ဤပို့စ်တွင် သတင်းများကို အချိန်နှင့်တပြေးညီ update
ဖော်ပြနေပါသဖြင့် (ဤနေရာကို ဖိပြီး သတင်းအသစ်များကို )
ကြည့်ရှုနိုင်ပါတယ် ….
(၈၀)
တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် မဲဆန္ဒနယ်မှ လွှဲ၍ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့သော နေရာ အားလုံးလိုလိုတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနိုင်ရသည့် သတင်းများသာ ဖုံးလွှမ်းနေပါသည်၊ ကျွန်းစုမြို့နယ်၏ လောလောဆယ် ရလာဒ်များနှင့် ပက်သက်ပြီး လမ်းပန်းဆက်သွယ်ရေး ဆိုးဝါးမှုကြောင့် NLD အုတ်လမ်း ရုံးချုပ်က အတည် မပြုသေးပါ ... (မိတ်ဆွေများအားလုံး ပျော်ရွှင် ကြည်နူးကြပါစေ ...)
(၇၉)
လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊သိန္နီ၊ ကွမ်းလုံ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ် ၃မှ သိန္နီနယ်မှာ ကျားဖြူပါတီက ဒုတိယလိုက်နေသည့် NLD ပါတီကို မဲ ၆၀၀၀ အသာရ ၊မိုင်းယန်မဲဆန္ဒနယ်မှာ ကျားဖြူပါတီကပဲ ဒုတိယလိုက်နေသည့် NLDပါတီကို မဲ ၆၀၀၀ အသာရနေပြီး ကျန်သည့် မဲဆန္ဒများမှာ လားရှိုး၊ တန့်ယန်း၊ ကွမ်းလုံ မဲဆန္ဒနယ် သုံးခု ကျန်၊ ၎င်း သုံးနယ်ထဲမှ တန့်ယန်းနှင့် ကွမ်းလုံမှာ ကျားဖြူပါတီ၏ အဓိက အင်အားကြီး နေရာများ ဖြစ်သည်။
(၇၈)
အန်တီစု ကြေညာချက် ...
(၇၇)
မကွေးတိုင်း မကွေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်း
ပဲခူးတိုင်း(အရှေ့) သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်ဦး
ပဲခူးတိုင်း (အနောက်) လက်ပံတန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်မင်း
ပဲခူးတိုင်းဒေသကြီး အုတ်တွင်း၊ထန်းတပင် အမှတ်(၇) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းဦးတို့ အနိုင်ရရှိကြောင်း သိရပါသည်။
(၇၆)
မန်းတလေးမှာ NLD ထောက်ခံသူများ အောင်ပွဲခံနေကြပါပြီ ...း))))
(၇၅)
နေပြည်တော်ခရိုင် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော်(ခ) ဇေယျာသော်
ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်စန်း
ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်မြင့်
ဧရာဝတီတိုင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းဟန်(ခ)ဦးစိန်ဝင်း
ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့် တို့ အနိုင်ရရှိကြောင်း သိရပါသည်။
(၇၄)
ဧပြီ ၁ ၁၉:၂၉ နာရီ
လက်ရှိအနေအထားများအရ မိတ္ထီလာမဲဆန္ဒနယ်မှ NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးဝင်းထိန် အခြေအနေကောင်းလျှက်ရှိကြောင်း သိရှိရသည်။
11 news ...
(၇၃)
နေပြည်တော်ခရိုင် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းသူ(ခ)ကိုဦး
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်သိန်း
မကွေးတိုင်း ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာအောင်မိုးညို
မွန်ပြည်နယ် မော်လမြိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ်
ဧရာဝတီတိုင်း ရေကြည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာလှမြတ်သွေး
ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမန်းဂျော်နီ
ပဲခူးတိုင်း ဒေသကြီး အုတ်တွင်း၊ထန်းတပင် အမှတ်(၇) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမင်းဦးတို့ အနိုင်ရရှိကြောင်း သိရပါသည်။
(၇၂)
လက်ရှိ မဲစာရင်းရေတွက်မှု အနေအထားများအရ အပြီးသတ် အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း NLD ပါတီအနေဖြင့် နေရာ ၄၀ ခန့်တွင် အနိုင်ရရှိနိုင်ကြောင်း ခန့်မှန်းမှုများအရ သိရှိရသည်။
(Eleven Media Group ...)
(၇၁)
ဧရာဝတီတိုင်း ရေကြည်မှာ ဒေါက်တာလှမြတ်သွေး (NLD ) အနိုင်ရ ...
(၇၀)
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးပေါခင်
ပဲခူးတိုင်း(အရှေ့) တောင်ငူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့်
ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်း
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမေဝင်းမြင့်
ဧရာဝတီတိုင်း ဖျာပုံ၊ ဒေးဒရဲမဲဆန္ဒနယ်အမှတ်(၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိမ်းဆွေ (ဒေးဒရဲ မဲဆန္ဒနယ် နိုင်၊ ဖျာပုံ တပ်နယ်တခုနှင့် ရွာတရွာပဲ ရှုံး)
နေပြည်တော်ခရိုင် ဇဗ္ဗူသီရိ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်း
ကန့်ဘလူ၊ကျွန်းလှ၊ ရေဦး၊တန့်ဆည် မဲဆန္ဒနယ် ၃ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင်
မကွေးတိုင်း ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးပိုက်ကို တို့ အနိုင်ရရှိကြောင်း သိရပါသည်။
(Burma VJ Media ...)
(၆၉)
ဖျာပုံမြို့နယ်တွင် ကိုသိမ်းဆွေ(NLD) အနိုင်ရသတင်း
အတည်ပြုပြီ ...
(၆၈)
အနိုင်ရရှိသွားသော အန်အယ်ဒီအမတ်အမည်စာရင်း
ကော့မှူးမြို့နယ်မှ ဒေါ်အောင်ဆန်းစုကြည်
ဒဂုံဆိပ်ကမ်း ဒေါက်တာမျိုးအောင်
မင်္ဂလာတောင်ညွှန် ဒေါ်ဖြူဖြူသင်း
ပွင့်ဖြူ ဒေါက်တာအောင်မိုးညို
ကျွန်းစုမှ .....
မကွေးမြို့ မှ ဦးမြင့်သိန်း
မန္တလေး။ မဟာအောင်မြေ ဦးအုန်းကြိုင်
လောင်းလုံမှ ဦးအောင်စိုး
စစ်ကိုင်းမြို့မှ ဦးခင်မောင်စိုး
ပုလဲမြို့မှ ဒေါ်ခင်စန်းလှိုင်
ပုခုက္ကူမြို့မှ ဦးပိုက်ကို
ပြင်ဦးလွင်မှ ဦးကျော်သီဟ၊
နေပြည်တော် ဒက္ခိနသီရိမှ ကိုနိုင်ငံလင်းတို့ အနိုင်ရရှိပြီးဖြစ်ကြောင်း
NLD ပါတီမှ သိရှိရသည်။
(May Thingyan Hein ...)
(၆၇)
Eleven Media Group
နေပြည်တော် ပုပ္ဗသီရိမြို့နယ်တွင် လက်ရှိ မဲစာရင်းရေတွက်မှုအရ NLD ပါတီမှ ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်က ၉၉၉၈မဲ ဖြင့် ၇၅၆၈မဲ ရရှိထားသော ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်ကို အနိုင်ရရှိနေကြောင်းသိရှိရသည်။
(၆၆)
နေပြည်တော်မဲဆန္ဒနယ်တွင် ဇေယျာသော်(NLD) အနိုင်ရသတင်း
အတည်ပြုအဆင့် ရောက်ဖို့နီးစပ်သွားပါပြိ ...
(၆၅)
မရမ်းကုန်းမြို့နယ်တွင် ဒေါ်မေ၀င်းမြင့်(NLD) အနိုင်ရသတင်း
အတည်ပြုပြီ ...
(၆၄)
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဒေါက်တာမျိုးအောင်(NLD) အနိုင်ရသတင်း
အတည်ပြုပြီ ...
(၆၃)
လှည်းကူးမြို့နယ်တွင် ကိုဖြိုးမင်းသိန်း (NLD) အနိုင်ရသတင်း
အတည်ပြုပြီ ...
(၆၂)
အန်တီစု အနိုင်ရသတင်း အတည်ဖြစ်နေပါပြီ ...
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အောင်ဆန်းစုကြည် (မဲရုံအားလုံးနိုင်)
- ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမျိုးအောင် (၇၀ % အနိုင်ရ)
- နေပြည်တော်ခရိုင် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း
- မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သီဟ
- ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်း
- မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင် တို့ အနိုင်ရရှိကြောင်း သိရပါသည်။
(Burma VJ Media ..)
(၆၁)
NLD ကိုယ်စားပြု ဒေါ်မေ၀င်းမြင့် မဲ အပြတ်အသတ်ဖြင့် အောင်ပွဲခံလျက်ရှိ
(မရမ်းကုန်းမြို့နယ်) ...
(၆၀)
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှ မဲရုံ ၁၀ရုံတွင် NLDပါတီမှ ဒေါ်က်တာမျိုးအောင် အနိုင်ရရှိနေကြောင်း မြစ်မခ သတင်းထောက်အောင်ကိုကိုလတ်သတင်းပေးပို့သည်။
(၅၉)
နေပြည်တော်တွင် NLD ကိုယ်စားပြု ဒေါ်စန္ဒာမင်း ကြိုတင်မဲကြောင့်
ရှုံးနိမ့်သွားဟု သိရ ...
(၅၈)
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် NLD ကိုယ်စားပြု ဒေါက်တာမျိုးအောင်
အနိုင်ရဖို့ သေချာသလောက်ရှိနေပါပြီ ....
(၅၇)
ရှမ်းပြည်နယ် ကလောမှာ NLD က မဲ ၇၅ ရာခိုင်နှုန်း အနိုင်ရထား ...
(မမေသင်္ကြန်ဟိန်း ...)
(၅၆)
လှည်းကူးမှ ၈၈ မျိုးဆက် ကိုဖြိုးမင်းသိန်း အပြတ်အသတ် အနိုင်ရသွားပြီ ...
(၅၅)
တတိယမြောက် အောင်ပွဲခံသူ .. NLD ပါတီအား ကိုယ်စားပြုသည့် ဦးမြင့်သိန်း ...
(၅၄)
http://www.tvunetworks.com/watchTV/#c=99221 ...
99221 မှာ တိုက်ရိုက် ကြည့်လို့ရပါတယ် ...
TUV Player ကို Download ချပါ ...
(၅၃)
NLDမှ ဦးအုန်းကြိုင် ဦးဆောင်နေ ...
