင်းမှ ပြင်သစ်လူမျိုး တိုက်စစ်မှူး Ribeဲry ၀ါဒါဘာမင်
အသင်း၏ ဂိုး ဧရိယာရှေ့သို့ တင်ပို့လိုက်သည့် ဘောလုံးအား
အလောတကြီး ဖြတ်ထုတ်လိုက်ရာ ကံဆိုးစွာဖြင့် မိမိအသင်း
ဂိုးထဲသို့ သွင်းမိလျက်သား ဖြစ်သွားပါသည်။ ထိုနေ့ပွဲစဉ်တွင်
ဘေယန်းမြူနစ်သည် ၀ါဒါဘာမင်အသင်းအား ၂- ဂိုး ၁- ဂိုးဖြင့်
ဝါဒါဘာမင်ကွင်း၌ အနိုင်ရသွားပါသည်။ ၀ါဒါဘာမင် ကစား
သမား naldo abwehrသည် ထိုပွဲစဉ်တွင် မိမိ အသင်းတွက်ရော
လာရောက်ယှဉ်ပြိုင်သည့် ဘေယန်းမြူနစ်အသင်းအတွက် ခြေပ
ဂိုးပါ သွင်းယူပေးခဲ့သော ဂရင်းနစ် မှတ်တမ်းဝင် ဘောလုံးသမား
အဖြစ် မှတ်တမ်းဝင်တော့မည် ဖြစ်သည်။
-စစ်ငြိမ်းဒီရေ
My Crush .....(2)
2 days ago
1 comments:
ဘယ်လိုချီးကျူးရမှန်းကိုသိတော့ဖူးး)
မောင်ဘကြိုင်
Post a Comment