Sunday, 19 February 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း- ၁၀)

ရေးသူ- (ကို)အောင်မိုးဝင်း

ယခင်အပိုင်း(၉)မှ အဆက် ….



မြောက်ပိုင်းဒေသမှ အရိုးတွန်သံများရဲ့ အဆင့်(၃) ကို
ရောက်လာပြီ။ ဒီအဆင့်ဟာ ကြိုတင်ပြောထားသလိုပဲ၊
မုန်တိုင်းပိုထန်လာမယ်။ မျက်နှာဖုံးတွေ ပိုကွာ ကျလာမယ်။
စည်းဝိုင်းအတွင်းမှာ တရားဝင် ရင်ဆိုင်ဖို့ ကမ်းလှမ်းကြ
တော့မယ်။ နန်းအောင်ထွေးကြည်ကတော့ လူသတ်သမား
ရော်နယ်အောင်နိုင်နဲ့ တာဝန်ရှိသူများကို ကဗျာတပုဒ်နဲ့
ရာဇသံပေးလိုက်တယ်။ ပြည်တွင်းမှာ ရှိတဲ့ ကျောင်းသား
တွေကလည်း သူတို့သာ ထောက်လှမ်းရေးမှန်ရင် သက်သေပြပါ
ဆိုတဲ့ စိန်ခေါ်မှုတရပ်ကို တရားဝင်ကြေငြာခဲ့တယ်။ တကယ်တော့
အမှန်တရားဖေါ်ထုတ်ရေးအဆင့်က ပြီးဆုံးသွားပြီ။ ဘယ်သူတွေက
လက်နက်ကိုင် တော်လှန်ရေးကို ဖျက်ဆီးခဲ့သူတွေလဲ၊ ဘယ်သူတွေ
က ဒီမိုကရေစီရေးလှုပ်ရှားသူအစစ်လဲ ဆိုတာတွေကလည်း ရှင်းရှင်း
ကြီးဖြစ်သွားပြီ။ မြောက်ပိုင်းဒေသ အရိုးတွန်သံများ (အပိုင်း- ၁၀)
ကို ဆက်လက်တင်ပြလိုက်ပါတယ်။

(၁)

“ကိုထွန်းအောင်ကျော် ကို ပုဂ္ဂိုလ်ရေးအရတော့ စိတ်မကောင်း
ပါဘူး။ ဒါပေမဲ့ လက်နက်ကိုင်တော်လှန်ရေးမှာတော့ ကိုယ်တာဝန်
ကိုယ်ကျေအောင် လုပ်ရတာပါပဲ”
တဲ့ ရော်နယ်အောင်နိုင်ရဲ့ဧရာဝတီ မဂ္ဂဇင်းအင်တာဗျူးကို ဖတ်လိုက်
မိတဲ့ မိတ်ဆွေတယောက်က
“အောင်မလေး အင်တာဗျူးတွေက သောက်ကျိုးနည်းလောက်အောင်
ကြီးကျယ်လှချည်လားကွာ။ လက်နက်ကိုင်တော်လှန်ရေး ဆိုပါလား
ဟေ့။ မန္တလေးဆန္ဒပြပွဲမှာတောင် သွေးမရှိခဲ့တဲ့ကောင်က ဘယ်နေရာ
မှာ သွားပြီး လက်နက်ကိုင်ပြီး တိုက်ပွဲဝင်သလဲ မသိဘူး”
လို့ ပြောဆိုပြီး ခုံကို ပုတ်လိုက်တယ်။ ကျနော်ကတော့ စိတ်မပါတပါ
ပြုံးနေမိတယ်။

“မန္တလေးသားတွေနဲ့ ဗကသ များအဖွဲ့ချုပ်ဟာ “
ထွန်းအောင်ကျော် ကို ချစ်သလား၊ ရော်နယ်အောင်နိုင် ကို မုန်းသလား”
ဆိုတာ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ကျင်းပတဲ့ပွဲက တဆင့်၊ ဖေ့ဘွတ်
စာမျက်နှာတွေကတဆင့်၊ ရှင်းလင်းတဲ့အဖြေတခုပေးပြီးပြီလို့ ထင်ပါ
တယ်။ ၁၉၉၂ မှာ ကျောင်းသား (၁၅) ယောက်ကို ခေါင်းဖြတ်သတ်
အပြီးမှာတော့ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ရဲ့ အပုတ်နံ့
တွေက နိုင်ငံတကာမှာ တထောင်းထောင်းထနေပြီ။ ထိုင်းနိုင်ငံ
သတင်းထောက်၊ ရင်ဒီ က၊ ကျောင်းသားတပ်မတော် (မြောက်ပိုင်း)
ခေါင်းဆောင်တွေနဲ့ တွေ့ပြီး အင်တာဗျူးတဲ့အခါ၊ သူတို့က အတည်
ပေါက်ပဲ၊ ရဲရဲကြီး ဂတိပေးခဲ့တယ်။

“အသတ်ခံရသူတွေထဲမှာ ကျောင်းသားစစ် တယောက်မှားပါခဲ့မယ်
ဆိုရင် ကိုယ့်စိတ်နဲ့ကိုယ် ကြိုးစင်တက်သွားမယ်” ဆိုပဲ။ အင်း-
ကိုယ့်ဘာသာ စိန်ခေါ်မှုအရဆိုရင်တော့၊ ကြိုးမိန့်ကျမှာက တကြိုးတောင်
မကဘူး၊ အပြင် (၃၇) မင်း၊ အတွင်း (၃၇) မင်းပါ ပင့်ပြီး (၃၈) ကြိုး
တောင်း၊ အခမ်းအနားလုပ်၊ ကွပ်မျက်ရမလို ဖြစ်နေပြီ။

(၂)

