(၁၂.၂.၂၀၁၂)နေ့က မန္တလေးမြို့တွင် ကျင်းပပြီးစီးခဲ့သော
`မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်
တရ´ နေ့ အခမ်းအနား အစီအစဉ်အတွင်း ပန်းချီဆရာ
ကိုဆူးမြင့်သိန်း၏ `Tomorrow´ အမည်ရှိ ပါဖောင်းမန့် အနုပညာ
ပြကွက်မြင်းကွင်း ဖြစ်ပါတယ်၊ ဒီပြကွက်ကို Burma VJ Media နှင့်
DVB ရုပ်မြင်သံကြား အစီအစဉ်တွေမှာ အနည်းငယ် ထည့်သွင်း
ပြသခဲ့ပါတယ်၊ ကိုဆူးမြင့်သိန်း အစီအစဉ်ကို ကြည့်ရှုနေသော
ပရိတ်သတ်များ၏ ငိုကြွေးသံများကြောင့် ဒီပြကွက်ဟာ ယခုအခါ
အင်တာနက်ပေါ်ရှိ မြန်မာ့နိုင်ငံရေး ရုပ်သံ ဗွီဒီယိုလင့်များထဲတွင်
ကြည့်ရှုသူ၊ စိတ်ဝင်းစားမှု အများဆုံး ဗွီဒီယိုလင့်ခ် တစ်ခုအဖြစ်
ကျော်ကြားနေပါတယ်။
ရဟန်းသံဃာများ …
အသက်အရွယ်ကြီးရင့်သူများ …
နှလုံးသား ရှိသူများပင် …
မျက်ရည်ကျစေနိုင်လောက်အောင် …
ပန်းချီဆရာ … ပါဖောင်းမန့် အနုပညာရှင် ကိုဆူးမြင့်သိန်းက …
ဘာတွေ ဆောင်ရွက်ခဲ့ပါသလဲ ….
ဘလော့ဂါတစ်ဦးဖြစ်တဲ့ ကျနော့်အမြင်ကတော့ …
ကိုဆူးမြင့်သိန်း တစ်ယောက် …
နံဘေးက ၀ိုင်းအုံကြည့်ရှုနေသော ပရိတ်သတ်တချို့ရဲ့ ပါးစပ်ကို
ဟ'ခိုင်းပြီး … အမှန်တရားများ လိုက်ရှာ နေပါသလား … ???
နေ့ခင်းကြောင်တောင် ဓါတ်မီးထိုးပြီး ဘယ်အရာကို လိုက်ရှာ
နေပါသလဲ၊ နှစ်ပေါင်း ၂၀ တိတိ ပျောက်ဆုံးခဲ့သော … လူ့ဂုဏ်သိက္ခာ၊
လူ့အခွင့်အရေး၊ အကျဉ်းသား အခွင့်အရေး၊ တရား မျှတမှု၊
အဲဒါတွေအပြင် ဘာတွေ ရှိနိုင်ပါသေးသလဲ … ???
အ၀တ်အစားတွေအောက်မှာ စစ်မှန်တဲ့၊ လူသားဆန်တဲ့
နှလုံးသား တစုံတရာကို လိုက်ရှာနေပါသလား …. ???
အနုပညာ မှုတ်သံများဖြင့် လူတွေဆီမှာ ကပ်နေသော …
အကြောက်တရား၊ မဖွင့်ဟရဲမှုတွေကို မောင်းထုတ်နေပါသလား၊
သို့မဟုတ် ကျောင်းသားသမိုင်းရဲ့ ခွပ်ဒေါင်း အော်သံများလား ...???
Tomorrow …
အသံ ထပ်ကျယ်လာသော Tomorrow …
ပြီးတော့ ဒီထက် အသံကျယ်လာသော Tomorrow ….
