(မှတ်ချက်။
။ ဘလော့ ရေးသားသော ဘလော့ဂါများ
အကြား
ခေါင်းစဉ်တစ်ခုကို ကိုယ်ပိုင်အယူအဆ
မျိုးစုံဖြင့်
ရေးသားတင်ပြသော
တက်ဂ်ပို့စ် ဖြစ်ပါတယ်။)
မွေးဖွားခြင်းမှ
သေဆုံးခြင်းအကြား ရှိနေသော
လူ့ဘ၀တွင်
ဘယ်ကာလများသည်
ပျော်ရွှင်ဖွယ်အကောင်းဆုံး
နေ့ရက်များ
ဖြစ်သနည်းဟု
ကျနော့်အား မေးခွန်းထုတ်လာပါက
….
အဆိုတော်
ခင်မောင်တိုး၏ …
`နေခြည်ဖြာ
ဖြန်းပက်တဲ့ လမ်းကလေးဆီ
လှမ်းခဲ့တယ်၊ ပေါ်လာတဲ့
အတွေးထဲဝယ်
မြင်လိုက်တယ် … ´ ဆိုတဲ့
သီချင်းစာသားထဲကလို
ငယ်စဉ်အခါ
ကလေးဘ၀ဆီသို့ ကျနော့်စိတ်တွေ
လျှင်မြန်စွာ ပြေးထွက်
သွားပါတော့တယ်
….။
ကျနော်
မူလတန်း ကျောင်းသားဘ၀ …
သုံးတန်း … လေးတန်း ကျောင်း
သားဘ၀မှာ
`ပျားဂေဟာ´
လို့ ခေါ်တဲ့
နိုင်ငံရေး စနစ်တစ်ခုမှာ
ကျနော်
တို့
နေခဲ့ရဖူးပါတယ်၊ မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ပါတီခေါ် မ.ဆ.လ
အစိုးရဟာ
သူတို့အစိုးရအပေါ် လူထုရဲ့
ယုံကြည်ထောက်ခံမှု အများ
ဆုံးရတဲ့
ခေတ်လို့ ပြောမယ်ဆိုလည်း
မမှားပါ၊ ခုရက်ပိုင်းများအတွင်း
အင်တာနက်
စာမျက်နှာတွေပေါ်မှာ ဖော်ပြထားတဲ့
ဗိုလ်မှူးကြီး ဗထူး၏
သားဖြစ်သူ
ဗိုလ်ကြီးမြင့်ထူးကို
ညှင်းပမ်းနှိပ်စက်ခဲ့သူလို့
နာမည်ကြီးခဲ့
တဲ့
ထောက်လှမ်းရေး ခေါင်းဆောင်
ဗိုလ်မှူးကြီး တင်ဦး(ခ)
မျက်မှန်ကြီး
(ခ)
လန်ဘား ခေတ်လို့
လူကြီးတွေက ဆိုကြပါတယ်၊
အဲဒီခေတ်မှာပဲ
နာမည်ကြီးခဲ့တဲ့
သီချင်းတစ်ပုဒ် ရှိခဲ့ဖူးပါတယ်
…..
