ဖေဘွတ် (facebook)မှာ ကျနော်နဲ့ ခင်မင်ရင်းနှီးသော ပြည်တွင်း
က ကဗျာဆရာတစ်ဦးက ကျနော့်ကို ကဗျာ၊ ဆောင်းပါးတွေ ရေးပါ
အုံးလို့ တိုက်တွန်းတာကြောင့် ကဗျာကို ချစ်ခဲ့ဖူးတဲ့ နေ့စွဲတွေ
သို့မဟုတ် ပေါ့ကျ ကြိုက်သူတွေ အကြောင်း၊ ကျနော့် ထင်မြင်ချက်
တွေ ရေးပါအုံးမယ်၊ ခုတလော ကျနော့် စာမျက်နှာပေါ်မှာ မြောက်ပိုင်း
ဒေသက အရိုးတွန်သံ အကြောင်းတွေ တင်ပြတာ များနေလို့
ဘလော့ရေးဖေါ်ရေးဖက် မိတ်ဆွေတွေကတောင်၊ ဟိုအရင်
က သမိုင်း၊ နောက်တော့ သရဲ၊ အခုတခါ ခေါင်းဖြတ်မှုပြဿနာ
တွေ အတင်များလာတော့ ဘလော့ အလည်လာတဲ့ သူတွေ
တောင် မျက်စိတွေ လည်သလို ဖြစ်နေကြပြီဆိုတဲ့ အသံတွေ
ကြားရပါတယ်။
(မှတ်ချက်။ ။ လွန်ခဲ့သော ရက်အနည်းငယ်က ကျနော့်စာမျက်နှာ
ဟာ မဲဝဲလ် (Malware) ခေါ် ဗိုက်ရပ်စ် ထိ ပြန်ပါတယ်၊ ဒါကြောင့်
ယခင်က ဘလော့ side bar မှာ ချိတ်ဆွဲခဲ့တဲ့ မိတ်ဆွေ ဘလော့ဂါ
တွေရဲ့ လင့်ခ် အားလုံးကို ဖြုတ်ချပြီး အသစ် ပြန်လည် ချိတ်ဆွဲ
ရပါတယ်၊ ယခု ပြန်လည် ချိတ်ဆွဲထားတဲ့ လင့်ခ်တွေထဲမှာ မိတ်ဆွေ
တချို့ရဲ့ လင့်ခ် ပါရှိတာ မတွေ့ရရင် ကျနော့်ကို ပြောကြပါလို့
စာ လာဖတ်တဲ့ ဘလော့ ရေးဖော်ရေးဖက်တွေကို မေတ္တာရပ်ခံ
ပါတယ်။ -ပျူနိုင်ငံ)
စာရေးသူ ကျနော် ဘလော့ လောကထဲ ရောက် မလာခင်က
ကဗျာ လုံးဝ မရေးဘူးပါ၊ ဘယ်လို ရေးရမှန်းလည်း လုံးဝ မသိပါ၊
အွန်လိုင်းပေါ်မှာ ၂၀၀၃ ခုနှစ်က စပြီး စာရေးခဲ့ပါတယ်၊ နောက်တော့
ကိုယ်ပိုင် စာမျက်နှာ ဘလော့ လုပ်ပြီး ဘလော့ဂါ ဖြစ်လာပါတယ်၊
ဘလော့ ရေးဖော်ရေးဖက် မိတ်ဆွေတွေထဲ တချို့က ကဗျာရေး
ကြပါတယ်၊ ဘလော့တွေပေါ်မှာ ကဗျာ ရေးသူတွေ ပွဲကောင်းတဲ့
ခေတ် ရှိခဲ့ဖူးပါတယ်၊ သတင်း အချက်အလက် တင်ပြတဲ့ ဘလော့ဂါ
တွေ နည်းတူ စာဖတ်သူ စိတ်ဝင်းစားခြင်း ခံရတဲ့ ဘလော့ဂါတွေထဲ
မှာ ကဗျာရေးတဲ့ ဘလော့ဂါ ကဗျာဆရာတွေ (သို့မဟုတ်) ကဗျာ
ဘလော့ဂါတွေ အများအပြား ရှိခဲ့ပါတယ် …
(ကို) အောင်သာငယ်
(ကို) ဆောင်းယွန်းလ
မောင်ဖုန်းမြင့်
ကောင်းကင်ကို
(ကို) တင်မင်းထက်
(ကို) သင့်ကာ
တောကျောင်းဆရာ
မိုးလှိုင်ည …
တို့နဲ့ စာရေးသူ ကျနော်ဟာ အွန်လိုင်းပေါ်တွင် ကိုယ်ပိုင်ဘလော့
ရှေ့ဆင့်နောက်ဆင့် ထူထောင်ခဲ့ကြပြီး ရင်းနှီးခဲ့ကြပါတယ် ….။
အမျိုးသမီး ဘလော့ဂါတွေထဲမှာ `ပန်ဒိုရာ´၊ ခုနောက်ပိုင်း `ခိုင်စိုးလင်း´
တို့ရဲ့ ကဗျာများကို ကျနော် ကြိုက်နှစ်သက်ပါတယ် ….