အဲဒီနောက် ကိုဆူးမြင့်သိန်း ပြောလိုက်တဲ့ စကားသံက …
`ခင်ဗျားတို့ ဒါ အကုန် ပဲလား … ´
အဲဒီစကားလုံး `ခင်ဗျားတို့ ဒါ အကုန်ပဲလား´ လို့ အနုပညာသမား
က ပြောလိုက်တာပါ၊ တကယ်တော့ လူ (၃၀၀) လောက်ရှိတဲ့ လက်နက်
ကိုင် စခန်းတစ်ခုမှာ လူ(၁၀၀)လောက်ကို စစ်ထောက်လှမ်းရေး သူလျှို
လို့ စွပ်စွဲပြီး ဖမ်း၊ သေဒဏ်ပေး၊ (၃၀) ကျော်ကို ရက်ရက်စက်စက်
သတ်၊ တစ်ရက်အတွင်း လူ(၁၅) ယောက်ကို လူမဆန်စွာ ခေါင်းဖြတ်ကြ၊
ဒီဖြစ်ရပ်ဆိုးတွေကို …
နှစ်ပေါင်း (၂၀) တိတိ နူတ်ပိတ်ရေငုံခဲ့သော လူ့အဖွဲ့အစည်းတစ်ခု၏
… Tomorrow …
လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး၊ တရား မျှတမှု ကင်းမဲ့ခဲ့သော
ဆုံးဖြတ်ချက်များ၏ … Tomorrow ….
အပြစ်ရှိသူများအား နှစ်ပေါင်း (၂၀) ကြာအောင် လျစ်လျူရှုခဲ့သော
အဖွဲ့အစည်းတစ်ခု၊ လူ ပုဂ္ဂိုလ်တချို့၏ … Tomorrow …
….............
…..
ဘလော့ဂါတစ်ဦးဖြစ်တဲ့ ကျနော် ခံစားကြည့်တာပါ …
ကိုဆူးမြင့်သိန်း ဆိုလိုချင်တာနဲ့ ကျနော့် ခံစားချက်
တူချင်မှ တူပါလိမ့်မယ် …..
စာဖတ်သူ၊ ရုပ်သံ ဗွီဒီယိုကို ကြည့်မိသူရော ဘယ်လိုများ
ခံစား မိပါသလဲ ခင်ဗျာ …..
-စစ်ငြိမ်းဒီရေ
My Crush .....(2)
2 days ago
10 comments:
ကြက်သီးတွေ တောင် ထမိပါတယ် ကိုအောင် ရေ..
ဒါပေမယ့် မဝေဖန်တတ်ဘူး.။
တစ်ခုလောက်ဗျာ...
အရိုးတွန်သံ အပိုင်းတွေကို စုစည်းထားတာ ရှိရင် အီးမေးလ်ဆိုကို.. ဒါမှ မဟုတ် PDF ပြုစု ထားတာ ရှိရင် ပို့ပေးပါလားဗျာ.။ အင်တာနက်မှာ ထိုင်ဖတ်ဖို့ အချိန် မပေး လို့ပါ.။
ပါဖောမန့်က ကြည့်နေရင်းနဲ့ နှလုံးသားကို ဆွဲယူသွားသလိုပဲ.... ကြက်သီတွေတောင် ထလာတယ်။ အထူးသဖြင့် တွန်သံပေးပြီးတော့ မျှော်လင့်ချက်တွေနဲ့ ၀င်သွားတဲ့ အခါမှာ မထင်မှတ်ပဲ တွန်သံတွေ အ၀တ်ပါးနဲ့ အအုပ်ခံရသလို.... အတုတ်အနှောင်ခံရသွားတဲ့ အချိန်နဲ့ အဲ့ဒီကြားထဲကနေ Tomorrow လို့ အော်လိုက်တဲ့ အချိန်...... အဲ့ဒီနေရာလေးမှာ တစ်ခါ။ တွန်သံတွေနဲ့အတူ ပြန်လည်နိုးထလာတဲ့ အချိန်မှာတစ်ခါ.... တော်တော်လေးကို လှုပ်ခတ်သွားတယ် ကိုအောင်.....