`စောစော
အိပ်လို့ စောစောထလို့ စောစော
လမ်းလျှောက်ကြပါစို့
…. ´ (ဒီသီချင်း
စပ်ခဲ့သူရဲ့ အမည်ဟာ ဗိုလ်ကြီးလှဦး၊
ကျနော် မှတ်
ထားခဲ့တဲ့
အမည် … မှားကောင်း မှားနိုင်ပါတယ်။)
အဲဒီ
`စောစောအိပ်လို့
စောစောထလို့´ သီချင်းနဲ့အတူ
အဲဒီခေတ်
က
နံနက် (၁၀)နာရီလောက်မှာ
မူလတန်းကျောင်းသား အားလုံး
ပေတရာပေါ်မှာ
သွေးပူ လေ့ကျင့်ခန်းတွေ
လုပ်နေရပါပြီ၊ မြို့နယ်
ဘင်ခယာ
တီးဝိုင်းရဲ့ တီးသံများဟာလည်း
အင်မတန် နားထောင်
လို့
ကောင်းခဲ့ပါတယ်၊ `ပျားဂေဟာ´
နိုင်ငံရေးစနစ်က
ကျနော်တို့
မူလတန်း
ကျောင်းသားများအတွက်
ထုတ်ပေးလိုက်တဲ့ ပစ္စည်းက
`ငုံးဥ´ပါ၊
ငုံးဥ တစ်လုံး (၁၀)
ပြား၊
ရေနွေးပြုတ်ပြီးသာဆို
(၁၅)ပြား၊
တစ်ကျပ်ဖိုး
(၇)လုံး
လောက် ရပါတယ်၊ အဲဒီ ငုံးဥပြုတ်တွေကို
ကျနော်တို့
ကလေးဘ၀က `ထိပ်၊
ထိပ်ချင်း ထု ကြပါတယ်၊
ကွဲသွားတဲ့သူက
သူ့ငုံးဥကို တစ်ဖက်လူကို
ပေးရပါတယ်၊ နှစ်လုံး
စလုံး
တပြိုင်တည်း ကွဲသွားရင်တော့
သရေပေါ့ ….။
ကျနော်
ငယ်စဉ်က မနက်စောစောနဲ့
ညဖက်တွေမှာ မီးလှုံရတဲ့
အရသာကို
အင်မတန် သဘောကျပါတယ်၊
ကျနော်တို့ငယ်ငယ်က
ရာသီဥတုဟာ
ယနေ့ခေတ်လို အပူချိန်
မမြင့်ပါဘူး၊ ဆောင်းရာသီ
ဆိုရင်
ကန်တော်ကြီးတလျှောက်
မြူတွေဆိုင်းပြီး အရမ်း
လှပါတယ်၊
ကျနော်တို့အိမ်ရဲ့
မျက်နှာချင်းဆိုင်မှာ ပရိဘောဂ
လုပ်ငန်း လုပ်တဲ့
အထက်မြန်မာပြည်က
အညာသား လက်သမားရုံရှိပါတယ်၊
သစ်သား
ကို
ရေပေါ်ထိုးလို့ ထွက်လာတဲ့
ရေပေါ်စတွေဟာ သူတို့ အလုပ်ရုံထဲ
မှာ
အများကြီးပါ၊ ဒါကြောင့်
ပရိဘောဂ အလုပ်ရုံက ထွက်လာတဲ့
အဲဒီ
ရေပေါ်စ(သစ်သားစ)တွေကို
သွားကျုံးပြီး မီးလှုံတဲ့
နေရာမှာ
သုံးပါတယ်၊
အဲဒီခေတ်က သေနတ်ပြစ် ကောင်းဘွိုင်း
ရုပ်ရှင်တွေ
လည်း
ခေတ်စားပါတယ်၊ ဒါကြောင့်
ကောင်းဘွိုင်းရုပ်ရှင်ထဲကလို
အိမ်ပေါ်က
ခြုံတဲ့စောင်ကို ယူ၊ ခန္ဓာကိုယ်မှာ
စောင်တွေ ပတ်ပြီး
မနက်စောစောနဲ့
ညနေခင်းတွေမှာ မီးလှုံရတဲ့
အရသာဟာ
တော်တော်ကို
ပျော်ဖို့ ကောင်းပါတယ်။
ကျနော်တို့အိမ်ရဲ့
တစ်အိမ်ကျော်မှာ လမ်းသွယ်
ရှိပါတယ်၊ အဲဒီ
လမ်းထိပ်မှာ
မနက်စောစောဆို ဘိန်းမုန့်၊
ညနေခင်းဆိုရင် အကြော်၊
ရောင်းချတဲ့
တဲကြီး တစ်လုံးရှိပါတယ်၊
အဲဒီဈေးသည် အမျိုးသမီးကြီး
ရဲ့
သမီးဟာ ကျနော့် ကျောင်းနေဖက်ပါ၊
ဆောင်းတွင်းကြီး တစ်နေ့
ကျတော့
လက်သမားရုံက သယ်လာတဲ့ ရေပေါ်စတွေက
ရေတွေ
ဆိုပြီး
မီးမတောက်ပါဘူး၊ အဲဒါနဲ့
မီးတောက်အောင် ဘယ်လို လုပ်ရ
မလဲလို့
ကျနော်တို့ သူငယ်ချင်းတသိုက်