တခေတ်တခါက ကိုအောင်သာငယ်တို့၊ ပန်ဒိုရာတို့၊ သူတို့ဘလော့ပေါ်
ကဗျာ တင်လိုက်တာနဲ့ ကော်မန့်ရေးချင်တဲ့သူများက တန်းစီးပြီး စောင့်
နေကြပါတယ်၊ အဲဒီအချိန်က ကျနော်က သမိုင်းအကြောင်း အတိုအစ၊
စုဆောင်းထားတာလေးတွေကို ဘလော့ပေါ် တင်ပါတယ်၊ ကဗျာ
မရေးပါဘူး၊ သူတို့အပေါ် စာဖတ် ပရိတ်သတ် စိတ်ဝင်းစားမှုကို အားကျ
ပြီး ကျနော်လည်း ကဗျာ ရေးချင်စိတ် ပေါက်လာပါတယ်၊ ဒါကြောင့်
ကျနော် ရေးခဲ့သော ကျနော့် ကဗျာများသည် အွန်လိုင်းပေါ်က ကဗျာ
ဆရာများရဲ့ လောင်းရိပ်ကနေ သီးခြား ကင်းလွှတ်နေတယ်လို့
ကျနော် လုံးဝ မခံယူပါ ….။
စာလုံးပေါင်း သတ်ပုံ မမှန်သော ကျနော့် ကဗျာကို ကျနော် ဖတ်ပြီး
တော်တော်ကိုး သဘောကျပါတယ်၊ ကိုအောင်သာငယ်နဲ့ မောင်ဖုန်းမြင့်
တို့က မြှောက်ပေးပါတယ်၊ ကွယ်လွန်သူ ဆရာ မောင်သော်က ရဲ့ အနှစ်
နှစ်ဆယ် ကဗျာထဲကလို … ကိုယ့်စင်ကိုယ်ထိုး ဇာတ်ပိုးတော့ ထပြီလေ …
ဆိုတဲ့ စာသားအတိုင်း ကဗျာ ဗိုက်ရပ်စ်ရောဂါပိုးကို တင်သွင်းဖို့
ကျနော့်ကိုယ် ကျနော် ခွင့်ပြုခဲ့ပါတယ်။
`အဆိပ်သောက် ပြိုင်ပွဲ´ ကဗျာကြောင့် ဘလော့ပေါ်တွင် ကဗျာရေး
သော ဘလော့ဂါ အုပ်စုတွင် ကျနော် အသံထွက်ခွင့် ရလာပါတယ်၊
အဲဒီအရင်က ကျနော်ဟာ ကဗျာ ဖတ်သူ၊ ခံစားသူ သက်သက်သာ
ဖြစ်ပါတယ် …
ကဗျာအကြောင်း လုံးဝ မသိ …
ကဗျာ စည်းမျဉ်းစည်းကမ်း လုံးဝ မသိ …
ကဗျာ အယူအဆ လုံးဝ မသိ …
အဲလို လုံးဝ မသိသော အချိန်က ကဗျာ ရေးရချင်းကို ကျနော်
အင်မတန် ပျော်ရွှင်နေပါတယ်၊ ကဗျာ ရေးတဲ့သူ အများစုက
ခံစားချက် …. နဲ့ ရေးတယ်လို့ ကျနော် ယူဆပါတယ်၊ ကျနော်ကတော့
စာဖတ် အားနဲ့ ရေးပါတယ်၊ ဖြတ်သန်းမှု အဟောင်းတွေအပေါ်
ပြန်ခံစားပြီး ရေးပါတယ်၊ ဒါ တကယ့်ကို ရိုးရိုးသားသား ၀န်ခံ
တာပါ၊ နိုင်ငံရေး တော်လှန်ရေးနယ်ပယ်မှာ ကျင်လည်လာခဲ့တဲ့
အတွက် စာအုပ်စာပေ ဖတ်ရှုခွင့်က သူများထက် အနည်းငယ်
ပိုပြီး ရခဲ့တယ်လို့ ထင်ပါတယ်၊ ကဗျာဆိုတာ `ပညာရှိရဲ့ ပစ္စည်း´