နန်အောင်ထွေးကြည်ရဲ့ ရာဇသံ ကဗျာ ကို ဖတ်အပြီးမှာတော့
“ဗမာပြည်တော်လှန်ရေးသမိုင်းမှာ အမျိုးသမီးတယောက်က
သူပုန် လို ဟန်ဆောင်နေတဲ့ ယောင်္ကျားရင့်မာကြီးတွေကို စိန်ခေါ်တာ
ဒီတခါပဲ ရှိမယ်ထင်တယ်” လို့ တွေးလိုက်မိတယ်။
“ကျနော်တို့မှာ ခိုင်မာတဲ့ သက်သေတွေရှိပါတယ်” ဆိုတဲ့သူတွေရဲ့
ငြိမ်သက်မှုကလည်း သူရဲဘောကြောင်တာထက် ဆိုးဝါးလွန်း
လှတယ်။ ဘာပဲဖြစ်ဖြစ် သုတေသနစာတမ်းအတွက် စိတ်ဝင်စားစရာ
အကောင်းဆုံးက “ ရေလှိုင်းစစ်ဆင်ရေး” ဆိုတဲ့ ဝေါဟာရ ပဲ ဖြစ်တယ်။
ဒီ ဝေါဟာရဘယ်လိုပေါ်ပေါက်ခဲ့သလဲ၊ ဘယ်လို ဇာတ်လမ်းမျိုးဖြစ်မလဲ
ဆိုတာကို ကာယကံရှင်တွေရဲ့ ရှင်းလင်းချက်စာတမ်းတွေကို စောင့်မျှော်
နေခဲ့တယ်။

ဒီတပတ်မှာ ကိုအောင်ထူး ရဲ့လက်မှတ်နဲ့ထုတ်ဝေခဲ့တဲ့ ABSDF စတိတ်မန့်
(၁၉၉၂ မတ်လ ၁ ရက်) နဲ့ ဒေါက်တာနိုင်အောင်ရဲ့ သတင်းစာရှင်းလင်း
ပွဲ (၁၉၉၂ မေလ ၃၁) ကို နှိုင်းယှဉ် သုံးသပ်ကြဖို့ တင်ပြလိုက်ပါတယ်။

မြောက်ပိုင်း ကျောင်းသားတပ်မတော်တွင် ဖမ်းဆီးခံထားရသည့်
ရန်သူ့သူလျှိုများနှင့် ပတ်သက်ပြီး ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ၏
သတင်းထုတ်ပြန်ချက်

ကချင်ဒေသကိုတစ်လကြာ အလည်သွားပြီးတဲ့နောက်မှာ ကျနော်အနေနဲ့
ရက်စက်ကြမ်းကြုတ်တဲ့ စစ်အစိုးရ အပေါ် ယခင်ကထက်ကိုပိုပြီး ခါးသီး
စွာ ခံစားခဲ့ရပါတယ်၊ အဖမ်းဆီးခံနေရသူများရဲ့ ပြောကြားထွက်ဆိုချက်
အားလုံးကို ရိုးရိုးသားသား ဖတ်ရှုနားထောင်ခဲ့ပါတယ်၊ ငြိမ်ဝပ်ပိပြားရေး
အဖွဲ့ (SLORC)ရဲ့ ဖိနှိပ်ရေး ယန္တယားတစ်ခုဖြစ်နေသော မြန်မာနိုင်ငံ
အမျိုးသား ထောက်လှမ်းရေးအဖွဲ့(NIB)ဟာ ရှစ်လေးလုံး ပြည်သူ့
အုံကြွမှုကြီးကို ၀ရုန်းသုန်းကားဖြစ်အောင်၊ မင်းမဲ့စရိုက်ဖြစ်လာအောင်
ဖန်တီးခဲ့မှုတွေမှာ အဓိက တာဝန်ရှိခဲ့ပါတယ်၊ သူတို့ဟာ စနစ်ကျ
ခိုင်မာတဲ့ စီမံချက်နဲ့အတူ မိမိတို့ အတိုက်အခံ အင်အားစုတွေ
အတွင်းကို ထိုးဖေါက်ဝင်ရောက်ပြီး ရှုပ်ထွေးမှု၊ ညီညွတ်ရေးဖြိုခွဲမှု
တို့ကို ဖန်တီးကာ၊ အပေါ်စီးက ရအောင် ကြိုးစားခဲ့ကြပါတယ်။
သူတို့ရဲ့ လူတွေကို သတင်းပေးသမား၊ ထောက်လှမ်းသမားများ
အဖြစ်အသုံးချပြီး နည်းမျိုးစုံနဲ့ ထိုးဖေါက်ဝင်ရောက်လာကြတာ
ဖြစ်တယ်၊ သူတို့ရဲ့ အဓိကပြစ်မှတ်ကတော့ ထင်ရှားတဲ့ ခေါင်းဆောင်
များနဲ့ အတိုက်အခံ အင်အားစုတွေပဲဖြစ်တယ်၊ သူတို့ရဲ့ မဟာဗျူဟာ
တစိတ်တပိုင်းအရ၊ ABSDF ဟာ ပစ်မှတ်တခုဖြစ်ခဲ့ပြီး၊ သူတို့ရဲ့
သူလျှိုတွေကို “ရေလှိုင်း စစ်ဆင်ရေး” ခေါင်းစဉ်အောက်မှ ထိုးဖေါက်
ဝင်ရောက်နိုင်ရေးပင် ဖြစ်တယ်၊ သူတို့ အဓိက လုပ်ဆောင်ရမဲ့
အရာတွေကတော့