မန္တလေးမြို့ ရဲမွန်တောင်ရပ်ကွက် မဲရုံအမှတ် (၂)တွင် မဲစတင်ရေတွက်နေပြီဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးအုန်းကြိုင်က မဲအများဆုံးဖြင့် ဦးဆောင်နေပြီး ဒုတိယနေရာတွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကိုယ်စားလှယ် ရှိကာ တတိယနေရာတွင် ပြည်သူ့ဒီမိုကရေစီပါတီမှ ဒေါက်တာသန်းထိုက်ဦး ရောက်ရှိနေကြာင်းသိရသည်။
(7Day ..)
(၅၂)
NLD ကိုယ်စားပြု ဒုတိယမြောက် အနိုင်ရသူ ဦးအောင်စိုး လောင်းလုံမြို့နယ် ...
(၅၁)
ပုလဲမြို့သစ်မှ NLD ပါတီ ကိုယ်စားပြု ဒေါ်ခင်စန်းလှိုင် ပထမဆုံး အနိုင်ရဟု
သတင်းများ ထွက်ပေါ်နေ ...
(၅၀)
မဲပြန့်မှု ...
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)တွ
င်ပါဝင်သည့် မိုင်းရယ်မြို့နယ်ရှိ မြို့တွင်းဗဟိုလမ်းမကြီးပေါ်ရှိ မဲရုံများ၌ မဲပေးခွင့်ရှိသူ၏ ၈၀ ရာခိုင်နှုန်းက မဲပေးကြပြီး နယ်စွန်နယ်ဖျားတွင် ၆၀ ရာခိုင်နှုန်းခန့်သာ မဲပေးကြကြောင်း သိရသည်။ လက်ရှိမဲများအရ ပြည်ခိုင်ဖြိုးပါတီအသာစီးရနေပြီး ကျားဖြူမှ ဒုတိယနှင့် NLD မှ တတိယနေရာတွင်လိုက်နေကြောင်း ယခုအချိန်အထိ သိရသည်။
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)တွ
င်ပါဝင်သည့် မိုင်းရယ်မြို့နယ်၊ မဲရုံအမှတ်(၂) တပ်တွင်းတွင် မဲပေးခွင့်ရှိသူ ၄၃၆ ဦးအနက် ကြိုတင်မဲ ၂၆၀ ပါဝင်ရာ NLD တစ်မဲမှမရရှိဘဲ မဲရုံသို့ လာရောက်မဲပေးသော ၁၇၆ ဦးတွင် NLD က ၅ မဲသာ ရရှိခဲ့သည်။
လားရှိုးမြို့အတွင်းရှိ ကျေးရွာခုနှစ်ရွာတွင် ကျားဖြူပါတီက တခြားပါတီများအား အပြတ်အသတ် အနိုင်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။
(၄၉)
ကော့မှူး မဲဆန္ဒနယ် ရေကျော်ကျေးရွာအုပ်စု ၊ ရေကျော် ကျေးရွာတွင် ဆန္ဒမဲပေးမှု ပြီးစီးခဲ့ပြီး မဲရေတွက်မှု ပြုလုပ်ခဲ့ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၂၉၁ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ၄၅ မဲ ၊ ပယ်မဲ ၉ မဲ ရရှိခဲ့ကြောင်း The Voice Weekly သတင်းထောက်က တိုက်ရိုက်သတင်းပေးပို့သည်။
(၄၈)
ကျောက်ပန်းတောင်းတပ်နယ်တွင် NLD ရှူံးနိမ့်နေဟုဆို
မကွေး ဧပြီ ၁(4:00 pm)
မကွေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် တပ်နယ် ငါးနေရာ၌ မဲစာရင်း ၄၀၀ ကျော်တွင် NLD ပါတီမှ မဲအရေအတွက် ၂၀ ဖြင့် ရှူံးနိမ့်ေ ကြာင်း၊ ကျောက်ပန်းတောင်းမြို့တွင် ကြိုတင်မဲအရေအတွက်မှာ ၃၅၀၉မဲ၊ အဝေးရောက် (ပြည်ပ)မဲမှာ ခုနစ်မဲရှိကြောင်းထို မဲဆန္ဒနယ် တွင် ရောက်ရှိနေသည့် The Voice သတင်းထောက်မှ သတင်းပေးပို့သည်။
(၄၇)
ပဲခုက္ကူမြို့နယ် ...
(၄၆)
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မဲဆန္ဒနယ် ရေကျော်ကျေးရွာအုပ်စု ရေကျော်ကျေးရွာ မဲရုံမှာ ဒီကနေ့ နေ့လည် ၃း၃၀ နာရီအချိန်တွင် မဲရုံသို့ မဲလာရောက်ပေးမည့်သူ ကုန်သွားပြီဖြစ်တဲ့အတွက် နှစ်ဖက် ပါတီကိုယ်စားလှယ်ရှေ့မှာ မဲစာရင်းကို ရေတွက်ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၉၁ မဲ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၄၅ မဲ၊ ပယ်မဲ ၉ မဲ၊ ရေကျော် ကျေးရွာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အနိုင်ရရှိသွားကြောင်း ကြေငြာခဲ့ပါသည်။
(Burma VJ Media ...)
(၄၅)
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)တွင်ပါဝင်သည့် မိုင်းရယ်မြို့နယ်ရှိ မြို့တွင်းဗဟိုလမ်းမကြီးပေါ်ရှိ မဲရုံများ၌ မဲပေးခွင့်ရှိသူ၏ ၈၀ ရာခိုင်နှုန်းက မဲပေးကြပြီး နယ်စွန်နယ်ဖျားတွင် ၆၀ ရာခိုင်နှုန်းခန့်သာ မဲပေးကြကြောင်း သိရသည်။ လက်ရှိမဲများအရ ပြည်ခိုင်ဖြိုးပါတီအသာစီးရနေပြီး ကျားဖြူမှ ဒုတိယနှင့် NLD မှ တတိယနေရာတွင်လိုက်နေကြောင်း ယခုအချိန်အထိ သိရသည်။
(7Day News ..)
(၄၄)
ပုလဲမြို့နယ် မဲဆန္ဒနယ်မှ ခွပ်ဒေါင်း အနိုင်စာရင်း
ကံသာကျေးရွာ
NLD၁၆၁ ကြံ့ဖွံ့၁ ပယ်မဲ ၁
ကံသစ်ကျေးရွာ
NLD ၂၅၄ ကြံ့ဖွံ့၂၄ ပယ်မဲ ၄၁
ပဲခင်း ကျေးရွာ
NLD၂၉၃ ကြံ့ဖွတ် ၁၈၇ ပယ်မဲ၁၆
ဇီးရင်း ကျေးရွာ
NLD ၂၈၂ ကြံ့ဖွတ် ၁၆၂ ပယ်မဲ၂
ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)၊ ထူးခြားဖြစ်စဉ်များ
၁။ ၆၇ ရပ်ကွက်မဲရုံရှေ့တွင် ကြံ့ခိုင်ရေးမှ ငွေကျပ် ၃၀၀၀ စီပေးပြီး ၄င်းတို့အား မဲထည့်ပေးရန် စည်းရုံးသိမ်းသွင်း ခဲ့သည်။
၂။ ၁၃၈ ရပ်ကွက်တွင် ကြံ့ခိုင်ရေးမှ မဲရုံနှင့်အိမ်အသွားအပြန် အကြိုအပို့လုပ်ပေးခဲ့ကြောင်း။
-နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ အေးမြင့်သာယာကျေးရွာအုပ်စု၊ အေးမြင့်သာယာကျေးရွာ၊ မဲရုံအမှတ်(၁)တွင် မဲရုံဧရိယာအနီးကိုက်(၅၀၀)အတွင်း မည်သူမျှမလာရဟု ဆိုသော်လည်း ကြံ့ခိုင်ရေး ယူနီဖောင်း ၀တ်ဆင်ထားသူ ကိုစိုးလင်း (ဘ)ဥိးစံထွန်း ဆိုင်ကယ်အမှတ် ၄ယ/၆၅၅၈၇ သည် မဲရုံအနီးတွင် ဆိုင်ကယ်ဖြင့် လှည့်ပတ်စီးနင်းနေကြောင်း၊ ဟန့်တားသူ မရှိကြောင်းသိရှိရပါသည်။
---နေပြည်တော် ဥတ္တရသီရိ မဲဆန္ဒနယ်တွင် မဲရုံသုံးရုံသည် ယနေ့နံနက် ၉ နာရီခန့်တွင် ပိတ်သိမ်းသွားခဲ့ရာ အင်န်အယ်လ်ဒီက ၁၆ဝမဲ၊ ပြည်ခိုင်ဖြိုးက ၃၃၉ မဲ၊ တစည ၁၅မဲ၊ ပယ်မဲ ၂၇ မဲ ရလဒ်ရခဲ့သည်ဟုသိရသည်။ အောင်သပြေ၊ လစခ(၈) နှင့် လစခ(၂)မဲရုံများမှ ဖြစ်သည်။
---မိတ္ထီလာမြို့နယ် ရတနာ့မာန်အောင်ရပ်ကွက် အမှတ် (၈) မဲရုံ မှ မဲရလဒ်
ဧပြီ ၁ ၊ ၂၀၁၂ ခုနှစ် မွန်းလွဲ ၁ ခွဲ ရတနာ့မာန်အောင် အမှတ် ၈ မဲရုံ မဲပေးသူအားလုံးပြီးစီး၍ ရေတွက်ရာ ကြံ့ခိုင်ရေးမှ ဦးလှမြင့် ၃၂၀ နှင့် ကြိုတင် ၈ မဲ စုစုပေါင်း ၃၂၈ မဲ၊ ဒီချုပ် ဦးဝင်းထိန် ၂၄ မဲ၊ တသီးပုဂ္ဂလ ဒေါ်မြင့်မြင့်အေး ၄ မဲနှင့် ပယ်မဲ ၂ မဲဖြစ်သည်ဟု မိတ္ထီလာ YPI သတင်းထောက်မှ သတင်းပေးပို့သည်။
---ထန်းတပင်မြို့နယ် နတ်ရွာ၌ မဲပေးခွင့်ရှိသူ ၂၄၇၀ ဦးရှိသည့် အနက် ၃၀၀ ဦးခန့်မှာ မဲစာရင်းတွင် အမည်စာရင်း မပါဝင်သည့်အတွက် မဲပေးခွင့် မရရှိခဲ့ကြောင်း၊ မဲပေးရမည့် စာရင်းတွင် အသက် ၃နှစ်ရွယ်ရှိ ကလေးငယ်များ ပါဝင်နေသည့်အပြင် လွန်ခဲ့သော ၈နှစ်နှင့် ၁၅နှစ်အကြား သေဆုံးပြီးသူများ ပါဝင်နေခဲ့ကြောင်း သိရသည်။ ထို့အပြင် ၂၀၁၀ ပြည့်နှစ်က မဲပေးခဲ့သူအချို့လည်း ယခုမဲစာရင်းတွင် ပါဝင်လာခြင်း မရှိကြောင်း သိရသည်။
---နေပြည်တော်၊ ပုဗ္ဗသီရိမြို့
မကွေးမြို့ မကြီးကန်ကျေးရွာ အုပ်စုအတွင်းရှိ ပုထိုးစမ်းကျေးရွာတွင် မဲပေးခွင့်ရသည့် လူဦးရေ ၃၃၇ ဦးရှိပြီး၊ NLD ပါတီမှ အနိုင်ရရှိသွားကြောင်း သိရသည်။ NLD ပါတီမှာမဲအရေတွက် ၂၅၀ ကျော်၊ ပြည်ခိုင်ဖြိုးမှ ၈၀ ကျော်၊ တစညမှ ၂ မဲနှင့် NDFမှ ၁ မဲ အသီးသီးရရှိထားကြောင်း မကွေးမြို့ NLD အောင်နိုင်ရေးတာဝန်ခံ ဦးဉာဏ်စိန်က အတည်ပြုပြောကြားသည်