စဉ်းစားကြပါတယ်၊ လမ်းထိပ်
အကြော်တဲမှာ
မီးဖို ရှိပါတယ်၊ ဆိုင်သိမ်းတဲ့
အချိန် မီးသတ်သွားကြ
ပေမယ့်
အဲဒီ မီးဖိုထဲ သယ်လာတဲ့ သစ်သား
ရေပေါ်စတွေ ထည့်ပြီး
မီးမွှေးရင်
အဆင်ပြေမယ်လို့ ကျနော်တို့ဘာသာ
ယူဆကြပါတယ်။
ဒါနဲ့
ရေဆိုနေတဲ့ ရေပေါ်စတွေကို
အကြော်ဆိုင်က မီးဖိုထဲ
ထည့်ပြီး
မီးရှို့ကြပါတယ်၊
ရေဆိုနေလို့ မီးက ချက်ချင်း
သိပ် မတောက်ပါ၊
အဲလို
မီး မတောက်တာကို ကျနော်တို့က
ရေပေါ်စ နည်းတယ်
ထင်ပြီး
တပ်ဖြည့်ပါတယ်၊ မီးဖို
တစ်ခုလုံး ဖုံးလုနီးပါ
ရေပေါ်စတွေ
အပြည့်
တင်လိုက်ပါတယ်၊ မီးတောက်အောင်
ပါးစပ်နဲ့ မှုတ်တဲ့သူ
က
မှုတ်၊ ယက်ခတ်တဲ့သူက ခတ်ပါတယ်၊
ဒီလိုနဲ့ ခဏလောက်
နေတော့
`ဟုန်းကနဲ´
မည်အောင် မီးက
ထ'တောက်
ပါတော့တယ်၊
ထည့်ထားတဲ့
ရေပေါ်စက အရမ်းများတာကြောင့်
ထ'တောက်လာ
တဲ့
မီးရဲ့ အရှိန်ဟာ အကြော်တဲရဲ့
ခေါင်းမိုးကို စွဲလောင်းပါတော့
တယ်၊
ကျနော်အပါအ၀င် ကလေးတသိုက်လည်း
ပထမ
ဖြစ်ဖြစ်ချင်း
ကြောက်ကြောက်လန့်လန့်နဲ့
ကိုယ့်ဖိနပ် ကိုယ်ယူ
ပြီး
ခြေဦးတည့်ရာ ပြေးကြပါတော့တယ်
...။
ဒီလိုနဲ့
ခပ်လှမ်းလှမ်းလောက် အရောက်၊
နောက်ပြန် လှည့်ကြည့်
တော့
မီးကြောင့် အကြော်တဲ တစ်ခုလုံး
ဟုန်းဟုန်း တောက်နေ
ပါပြီ၊
အဲဒီ အကြော်ဆိုင်ရဲ့ နောက်ဖက်မှာ
မြန်မာ ခေါင်းလျှော်ရည်
(သရော်၊
ကင်ပွန်းဖက်) ရောင်းတဲ့
ဆိုင်ရှိပါတယ်၊ အဲဒီအိမ်ရဲ့
ရှေ့မှာ
မနိမ့်မမြင့် အုန်းပင် တစ်ပင်
ရှိပါတယ်၊ အကြော်တဲမှာ လောင်း
နေတဲ့
မီးဟာ အကြော်ဆိုင် ခေါင်းမိုးပေါ်
တွဲလောင်းကျနေတဲ့
အုန်းလက်ကိုင်းဆီ
ကူးဆက်လာပါတယ်၊ ခပ် လှမ်းလှမ်းက
ဆိုက်ကား
ဂိတ်မှာ
အရက်မှုးပြီး အိပ်ပျော်ကာစ
ဆိုက်ကားသမားတစ်ဦးက
ရုတ်တရက်
နိုးလာပြီး အော်ဟစ်လိုက်လို့
ရပ်ကွက်ထဲက လူတွေ
အပြေးအလွှားရောက်လာ၊
မီးလောင်းနေတဲ့ အကြော်တဲကို
ဝိုင်းဝန်း
ငြိမ်းသက်လိုက်နိုင်ပါတယ်၊
မီးကြောင့် အနောက်ဖက်က
အုန်းပင်လည်း
မဲတူးချိတ်သွားပါတယ် …း)
မီးလောင်းသွားတဲ့
အကြော်တဲအတွက် ကျနော့်မိဘတွေနဲ့
ကျနော့်သူငယ်ချင်း
မိဘတွေ စုပေါင်းပြီး အသစ်
ပြန်လည်
ဆောက်လုပ်ပေးလိုက်ပါတယ်၊
အလျော်ပေးလို့ မရတာက
အကြော်တဲနောက်က
အုန်းပင်ပါ၊ အဲဒီအိမ်ရှေ့
ဖြတ်လျှောက်
တိုင်း
အဲဒီအိမ်က မိန်းမကြီးက
ကျနော့်ကို `ကျေးဇူးရှင်လေး၊
ရပ်ကွက်ကို
ထမင်းထုတ်စားရအောင် မ'စမယ့်
ကျေးဇူးရှင်လေး´
လို့
ခပ်ထေ့ထေ့ ပြောလေ့ရှိပါတယ်
...။
-စစ်ငြိမ်းဒီရေ
11 comments:
ဒါပဲလား... တိုတိုလေးရယ်...