(၁) အဖွဲ့အစည်းများအတွင်း မတည်မငြိမ်ဖြစ်အောင်ဖန်တီး
လုပ်ဆောင်ရေး

(၂) အဆင့်မြင့် ရာထူးနေရာတွေကို ရယူထားရှိရေး

(၃) မဟာမိတ်အဖွဲ့များနဲ့ ထောက်ခံအားပေးသောအဖွဲ့အစည်း
များနှင့်နားလည်မှုလွှဲမှားရေး

(၄) ခိုင်မာတဲ့ အတိုက်အခံခေါင်းဆောင်တွေကို လုပ်ကြံ
သတ်ဖြတ်ရေးတို့ပင်ဖြစ်သည်၊

နောက်ဆုံး အပြီးသတ်ဆောင်ရွက်ရမဲ့အချိန်ကတော့ အမျိုးသား
ညီလာခံ ကျင်းပမည့် အချိန်ဖြစ်သည့် ၁၉၉၂နှစ်ကုန်ပိုင်းတွင်
ဖြစ်ပါသည်၊ တစ်ချို့အုပ်စုတွေကတော့ အမျိုးသားညီလာခံ
မကျင်းပခင် အလင်းဝင်ကြရန်ဖြစ်တယ်။ ကျန်နေမဲ့အုပ်စုတွေကိုတော့
ဖိအားတွေကို အပြင်းအထန်ပေးပြီး အမျိုးသားညီလာခံအပြီးတွင်
ဖြစ်လာမည့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အချိန်တွင်
အလင်းဝင်ကြရန်ပင် ဖြစ်သည်၊ (ဒီစပိုင်အဖွဲ့ရဲ့ ခေါင်းဆောင်တွေ
ကတော့ အမျိုးသားညီလာခံကို ၁၉၉၂ ကုန်ပိုင်းမှာ ကျင်းပလိမ့်မယ်
ဆိုတဲ့အချက်ကို သိရှိပြီးသားဖြစ်တယ်) လွတ်ငြိမ်းချမ်းသာခွင့်
ပေးအပြီး၊ နောက်ဆုံးကျန်ရှိနေဦးမည်ဖြစ်သည့် အုပ်စုတွေကတော့
ပြင်းထန်တဲ့ စစ်ဆင်ရေးနဲ့အတူ ချေမှုန်းခံရလိမ့်မည်ဖြစ်သည်၊
ကျနော်အနေနဲ့ ရန်သူ့ သူလျှို(၁၅) ယောက်ကို ကွပ်မျက်
သတ်ဖြတ်ပစ်လိုက်ခြင်းဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်
လို့ ယုံကြည်တာကြောင့် ထပ်မံအငြင်းပွားစရာ မရှိတော့ပါ။
ဗဟိုကော်မီတီဟာ ယခုဆုံးဖြတ်ချက် လုပ်ငန်းစဉ်တလျှောက်လုံးမှာ
လုံးဝ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိသော်လည်း ဗဟိုကော်မတီကိုယ်စား
ကျနော့်အနေနဲ့ တာဝန်ရှိခဲ့တယ်ဆိုတာလက်ခံပါတယ်၊
ဖမ်းဆီးထားတဲ့ ကျန်ရှိနေသေးသော ရန်သူ့သူလျှိုတွေကို အပြုသဘော
ဆန်စွာ ဖြေရှင်းသွားမယ်ဆိုတဲ့ အကြောင်းကို နိုင်ငံတကာ အသိုင်းအဝိုင်း
ထံ ရှင်းပြချင်ပါတယ်။

မကြာသေးခင်ကပဲ ကျနော်၊ ABSDF မြောက်ပိုင်းကော်မတီနဲ့ ကချင်
လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး အောက်ပါ
ဆုံးဖြတ်ချက်တွေ ချမှတ်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်၊

(၁) ABSDF အနေဖြင့် နောက်ထပ်ကျန်ရှိနေသေးတဲ့ စပိုင်တွေကို
သေဒဏ်မပေးရေး

(၂) မိမိတို့တော်လှန်ရေးလှုပ်ရှားမှုအပေါ် ရပ်တည်ချက်မှန်မှန်
ပြောင်းလဲလာသူတွေအားလုံးကို သာမန်အဖွဲ့ဝင်တွေအဖြစ်
ပြန်လည်လက်ခံသွားရန်၊

(၃) ကျနော်တို့ အနေဖြင့် လုံးဝလက်မခံနိုင်သော ရန်သူ့သူလျှိုများ
ကိုမူ ၄င်းတို့၏အနာဂတ်လုံခြုံရေး အတွက် နိုင်ငံတကာအဖွဲ့အစည်း
များသို့ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်သည်၊ နိုင်ငံတကာအဖွဲ့အစည်း
များနှင့် ဒီမိုကရက်တစ် အစိုးရများ အနေဖြင့်လည်း သူလျှိုများအား
မြန်မာပြည် ဒီမိုကရေစီရေးပြောင်းလဲမှုရရှိသည်အထိလက်ခံသွားပါရန်
ABSDF အနေဖြင့် မေတ္တာရပ်ခံသွားမည်ဖြစ်သည်၊

(၄) အကယ်၍ သူတို့ကို ပြည်ပနိုင်ငံတွေမှာ လက်ခံထားရှိပေးနိုင်ခဲ့ခြင်း
မရှိခဲ့လျှင်၊ သူတို့ကို ထောင်ဒဏ်တစ်နှစ်စီချမှတ်ပြီး မိဘဆွေမျိုးတို့၏
ခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးသွားမှာဖြစ်သည်၊သူတို့တစ်တွေဟာ
ကျနော်တို့ရဲ့ ရန်သူတွေဖြစ်ခဲ့သော်လည်းပဲ သူတို့ဟာ ယုတ်မာရက်စက်
တဲ့ အာဏာရှစ်စနစ်ရဲ့ သားကောင်တွေအဖြစ်လက်ခံထားပါတယ်၊ ဒါဟာ
ကျနော်တို့ရဲ့ အနာဂတ်အကျိုးစီးပွါးနဲ့ လူအခွင့်အရေးကို စာနာထောက်ထား
လို့ပဲဖြစ်ပါတယ်၊ ပြီးရင် ကျနော်တို့အနေဖြင့် သူတို့နဲ့ပတ်သက်တဲ့ ရန်သူ့
သူလျှိုမှတ်တမ်း အထောက်အထားအသေးစိတ်တွေကို လူသိရှင်ကြား
ဖေါ်ပြပေးသွားမှာဖြစ်တယ်၊ ထို့အတွက်ကြောင့် ကျနော်တို့အနေဖြင့်
နိုင်ငံတကာအဖွဲ့အစည်းတွေကို ပန်ကြားလိုသည်မှာ ရန်သူ့သူလျှိုတွေရဲ့
အနာဂတ်အတွက် ကျနော်တို့ကို နားလည်စွာဖြင့် ပူးပေါင်းဆောင်ရွက်မှု
ပေးသွားကြ ပါရန်မေတ္တာရပ်ခံအပ်ပါသည်၊