နွာထိုးကြီးမြို့နယ် လုံတောကျေရွာတွင် မဲပေးခွင့်ရှိသူ ၃၀၀ နီပါးရှိ၊ နံနက် ၆နာရီမှာ NLD မှ မဲရုံကိုယ်စားလှယ်ကို ၀င်ခွင့်မပြုခြင်းဖြစ်ပွားခဲ့၊ ၆နာရီ ခွဲခန့်တွင် ၀င်ခွင့်ရပြီး မဲပုံးစစ်သည့်အခါ မဲ ၂၀ခန့် ထည့်ထားပြီးကြောင်း တွေ့ရှိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကန့်ကွက်စာတင်ထားသည်။
မဲပုံးထဲ ကြိုတင်ရောက်ရှိနေသော မဲများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
မဲနံပတ် ၃၈၈၆ ဦးသန်းလှ
မဲနံပတ် ၃၈၈၇ ဒေါ်စောတင့်
မဲနံပတ် ၃၈၉၁ မစုစုဝင်း
မဲနံပတ် ၃၈၇၃ မစမ်းတင့်
မဲနံပတ် ၃၈၇၅ မောင်သန်းဇော်လင်း
မဲနံပတ် ၃၇၀၀ ဒေါ်သန်း
မဲနံပတ် ၃၇၀၁ မမုန်းခင်
မဲနံပတ် ၃၇၇၄ မခင်နှင်းဝေ
မဲနံပတ် ၃၇၃၆ မစန္ဒာဦး
မဲနံပတ် ၃၇၃၄ မမျိုးကြီး
မဲနံပတ် ၃၇၃၃ ဦးမန်းတင်
မဲနံပတ် ၃၇၈၉ မောင်ခိုင်ဦး
မဲနံပတ် ၃၇၈၈ ဒေါ်ခင်ရီ
မဲနံပတ် ၃၇၉၀ မောင်ခိုင်ဇာ
မဲနံပတ် ၃၇၇၀ ဒေါ်ဌေးရီ
မဲနံပတ် ၃၇၇၁ ဒေါ်ဌေးကြည်
မဲနံပတ် ၃၇၇၂ မစံ
မဲနံပတ် ၃၇၃၂ ဒေါ်ဝိုင်ကီ
မဲနံပတ် ၃၇၃၅ မောင်ကိုကိုချစ်ဦး
မဲနံပတ် ၃၉၀၈ ဦးမျိုးထွန်းနိုင်
မဲပေးနိုင်သူဦးရေ ၈၈ ဦးသာရှိသည့် ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက် မဲရုံအမှတ် ၃ (GTI) တွင် မဲပေးသူ ၈၈ ဦးစလုံးမဲပေးပြီး ဖြစ်သည့်အတွက် မဲရုံပိတ်ပြီး မဲများရေတွက်ရာတွင် အင်န်အယ်လ်ဒီပါတီက ၅၃ မဲ၊ ပြည်ခိုင်ဖြိုးပါတီက ၃၅ မဲရှိခဲ့သည်ဟု သတင်းရရှိသည်။
ပခုက္ကူမြို့နယ်၊ လမ်းရွာအုပ်စု ပေါင်းကူစွန်းကျေးရွာ မဲရုံအမှတ်(၁၂) တွင် ဆန္ဒမဲပေးသူ ၁၁၃ ဦးမှ ၊ NLD က ၉၀မဲ၊ ပြည်ခိုင်ဖြိုးက ၁၆မဲ၊ ပယ်မဲ ၇ မဲတို့ဖြင့် မဲရေတွက်ပြီးစီးသွားပြီး မဲအပြတ်အသတ်နှင့် NLD ပါတီအနိုင်ရသွားကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။
(ဒီမိုဝေယံဘလော့မှ ...)
(၄၃)
ပဲခူးတိုင်း အရှေ့ တောင်ငူမြို့ မဲဆန္ဒနယ်မှ ရက်ကွက် ၂ တွင် မဲဆန္ဒရှင် အိမ်ထောင်စုများ ရာနှင့်ချီ မဲပေးခွင့် မရတာကြောင့် ပြည်သူများ မကျေမနပ်ဖြစ်နေကြပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် က အခုလို ပြည်သူတွေ မကျေမနပ်ဖြစ်ပြီး မဲရုံရှေ့မှာ စုဝေးနေတဲ့အတွက် လုံခြုံရေး အရ လိုအပ်ရင် မဲရုံကို ပိတ်ပစ်မည် ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းရရှိပါသည်။
ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၂း၃၀ နာရီ
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မဲဆန္ဒနယ် ရေကျော်ကျေးရွာအုပ်စု နောင်လုံကျေးရွာ မဲရုံမှာ ဒီကနေ့ နေ့လည် ၁၂း၀၀ နာရီအချိန်တွင် မဲရုံသို့ မဲလာရောက်ပေးမည့်သူ ကုန်သွားပြီဖြစ်တဲ့အတွက် နှစ်ဖက် ပါတီကိုယ်စားလှယ်ရှေ့မှာ မဲစာရင်းကို ရေတွက်ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၁၇ မဲ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၃၇ မဲ၊ ပယ်မဲ ၂ မဲ၊ မဲလာရောက်မပေးသူ ၇ ဦး ရှိသောကြောင့် နောင်လုံကျေးရွာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အနိုင်ရရှိသွားကြောင်း ကိုယ်စားလှယ်များက ပုံစံ(၁၆) တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ မဲရေတွက်ရာတွင် ကြိုတင်မဲ ၇ မဲကိုပါ ထည့်သွင်းရေတွက်ခဲ့တာဖြစ်ပြီး မဲ ၇ မဲလုံးဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုသာ ပေးထားတာဖြစ်ကြောင်း သိရှိရပါသည်။
ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၂း၄၅ နာရီ
ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) ရှိ လက်ဆည်ကျေးရွာ မဲရုံရှေ့မှာရှိတဲ့ သစ်ပင်တပင်တွင် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်း၏ မဲဆွယ်စည်းရုံးမှု ဗီနိုင်းပိုစတာကို မဲစတင်ပေးခွင့် ရှိသည့် အချိန်မှ စ၍ နေ့လည် ၁၂း၀၀ နာရီ အချိန်ခန့် အထိ ကပ်ထားသည်ကို တွေ့ရပါသည်။ အဆိုပါကိစ္စအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲရုံကိုယ်စားလှယ်လောင်းမှ မဲရုံသို့ သွားရောက်ကန့်ကွက်သော်လည်း အကြောင်းပြန်ကြားမှု မရှိဘူးဟု သိရပါသည်။
ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁း၀၀ နာရီ
နေပြည်တော်ခရိုင် ပုဗ္ဗသီရိမြို့နယ် ရွာတော်အုပ်စု ရွာသစ်ကျေးရွာ မဲရုံ အမှတ် (၃) မှာ ကြံ့ခိုင်ရေးပါတီမှ ပါတီဝင် ၄ ယောက်က မဲရုံပရဝုဏ်အတွင်း ကြံ့ခိုင်ရေးပါတီ အင်္ကျီတွေ ဝတ်ဆင်ပြီး မဲဆွယ်စည်းရုံးမှု ပြုလုပ်နေသည်ဟု မဲဆန္ဒသွားရောက်ပေးခဲ့သူ ကျေးရွာသားတဦးမှ ဘားမားဗီဂျေ မီဒီယာနက်ဝက်ကို ပြောကြားပါသည်။
ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၁း၀၀ နာရီ
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ထဲမှာ ရှိတဲ့ မဲရုံ အများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံရင် ထောက်ခံမဲအတွက် ခြစ်ရမယ့် အကွက်မှာ
ဘောလ်ပန်ရာ မထင်အောင်လို့ ဖယောင်းသုတ်ထားသည်ဟု သိရပါသည်။ မြို့နယ်နှင့် ရပ်ကျေးအဆင့်တွေအထိ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲပေးပိုင်ခွင့်ရှိခဲ့တဲ့ မိသားစုလိုက် စာရင်း ပျောက်နေတာမျိုး၊ မဲစာရင်းစာရွက်တွေမှာ ပယ်မဲဖြစ်အောင် အပေါက်ပါသည့် မဲပြားတွေကို ပေးထားပြီး ပြန်လဲမည်ဆိုလျင် မဲရုံမှူးတွေမှ မဲလက်မှတ် အပိုမရှိသည့် အတွက် မလဲပေးကြောင်း သိရပါသည်။ မဲပြားများတွင် ကော်မရှင်တံဆိပ် မပါရှိသည့်အပြင် မဲရုံမှူး လက်မှတ်လဲ မပါသည့်အတွက် ပယ်မဲ ပြဿနာများနှင့် ကြုံတွေ့နေရပါသည်။ အခုလို ဖြစ်ပွားခဲ့တဲ့ ပြဿနာများအပေါ် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်နှင့် မဲရုံကိုယ်စားလှယ်တွေမှ တဆင့် ကန့်ကွက်စာ ပို့ဆောင်ပြီး သတင်းပေးပို့ထားသည်ဟု တံတားဦးမြို့ခံတစ်ဦးက ဘားမားဗီဂျေမီဒီယာ ကို ပြောပါသည်။
ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၁း၃၀ နာရီ
နေပြည်တော်ခရိုင် ပုဗ္ဗသီရိမဲဆန္ဒနယ်အတွင်း မဲရုံတွေမှာရှိတဲ့ မဲပြားတွေမှာ ဖယောင်းသုတ်ထားသည့် မဲပြားများ အများအပြား ရှိနေသည်ဟု သိရပါသည်။ ကြံ့ခိုင်ရေးပါတီ အားကောင်းသည့် မဲရုံတွေမှာ အဆိုပါမဲပြားမျိုး မတွေ့ရဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အားကောင်းသည့် မဲရုံတွေမှာ အခုလို ဖယောင်းသုတ်ထားသည့် မဲပြားများ ရှိနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး အကူအညီပေးနေသူ တစ်ဦးဖြစ်သည့် မသင်းဂျူလိုင်ကျော် က ပြောပါသည်။ နေပြည်တော်ခရိုင် ပုဗ္ဗသီရိမြို့နယ် မဲဆန္ဒနယ်အတွင်း
မဲရုံပေါင်း ၈၂ ရုံ မဲပေးပိုင်ခွင့်ရှိသူပေါင်း ၅၆၉၄၁ ဦး ရှိပြီး ပုဗ္ဗသီရိ တပ်နယ်အတွင်း တပ်ရင်းမိသားများ အားလုံးမှာ ကြံ့ခိုင်ရေးပါတီကိုသာ ကြိုတင်မဲ ပေးလိုက်ရသည်ဟု အစောပိုင်းသတင်းများအရ သိရပါသည်။
ဧပြီ ၁ ရက်၊ မြန်မာစံတော်ချိန် မနက် ၁၂း၀၀ နာရီ
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ်အတွင်း ရွေးကောက်ပွဲ ကော်မရှင်က ဝက်လူးတိုက်နယ်ခွဲမှာ ရှိတဲ့ ကတောင်းကျေးရွာက မဲဆန္ဒရှင်တွေကို မှတ်ပုံတင် ယူဆောင်လာပေမဲ့ မဲပေးမည့်စာရင်းမှာ မပါဝင်သည့်အတွက် မဲပေးခွင့်
