Wednesday, 29 February 2012

ငါးထောင်တန်ဖုန်း အပေါ် ဘလော့ဂါတို့ အမြင် (တက်ဂ်ပို့စ်)

ဘလော့ဂါ ကိုသက်တန့်ချို က ငါးထောင်တန် ဖုန်းကဒ်
မြန်မာပြည်မှာ အများသူငှာ သုံးခွင့်ရရှိရေးနဲ့ ပက်သက်ပြီး
ဘလော့ဂါ အမြင်ကို ရေးပေးဖို့ tag (တက်ဂ်) ထား
ပါတယ်၊ ကျေးဇူးပါ ကိုသက်တန့်ချို ...။


ဆက်သွယ်ရေးနဲ့ ပက်သက်ပြီး အများသူငှာ ဈေးနှုန်း
သက်သက်သာသာ အဆင်ပြေပြေ အသုံးပြုနိုင်မယ့် အစီအစဉ်
မျိုးဆိုရင် ကောင်းပါတယ်လို့ ထင်ပါတယ်၊ ကိုသက်တန့်ချို
ပြောတဲ့ ငါးထောင်တန်ဖုန်း ဆိုတာ လက်ကိုင်ဖုန်း Handset
ထဲမှာ ထည့်သွင်းရတဲ့ ဆင်းမ်(SIM)ကဒ် ကို ဆိုလိုတာ
ဖြစ်မယ်လို့ ထင်ပါတယ် ...။

ကျနော်တို့ ပြည်ပမှာတော့ အဲဒီ SIM- ဆင်းမ်ကဒ် ဈေးဟာ
အင်မတန် သက်သာပါတယ်၊ အခုဆိုရင် SIM- ဆင်းမ်ကဒ်ကို
အလကား ပေးသုံးတဲ့ ကုမ္မဏီတွေလည်း အများအပြား ရှိပါတယ်၊
အမေရိကန် ဒေါ်လာ(၂၀) တန်ဖိုးနဲ့ SIM- ဆင်းမ်ကဒ်ရော၊ ဖုန်းခေါ်ခ
ကျသင့်ငွေပါ တခါတည်း ၀ယ်လို့ရပါတယ်၊ လမ်းဘေးက ဈေးဆိုင်
တွေ၊ ကား ဓါတ်ဆီဖြည့်တဲ့ ဆီဆိုင်လို့ နေရာတွေမှာတောင် အလွယ်
တကူ ၀ယ်လို့ရပါတယ်၊ အင်တာနက်ပေါ်ကလည်း လှမ်းပြီး ၀ယ်
ယူလို့ ရပါသေးတယ်၊ ပိုက်ဆံနဲ့ ၀ယ်ဖို့ မလိုပဲ သက်သက်မဲ့ SIM
ဆင်းမ်ကဒ် အခမဲ့ လိုက်ဝေပေးတဲ့ ကုမ္မဏီမျိုးလည်း ရှိပါတယ်။

လက်ရှိ ကမ္ဘာ့စီးပွားရေး ညွှန်းကိန်းတွေ ကျဆင်းမှုနှင့် အလုပ်လက်မဲ့
ဦးရေ ပြဿနာတွေကြောင့် တစ်ကမ္ဘာလုံး ချိုခြံချွေတာရေး အစီအစဉ်
တချို့ ပြလုပ်လာကြပါတယ်၊ အဲဒီအထဲမှာ လက်ကိုင်ဖုန်း အသုံးပြုလို့
ကုန်ကျတဲ့ ကုန်ကျစရိတ်ပါ ချွေတာရေး အစီအစဉ်တွေ ပြုလုပ်လာ
ကြပါတယ်၊ ဒါကြောင့် ယနေ့ တိုးတက်တဲ့ နိုင်ငံတချို့မှာ … SIM
ဆင်းမ်ကဒ် ထုတ်လုပ်တဲ့ ကုမ္မဏီ အမျိုးအစားချင်းတူရင် ဖုန်းနံပါတ်
တစ်ခုကနေ အခြားတစ်ခုကို ခေါ်ရင် အခမဲ့ ခေါ်လို့ ရပါတယ်၊
ဥပမာ ကျနော်က ဒိန်းမတ်နိုင်ငံရဲ့ onfone လို့ခေါ်တဲ့ ဖုန်းကုမ္မဏီ
ကို သုံးပါတယ်၊ ကျနော့်အမျိုးသမီးလည်း အဲဒီ ဖုန်းကုမ္မဏီ အမျိုးအစား
ကိုပဲ သုံးပါတယ်၊ ကျနော်နဲ့ ကျနော့်ဇနီးသည် ဖုန်းပြောရင် အခမဲ့
ပြောလို့ ရပါတယ်၊ ကျနော်တို့ မိသားစုနဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ
တွေလည်း အဲဒီ ကုမ္မဏီကို သုံးပါတယ်၊ ကျနော်တို့ အချင်းချင်း တစ်ခါ
ပြောရင် တစ်နာရီအထိ အခမဲ့ ပြောလို့ ရပါတယ်၊ တစ်နာရီထက် ကျော်
လွန်လို့တော့ မရပါဘူး၊ ဒါကြောင့် တစ်နာရီ ပြည့်ကာနီးရင် ဖုန်းပြန်ချ၊
နောက်တခါ ထပ်ခေါ်၊ အဲလိုနည်းနဲ့ အခမဲ့ ပြောလို့ ရပါတယ်။