ဆန္ဒမွန်များဖြင့်
(လက်မှတ်)
မေလ(၃၁)ရက်နေ့၊ ၁၉၉၂ခုနှစ်


ဒေါက်တာနိုင်အောင်
ဥက္ကဌ


ဗဟိုကော်မီတီ
ABSDF

(၃)

တကယ်တော့ တတိယအဆင့်မှာ မုန်တိုင်းရဲ့ ဗဟိုချက်မဟာ
ဘယ်ကိုဦးတည်တော့မယ်ဆိုတာ လူတိုင်းနီးပါးသိနေပြီ။ ဒါပေမဲ့
မိုးပြိုနေတာကို မသိတဲ့ ပရွက်ဆိတ်တကောင်ကတော့၊ နိုင်ငံရေး
လူပျက်တယောက်လို လုပ်နေတဲ့အခါ ကျနော့မှာ သူ့ကို ကြည့်စေချင်
တဲ့ ရုပ်ရှင်ကားလေးတကားနဲ့ နှုတ်ဆက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။
In The Bedroom ဆိုတဲ့ ရုပ်ရှင်လေးအကြောင်းကို ပြောပြချင်ပါတယ်။
၂၀၀၁ ခုနှစ်က အကယ်ဒမီ (၅) ဆုရတဲ့ကားလေးပါ။ အမေရိကန်
ပြည်ထောင်စု၊ မိန်းပြည်နယ်ရဲ့ ဆိတ်ကမ်းမြို့လေးတမြို့မှာ ဖြစ်ပျက်ခဲ့တဲ့
ရာဇဝတ်မှုလေးတခုအကြောင်းကို ရိုက်ကူးထားတဲ့ ကားလေးပါ။ ဇာတ်လမ်း
အတိုချုပ်ကို ပြောရရင်၊ ဒေါက်တာ “မက်” နဲ့ “ရုဒ်” လို့ခေါ်တဲ့ လင်မယား
နှစ်ယောက်မှာ ဖရန့် လို့ ခေါ်တဲ့သားလေးတယောက်ပဲရှိတယ်။ သူတို့ရဲ့
သာလေး ဖရန့်က “နက်တလီ” လို့ခေါ်တဲ့ အသက်ကြီးကြီး မိန်းမ
တယောက်နဲ့ချစ်ရည်မျှ နေခဲ့တယ်။ “နက်တလီ” ရဲ့ ယောင်္ကျားဟောင်း
“ရစ်ချတ်”က အင်မတန်ဆိုးသွမ်းတယ်။ မိန်းမဟောင်း နက်တလီ ဆီကို
လာလာပြီး နှိပ်စက်ရိုက်နှက်လေ့ရှိတယ်။ တရက်မှာတော့ နက်တလီကို
လာနှိပ်စက်လေ့ရှိတဲ့ “ရစ်ချတ်” နဲ့ “ဖရန့်” ထိပ်တိုက်တွေ့ကြ၊ ထိုးကြ
ကြိတ်ကြပြီး၊ ရစ်ချတ် ဆိုတဲ့လူဆိုးက “ဖရန့်”ကို ပစ်သတ်ပစ်လိုက်တယ်။

ဒီအမှုဟာ တရားရုံးကိုရောက်ရှိခဲ့ပေမဲ့၊ လူသတ်မှုကို မျက်မြင်သက်သေ
အဖြစ်ထွက်ဆိုမဲ့ သူမရှိဘူး။ “နက်တလီ” ဆိုတဲ့ အမျိုးသမီးကလည်း
သူမရှေ့မှာ ဖြစ်ပျက်ခဲ့တာကို ကိုယ်တိုင်မြင်ခဲ့ပေမဲ့ ရစ်ချတ်ရဲ့
အန္တရာယ်ကို ကြောက်နေတာကြောင့်၊ အဖြစ်မှန်ကို မထွက်ဆိုရဲဘူး၊
တရားသူကြီးကလည်း လုံလောက်တဲ့ မျက်မြင်သက်သေမရှိခဲ့တဲ့အတွက်
ရစ်ချတ်ကို လူသတ်မှုနဲ့ အပြစ်ပေးလို့မရဘူး၊ ဒီလိုနဲ့ လူသတ်သမား
ရစ်ချတ်တယောက် ရာဇဝတ်မှုကနေ ကွင်းလုံးကျွတ်လွတ်သွားခဲ့တယ်။
ဒေါက်တာ “မက်” နဲ့ “ရုဒ်” အတွက်တော့၊ သူတို့သားကို သတ်သွား
တဲ့ လူသတ်သမား ရစ်ချတ် ကို မြို့ကလေးမှာ တွေ့တွေ့နေရခြင်း
ဟာ ခြောက်လှန့်နေတဲ့အိပ်မက်ဆိုးတခုကို မက်နေရသလိုမျိုးပါပဲ။
သူတို့နှစ်ယောက် ညရောက်ရင် အိပ်ယာပေါ်မှာ အဲ့ဒီ စိတ်မသက်မသာ
ဖြစ်စေတဲ့ ခံစားမှုတွေကို ပြောကြတယ်။ အိပ်မပျော်ကြဘူး။ အသတ်ခံရ
တဲ့ ဖရန့် ရဲ့ အမေဖြစ်သူ “ရုဒ်” ဟာ ခံစားရတာတွေများလာတော့
အိမ်မှာ ယောင်္ကျားဖြစ်သူ ဒေါက်တာမက် ကို အော်ဟစ် တောင်းဆို
တယ်။ “ရှင်တခုခု လုပ်စမ်းပါရှင်၊ ကျမ ဒါတွေကို ဆက်မခံစားနိုင်
တော့ဘူး” တဲ့။ ဒေါက်တာရစ်ချတ် တယောက် ဆေးခန်းပိတ်ပြန်တဲ့
အခါ အိမ်ကို မပြန်သေးပဲ ဘား တခုကိုသွားတယ်။ မိတ်ဟောင်းဆွေ
ဟောင်းတချို့နဲ့ တိုင်ပင်တယ်။ နောက်မကြာဘူး။ သူတို့ရဲ့ အစီအစဉ်ကို
စတင်တော့တယ်။ တညမှာ “ရစ်ချတ်” နေတဲ့အိမ် ကို သွားပြီး စောင့်
တယ်။ အပြင်ကပြန်လာတဲ့ “ရစ်ချတ်” ကို သေနတ်နဲ့ချိန်ပြီး၊ သူ့ရဲ့
အဝတ်အစားတွေကို အိပ်ထဲထည့်ခိုင်းတယ်။ စားပွဲပေါ်မှာ ခရီးသွား
သလိုလို သက်ရောက်စေမဲ့ လေယာဉ်လက်မှတ် ဖြတ်ပိုင်းလေးကို
တင်ထားခဲ့တယ်။ “ရစ်ချတ်” ကတော့ သူသတ်ခဲ့တဲ့ ဖရန့် ရဲ့ အဖေ
ဒေါက်တာ“မက်” က သူ့ကို ဒီမြို့ကလေးမှာ မမြင်စေချင်တော့လို့၊
မြို့ကနေ ထွက်သွားခိုင်းတာ လို့ ထင်နေတယ်။ တကယ်တော့ မဟုတ်
ဘူး။ ဒေါက်တာ “မက်” က ရစ်ချတ် ဆိုတဲ့ကောင်ကို တောအုပ်တခု
ထဲမှာ ခေါ်သွားပြီး ပစ်သတ်ပစ်လိုက်တယ်။ မနက်လင်းတော့ အိမ်ပြန်
လာတဲ့ ဒေါက်တာ ရစ်ချတ်ကို သူ့အမျိုးသမီး ရုဒ် က တချက်ကြည့်ပြီး
ဘာမှမမေးတော့ဘူး။ ဇာတ်လမ်းလေးက အဲ့သလို အဆုံးသတ်
ထားတယ်။