မရှိသည့် လူ (၂၅) ယောက်လောက် ကျန်နေသည့် အတွက် နွားထိုးကြီးမြို့နယ် ကော်မရှင်ရုံးမှာ ထောက်ခံစာ လုပ်ပြီး ပြန်လာတဲ့အခါမှာလည်း မဲရုံက လက်မခံသည့် အတွက် လက်မခံလျင် တရားစွဲဆိုမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်တွေက ပြောကြားသည့်အခါမှ လက်ခံခဲ့သည်ဟု သိရတယ်။ မဲပေးခွင့်ရှိသည့် လူတချို့မှာလည်း မဲစာရင်းနံပါတ် မသိသည့်အတွက် ရှာနေစဉ်အတွင်းမှာလဲ မဲရုံးတာဝန်ရှိသူတွေက အကူအညီ မပေးဘဲ ဟိန်းဟောက်တာမျိုး ပြုလုပ်နေသည်ဟု သိရပါသည်။ မဲဆန္ဒရှင်တွေဘက်က မဲပေးသည့်အခါ အမှားအယွင်းရှိခဲ့လို့ မဲစာရွက် လဲပေးဖို့ တောင်းဆိုသောအခါ မဲရုံတာဝန်ရှိသူတွေမှ လဲလှယ်မပေးဘူးဟု ဆိုပါသည်။ အခုလို ဖြစ်ရပ်မျိုး နွားထိုးကြီးမြို့နယ် ကျေးရွာတိုင်းမှာ ဖြစ်နေပြီး (၂၀၁၀) ရွေးကောက်ပွဲ တုန်းကတောင် မှတ်ပုံတင် မရှိတဲ့သူ၊ အိမ်ထောင်စုဇယား မရှိတဲ့သူတွေကို မဲပေးခွင့်ပေးခဲ့ပြီး အခု မဲတွေက ကြံ့ခိုင်ရေးပါတီကို မပေးမယ့် မဲတွေမှန်း သိသည့်အတွက် ကန့်သတ် ချုပ်ချယ်မှုတွေ ပြုလုပ်နေတာဖြစ်ကြောင်း မဲဆန္ဒရှင်တွေက သုံးသပ်ဝေဖန်သလို မဲမပေးတတ်တဲ့သူတွေကိုလဲ မဲရုံတာဝန်ရှိသူတွေက လုပ်ပေးမယ်ဆိုပြီး မဲဆန္ဒရှင်တွေရဲ့ သဘောထားကို မမေးမြန်းဘဲ မဲစာရွက်မှာ ခြစ်ချင်တာ ခြစ်လိုက်ပြီး မဲပုံးထဲ ထည့်လိုက်တာမျိုးတွေ အထိ ပြုလုပ်နေသည်ဟု ကတောင်းကျေးရွာ ဒေသခံတဦးက ဘားမားဗီဂျေမီဒီယာကို ပြောပါသည်။
(သစ်ထူးလွင် ဘလော့မှ ...)
(၄၂)
ဝါးခယ်မမြို့နယ်တွင် မဲရုံပေါင်း ၂၇၇ ခုရှိပြီး မဲပေးခွင့်ရှိသူပေါင်း ၁၈၅၀၀၀ ကျော်ရှိကြောင်း သိရသည်။ မြို့ပေါ်ရပ်ကွက်များတွင် မဲရုံ (၁၇) ရုံရှိပြီး မြသိန်းတန်ရပ်ကွက်သည် မဲပေးသူအများဆုံး ရပ်ကွက်ဖြစ်ကြောင်း သိရသည်။
ထူးခြားဖြစ်စဉ်များမှာ စံပယ်ယိုကျေးရွာတွင် ကြိုတင်မဲများ၌ ကြံခိုင်ရေးပါတီကို အမှန်ခြစ်ပြီးသား မဲလက်မှတ်များဖြင့် မဲပေးခိုင်းသည်ကို တွေ့ရ။ ကျုံလတာကျေးရွာတွင် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း ရှိပြီး နေထိုင်သည်မှာ (၁၀) နှစ်ကျော်ရှိပြီ ဖြစ်သည့် မွတ်ဆလင်လူမျိုး (၂၀၀) ကျော် မဲပေးခွင့်မရ။ ထန်းလေးပင်ရွာတွင် ကြံခိုင်ရေး ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်၏ တူမအရင်းဖြစ်သူကို မဲရုံမှုး တာဝန်ပေးထားပြီး အန်အယ်ဒီပါတီမှ ကန့်ကွက်သဖြင့် လဲလှယ်ပေးခဲ့။
နံနက် ၉နာရီခွဲအချိန်တွင် ကျေးရွာအုပ်စုများ၌ မဲပေးမှုမှာ ပြီးသလောက် နီးပါးရှိနေခဲ့ပြီး မြို့ပေါ်ရပ်ကွက် အချို့တွင် မဲပေးမှုများ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်သည်။
ဝါးခယ်မမြို့နယ် ကိုယ်စားလှယ်လောင်းများ
ဒေါ်မြင့်မြင့်စန်း (NLD)
ဦးထွန်းအောင်ကျော် (ကြံခိုင်ရေး)
ဒေါ်ရီရီစံ (ခေတ်သစ်ပြည်သူ့ပါတီ)
ဦးသန်းအောင် (တ-စ-ည)
(ကိုဝင်းချို ဖေဘွတ်မှ ...)
(၄၁)
မွန်ပြည်နယ်ရှိ တစ်ခုတည်းသော မဲဆန္ဒနယ် ဖြစ်သည့် မော်လမြိုင်ရှိ ဈေးချို မဲရုံ အမှတ် ၆၊ ၇၊ ၈ မဲရုံ ၃ ရုံတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ က အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း အဆိုပါ မဲဆန္ဒနယ်၌ သတင်းသွားရောက်ယူနေသူ The Voice Weekly သတင်းထောက်က တိုက်ရိုက် သတင်းပေးပို့သည်။
(၄၀)
တင်္နသာရီတိုင်း လောင်းလုံမြို့ မဲရုံ ၉ရုံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၇၁၉ မဲ ရရှိပြီး အနိုင်ရရှိခဲ့ကြောင်း သိရပါသည်။
(11 Media ...)
(၃၉)
ကြားဖြတ်ရွေးကောက်ပွဲမှ အသံဗလံများ
ကြိုတင်မဲ လက်မှတ်များမှ လွဲပြီး လှည်းကူးမြို့နယ် တစ်မြို့နယ်လုံး၏ မဲလက်မှတ်များတွင် မဲရုံမှူးလက်မှတ်သာပါရှိပြီး ကော်မရှင်လက်မှတ်မပါရှိသဖြင့် မဲပေးသူများအကြား မိမိတို့၏ အသည်းကြားမှ မဲပြားများ ပယ်မဲဖြစ်သွားမည်ကို စိုးရိမ်ပူပန်မှုများ ရှိနေကြကြောင်း သတင်းများ ထွက်ပေါ်လာပြီး၊ ယင်းကို မြို့နယ်ကော်မရှင်က ထိုသို့မဖြစ်ပေါ်စေရန် တာဝန်ယူကြောင်းနှင့် ရပ်ကျေး မဲရုံမှူးများကလည်း ထိုသို့ဖြစ်ပေါ်မှုကို ကော်မရှင်သို့ အသိပေအကြောင်းကြားထားကြောင်း သိရသည်။
သို့ရာတွင် ယင်းသတင်းထွက်ပေါ်လာပြီး မကြာမီ မဲလက်မှတ်များပေါ်တွင် ကော်မရှင်၏ လက်မှတ်ကို အသားတံဆိပ်ဖြင့် ခပ်နှိပ်ပေးထားကြောင်း ဖြေရှင်းချက် ထွက်ပေါ်လာသည်ဟု သိရသည်။
တစ်ဖန် လှည်းကူးမှာပင် လေးနှစ်သားအရွယ် မောင်ဟိန်းထက်အောင် ဆိုသူ ကလေးလေး မဲစာရင်းတွင် ပါဝင်နေသဖြင့် ကလေးမိခင်ဖြစ်သူပါ NLD အောင်နိုင်ရေးရုံးသို့ ရောက်ရှိလာကြောင်း၊ ထိုနည်းတူ ဒေါ်အုန်းကြွယ်ဆိုသူ အမျိုးသမီးသည် သေစာရင်းထဲပါနေသော်လည်း မဲစာရင်းတွင် ပါရှိနေကြောင်း သို့ဖြစ်သည့်အတွက် ကော်မရှင်ရုံးသို့ သွားရောက်ဖြေရှင်းနေကြောင်း သိရသည်။ အလားတူပင်မဲစာရင်းတွင် ပါဝင်နေသော်လည်း မဲမပေးရသူ ၃၀မှ ၄၀ခန့်အထိ ရှိနေကြောင်း သိရသည်။
လှည်းကူး၊ သီတာအေးရပ်ကွက် မဲရုံတွင် ဇနီးဖြစ်သူ ကြံ့ခိုင်ရေးပါတီဝင်က မဲရုံတာဝန်ကျပြီး၊ ခင်ပွန်းဖြစ်သူက ကော်မရှင်အဖွဲ့ဝင် ဖြစ်နေသဖြင့် ယင်းရပ်ကွက်မှ မဲပေးသူများအကြား စိတ်ကသိကအောက်ဖြစ်မှုများ ခံစားကြရကြောင်း သိရသည်။
ကော့မှူးမြို့နယ်၊ သရက်တောကျေးရွာတွင်လည်း လူ၂၀ခန့် မဲမပေးရလိုက်ဘဲ ဖြစ်နေခဲ့ပြီး၊ သမင်ခြံကျေးရွာတွင် မဲရုံတာဝန်ကျသူများက ကြိုတင်မဲစာရင်း ထုတ်ပြန်ပေးခြင်း မရှိကြောင်းသိရသည်။
ထိုကဲ့သို့ပင် မဲစာရွက်များပေါ်မှ NLD ပါတီ၏ မဲပေးခြစ်ရမည့် ဧရိယာတွင် ဖယောင်းများ ကပ်ထားပြီး ဘောလ်ပင်ဖြင့် မဲပေးအမှန်ခြစ်ပါက အရာမထင်စေရန်နှင့် ဖယောင်းသုတ်ထားသည့်အတွက် ဘောလ်ပင်ဖြင့် ခြစ်ပါက တစ်ကြိမ်ခြစ် မထင် နှစ်ကြိမ်ခြစ်မထင်ဖြစ်ကာ အစွန်းအထင်း ဖြစ်ပါက ပယ်မဲဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ထားမှုများ ရှိနေသည်ဟု ကော့မှူး၊ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်မြေများတွင် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာတွင်မူ တပ်နယ်မြေများမှ တပ်မတော်သားများအား တပ်ရင်းမှူးက ကြံ့ခိုင်ရေးကိုသာ မဲပေးရမည်ဟု ဖိအားပေးစေခိုင်းသဖြင့် အင်န်အယ်လ်ဒီကိုယ်စားလှယ် ဦးဝင်းတင်(မိတ္ထီလာ) လိုက်လံဖြေရှင်းပေးခဲ့ရကြောင်း သိရသည်။
သုံးခွမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်များမှ မဲရုံကိုယ်စားလှယ်များကမူ မီဒီယာသမားများကို နွေးနွေးထွေးထွေးဆက်ဆံပြီး၊ မဲရုံအတွင်း ဓာတ်ပုံရိုက်ခွင့်၊ ၀င်ရောက်လေ့လာခွင့်များပြုခဲ့ကြောင်း သတင်းသမားများက မှတ်ချက်ပြုကြသည်ကို တွေ့ရသည်။
ယင်းအပြင် သုံးခွ၊ တာဆုံကျေးရွာရှိ မဲရုံများတွင် မဲပေးသူများကို အသံချဲ့စက်ဖြင့် မဲလာရောက်ပေးနိုင်ပါပြီဆိုသည့်အကြောင်း ကြေညာပေးခဲ့ကြကြောင်း သိရသည်။
(Yangon Media Group ...)