သန်းဝင်းစာမှာမိုးသီးခွင့်ပြုချက်အ၇ဆိုတာပါတယ်မိုးသီးေ၇ာနိုင်အောင်ေ၇ာအာအက်ဖ်အေေ၇ာထိန်ချန်ပြီးဗျူးကြတယ်ထွန်းအောင်ကျော်ကဘက်မလိုက်ဘူးဆိုပီးမိုးသီးကိုအရောင်မှိန်ထားပေးတယ်ဒါကိုအပြတ်ရှင်းရမယ်လေဘယ်သူအဓိကတရားခံဆိုတာဖေါ်ရမယ်မိုးသီးကတာဝန်မရှိဘူးပြောတာကိုလွန်လှပြီခေါင်းဆောင်ဆိုတာသိသိမသိသိတာဝန်ရှိတယ်တာဝန်ယူရတယ်လုပ်တာမလုပ်တာခွင့်ြံပုတာမြ့ပုတ်ာကတပိုင်းပါဒါတောင်နားမလည်ပဲခေါင်းဆောင်လုပ်ချင်နေကြတာအံ့သြစရာကောင်းလှတယ်မင်းတို့မြန်မာပြည်အုပ်ချုပ်လို့ကတော့စစ်အာဏာရှင်ထက်ဆိုးမယ့်ကောင်တွေပဲတော်ပါတော့ကွာပြည်သူတွေနားလည်ပါတယ်ဘယ်လိုတော်လှန်သင့်တယ်ဆိုတာအာဏာရှင်ဟောင်းနေရာအာဏာရှင်သစ်ဝင်လာတာလက်မခံလိုကြပါဘူး
သန်းဝင်းစာမှာမိုးသီးခွင့်ပြုချက်အ၇ဆိုတာပါတယ်မိုးသီးေ၇ာနိုင်အောင်ေ၇ာအာအက်ဖ်အေေ၇ာထိန်ချန်ပြီးဗျူးကြတယ်ထွန်းအောင်ကျော်ကဘက်မလိုက်ဘူးဆိုပီးမိုးသီးကိုအရောင်မှိန်ထားပေးတယ်ဒါကိုအပြတ်ရှင်းရမယ်လေဘယ်သူအဓိကတရားခံဆိုတာဖေါ်ရမယ်မိုးသီးကတာဝန်မရှိဘူးပြောတာကိုလွန်လှပြီခေါင်းဆောင်ဆိုတာသိသိမသိသိတာဝန်ရှိတယ်တာဝန်ယူရတယ်လုပ်တာမလုပ်တာခွင့်ြံပုတာမြ့ပုတ်ာကတပိုင်းပါဒါတောင်နားမလည်ပဲခေါင်းဆောင်လုပ်ချင်နေကြတာအံ့သြစရာကောင်းလှတယ်မင်းတို့မြန်မာပြည်အုပ်ချုပ်လို့ကတော့စစ်အာဏာရှင်ထက်ဆိုးမယ့်ကောင်တွေပဲတော်ပါတော့ကွာပြည်သူတွေနားလည်ပါတယ်ဘယ်လိုတော်လှန်သင့်တယ်ဆိုတာအာဏာရှင်ဟောင်းနေရာအာဏာရှင်သစ်ဝင်လာတာလက်မခံလိုကြပါဘူး
အမှန်တရား ရဲ့ အရိုးတွန်သံပါ။
နင့် နေအောင် ခံစားမိပါတယ်။
that is enough? anybody never action three fucker guys? i knew, this is start fucker moe thi
that is enough? anybody never action three fucker guys? i knew, this is start fucker moe thi
ကိုအောင်ရေ ..........အထက်က ကိုအောင်ထွဋ် (Ah ) ပြောသလိုပါပဲဗျာ....... အဲပီးတော့ ပရိသက်က မျက်ရည်ကျ ပီး...... အဒေါ်ကြီးထငိုလိုက်တော့ .....ပိုပီး Tomorrow ကပီပြင်သွားတယ်..........
ရိုက်ကူးရေးကို ပြင်ဆင်ထားခြင်းမရှိ၍ အားနည်းချက်များပါရှိနေတာ ခွင့်လွတ်ပါ။ အစအဆုံး ပြန်လည် တင်ပေးပါမည်...။ ဖော်ပြမခံရသော်လည်း ပျံ နှံစွာ ဆောင်ရွက်ပေးကြသည့် အတွက်ကျေးဇူးတင်ပါသည်။
ဆရာ ဆူးမြင့်သိန်း (တင်ဆက်သူ)
နှင့်
ကိုဝိုင်ဝိုင်ကေ (ရိုက်ကူးသူ)
ကျေးဇူးပါ..
ဆူးမြင့်သိန်း(တင်ဆက်သူ)
နှင့်
ကိုဝိုင်ဝိုင်ကေ (ရိုက်ကူးသူ)
Post a Comment