ဆိုတဲ့ ခေါင်းစည်းအောက်က ကြည့်မယ်ဆိုရင် ကျနော်တော့
ကဗျာ ရေးဖြစ်ခဲ့မယ်လို့ မထင်ပါဘူး၊ `ဖွက်´ ရမယ်၊ `၀ှက်´ ရမယ်၊
အဓိပ္ပါယ် နှစ်မျိုးထက်မနည်း ပေးသလို ဖြစ်ရမယ်လို့ အစောပိုင်းက
ကျနော့်ဘာသာ ခံယူခဲ့ပါတယ်၊ ဒါကြောင့် ရေးဖော် ရေးဖက်များက …
အထာ စကား … :)
ဘာသာဗေဒ … :)
စကားလိမ် … :)
နှင့် ကဗျာကို ရောချသူ သို့မဟုတ် ကဗျာကို တည်ဆောက်ထားသူ
ဟု သတ်မှတ်ပြီး အဲဒီစာရင်းထဲ ပို့ပေးကြပါတယ် … :D
ကျနော်လည်း တဖြေးဖြေး လူပါးဝ လာပါတယ်၊ ကဗျာတစ်ပုဒ်ကို
ဖတ်ပြီးတာနဲ့ ကဗျာဆရာရဲ့ ဘ၀ကို ချောင်းမြောင်း ကြည့်ရှုလေ့
ရှိပါတယ် …
သူရဲ့ စာပေဆိုင်ရာ ခံယူချက်က ဘာလဲ …
သူ့ရဲ့ လက်ရှိ ကဗျာဟာ အဲဒီအရင်က သူ့ကဗျာရဲ့ အရိပ်အောက်
မှာ ပိတ်မိနေလား ….
သူ့ရဲ့ နိုင်ငံရေး ခံယူချက်က ဘာလဲ ….
သူဟာ ဘာသာတရားတစ်ခုခုကို ကိုးကွယ်ယုံကြည်သူလား ….
စသဖြင့် လေ့လာလေ့ ရှိပါတယ်။
ကဗျာရေးသူရဲ့ ကဗျာဟာ
အချစ် ဦးစားပေးလား …
အမှန်တရား ရှာဖွေရေးလား …
မေတ္တာတရား ဝေမျှဖို့လား …
သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်ကို ကူညီဖို့လား …
စသဖြင့် ကိုယ့်ပေတံကိုယ် တိုင်းတာလေ့ ရှိပါတယ်။
…........ …..
၁၉၉၈ ခုနှစ်က ကျနော့် သူငယ်ချင်းတစ်ဦးရဲ့ မိသားစုဟာ
ရန်ကုန် မြို့လယ်ရှိ ကန်ထရိုက် တိုက်ခန်းတစ်ခုတွင် ဌားရမ်း
နေထိုင်ကြပါတယ်၊ သူတို့ မိသားစု နေထိုင်သော တိုက်မှာ
အလွှာ ခြောက်လွှာရှိပြီး သူတို့ နေတာက ငါးလွှာမြောက်မှာ
ပါ၊ သူတို့ အပေါ်ထပ်တွင် မြေကွက်ပိုင်ရှင် မိသားစု နေထိုင်
ပါတယ်၊ အဲဒီ သူတို့ အပေါ်ထပ်က အလွှာတွင် နေထိုင်သော
မိသားစုတွင် ကဗျာဆရာ တစ်ဦးရှိပါတယ်၊ တစ်နေ့တော့
အဲဒီကဗျာဆရာရဲ့ မိန်းမဟာ သူ့ ယောက်ျားကို ထားရစ်ခဲ့ပြီး
နောက်ယောက်ျားနောက် လိုက်ပါ သွားပါတယ်၊ နောက်
တစ်ပတ်လောက်နေတော့ အဲဒီ အပေါ်ထပ်မှာ နှလုံးရောဂါ
ကြောင့် သေဆုံးနေတဲ့ ကဗျာဆရာရဲ့ အလောင်းကို လူတွေ
ရှာဖွေ တွေ့ရှိသွားကြပါတယ်။