(၃၈)
မကွေးအရှေ့ဘက်ရှိ မထီးကန်ရွာတွင် မဲပေးခွင့်ရရှိသူ စာရင်း၌ မပါဝင်ဘဲ ကျန်နေခဲ့သည့် လူဦးရေ ၁၆၀ ကျော် ရှိနေကြောင်းနှင့် အဆိုပါ ကျန်ရစ်ခဲ့မှုကို မကျေနပ်သောကြောင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေရာ အဆိုပါ ရွာရှိ မဲရုံသို့ မကွေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်း ကိုယ်တိုင် သွားရောက်ပြီး ဖြေရှင်းမှု ပြုလုပ်နေကြောင်း သိရပါသည်။ ထို့အပြင် မကွေးမြို့ မြင်သာရပ်ကွက်ရှိ မဲရုံတွင်လည်း လူ ၉၀ ခန့် မဲစာရင်း၌ ပါဝင်လာခြင်း မရှိသဖြင့် မကျေနပ်မှုများ ဖြစ်ပေါ်နေသည်ဟု မကွေးဒေသခံများက ပြောကြားပါသည်။
(11 Media ..)
(၃၇)
ကျွန်းစုမြို့နယ် မဲဆန္ဒနယ် အတွင်းရှိ မြန်မာ တာဆာကီ၊ ရေကန်တောင် ကျေးရွာအုပ်စုတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၂၁ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၄ မဲ၊ ပသျူးချောင်း ကျေးရွာ၊ ကံမော် ကျေးရွာအုပ်စုတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၇၇ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၃ မဲနှင့် ပယ်မဲ ၅ မဲ အသီးသီး ရလဒ်ထွက်ပေါ်ခဲ့ပြီး မနွဲ့ကျေးရွာ ရေမျက်ကြီး ကျေးရွာအုပ်စုတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၇၀ ရာခိုင်နှုန်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၀ရာခိုင်နှုန်းဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိကြောင်း ကျွန်းစုမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန်....
(ဒီမိုဝေယံ ...)
(၃၆)
မော်လမြိုင်မြို့ ၊ မုပွန် ရပ်ကွက်တွင် မဲရုံ ၇ ရုံမှ ဆန္ဒမဲ စာရွက် ၈ ရွက်စီ ထုတ်ယူသွားမှုကို NLD ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ တို့မှ ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားရာ ရွေးကောက်ပွဲ ကော်မရှင်မှ အဆိုပါ ဆန္ဒမဲ စာရွက်များကို ပယ်မဲအဖြစ် သတ်မှတ် ပေးမည်ဟု ပြောကြားကြောင်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး က The Voice Weekly သို့ပြောကြားသည်။
(The Voice Weekly ...)
(၃၅)
ယနေ့ မနက် အစောပိုင်းက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အတွင်းနေထိုင်သော တရုတ်အမျိုးအနွယ်ဝင် အိမ်များသို့ လူအချို့ လာရောက်ပြီး တရုတ်လူမျိုးများ မဲမပေးဘဲ နေလို့ရသည့် အတွက် အပင်ပန်းခံပြီး မဲပေးစရာ မလိုကြောင်း လိုက်လံ ပြောကြားမှုများ ရှိကြောင်း သတင်းရရှိသည်။
(CJMYanmar ...)
(၃၄)
Update : 2.10 pm ပခုက္ကူမြို့နယ်၊ လမ်းရွာအုပ်စု ပေါင်းကူစွန်းကျေးရွာ မဲရုံအမှတ်(၁၂) တွင် ဆန္ဒမဲပေးသူ ၁၁၃ ဦးမှ ၊ NLD က ၉၀မဲ၊ ပြည်ခိုင်ဖြိုးက ၁၆မဲ၊ ပယ်မဲ ၇ မဲတို့ဖြင့် မဲရေတွက်ပြီးစီးသွားပြီး မဲအပြတ်အသတ်နှင့် NLD ပါတီအနိုင်ရသွားကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။
(7 Day News ...)
(၃၃)
သာစည်မြို့ရှိ မူလတန်းကျောင်း မဲရုံတွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က ၁၂၈မဲ ရရှိခဲ့ပြီး အနိုင်ရရှိခဲ့ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၄၆ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၆ မဲနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီက ၂ မဲ ရရှိခဲ့ပြီး ပယ်မဲ ၁၇မဲ ရှိကြောင်း သိရသည်။
(11 Media ...)
(၃၂)
Update : 3.02 pm ကော့မှုးမြို့တွင်းရှိမဲရုံများတွင် မဲပေးခဲ့သူဦးရေ ၅၀ ကို 7Day News သတင်းထောက်များက ကျပန်းမေးမြန်းခဲ့ရာ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကိုမဲပေးခဲ့ကြောင်း ဖြေကြားခဲ့ကြသည်။
(7 Day News ...)
(၃၁)
တောင်ငူက မဲရုံတော်တော်များများမှာ အသက်ပြည့်ပြီးမဲပေးခွင့်မရသူလူငယ် တော်တော်များများရှိနေပါတယ်။ တချို့ရပ်ကွက်တွေမှာဆို လေးရာကျော် ငါးရာနီးပါးရှိပါတယ်။ ဒါကြောင့် တောင်ငူရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲလို့ သတ်မှတ်လို့မရဘူး
(ဦးအောင်စိုးမြင့်- တောင်ငူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(11 Media ...)
(၃၀)
ကလောမြို့နယ် ဟဲဟိုး ဘောဆိုင်း တံတာကန်း မူလွန် မဲရုံ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၄၁၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး တိုင်းရင်းသား ညီညွတ်ရေး ပါတီက ၁၂ မဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၇မဲနှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က ၂ မဲရရှိခဲ့ကြောင်း သိရပါသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာမူ အဆိုပါ မဲရုံ၌ မဲရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
(11 Media ...)
(၂၉)
သိန္နီမှာ ကျားဖြူအောင်ပွဲခံပြီ။ တန့်ယန်းနဲ့ မိုင်းရယ်မှာလည်း အခြေအနေကောင်းတယ်လို့ ကြားတယ်။ နိုင်ဖို့သေချာနေပြီလို့ သိရတယ်။
(ဥက္ကာကိုကို ဖေဘွတ် စာမျက်နှာမှ ...)