ကျနော်ရဲ့ ဖုန်းဖိုးက တစ်လ တစ်ခါ ပေးဆောင်ရတဲ့ လပေးစနစ်
မျိုးလည်း မဟုတ်ပါဘူး၊ ကိုယ် SIM- ဆင်းမ်ကဒ်ထဲကို ထည့်ထားတဲ့
ပိုက်ဆံ ကုန်သွားမှ နောက်တခါ ထပ်ထည့်ရတာပါ၊ အဲလို လပေး
မဟုတ်တဲ့ စနစ်နဲ့ ၀ယ်ထားတဲ့ ဖုန်းစနစ်မှာတောင် ကုမ္မဏီက ကိုယ်နဲ့
ကုမ္မဏီ အမျိုးအစားချင်းတူတဲ့ ဖုန်း (၁၀)လုံးအထိ အပေါ်မှာ ကျနော်
ပြောခဲ့သလို အခမဲ့ ဖုန်းပြောခွင့် ပေးပါတယ်၊ ကျနော့်မိတ်ဆွေ တစ်ဦး
ဆိုရင် လပေးစနစ် (လစဉ် အမေရိကန် ဒေါ်လာ ၂၀) လုပ်ထားပါတယ်၊
သူ့ဖုန်းကို ဖုန်းကုမ္မဏီက အင်တာနက်ပါ အခမဲ့ သုံးစွဲခွင့် ပေးထား
ပါတယ်၊ သို့ပေမယ့် ကျနော့်မိတ်ဆွေက သူ့ရဲ့ ဖုန်းထဲကို Google talk
တို့၊ skype တို့ download ချပြီး အဲဒါနဲ့ပဲ ပြောနေလို့ တစ်လ … တစ်လ
သွင်းနေရတဲ့ ပိုက်ဆံဟာ ဆက်သွယ်စရာ မရှိပဲ ပေးသွင်းနေရတယ်လို့
ကျနော့်မိတ်ဆွေက ပြောပြပါတယ်။

ကျနော်နဲ့ ကျနော့်မိတ်ဆွေ တော်တော်များများဟာ made in China
အမှတ်တံဆိပ်ပါတဲ့ ကုန်ပစ္စည်းများကို သုံးစွဲဖို့ တွန့်ဆုတ်လေ့ ရှိပါတယ်၊
ဒါကြောင့် လက်ကိုင်ဖုန်း Handset ၀ယ်ပြီးရင် ဖုန်းက ဘယ်နိုင်ငံက
လုပ်သလဲလို့ ကြည့်လေ့ရှိပါတယ်၊ Nokia တိုင်း ဖင်လန်နိုင်ငံ ထုတ်တာ
မဟုတ်ပါဘူး၊ အရှေ့ဥရောပ၊ တခါတလေ made in China တွေ ရှိပါတယ်၊
ဒါကြောင့် ဖုန်းက ဘယ်နိုင်ငံက လုပ်သလဲ၊ ဖုန်းထဲက ဘက်ထရီက ဘယ်နိုင်ငံ
လုပ်သလဲ၊ Phone Charger ရော ဘယ်နိုင်ငံက လုပ်သလဲ၊ ကိုယ် သုံးတဲ့
ဖုန်းလိုင်း ကုမ္မဏီက ဘယ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုလည်း စသဖြင့် ကြည့်လေ့
ရှိပါတယ်၊ made in China ဆိုတဲ့ စာတန်း မြင်တာနဲ့ ကျနော်တော့ လုံးဝ
အသုံးမပြုပါ။

ကိုသက်တန့်ချို မေးထားတဲ့ မေးခွန်းတွေကို ဖြေကြည့်အုံးမယ် … :)

(၁) ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို
တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား။
….
ဈေးကြီးလိုက်တာ ၀က်ဝက်ကွဲပဲ … :(

(၂) ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ
ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။
….
ကောင်းပါတယ်၊ ထောက်ခံပါတယ် … :)

(၃) ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီး
လွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။
….
ကောင်းမယ်ထင်သလို ကြိုးစားကြပါ … :D

(၄) ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့
ကြိုဆိုပါသလား ။
….
ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ် … :)

(၅) ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်
ချရေးပေးပါ ။
…. ….
ကမ္ဘာ့ကြီးနဲ့ ရင်ဘောင်တန်ဖို့ ၀င်ငွေနည်းတဲ့ ကျနော်တို့ ပြည်သူ
အများစုလည်း အဆင့်မြင့် ဆက်သွယ်ရေးကို ဈေး သက်သက်
သာသာနဲ့ အသုံးပြုနိုင်တာကို မြင်တွေ့ချင်ပါတယ်။
….......... ….. …


-စစ်ငြိမ်းဒီရေ

7 comments:

ခရစ္စတလ် said...

