လက်ခုပ်သံများ ဖုံးလွှမ်းခဲ့သည့်
ရာစုနှစ်များ ပန်းများ နွေဦးများ
လေးလံသော ဆုတံဆိပ်များဖြင့်
အရက်နာကျနေသော နံနက်ခင်းတစ်ခု
ချစ်ခြင်း အလျှင်းမရှိ
မုန်းခြင်း အလျှင်းမရှိ
ဥပက္ခာတရား အလျှင်းမရှိ
အငြိုးအတေးများ အလျှင်းမရှိ
ရာသီဥတုများ ဖောက်ပြန်သောကြောင့်
မြစ်များ နောက်ပြန်ဆုတ်သွားသည်
ရှေ့တိုးမလာသေးသော ခြေလှမ်းများ၌
သနပ်ခါးနံ့တို့ ထုံမွှေးစေသတည်း
ပြတိုက်ထဲက ထိုးကွင်းမှင်ကြောင်များလည်း
ထုပ်ဆီးတိုးပွဲတွင် အနိုင်ရပါစေ
လေးလံသော ဆုတံဆိပ်များဖြင့်
ရာစုနှစ်များ ပန်းများ နွေဦးများ
လက်ခုပ်သံများ ဖုံးလွှမ်းခဲ့သည့်
အရက်နာကျနေသော နံနက်ခင်းတစ်ခု
ဘိုးဘွားများ အလျှင်းမရှိ
မျိုးဆက်များ အလျှင်းမရှိ
ပိုင်ဆိုင်ခြင်း အလျှင်းမရှိ
ရှုံးနိမ့်ခြင်း အလျှင်းမရှိ
မြကန်၏ နောက်ဆုံးနေ့ရက်များ
ကုဋေရှစ်ဆယ်သူဋ္ဌေးသား၏ နောက်ဆုံးနေ့ရက်များ
ဟင်္သာကိုးသောင်း၏ နောက်ဆုံးနေ့ရက်များ
နန္ဒသူရိယ၏ နောက်ဆုံးနေ့ရက်များ
ဦးပုည၏ နောက်ဆုံးနေ့ရက်များ
နောက်ဆုံးနေ့ရက်များ၏ နောက်ဆုံးနေ့ရက်များ
ရှင်ပြန် ထ'မမြောက်ခင် နောက်ဆုံးနေ့ရက်များ
လေးလံသော ဆုတံဆိပ်များဖြင့်
အရက်နာကျနေသော နံနက်ခင်းတစ်ခု
လက်ခုပ်သံများ ဖုံးလွှမ်းခဲ့သည့်
ရာစုနှစ်များ ပန်းများ နွေဦးများ
-စစ်ငြိမ်းဒီရေ (၂၁.၀၃.၂၀၁၂ အမှတ်တရ)
11 comments:
အရက်နာကျနေတဲ့မနက်ခင်းကို လေးလံတဲ့ဆုတံဆိပ်တွေနဲ့ အနားကွပ်လိုက်တော့ ဒီကဗျာကိုဖတ်ပြီး စောစောစီးစီး လေးလေးလံလံကိုခံစားလိုက်ရတယ်ဗျာ
နားလည်တလို ဖတ်သွားပါတယ်၊
တစ်ယောက်ယောက်တော့ အရက်နာကျပြီး
နောက်ဆုံးနေ့များကို စောင့်လိုနေပြီ
နောက်ဆုံးနေ့များမျာ အားလုံးဟာ……..!
ဖတ်သွားခဲ့ပါတယ် ..
လေးစားစွာဖြင့်
မြတ်ပန်းနွယ်
ကလောက်ထက်ထက် ကဗျာညက်ညက်တစ်ပုဒ်
အားပေးသွားတယ် ကိုအောင်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
စိတ်နာသွားတာလား သံဝေဂ ရသွားတာလား မဆုံးသေးတဲ့ သမိုင်းတဝက်မှာတော့ ...!!!
နောက်ဆုံးနေ့ရက်များ ရှင်ပြန်ထ မ မြောက်ခင် နောက်ဆုံးနေ့ရက်များ ကောင်းတယ်ဗျာ ........ သုံးနှုံးသွားတာလေးက .......။
လူတွေအားလုံးနောက်ဆုံးနေ့ကိုစောင့်နေရတာပါပဲ
မေ့နေတာကိုသတိရစေလိုက်တယ်
အရက်နာကျနေတာ ဘယ်သူလဲတော့မသိပါဘူး
ကဗျာကောင်းလေး လာဖတ်သွားတယ် ကိုအောင်ရေ..
ကဗျာကို တော်တော်လေးစဉ်းစားပြီး ဖတ်ယူရတယ်...နောက်ဆုံးနေ့တွေကိုလည်း ပြန်တွေးကြည့်ရင်းပေါ့...နောက်ဆုံးနေ့ကို တွေးရင်းဖတ်လာလိုက်တာ...နောက်ဆုံးကျမှပဲ အရက်နာကျတာနဲ့တိုးရော...
နောက်တစ်ခေါက်ထပ်ဖတ်ဦးမယ်...
သုံးလေးခေါက် ပြန်ဖတ်ဖြစ်ခဲ့တဲ့ ကဗျာ ...
ဆုတံဆိပ်တွေက လေးလံလာတဲ့ ( အဖြစ် ) နွေဦးကို ဥသြက အသံချိုမပေးနိုင်တော့တဲ့ ( အပျက် ) ဖြစ်/ပျက် က ကမ္ဘာကြီးမသေဆုံးခင် နောက်ဆုံးတစ်ရက်မှာ ...
Post a Comment