(၂၈)
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်မှာ မဲပေးနိုင်သူ မဲဆန္ဒရှင်ပေါင်း တသိန်း နှစ်သောင်းကျော်၊ မဲရုံ ၇၉ ရုံနဲ့ ရပ်ကွက် ၁၈ ခု ရှိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအုန်းကြိုင်၊ ကြံ့ခိုင်ရေးပါတီမှ ဦးသန်းထွန်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဦးထွန်းကြည်၊ အမျိုးသားဒီမိုကရေစီအင်အားစုက ဦးလှကို၊ ပြည်သူ့ဒီမိုကရေစီပါတီက ဒေါက်တာသန်းထိုက်ဦးနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း သုံးယောက် ဖြစ်တဲ့ ဦးစိန်လှ၊ ဦးညွန့်ဦးနဲ့ ဦးကျော်ကျော်တို့ဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာကို ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာတော့ မန္တလေးမြို့ခံ ပြည်သူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆို အားပေးနေကြတာ ဖြစ်ပါတယ်။
(Burma VJ Media Network)
(၂၇)
မတ်လ ၃၁ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အတွင်းရှိ မဲရုံများနှင့် ကော်မရှင်ရုံးများသို့ နိုင်ငံတကာမှ လေ့လာစောင့်ကြည့်ရေးအဖွဲ့များနှင့် နိုင်ငံတကာမှ မီဒီယာများ လာရောက်လေ့လာ မှတ်တမ်းယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“မဲရုံတွေကို လိုက်လေ့လာတယ်။ ပြီးတော့ အန်ကယ်တို့ မြို့နယ်ကော်မရှင်ရုံးကို လာပြီး မေးမြန်းလေ့လာ ကြတယ်။ အန်ကယ်တို့ဘက်က အတတ်နိုင်ဆုံး သူတို့ သိချင်တာတွေ မီဒီယာနဲ့ ပတ်သတ်ပြီ လိုက်နာရမယ့် စည်းကမ်းတွေကို ပြောပြပေးပါတယ်”ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ ဦးဝင်းဇော်က ပြောသည်။
နိုင်ငံတကာမှ လေ့လာစောင့်ကြည့်ရေး အဖွဲ့များသည် မင်္ဂလာတော်ညွန့်မြို့နယ်အတွင်းရှိ မဲရုံများနှင့် မဲရုံအတွင်းပိုင်းများ၊ မဲပုံးပုံစံအထားအသိုများနှင့် ဆန္ဒပြုခန်းများကို မှတ်တမ်းဓါတ်ပုံများ၊ ဗီဒီယိုများ ရိုက်ကူးခဲ့ကြောင်းနှင့် ရွေးကောက်ပွဲနေ့တွင် မီဒီယာများ သတင်းရယူခွင့်ရရှိသည့် နေရာများနှင့် ထိုနေ့တွင် မီဒီယာများလိုက်နာရမယ့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ဥပဒေ၊ နည်းဥပဒေများကို မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“သူတို့က ရွေးကောက်ပွဲနေ့ကျရင် မီဒီယာတွေလိုက်နာရမယ့် ဥပဒေ၊ နည်းဥပဒေတွေကိုမေးပါတယ်။ ပြီးတော့ မဲရုံမှုးတွေက ဘယ်လိုစောင့်ကြည့်တာမျိုးလုပ်မှာလဲတို့မေးပါတယ်။ တစ်ခုက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ကျွန်တော်တို့ အနေနဲ့ ကိုယ့်ဆန္ဒနဲ့ကိုယ် အင်္ဂလိပ်လို ဘာသာပြန်ခွင့်မရှိဘူး၊ အဲတစ်ခုတော့ရှိတယ် အဲဒါကြောင့် သူတို့ စကားပြန်ကိုပဲ ပြန်ခိုင်းပါတယ်”ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ဖို့မြေရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
(ရွှေမြစ်မခ မီဒီယာ)
(၂၆)
မရမ်းကုန်းမြို့နယ်တွင် မတ်လ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့တို့တွင် ကြိုတင်မဲပေးသူလူဦးရေ တထောင်ကျော်ခန့်ရှိကြောင်း သိရှိရသည်။
မတ်လ ၃၀ ရက်နေ့တွင် ကြိုတင်မဲပေးသူ ပေါင်း ၄၄၆ (လေးရာလေးဆယ့်ခြောက်ဦး)ရှိပြီး မတ်လ ၃၁ ရက်နေ့တွင် ကြိုတင်မဲပေးသူပေါင်း ၆၀၀ ခန့်ရှိကြောင်း သိရှိရသည်။
“ကြိုတင်မဲတွေကို ကြိုတင်ချပေးထားတာရှိပါဘူး ရပ်ကွက်ကော်မရှင်က အကြောင်းကြားမှ လူဦးရေလိုက် စီစစ်ပြီးမှ သေချာအောင်စစ်ဆေးပြီးမှ ကြိုတင်မဲဆောင်ရေကို ထုတ်ပေးတာပါ”ဟု မရမ်းကုန်းမြို့နယ်ကော်မရှင် ရုံးမှ တာဝန်ရှိသူတဦးထံက သိရှိရသည်။
မနက် ၆ နာရီမဲရုံဖွင့်တာနဲ့ ကြိုတင်မဲပေးမယ့်သူတွေလာရောက် အကြောင်းကြားနိုင်ကြောင်း ကြိုတင်မဲအဆောင်အရေ အတွက်သတ်မှတ်ထားတာမရှိကြောင်း မရမ်းကုန်းမြို့နယ်ကော်မရှင် အတွင်းရေးမှူး ဦးအောင်ဇင်ဦးက ပြောသည်။
“မဲရုံစဖွင့်တာနဲ့ ကြိုတင်မဲပေးလို့မရသေးဘူး တိကျတဲ့စာရင်းရှိမှ ကြိုတင်မဲတွေကိုထုတ်ပေးတာပါ ညနေ မဲရုံပိတ်တဲ့အချိန်ကျတော့ အန်ကယ်တို့စာရင်းပေါင်းပါတယ်” ဟု မရမ်းကုန်းမြို့နယ်ကော်မရှင် မှ တာဝန်ရှိသူက ပြောသည်။
(မြစ်မခ မီဒီယာ)
(၂၅)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ နန်းပန်တစ်ကျးရွာတွင် မဲစာရင်း အမည်မပေါက်သူ ၂၈ ဦးအား ကြိုတင်မဲ ယုထားကြောင်း အဆိုပါ နန်းပန်တစ် ကျေးရွာမှ NLD မဲရုံကိုယ်စားလှယ်က မြစ်မခ သတင်းထောက် ကောင်းမြတ်ဖြိုးသို့ ပြောဆိုကြောင်း မြစ်မခ သတင်းထောက်က သတင်းပေးပို့ပါသည်။
(မြစ်မခ မီဒီယာ)
(၂၄)
ဒေါ်အောင်ဆန်းစုကြည် တည်းခိုနေသောအိမ်နှင့် ၀ါးသိင်္ခရွာလယ်လမ်းမများကိုဒေသခံအလှူရှင်တစ်ဦးက မိုးလင်းပေါက် မီစက်နှိုးကာ လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်ပေးထားသည်။
7Day News...
(၂၃)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၃)၊ ငါးမြို့နယ်တွင်ပါဝင်သည့် တန့်ယန်းမြို့နယ်အတွင်းရှိ
မဲဆန္ဒနယ်မြေအတွင်း ကျေးရွာအုပ်စု ၁၀ ခုမှ မဲရုံ ၁၁ မှာ SSA(Shan State Army) အဖွဲ့မှ ယင်းတို့စိုးမိုးသည့်နယ်မြေအတွင်း ပါဝင်နေသဖြင့်
မဲရုံဖွင့်လှစ်ခွင့်၊ မဲဆန္ဒပေးခွင့်မပြုရန် သဘောထားတင်းမာနေပြီး ယင်းမဲရုံ ၁၁ ရုံအနက်မှ ၂ ရုံကိုသာ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ် ကြောင်း
တန့်ယန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ ယခုလ ၂၈ ရက်က အကြောင်းကြားလိုက်ကြောင်း သတင်းရရှိသည်။
တန့်ယန်းမြို့နယ်အတွင်း မဲရုံဖွင့်လှစ်မည့် ကျေးရွာအုပ်စု ၈၆ ခုရှိပြီး SSA(Shan State Army) အဖွဲ့မှ ခွင့်မပြုသည့် ကျေးရွာများမှာ
ရှမ်းပြည်မြောက်ပိုင်းဒေသအစွန်ဖျား၊ မိုင်းရှူးဒေသအနီးတွင်တည်ရှိသည့် တောင်သျှိုး၊ နမ့်လပ်၊ ကောင်းလန်း၊ မန်လွယ်၊ မန်ကောင်း၊ နားဝိုင်၊
ပန်ဖိ၊ နမ့်စိုင်၊ ခမ်းပုန်း၊ နမ့်အွန် ကျေးရွာတို့ဖြစ်ကြသည်။
ယင်းကျေးရွာ ၁၀ ရွာတွင် မဲရုံ ၁၁ရုံဖွင့်လှစ်ရန် မူလစီစဉ်ထားရှိပြီး ယခုအခါ SSA(Shan State Army) အဖွဲ့မှ တောင်သျှိုးနှင့်
မန်လွယ်ကျေးရွာတို့ကိုသာ ခွင့်ပြုပေးသည့်အတွက် ကျန်ကျေးရွာ ရှစ်ရွာရှိမဲရုံများကို တောင်သျှိုးနှင့် မန်လွယ်သို့ ရွေ့ပြောင်းပေါင်းစပ်ရမည့်
အနေအထားဖြစ်နေကြောင်း သိရသည်။
တန့်ယန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ မဲရုံမှူးများနှင့်တကွ၊ မဲရုံတာဝန်ယူမည့်ကျောင်းဆရာ၊ ဆရာမများအင်အား ၆၀ ကျော်
ပါဝင်သည့်အဖွဲ့ကို ယင်းကျေးရွာများသို့ ယခုလ ၂၉ ရက်နေ့က စေလွှတ်လိုက်ပြီး မူလရည်မှန်းချက်အတိုင်း ၀င်ရောက်နိုင်သည့်နေရာအထိ
ညှိနှိုင်း၍ ၀င်ရောက်ဆောင်ရွက်ကြရန် ညွှန်ကြားလိုက်ကြောင်း တန့်ယန်းမြို့နယ်ကော်မရှင်ဥက္ကဌ ဦးစံအေးက 7Day News မှ
သတင်းထောက်၏ သွားရောက်မေးမြန်းမှုကို ယနေ့နေ့လည်ပိုင်းက ပြန်လည်ဖြေကြားခဲ့သည်။
(7Day News ...)
(၂၂)
ဖျာပုံ ၊ ဒေးဒရဲ မြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်ဒီမှ ဦးသိန်းဆွေကို မဲ မပေးကြဖို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဖျာပုံမြို့နယ်တွင်း အနိုင်ရခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ ဧရာဝတီတိုင်း စည်းရုံးရေးတာဝန်ခံ ဗိုလ်ချုပ်ဟောင်းစိုးနိုင်ကပြောဆိုခဲ့ကြောင်း ဒေဒရဲမြို့နယ်က ဒေသခံတစ်ဦးက Burma VJ Media ကိုပြောပါတယ်။
(Burma VJ Media Network)
(၂၁)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ နန်းပန်တစ်ကျေးရွာတွင် မဲစာရင်း အမည်မပေါက်သူ ၂၈ ဦးအား ကြိုတင်မဲ ယုထားကြောင်း အဆိုပါ နန်းပန်တစ် ကျေးရွာမှ NLD မဲရုံကိုယ်စားလှယ်က မြစ်မခ သတင်းထောက် ကောင်းမြတ်ဖြိုးသို့ ပြောဆိုကြောင်း မြစ်မခ သတင်းထောက်က သတင်းပေးပို့ပါသည်။
(May Thingyan Hein ) ...
(၂၀)
သုံးခွမှာ ကြိုတင်မဲအရ NLD နိုင်နေ ...
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် ကြိုတင်မဲတွင် NLD ကိုယ်စားလှယ်ဒေါ်စုစုလွင်မှ အနိုင်ရရှိသွားကြောင်း သုံးခွမြို့သို့ေ၇ာက်ရှိနေသောမြစ်မခ သတင်းထောက် ထွန်းနေအောင်မှ သတင်းပေးပို့သည်။
`ကြိုတင်မဲပေါင်း ၂ထောင် မကျော်ဘူး၊ အဲဒီထဲမှာ ဒေါ်စုစုလွင်က ၁၆၅၀ နဲ့ အနိုင်ရနေတယ်`လို့ မြစ်မခ သတင်းထောက်က သတင်းပေးပို့သည်။
(May Thingyan Hein ) ...