အပေါ်ယံဇာတ်လမ်းကို ကြည့်လိုက်မယ် ဆိုရင်တော့ In the Bedroom
ရုပ်ရှင်ကားဟာ လက်စားချေမှုတခုကို ရိုက်ပြတာလို့ ထင်စရာရှိပါတယ်။
ဒါပေမဲ့ နိုင်ငံတကာရုပ်ရှင်အသိုင်းအဝိုင်း၊ အနုပညာအသိုင်းအဝိုင်း
တခုလုံးက ဒီဇာတ်ကားကို တခုတ်တရ အမွှန်းတင်ပြောဆိုကြသလို၊
နယူးယောက်တိုင်းမ် သတင်းစာကြီးက ဆိုရင် “ဆယ်စုနှစ်တွေအတွင်း
မှာ အရေးကြီးဆုံးရုပ်ရှင်ကား တကား နဲ့ ဒီကိစ္စဟာ ဘာကြောင့်အရေး
ကြီးသလဲ” ဆိုတဲ့ ဆွေးနွေး ထောက်ခံဝေဖန်မှုတွေကို ဝေဝေဆာဆာ
ရေးသားခဲ့တယ်။

ဒီကားကို ဘာကြောင့် အကယ်ဒမီ ဆု (၅) ဆုပေးခဲ့တာလဲ။ ရာဇဝတ်မှု
ဇာတ်လမ်းနဲ့ နောက်ခံထားတဲ့ ရုပ်ရှင်ကားတကားကို နိုင်ငံတကာ
ပြည်သူတွေ ဘာကြောင့်ကြိုက်ခဲ့ကြသလဲ။ အဓိက အချက်တွေကတော့
လင်မယားနှစ်ယောက် ညတိုင်ရင် အိပ်ယာပေါ်မှာ ရင်ဖွင့်ပြောဆိုကြတဲ့
အပြန်အလှန်စကားပြောခန်းတွေ၊ စိတ်ခံစားမှုတွေပဲဖြစ်တယ်။ သူတို့
နှစ်ယောက် ပြောဆိုနေကြတဲ့ ခံစားမှုတွေ၊ ဒဿန တွေကို လူတွေက
ခံစားနားလည်နိုင်ခဲ့ကြတယ်။ ဒါကြောင့်လည်း အဆင့်အတန်းရှိတဲ့
နိုင်ငံတကာ အနုပညာအသိုင်းအဝိုင်းဟာ၊ စာနာနားလည်ခံစာနိုင်မှု
ကို အရေးပါတဲ့ ကျင့်ဝတ်အဖြစ်ထည့်သွင်းပြီး အမှတ်ပေးခဲ့ကြတာ
ဖြစ်တယ်။

(၄)

စာနာနားလည်မှုမရှိတဲ့ အနုပညာသမားတွေရဲ့ အောက်ခြေလွတ်မှု၊
အတ္တကြီးမားမှုတွေကိုလည်း ကျနော်တို့လောကထဲမှာ တခါတလေ
တွေ့ရတတ်ပါတယ်။ အပြင်လောကမှာ ဘာတွေဖြစ်နေမှန်းမသိပဲနဲ့
အငြိမ့်စင်က မီးစလိုက်ကို စိတ်ဆွဲနေသလိုမျိုး ဟိုဟာပြောရင် ဒီကိစ္စက
မှိန်သွားမယ် ပြောလို့ပြော၊ ပုရွက်ဆိတ်နဲ့ ပုရုတ်ဆီကို ဥပမာ ပေးလို့
ပေး ခက်တော့တာပဲ။ ယုတ်မာရက်စက်သူနဲ့ ယဉ်ကျေးတဲ့ လူ့
အဖွဲ့အစည်းဆိုတာ ဘယ်တုံးကမှ အချင်းချင်းမဖြစ်ခဲ့သလို၊
ရန်သူလို့ သတ်မှတ်ထားသူတွေဆီကနေ “အဘ ကျနော် နိုင်ငံခြား
သွားမလို့ မုန့်ဘိုးပေးပါအုံး” ဆိုတဲ့ မျက်နှာပြောင်ပြောင် အလုပ်
တွေလည်း ကျနော်တို့မလုပ်ခဲ့ပါဘူး။ မိသားစုတခုလုံးလည်း
နိုင်ငံခြားကို ပို့မထားခဲ့ပါဘူး။ “ခွှင့်လွတ်ခြင်းတရားတွေ တသွင်သွင်
ပြောပြီး ကိုယ်က ဘယ်လိုသဘောထားကြီးကြောင်း ပြောဆိုနေမှု
တွေဟာ မရိုးသားတဲ့ လေလံတင်မှု၊ လက်ခုပ်သံမျှော်မှု တခုဖြစ်တယ်”
တဲ့။ ကိုယ့်ဘာသာ သတိထားရမှာက အဇာတသတ်နောက်လိုက်
မဖြစ်မိဖို့ရယ်၊ လူရည်လည်သူတွေချင်း ဆက်သွယ်ပြီး NGOs တွေနဲ့
ပေါင်းစီးပွားရေးလုပ်ဖို့ကြိုးစားနေကြတဲ့ နိုင်ငံရေးစားကျက်ထဲမှာ
မမျောပါမိဖို့ရယ် ဆိုတဲ့အချက်ပါပဲ။