ကဗျာဆရာ မသေဆုံးခင်က ညဖက်တွေမှာ အပေါ်ထပ်က
သူ့အိပ်ခန်း ပြတင်းပေါက်ကို ဖွင့်ပြီး ကဗျာရေးလိုက် ဆေးလိပ်
ဖွာလိုက် လုပ်လေ့ရှိပါတယ်၊ ကဗျာဆရာရဲ့ အဲဒီ ပြတင်းပေါက်
တည့်တည့်ရဲ့အောက်မှာ ကျနော့်သူငယ်ချင်း အိပ်ခန်း ရှိပါတယ်၊
ကျနော့် သူငယ်ချင်းက ခန္ဓာကိုယ် ၀တဲ့သူ ဆိုတော့ ညဖက်တွေ
မှာ သူ့အခန်းရဲ့ ပြတင်းပေါက်ကို ဖွင့်ပြီး အိပ်လေ့ ရှိပါတယ်၊
ကဗျာဆရာ ကွယ်လွန်သွားတဲ့ နောက်ပိုင်း အဲဒီ အပေါ်ထပ်တွင်
ဘယ်သူမှ မနေကြပါ၊ သို့သော် ကျနော့် သူငယ်ချင်းက ညဖက်
တွေမှာ အပေါ်က ပြတင်းပေါက်ဖွင့်သံ၊ ပြန် ပိတ်သံတွေ ကြားရ
ကြောင်း ပြောပြပါတယ်၊ အရင်လိုပဲ ဆေးလိပ်သောက်ပြီး ချွေချ
လိုက်တဲ့ ဆေးလိပ်ပြာတွေ အောက်ထပ်က သူ့ ပြတင်းပေါက်
ဘောင်မှာ လာ ကပ်လေ့ရှိကြောင်း ကျနော်နဲ့ တခြား သူငယ်ချင်း
တစ်ဦးကို ခေါ်ပြပါတယ်၊ တညတော့ ကျနော် အပါအ၀င် တခြား
သူငယ်ချင်း တစ်ဦးပါ အဲဒီအခန်းထဲ သွား အိပ်ကြပါတယ်၊ ကဗျာ
ရွတ်သံတွေ ကြားရမလားလို့ တညလုံး ကျနော်တို့ မျှော်နေ
ကြပါတယ်၊ မိုးလင်း ရောင်နီလာချိန်ရောက်လို့ ပြတင်းပေါက်
ဘောင်ပေါ် ကြည့်လိုက်တော့ ပြာတွေက ခပ်များများပါ …. ။
-စစ်ငြိမ်းဒီရေ
Dear Angel(15)....
2 days ago
6 comments:
ဘာရယ် မဟုတ်
ကိုယ့်အခန်း ပြတင်းပေါက်ဆီတောင်
မျက်လုံး ရောက်သွားတယ် ..
ဒါပေမယ့် ပိတ်ထားတယ် .. :D
ခင်မင်လျှက်
ဆောင်းနှင်းရွက်
စွဲမိစွဲရာ.... ဆေးလိပ်နံရော ရသေးလား ကိုအောင်...
I miss those good old days, Nyi Lay.... :)
ကဗျာဆရာ မကျွတ်ရှာဘူးနဲ့ တူပါတယ်.. အမျှအတန်းလေး ဘာလေး ပေးလိုက်ပေါ့နော်..
ကဗျာ ဆိုလို့ ကဗျာအကြောင်း ကောင်းကောင်း မသိပဲနဲ့ ရေးချင်သလို ရေးနေတဲ့ အထဲမှာ ကျွန်တော် လည်း ပါတယ်.. အစ်ကိုရေ..
ကိုအောင်...တစ္ဆေဘက်ပြန်လှည့်ပြန်ပြီနော...ဟဲ ဟဲ ကျွန်တော်ကတော့ အေးဆေးပဲဗျာ...အိမ်က တစ်ထပ်ပဲရှိတာကိုး...
ဆေးပေါ့လိပ် ဆိုတော့ အနံ့မပြင်းလို့ နဲ့တူတယ်။
Post a Comment