(၁၉)
မော်လမြိုင်မှာ ကြိုတင်မဲအတင်းပေးခိုင်း
ကြိုတင် မဲမသမာမှုများ (၅)
မတ်လ၃၁ ရက်၊ ၂၀၁၂ ခုနှစ်၊ ဟံသာ (YPI)
မော်လမြိုင်မြို့ ဇေယျာမြိုင် ရပ်ကွက်တွင် ယနေ့ကြိုတင်မဲ
အတင်းပေးခိုင်းသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် မော်လမြိုင် အောင်နိုင်ရေး
ကော်မတီမှဦးကိုကိုဇော်ကပြောသည်။
“ရာအိမ်မှူးရယ် ၊ရပ်ကွက်လူကြီးတွေရယ် ၊ကော်မရှင်အဖွဲ့ဝင်
တွေရယ် ငါးယောက်လောက်အိမ်ပေါ်တက်လာ ကြတယ်။ သူတို့က
ဒီအိမ်မှာကြိုတင်မဲပေးရမယ်ပြောတယ်၊
အိမ်ကလူတွေကသူတို့လည်းဘာမှမဖြစ်ဘဲနဲ့ မပေးနိုင်ဘူးပြန်ပြောတော့ ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်ဘေးအိမ်ကလူတွေရောက်လာတော့
သူတို့လဲ ပြန်သွားတယ်” ဟု ဦးကိုကိုဇော် ကပြောသည်။
လက်ရှိမော်လမြိုင်တွင်ဖြစ်နေသောကြိုတင်မဲကိစ္စမှာ အချို့
ရပ်ကွက်လူကြီးများမှ ကြိုတင်မဲလာကောက်သည့် ပြသာနာဖြစ်ပြီး
အဆိုပါကိစ္စများလည်း မှတ်တမ်းတင်ထားသည်ဟု ၎င်းကပြောသည်။
မော်လမြိုင်မြို့နယ်တွင် တောရွာအချို့စာရင်းမပေါင်းရသေးဘဲ မြို့ပေါ်
နေသူသတ်သတ် ကြိုတင်မဲပေးသူ ၇၀၀ ၊၈၀၀၀န်းကျင်ခန့် ရှိမည်ဟု
ခန့်မှန်းရကြောင်း၎င်းကဆက်ပြောသည်
(Yangon Press International ၏ facebook စာမျက်နှာမှ ...)
(၁၈)
ကော့မှူးမြို့နယ် တွင် မဲစာရင်းမပါသူတဦး တကိုယ်တော်ဆန္ဒပြ
မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ်၊ ကျော်စိုးလင်း (YPI)
ကော့မှူးမြို့နယ် သဲကုန်းရပ်ကွက် လက်ခိုက်ကျေးရွာမှ ဦးစိန်အောင်မင်း
နှင့် ဇနီးတို့ကို မဲစာရင်းလာကောက်ယူခဲ့သော်လည်း ပထမအကြိမ် မဲ
စာရင်းနှင့် နောက်တိုးမဲစာရင်းများတွင် မပါဝင်ခဲ့သည်ကို ၂၈ ရက်
နေ့တွင် သိရှိရသဖြင့် အပိုင်လူကြီးအား သွားရောက်တင်ပြရာ မည်သို့မျှ
မတတ်နိုင်ကြောင်း ဖြေခဲ့သည်ဟု ဆိုသည်။
ထို့သို့ မဲပေးရန် အခွင့်အရေး မရသည့်အဖြစ်ကို ဦးစိန်အောင်မင်းက
လည်ပင်းတွင် “အသည်းကြားက မဲတပြားကို အမေစုကိုပေးချင်ပေမယ့်
ပေးမရဘူး” ဆိုသည့်စာတမ်းကပ်ကာ လမ်းလျှောက်ကာ ဆန္ဒပြခဲ့သည်
ဟု ကော့မှူး မြို့ခံများက YPI သို့ပြောသည်။
ထိုသို့ လမ်းလျှောက်စဉ်တွင် အိမ်ထောင်စုစာရင်းကိုလည်း လက်တွင်
ကိုင်ဆောင်ကာ ဒါအတုလား ဟုပြောဆိုခဲ့သည်ဟုမြို့ခံများက YPI
သို့ ပြောသည်။

(၁၇)
၂၀၁၂ မတ်လ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ် အချိန်တွင်
တောင်တွင်းကြီးမြို့နယ် ကြခတ်ကန်းကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များ
က တစ်အိမ်တစ်ဆင်း ကြိုတင်မဲများ လိုက်လံကောက်ခံနေခြင်း၊ ပန်းတော
ငယ် အုပ်စုကြီး၊ အင်းကုန်းကျေးရွာ ရွာခွဲအုပ်ချုပ်ရေး(ယာအိမ်မှူး)သည်
အုပ်ချုပ်ရေး တာဝန်အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
စည်းရုံးရေးမှူးတာဝန်ကို ပူးတွဲရယူထားကြောင်း၊ ရပ်/ ကျေး ကော်မရှင်
အဖွဲ့ဝင် လည်း ဖြစ်နေကြောင်း၊ ၎င်းကိုယ်တိုင် ပြည်ထောင်စုကြံ့ခိုင်ရေး
နှင့် ဖွံ့ဖြိုးရေးပါတီအတွက် ကြိုတင်မဲများ လိုက်လံကောက်ခံနေကြောင်း
ရေဖြားကျေးရွာ အိမ်ထောင်ဦးစီး ဦးအုန်းရွှေ အပါအ၀င် မိသားစုဝင်
ခုနစ်ဦးစလုံးမှာ အသက် ၁၈ နှစ် ပြည့်ပြီးသော်လည်း မဲစာရင်းတွင်
လုံးဝမပါဝင်ခြင်း၊ ရွှေအင်းပင်ကျေးရွာမှ ကော်မရှင် အဖွဲ့ဝင်အချို့
သည် မဲစာရင်းအမှတ် ၁၄၄၅ ဒေါ်သန်းစိန်၊ ၁၄၃၈ ဒေါ်ညိုတင်၊
၁၈၂၀ ဒေါ်တင်စိန်၊ ၁၃၇၇ ဒေါ်ခင်ဝင်း တို့အား မတ်လ ၃၀ ရက်
နေ့ နံနက် ၁၁ တွင် ၎င်းတို့၏ ရှေ့မှောက်၌ ကြိုတင်မဲပေးစေ သဖြင့်
လျို့ဝှက်မဲပေးခြင်း ဥပဒေနှင့် မကိုက်ညီသော ကိစ္စများဖြစ်ပေါ်
နေကြောင်း သိရှိရသည်
(/news-eleven.com စာမျက်နှာမှ ..)
(၁၆)
ပြည်ခိုင်ဖြိုး ပါတီစည်းရုံးရေးမှူး၏ သားဖြစ်သူက စိတ်မနှံ့သူတစ်ဦး
အပါအ၀င် ၈ ဦးအား ကြိုတင်မဲ ထည့်ခိုင်းသောကြောင့် အရေးယူ
ပေးပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်ကော်မရှင်သို့ တိုင်ကြား
-ကျောက်ပန်းတောင်းမြို့နယ်၊ ဆူးဖြူကုန်းကျေးရွာအုပ်စု၊
ယာကြီးတော(အရှေ့)ကျေးရွာ
(/news-eleven.com စာမျက်နှာမှ ..)
(၁၅)
"NLD ဗီနိုင်းနှင့် ပိုစတာများ ပုသိမ်တွင် လိုက်လံဖြုတ်ခိုင်းနေ"
ပုသိမ်မြို့နေရာအနှံ့ရှိ NLD စည်းရုံးရေး ပိုစတာများကို လူတစ်စုက
လိုက်လံဖြုတ်ခိုင်းနေကြောင်းသတင်းရရှိသည်။
ထို့ကြောင့် NLD ပါတီဝင်များက ပုသိမ်မြို့နယ်မှ NLD ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်ထံသို့ အကြံ
ဥာဏ်တောင်းခံကြရာတွင် ဦးဝင်းမြင့်က တိုင်းကော်မရှင်မှ အမိန့်
စာမပါက ဖြုတ်ပေးရန် မလိုအပ်ကြောင်း၊ ယင်းသို့ကပ်ထားခြင်း
သည် ဥပဒေနှင့် ငြိစွန်းခြင်းလည်း မရှိကြောင်း ပြန်လည်ဖြေကြား
သည်ဟု သိရသည်။
အောင်ထက်(NYK)
(Popular Myanmar News Journal ၏ facebook မှ)
(၁၄)
မဲရုံကိုယ်စားလှယ်များ မဲရုံအတွင်းသို့ ၀င်ခွင့်မရ
ရွေးကောက်ပွဲကော်မရှင်က မဲရုံကိုယ်စားလှယ်နှင့် အရန်ကိုယ်စားလှယ်
စုစုပေါင်း(၂)ဦးကို သက်ဆိုင်ရာမဲရုံများသို့ ၀င်ခွင့်ပြု ထားသော်လည်း
(၃၀.၃.၂၀၁၂)ရက်နေ့က ဖျာပုံမြို့နယ်၊ မြို့ကုန်းရပ်ကျေးရွာကော်မရှင်
က မဲရုံအတွင်းသို့ မဲရုံကိုယ်စားလှယ်များကို လုံး၀၀င်ခွင့်မပြုဘဲ မဲရုံအပြင်ဖက်ဝရန်တာမှာသာ နေခွင့်ရှိသည်ဟု ပြောကြားခဲ့ပါသည်။
ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းကျေးရွာတွင်လည်း မဲရုံအမှတ်(၉)၊ ကမန္တကျေးရွာ
တွင်လည်း မဲရုံအတွင်းသို့ သက်ဆိုင်ရာ မဲရုံကိုယ်စားများကို မဲရုံအတွင်းသို့
ဝင်ခွင့်မပြုဘဲ မဲရုံပြင်ပတွင်သာ နေခွင့်ပြုထားပါသည်။
ဖျာပုံမြို့နယ်၊ ကနိကျေးရွာတွင်လည်း ရပ်ကျေးကော်မရှင်ဥက္ကဌဦးညိုမြင့်က
မဲရုံအတွင်းသို့ မဲရုံကိုယ်စားလှယ်တစ်ဦးသာ ၀င်ခွင့်ပြုမည်ဟု ပြောခဲ့ပါသည်။
(၁၃)
ကမ္ဘာကျော် CNN သတင်းဌာနမှ သတင်းတင်ဆက်သူက
ကော့မှူးမြို့နယ်၊ ၀ါးသိင်္ခရွာမှ တိုက်ရိုက်သတင်းတင်ဆက်နေပါတယ် ..
