ဒိန်းမတ်နိုင်ငံ၊ ဘာမင်း (Bramming) မြို့တွင် နေထိုင်သော
ကိုမောင်အေး (ABSDF ရင်း- ၂၀၁ မင်းသမီးစခန်း) သည်
ယနေ့ (၃.၄.၂၀၁၂)နေ့ နံနက် (၆)နာရီ အချိန်တွင်ဒိန်းမတ်
နိုင်ငံ၊ အက်စ်ပီးယား (Esbjerg) ခရိုင် ဆေးရုံကြီးပေါ်၌ ကွယ်လွန်
အနိစ္စရောက်ရှိသွားပြီး ဖြစ်ကြောင်း ရပ်နီးရပ်ဝေး ဆွေမျိုး
မိတ်သင်္ဂဟအပေါင်းအား ၀မ်းနည်းစွာ အသိပေး အကြောင်း
ကြားအပ်ပါသည်။
နာရေး အစီအစဉ်များ။ ။
-မနက်ဖြန် (၄.၄.၂၀၁၂)နေ့၊ ညနေ (၅)နာရီတွင် ဒိန်းမတ်
ယဉ်ကျေးမှုများအရ ကွယ်လွန်သူ ကိုမောင်အေး၏ ရုပ်ကလပ်
အား မိတ်ဆွေ သင်္ဂဟများအနေဖြင့် နူတ်ဆက် ကြည့်ရှုနိုင်ရန်
အတွက် ဘာမင်း(Bramming)မြို့လယ်ရှိ ခရစ်ယာန် ဘုရား
ကျောင်းတွင် နူတ်ဆက်ခြင်း ပြုလုပ်မည် ဖြစ်ပါသည်။
-လာမည့် စနေနေ့ (၇.၄.၂၀၁၂)နေ့၊ နေ့လည် (၁)နာရီတွင်
ဗုဒ္ဓဘာသာ ထုံးတမ်းအစဉ်အလာများနှင့်အညီ ဆုတောင်း
တရားနာ ပြုလုပ်ပြီး မီးသဂြိုလ်မည် ဖြစ်ပါသည်။
-(၉.၄.၂၀၁၂)နေ့တွင် ကျန်ရစ်သူ မိသားစု နေထိုင်ရာ
နေအိမ်၌ ဆွမ်းကျွေး တရားနာ ပြုလုပ်မည်ဖြစ်ကြောင်း
အသိပေး ဖိတ်ကြားအပ်ပါသည်။
၂၀၂၃ ရခွေားမွခွေား ခရီးသှား - ၁၃
1 day ago
5 comments:
sad
စိတ်မကောင်းပါဘူးဗျာ
ရွှေစင်ဦး
သားသမီးများ၏ရဲဘေါ်တဦးဖြစ်မည်ဟုယုံကြည်ပါသည်။အထူးဝမ်းနည်းမိပါသည်။
ကောင်းရာဘုံဘဝမှာ အေးချမ်းပါစေ
မောင်ဘကြိုင်
အထူးဝမ်းနည်းမိပါသည်။
Post a Comment