(၅)

“ရန်သူစစ်တပ်က ထောင်ချီသတ်တာကျတော့ ဘာမှမပြောဘူး။
လူ(၁၅) ယောက် (၃၀) လောက် သတ်ခံရတာကို ပြောနေတယ်၊
ငါတို့ရဲဘော်တွေ ဘယ်လိုပေးဆပ်ခဲ့ရတယ်” ဆိုတဲ့စကားကို ကြားမိ
တော့ ကျနော်တို့အညာဘက်မှာ နောက်ပြောင် ပြောဆိုနေတဲ့
“တံတားကြိုး သခင်များ” ဆိုတဲ့ဝေါဟာရကို သွားသတိယမိတယ်။
ဒုတိယကမ္ဘာစစ်အပြီး ဖက်ဆစ်ဂျပန်တွေ စစ်ရှုံးဆုတ်ခွာသွားတော့
တော်လှန်ရေးမှာ လေးလေးနက်နက် မပါဝင်ခဲ့ဘူးသူတွေက
လက်ပတ်တွေစည်း၊ လက်နက်တွေကိုင်ပြီး တော်လှန်ရေးခေါင်းဆောင်
ယောင်ယောင် ထွက်လာကြတော့တယ်။ ရွာထိပ်က တံတားကြီးကို
ချိုးကြပစ်လိုက်ပြီး၊ သူတို့ တိုက်ထုတ်လိုက်လို့ ဖက်ဆစ်ဂျပန်တွေပဲ
ထွက်ပြေးသွားသလိုလို၊ လုပ်ကြတော့တယ်။ မကြာပါဘူး။ သခင်
ဆိုတဲ့နာမည်တွေကို ရှေ့မှာတပ်ပြီး၊ တည်ငြိမ်မှုမရှိသေးတဲ့ ရွာမှာ
ရွာသားတွေကို အနိုင်ကျင့်တော့တယ်။ အကြောင်းသိသူတွေ
ကတော့ သူတို့ကို တံတားကျိုးသခင် များလို့ ခေါ်ဝေါကြတာပေါ့။
ဒါပေမဲ့ သူတို့က အုပ်စုဖွဲ့ပြီး “ငါတို့က ဘယ်လိုအနစ်နာခံခဲ့တယ်”
ဆိုတာတွေပြော၊ ထန်းတောထဲမှာလည်း ညနေတိုင်ရင်မူးရူး၊
သောက်ထားတဲ့အရက်ဖိုး၊ ထမင်းဖိုးကိုလည်းမပေး၊ တွေ့ကရာ
စော်ကားတော့တာပဲ။ အခုကျနော်တို့တတွေ ကြုံတွေ့နေရတဲ့
ပြည်ပနိုင်ငံရေးမှာလည်း အဲ့သလို “တံတားကျိုးသခင်များ” က
နေရာအနှံ့တွေ့နေရတယ်။ တကယ် လက်နက်ကိုင်တိုက်လာတဲ့
ရဲဘော်တွေက အမှန်တရားနဲ့ ရိုးသားမှုကို ဘာနဲ့မှ မလဲဘူး။
သူတို့ပေးဆပ်ခဲ့ရတာတွေကိုလည်း စာဖွဲ့ပြောမနေဘူး။
“ကိုယ့်အဖွဲ့အစည်းကို ဘယ်လိုချစ်ကြောင်း၊ လက်နက်ကိုင်
တော်လှန်ရေးကို ဆက် ဆင်နွဲရမယ်၊ ဘုံရန်သူကို မျက်ခြေမပြတ်နဲ့”
လို့ ဟစ်ကြွေးနေသူတွေကို ကြည့်လိုက်တော့၊ တော်တော်များများ
က နိုင်ငံတကာ ဒိုနာတွေဆီက ငွေလိမ်တောင်းနေသူတွေ၊
တတိယနိုင်ငံတွေမှာ သောက်စားမူးယစ်နေသူတွေ၊ အစိုးရဆီက
လူမှုဖူလုံရေးလိမ်တောင်းစားနေသူတွေကိုသာ တွေ့ရတယ်။

လူမှုတော်လှန်ရေး တရပ်လုပ်တယ်ဆိုတာ ဖက်ဆစ် အစိုးရကျူးလွန်
နေတဲ့ စရိုက်တွေကို အတုယူဖို့မဟုတ်ဘူး။ တော်လှန်ရေးလုပ်ခဲ့တာကို
အကြောင်းပြပြီး အခွင့်အရေး ယူဖို့မဟုတ်ဘူး။ အစိုးရဘက်က သတ်တာ
တွေကိုပြောပြီး၊ ငါတို့ဘက်က ယုတ်မာတာတွေကို ပါးစပ်ပိတ်ထားလို့
အဆိုပြုတဲ့သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်တဲ့ ကြံ့ဖွံ့
အဖွဲ့ဝင်တွေနဲ့ အတူတူပဲ ဖြစ်သွားမှာပေါ့။ လူနေမှုအဆင့်မြင့်တဲ့
နိုင်ငံတွေမှာ နေပြီး ကြံ့ဖွံ့လို စိတ်ဓါတ်တွေ မွေးနေကြ၊ ခြစားအကျင့်ပျက်
သူတွေနဲ့ သူတော်ချင်းချင်းသတင်းလွေ့လွေ့လုပ်နေကြတာတော့
စိတ်မကောင်းစရာပဲ။ ပြောသာပြောရတာပါ။ ဘာမှမဟုတ်ပဲ စစ်သွေးကြွ
ပုံစံတွေနဲ့ ကိုယ့်ဘာသာ ကိုယ်ရှိန်ကိုယ်ဝါတောက်ပပြနေတဲ့ လူတွေက
လက်ချိုးရေ လို့ရပါတယ်။ သူတို့က ကျောင်းသားတပ်မတော်ကို ချစ်ဟန်
ဆောင်ပြီး၊ အကျင့်ပျက် လူ တယောက်နှစ်ယောက်ကို အကာအကွယ်
ပေးနေတာ လူတိုင်းက သိနေပေမဲ့ သူတို့လို လိုက်အဆင့်မနိမ့်ချင်လို့
ယှဉ်ပြီး မပြောပဲနေကြတာ။ တကယ် တိုက်လာခဲ့တဲ့ ဒီမိုကရေစီရေး
လိုလားသူတွေနဲ့ ကျောင်းသားတပ်မတော်က ရဲဘော်တွေ က အမှန်တရား
နဲ့ ရိုးသားမှုကို ချစ်တယ်။ မြောက်ပိုင်းလူသတ်မှုကို အကြီးအကျယ်
ရှုတ်ချပြီး စာနာနားလည်စွာပါဝင်နေကြတယ်။ ပြည်တွင်းကို သဝဏ်လွှာ
တွေပို့ကြတယ်။ အဲ့သလို ခိုင်မာတည်ကြည်တဲ့ ABSDF ရဲဘော်တွေ
ရှိနေမှတော့ ကျန်တဲ့ ပြည်ပရောက် ကြံ့ဖွံ့တွေဆိုတာ၊ ဓါတ်တိုင်အောက်
မှာ ပျံဝဲနေတဲ့ တရာသီစာ ပရစ်အော်သံတွေ အဖြစ်သာ ဆူညံကျန်ရစ်ခဲ့
တာပါ။

တရားမျှတမှုအတွက် တောင်းဆိုတိုက်ပွဲဝင်သံတွေ မကြာခင်
ကြားကြရပါလိမ့်မယ်။

-အောင်မိုးဝင်း

12 comments:

ငထင်ငယ် said...

ဒီအရိုးတွန်သံကို ဟိုးအစတည်းကစိတ်ဝင်တစားဖတ်ခဲ့သလို ခံရသူတွေအတွက် အင်မတန်လဲခံပြင်းစာနာမိပါတယ်။မတရားစွပ်စွဲခံရတဲ့အပြင် လူမဆန်စွာနှိပ်စက်တာ၊အဲ့လိုလုပ်ခဲ့တဲ့သူတွေခုသက်ရှိထင်ရှားရှိနေတာကိုဘာမှပြောခွင့်မရခဲ့တဲ့ခံစားချက်တွေကိုလဲအတိုင်းမသိကိုယ်ချင်းစာမိပါတယ်။အထက်မှာရေးထားတဲ့ “ရန်သူစစ်တပ်က ထောင်ချီသတ်တာကျတော့ ဘာမှမပြောဘူး။
လူ(၁၅) ယောက် (၃၀) လောက် သတ်ခံရတာကို ပြောနေတယ်၊” ဆိုတဲ့စကားကို ကျွန်တော်တို့လေးစားမိတဲ့သူတစ်ယောက်ပါးစပ်ကထွက်တာမျက်ဝါးထင်ထင်တွေ့လိုက်ရချိန်မှာတော့အတော်ကိုအံ့သြမိပါတယ်။ခံရသူတွေဟာအကြောင်းအမျိုးမျိုးကြောင့်နှစ်ပေါင်း၂၀ကြာမြိုသိပ်ထားခဲ့ရပြီးပါပြီ။ခုဘယ်လိုမှသီးမခံနိုင်တော့လို့ရင်ဘတ်တွေထဲကပေါက်ထွက်လာချိန်မှာကိုယ်ချင်းမစာပဲတိုင်းပြည်အကြွေးတင်တဲ့ကိစ္စထက်ဒါကိုအရေးပေးနေတယ်ဆိုပြီးအပြစ်တင်သွားတာကတော့ အတော်လေးကိုစိတ်ပျက်မိပါတယ်။အစိုးရကအဖွဲ့ပေါင်းစုံနဲ့ငြိမ်းချမ်းရေးယူနေချိန်မှာအရိုးတွန်သံကအဓိကတာဝန်ရှိတဲ့ ဒီလိုဒီမိုကရေစီအရေခြုံအာဏာရူးတွေတိုင်းပြည်ရဲ့နိုင်ငံရေးမှာပြန်ပါလာမှာကိုတော့ ပြည်သူတစ်ယောက်အနေနဲ့လုံးဝ(လုံးဝ)ကိုမလိုလားကြောင်းပါ။ဒါကြောင့်လဲအချိန်မှီဖော်ထုတ်တယ်လို့နားလည်ပါတယ်။စင်ပေါ်တက်ပြီးပြောချင်ရာပြောတဲ့သူတွေကိုလဲတဖြည်းဖြည်းလေးစားမှုလျော့လာတာတော့အမှန်ပဲဗျာ။

့Shway Yoe said...

-စစ်တပ် က အာဏာ သိမ်းရ ခြင်း အကြောင်ရင်း မှာ "NLD မှ ဦးကြည် မောင် က နိုင်ငံ တကာ စစ်ခုံ ရုံး မှာ တရားစွဲ မယ် လို့ စစ်တပ် ကို ကြိမ်း လို့" ဖြစ် ရ တယ် ဆို ပြီး NLD မှားတယ် လို့ စွပ်စွဲ သွား တာ အဲ ဒီ နိုင် ငံ ရေး လူ ပြတ် ဂ တုံး ပဲ။ (စင် ကာ ပူ က ဟော ပြော ပွဲ အ ဆုံး မှာ နား ထောင် နိုင် ပါ တယ်။)

ညီရဲ said...

ဖတ်ရင်းရင်မောရပါလားနော်...

San San Htun said...

မတရားအသတ်ခံရသူတွေအတွက် ခံပြင်းစရာကောင်းလိုက်တာ..

Unknown said...

အသက်လေးက၂၀၀န်းကျင် ကျောင်းသားတွေ အာဏာရှင်စစ်အစိုးရကိုနာကြည်းတဲ့စိတ်နဲ့တောခိုလက်နှက်ကိုင်လမ်းစဉ်ကိုရွေးခဲ့ကြတယ်။ထင်ပေါ် ကြော်ကြားမှု့မလိုလားပါ။ငွေကြေးကိုလဲမမျှော်လင့်ခဲကြပါ။လက်ခုပ်သံတွေနဲ့လဲ ပီတိမစားလိုပါ၊တကယ့်ကို clear ပါဗျာ၊cleanပါ၊ဖြူစင်ပါတယ်။ရည်ရွယ်ချက်တခုနဲ့ မျှော်လင့်ချက်တခုနဲ့ပါလားလို့အပေါ်လူပြောနဲ့ဂတုံးကို အရင်ကလေးစားမှုတောင်ပြက်သွားဘီဗျာ။

Anonymous said...

ဂတုံး က ဂတိုက် နေပြီလေ။

Anonymous said...

ကိုအောင်မိုးဝင်းရေ ဆော်ဝာာဆော် ချတာချ အားပေးပါတယ် အမှန်တရားသာဖြစ်ပါစေ အမှန်တရားဟာ ဘယ်တော့မှ မပြောက်ကွယ် မတိမ်မြုပ်စေရဘူး ပြည့်အင်အားဟာ အမှန်တရားဘက်မှာဘဲရှိတယ်။အခြေအနေအရ အကြောင်းအမျိုးမျိုးကြောင့် အမှန်တရားဟာ ခဏတာ မီးခဲပြာဖုံး ဖြစ်နေတတ်တာ ရှိတယ်၊ ဒါလဲလက်ခံတယ် အမှန်တရားအတွက် ရဲဝံ့ပြတ်သားပါ အဲဒီခေါင်းဆောင်လိုလို ဘာလိုကောင်တွေဟာ အင်ပါယာပြည့်ရှင်လဲ မဟုတ်ကြပါဘူး ပြည့်ရှင်ဖြစ်ခဲ့ရင်တောင် မှားနေရင် ငုံ့ခံမှာမဟုတ်ဘူးဆိုတာ ပြရမယ်၊အစွယ်ကိုထုတ်ပြပြီးရင် ကိုက်ဖြစ်အောင် ကိုက်ရမယ်။နယ်စပ်ကနိုင်ငံရေးလုပ်စားနေတဲ့ကောင်တွေ ပြည်တွင်းကိုဝင်ကြည့်လေ...

Anonymous said...

ခန္တီပါရမီဖြည့်နေသရောင် မောင်ဂတုံး ဒီကနေရှေ့ရှောက် အပြောအဆိုဆင်ခြင်တော့ န၀တကိုပုတ်ခတ်ပြောသလိုမျိုး လက်ခုပ်သံမမျှော်နဲ့တော့ ကြားလား ဂတုံး ..

မောင်မှန် said...

ကိုယ့်စိတ်နဲ့နိုင်း ရိုင်းတယ်ဆိုတာ မင်းတို့ကိုပြောတာနေမှာ.. NLD မမှားဘူးလို့ မင်းတို့ဘာတွေ သက်သေပြနိုင်လို့လဲ. ဗမာပြည် ဒီနေ့ ဒီအခြေနေတွေရောက်ရတာ အုပ်ချုပ်သူရော. အတိုက်ခံေ၇ာ. ပြည်သူတွေရော အားလုံးမှာ တာဝန်အပြည့်ရှိတယ်..ဒေါ်စုတို့ ကိုဇာဂနာတို့လို သဘောထားကြီးကြီးနဲ့မလုပ်ပဲ ထိပ်တိုက်တိုးကြည့်ပါလား နောက်ကြောင်းပြန်လှည့်သွားရင် မင်းတို့လိုဝေဖန်လေကန်နေတဲ့သူတွေ ပြည်ပမှာပဲ ဒုက္ခသည်လုပ်မရမှာစိုးလို့လား

ှ့Shway Yoe said...

To မောင် မှန်၊ case by case ကြည့် ရ တယ် ကွ။ ဥာဏ် ကို အတုံး လိုက် မသုံးရဘူး။ စစ်တပ် က အာဏာ သိမ်းချင် လို့ သိမ်းတာ၊ "NLD မှား လို့" ဆို ပြီးအ ကြောင်း ပြ သိမ်း တာ မှန် သလား။ ကိုဇာ ဂနာ ကို အ နုပညာ မှာ တော့ လေးစား နိုင် ပါတယ်။ နိုင် ငံ ရေး မှာ တော့ ချာ တူး လန် ပဲ။ နိုင်ငံ ရေး မှာ သိ က္ခာ ရှိတဲ့ ၈၈ မျိုး ဆက် တောင် ဒါ မျိုး မ ပြော ဘူး ဖူး။ ယခု လို အချိန် မှာ စစ်ခုံရုံး ကိစ္စ မေ့ထား လို့ ရ တယ်။ မလုပ်ပါ ဘူးလို့ ဂတိ ပေးစရာ မလိုဘူး။ စကားက လည်း များ သလား မ မေးနဲ့။ နှိုင်းလိုက် တဲ့ ဥပမာ တွေက လည်းတ လွဲ။ မောင် မှန် ရာ မင်း စိတ် နဲ့ မင်းကိုယ် ကိုးကွယ် လို့ ရ ပါတယ်။ ဒေါ်စု နဲ့ တော့ ကွာ မ ယှဉ် လိုက် ပါနဲ့ ။

Anonymous said...

zarganar shut up !

thant said...

This is very Important history like
19 July.We should try to know
the new generation to avoid the stupid persons like Aung Naing.