(၁၂)
ရှမ်းမြောက်အမျိုးသားလွှတ်တော်နေရာမှာ ၀င်ပြိုင်တဲ့ငါးပါတီအနက်
ခြင်္သေ့နဲ့ ကျားဖြူနှစ်ခုပဲ အင်အားကောင်းနေတယ်။ အန်အယ်လ်ဒီ၊
လားဟူ၊ ကိုးကန့်တို့ထက် ခြင်္သေ့နဲ့ကျားဖြူ အကြိတ်အနယ်
ဖြစ်နေတယ်။ ဒီနေ့ တန့်ယန်းကိုဆင်းခဲ့တယ်။ တစ်လမ်းလုံး
လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုးတယ်။ တန့်ယန်းမှာ SSA
သောင်းကျန်းသူတွေ ပြဿနာရှာနေတယ်။
(ဥက္ကာကိုကို facebook စာမျက်နှာမှ ... )
(၁၁)
ရွာလုံးကျွတ်နီးပါး မဲစာရင်းမပါရှိမှုမဲဆန္ဒရှင်များ ခရိုင်ကော်မရှင်ရုံး
တွင် တောင်းဆို- စစ်ကိုင်း၊မတ် ၃၁
စစ်ကိုင်းမြို.နယ် တင်းတိပ်ကျေးရွာအုပ်စု မကျီးကုန်းရွာမှလူဦးရေ
၇၀၀ခန်.မဲစာ ရင်းတွင် မပါရှိမှုအားခရိုင်ကော်မရှင်ရုံးသို.မဲဆန္ဒရှင်
များကိုယ်တိုင် သွားရောက် တောင်းဆိုခဲ.ကြောင်း ကိုယ်တိုင်
သွားရောက်တောင်းဆို.သူများက The Voice Weekly သို့
ပြောကြားသည်။ အဆိုပါဒေသတွင်မဲစာရင်းများကိုမတ်လ ၂၄
ရက်တွင်ကြေညာမည်ဟုဆိုသော်လည်း မတ်လ ၃၀ ရက်နေ.
မှလာရောက်ကပ်ထားခြင်းဖြစ်ကြောင်းယင်းစာရင်းတွင် လူဦးရေ
၇၀၀ ခန်.စာရင်းမပါဝင်ကြောင်းမဲဆန္ဒရှင်များကဆိုသည်။
မဲစာရင်းမပါရှိသူများအနေဖြင့်မဲပေးနိုင်ခြင်းရှိမရှိကိစ္စကိုမှု
တိကျစွာပြောနိုင်သေးခြင်းမရှိကြောင်း သက်ဆိုင်ရာကော်မရှင်
အဆင့်ဆင့်သို.တင်ပြပေးသွားမည်ဖြစ်ကြောင်း
အဆိုပါခရိုင်ကော်မရှင်ရုံးမှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။
(The Voice Weekly ၏ facebook စာမျက်နှာမှ ...)
(၁၀)
အနုပညာများဖြစ်ကြသော ဇော်ပိုင်၊ Rဇာနည်၊ ရင်ဂို၊ ဟဲလေး၊
ရဲတိုက်၊ မီးမီးခဲ၊ ထွန်းအိန္ဒြာဗိုလ်၊ သျှီ၊ ချစ်သုဝေ၊ သံသာဝင်းနှင့်
အနဂ္ဂ တို့ပါဝင်သော
အနုပညာရှင်များသည် ယနေ့ ညနေ ၆ နာရီ ၁၀ မိနစ်တွင်
မရမ်းကုန်း NLDရုံးရှေ့တွင် လာရောက် သီဆိုဖျော်ဖြေခဲ့ကြသည်။
(7 Day News facebook စာမျက်နှာမှ ...)
(၉)
မန်းတလေးမြို့က NLD မဲဆွယ်ခရီးစဉ်
(ဓါတ်ပုံကို Cartoon Aungmaw ၏ faecbook
စာမျက်နှာမှ ရယူထားပါတယ် ...)
(၈)
မိတ္ထီလာမြို့နယ်မဲဆန္ဒနယ်မြေတွင် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ဝင်ဟောင်းနှစ်ဦးနှင့် လက်ရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တို့စုစုပေါင်း ၃ ဦးနှင့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးကိုယ်စားလှယ်လောင်း
တို့ ပြိုင်ဆိုင် မှုပြင်းထန်လျက်ရှိသည်။ ထိုမဲဆန္ဒနယ်တွင်
ဝင်ရောက်ယှဉ်ပြိုင်ကြသသည့် ယင်းကိုယ်စားလှယ်လောင်း
၎ ဦးအနက်တစ်ဦးမှာ ဒီချုပ်မှလောလောလတ်လတ်
နှုတ်ထွက်ထားသည့် တစီသီးပုဂ္ဂလကိုယ်စားလှယ်လောင်
တစ်ဦးပါဝင်သည်။ လတ်တလော ရွာဘက်တချို့တွင်
ပြည်ခိုင်ဖြိုးကအားကောင်းသလိုရှိနေပြီး မြို့ပေါ်တွင်
အဆိုပါ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းက အားကောင်း
လျက်ရှိသည် ဟု 7 Day News သတင်းထောက်က
သတင်းပေးပို့သည်။
(7 Day News facebook စာမျက်နှာမှ ...)
(၇)
မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား
လှယ်လောင်း ဒေါ်ဖြူဖြူသင်းနဲ့ အဖွဲ့ဟာ မတ်လ ၃၀ ရက်
နေ့ ညနေ သုံးနာရီ ခန့် က စတင်ပြီး ည ၁၁နာရီ အထိ
မင်္ဂလာတောင်ညွန့် မြို့နယ်ထဲက ရပ်ကွက်ပေါင်း ၂၀ကို
လှည့်လည် မဲဆွယ်စည်းရုံး ဖျော်ဖြေမှုတွေကို ပြုလုပ်ခဲ့ပါ
တယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် အနိုင်ရရမယ် ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အတူ
ပြည်သူတွေက တခဲနက် အားပေးခဲ့ကြပြီး ဒေါ်ဖြူဖြူသင်းက
ပြည်သူတွေကို ကြားဖြတ်ရွေးကောက်ပွဲမှာ မိမိတိုရဲ့ ဆန္ဒ
အမှန်ကို ဖော်ထုတ်ဖို့ အချိန်တန်ပြီလို့ တိုက်တွန်း ပြောဆိုခဲ့
ပါတယ်။
(Burma VJ Media Network သတင်း ...)
(၆)
ယနေ့ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည်၎င်းဝင်ရောက်ယှဉ်ပြိုင်သောကော့မှုးမြို့
နယ်မဲဆန္ဒနယ် ၊ ၀ါသိင်္ခကျေးရွာသို့ရောက်ရှိလာခဲ့ကြောင်းအဆိုပါဒေသတွင်
သတင်းရယူနေသောThe Messengerသတင်းထောက်ကတိုက်ရိုက်
သတင်းပေးပို့သည်။အချိန်မီအောင်အမြန်လာရခြင်းကြောင့်လမ်းတစ်လျှောက်
တွင်နှုတ်ဆက်နေသောပြည်သူများကိုစကားပြန်မပြောနိုင်ခဲ့ခြင်းအတွက်
တောင်းပန်ပါကြောင်းနှင့်ရွေးကောက်ပွဲပြီးသည့်နောက်ပိုင်းတွင်မကြာခဏ
လာရောက်ဦးမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့သည်
ဟု ၄င်းကဆက်ပြောသည်။မနက်ဖြန်နံနက်တွင်ဒေါ်အောင်ဆန်းစုကြည်
သည် ၀ါသိင်္ခရွာရှိမဲရုံများကိုလိုက်လံကြည့်ရှုမည်ဖြစ်ကြောင်းလည်းသိရသည်။
(Messenger News Journal ၏ facebook စာမျက်နှာမှ ...)
(၅)
လှည်းကူးမြို့နယ်တွင် NLD အလံများ တပ်ဆင်ထားသော
ဆိုက်ကားများ ၊ ကားများ၊ မော်တော်ဆိုင်ကယ်များနှင့်စက်ဘီး
များကို နေရာအနှံ့ တွေ့မြင်နေရပြီး NLDတံဆိပ်ပါ ခေါင်းစီးနင့်
တီရှပ်များကို ၀က်ဆင်ထားကြသော ဆိုင်ကယ်စီး လူငယ်
အများအပြားကိုလည်း မြို့၏ နေရာအနှံ့တွင် တွေ့မြင်နေရကြောင်း
Messenger သတင်းထောက်ကသတင်းပေးပို့သည်။

(၄)
ကြိုတင်မဲ မသမာမှု(၂)
-နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ကျေးစာဥကျေးရွာ
ကြိုတင်မဲပေးနိုင်သူ ၁၃ ဦးရှိသည့်အနက် မဲပြားငါးပြားသာယူဆောင်လာပြီး
ကျန်ရှစ်ဦးမှာ မဲပြားအပိုမပါသောကြောင့် မဲမပေးခဲ့ရဟုပြောသည်။
“ငါတို့က NLD ကိုမဲပေးမယ်။ ကြိုတင်မဲပေးမယ်ဆိုတော့ မဲပြားမပါဘူး။
ကြိုက်တဲ့နေရာကိုတိုင်လို့ပြောတယ်” ဟု ကြိုတင်မဲပေးနိုင်သည့်စာရင်း
တွင်ပါရှိသော်လည်း ကြိုတင်မဲမပေးခဲ့ရသည့် ဒေသခံတစ်ဦးကပြောသည်။

(၃)
Update(7:15pm): ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ သူမ၏
မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းသည် ယနေ့ကော့မှူး
ခရီးစဉ်သို့လိုက်ပါသွားခြင်းမရှိကြောင်း ဒေါက်တာတင်မျိုးဝင်းက
7 Day News သို့ပြောကြားသည်။
ရာသီဥတုပူပြင်းသည့်အတွက် ရွေးကောက်ပွဲနေ့ နံနက်ပိုင်း
တွင် မဲရုံများသို့လေ့လာပြီးမွန်းတည့်မတိုင်မီရန်ကုန်သို့
ပြန်လာရင်အကြံပြုထားကြောင်းလည်းသိရသည်။
“အမသွားပြီးတော့မကြာခင်မှာဘဲ လမ်းကနေဖုန်းဆက်တယ်
သူနေကောင်းတယ်ဆိုတဲ့အကြောင်း”ဟုဒေါက်တာတင်မျိုးဝင်းက
ပြောသည်။
(၂)
ဒေါ်အောင်ဆန်းစုကြည်သည် ၀ါးသိင်္ခရွာသို့ ညနေ ၆နာရီ ၄၅မိနစ်
အချိန်တွင် ချောမောစွာရောက်ရှိပြီဖြစ်ကြောင်း 7 Day News
သတင်းထောက်ကသတင်းပေးပို့သည်။
(7 Day News facebook စာမျက်နှာမှ ...)
(၁)
ရေစကြိုမြို့နယ်တွင်မှ နယ်မြေ၈တွင် ကြိုတင်မဲသွားရောက်ပေးခဲ့သော သူ ၃ဦးသည် NLDပါတီတံဆိပ်ဘေးတွင် အမှန်ခြစ်ရာခြစ်မရဘဲဖြစ်သည့်အတွက် မဲလက်မှတ်များတွင်ဖယောင်းသုတ်ထား ခြင်းရှိမရှိစုံစမ်းနေကြောင်းNLDပါတီမှ ဒေါက်တာတင်ဌေးအောင်ကပြောကြား ...
Read more »