ပြည်သူအများ ညီညွတ်ရင် အောင်မြင်ရမှာပေါ့။

မောင်သီဟ said...

D လိုအများပြည်သူအကျိုးတွက်ဆိုရင်
လုပ်ငန်းရှင်ကြီးတွေဘယ်ချောင်မှာကပ်နေလဲသိဖူးနော်
သူဌေးကြီးတွေလေ လက်ချိုးရေတွက်လို့ရတဲ့သူတွေ ဘာလုပ်ဖို့ ဘယ်ဏ္ဍကနေပါဝင်ပြီးတိုင်ပြည်ကောင်းကျိုး ဝန်ထမ်းဖို့တွေးနေကြတာပါလိမ့်နော်
း)

ညီရဲ said...

ဖြစ်လာရင် အကောင်းဆုံးပေါ့ အစ်ကို... အားလုံးကလဲ မျှော်လင့်နေကြတာပါ...

သက်တန့်ချို said...

ကိုအောင်ရေ

တဂ်ပို့စ်လေးကို မအားတဲ့ကြားကနေ ပြန်ဖြေပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျး) တောင်းဆိုမှုတွေပြည့်ဝလာလိမ့်မယ်လို့လည်းယုံကြည်မိပါတယ်း)

လေးစားစွာဖြင့်

သက်တန့်ချို

Ko Thiha said...

ငါးထောင်တန် SIM ကဒ် ကို တာဝန်ခံလုပ်မယ့်သူဌေး ပေါပေါများများ ထွက်မလာတာ ရှုံးမှာစိုးလို့ မဟုတ်ဘူးထင်ပါတယ်။

mstint said...

ဗဟုသုတလေးရသွားတယ် ကိုအောင်ရေ။
မေးခွန်းတွေဖြေထားပုံလေးသဘောကျတယ်
လိုရင်းတိုရှင်းနဲ့စာမေးပွဲဆိုရင်အမှတ်ပြည့်ပဲး)
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

မေတ္တာဖြင့်
အန်တီတင့်

Unknown said...

ဘယ်လိုဖြစ်လို့ ၅၀၀၀ တန် ဖုန်းကို လုပ်မည့် company မရှိရတာလဲ။ ကျွန်တော်ထင်တာကတော့ တစ်ဦးပိုင် စနစ်ဖြစ်တဲ့ အကျင့်တွေ မပျောက်သေးလို့ ထင်တယ်။ မြန်မာနိုင်ငံ ခောတ်လည်း ပြောင်းနေပါပြီ ။ ဒါမျိုးတွေ ရှိနေတုန်းပဲလား. သမ္မတ ကြီးကတောင် ဖော်ရွေနေပြီ ဆက်သွယ်ရေးနဲ့ စာတိုက်ဝန်ကြီးဌာန က ဘာဖြစ်လို့ မဖြစ်နိုင်သေးဘူးပဲ ပြောနေရတာလည်းမ သိပါဘူး။ အမှန်မှန်ဆို ပြည်သူ့အတွက် ကြည့်ရမှာလေ ။ သူတို့က စီးပွားရေး သမားတွေဘက်ပဲ ကြည့်နေကြတယ်။ ၅၀၀၀ တန် ဖုန်းလုပ်မယ့် company ရှိပြန်တော့လည်း ပေးမလုပ်ချင်ဘူးဆိုတာက အဲဒီ့ သဘောပဲလေ။ စဉ်းစားဥာဏ် ရှိတဲ့ လူတိုင်းဒါကို စဉ်းစားနိုင်ပါတယ်။ ဒါပေမယ့် သူတို့က မစဉ်းစားနိုင်ဘူးဖြစ်နေတယ်။ ပညာ မတတ်လို့တော့ မဟုတ်နိုင်ပါဘူး။ သူတို့က ပြည်သူ့ထဲက ပြည်သူတစ်ယောက်မဟုတ်ဘူးဆိုတော့ မာနိုင်တာပေါ့။ ဖုန်းခ ကလည်း အို ပြောလို့လည်း မကောင်းပါဘူး ကိုယ့်နိုင်ငံ က ကိစ္စကို ပြောရမှာလည်း မကောင်းဘူးဖြစ်နေတယ်။ တစ်မိနစ် ၅၀ တဲ့ သာမန်ပြည်သူ တစ်ယောက် (သို့) ကျောင်းသား ကျောင်းသူ တစ်ယောက်က ဘယ်လိုမျိုး ဖြည့်တင်းသုံးဆောင်နိုင်မလဲ။ ကိုယ့်နိုင်ငံက လုပ်တဲ့ ဝန်ဆောင်မှုကိုတောင် သက်တောင့်သက်သာ မသုံးနိုင်တဲ့ ဘဝပါလားနော်။