ရေးစရာ အကြောင်းတွေ ရှိနေသေးရင် ဆက်ရေးပါအုံး...း))
သြော်...မီးမွှေးရာမှာဆရာခေါ်ရမယ်....အခုတော့ကျေးဇူးရှင်လေးက ကျေးဇူးရှင်ကြီးဖြစ်နေပြီနော်... :D
မီးမွှေးဆရာကြီးပေါ့... :P တစ်ရပ်လုံးမကုန်တာကံကောင်း.. :D
အေးလေ..အေးလေ..
( မသက်ဝေ ကို ထောက်ခံခြင်း)
ကြည့်ရတာ အပိုင်း ၂ လာမယ် ထင်တယ်
ပိုစ့်လေးဖတ်ပြီး ငယ်ဘဝလေးကိုတောင် ပြန်သတိရမိတယ်...
ကျွန်တော်တို့ လဲ မီးလှုံရင်း ကန်စွမ်းဥ၊ ကြက်သွန်ဖြူ၊ ပုဇွန်၊ ကြက်ဥကို ရွှံအုံပြီး ဖုတ်စားတာလေးတွေကို သတိရမိသွားတယ်...
တရက်ကွက်လုံး မလောင်တာ ကံကောင်းလို့  ကိုအောင်ရယ်..စန်းထွန်းတို့ လည်း နယ်မှာဆို မနက်တိုင်းမီးလှုံနေကြ..မီးလှုံရင်း အာလူး၊ ကြက်သွန်၊ ပုဇွန် ပစ်ထည့်..ခွေးတွေရော၊ ကြောင်တွေရော၊ လူကြီးတွေရော၊ ကလေးတွေရော ဝိုင်းဖွဲ့ ရတာ ပျော်ဖို့  သိပ်ကောင်း
ဟမ်....တိုရေ ရှားရေနဲ့ ....
မီးရှို့တဲ့ အကြောင်းမှာတင် ပြီးသွားပါရောလားးးး
ဆော့တဲ့အကြောင်းတွေ ဖတ်ဖို့ မောင်းတင်လာတာဗျာ...
ရေးပါဦးဗျ....
သက်ဝေ၊ ကေတို့နဲ့ တစ်ပါတီဝင်ပါး)
ငယ်ငယ်တုန်းက မီးသီးကို ရေလောင်းဖူးတယ်။ ဖုန်းခနဲပဲ။ :P
အခုတော့ ပိုမွှေး တတ်နေလောက်ရော ပေါ့.. :D
ငယ်ငယ်တုန်းက အကြောင်းလေး ဖတ်သွားပါတယ် ရှင်။
ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်
ကိုအောင်ရေ ဒီကနေ့မှစာကြွေးတွေလာရှင်းဖြစ်တယ်း)
တို့ငယ်ငယ်တုန်းအရွယ် တဂ်ပို့စ်လေးက ဆက်ရန်ရှိတော့ဘူးလား ဖတ်လို့ကောင်းတုန်းရပ်သွားလို့။
တီတင့်တို့နယ်ကျောင်းတွေမှာ မနက်တိုင်းဆိုရတဲ့ 'စည်းကမ်းကိုရိုသေမည် ပြည်သူသားကောင်း သမီးကောင်းကျာင်းကောင်စီ' ဆိုတဲ့သီချင်းရော ကိုအောင်သိလား :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment