Saturday, 11 February 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း-၉)

ရေးသူ- (ကို)အောင်မိုးဝင်း

ယခင်အပိုင်း(၈)မှ အဆက် ….


အမှာ ….
မြောက်ပိုင်းဒေသ အရိုးတွန်သံများ (ဆောင်းပါး-၇)မှာ အစီရင်ခံ
စာတင်သူတဦးဖြစ်တဲ့ ရဲဘော်ကျော်ခိုင်ဝင်းက အဲ့ဒီကာလတုံးက
ကိုရီးယား နိုင်ငံမှာပါ။ အခုတော့ သူက ကချင်ပြည်နယ် မိုးညှင်းကို
ပြန်ရောက်နေပါပြီတဲ့၊ မြောက်ပိုင်းဒေသရဲ့ အစုလိုက်အပြုံလိုက်
လူသတ်ပွဲအကြောင်းကို သိချင်ရင် သူ့ကို ဆက်သွယ်မေးမြန်း
နိုင်ပါသတဲ့။ သူ့ရဲ့ ဖုံးနံပါတ်- ၀၉၄၉၃၀၁၈၀၁ ဖြင့်ဆက်သွယ်
နိုင်ပါကြောင်း ....။
ဆောင်းပါး ( အပိုင်း-၉-) ကို ဆက်လက်တင်ပြလိုက်ပါတယ်။

လူသတ်သမားများရဲ့ စိတ္တဇ ရောဂါ

တရုတ်ပြည်ရဲ့ ဝရုန်းသုန်းကား ယဉ်ကျေးမှုတော်လှန်ရေးကို ဦးဆောင်
ခဲ့သူ၊ လေးဦးဂိုဏ်းအဖွဲ့ခေါင်းဆောင်၊ (မော်စီတုံးရဲ့ မိန်းမ) Jiang Qing
ကို ဖမ်းဆီးစစ်ဆေးတဲ့ တရားခွင်က စိတ်ပျက်စရာအလွန်ကောင်းပါတယ်။
သူမရဲ့ ခက်ထန် ခေါင်းမာမှုကို နောက်ဆုံးချိန်ထိ အထင်အရှားတွေ့ခဲ့
ရပါတယ်။ တရားရုံးမှာ သူမကြောင့် သေကြေပျက်စီးခဲ့သူတွေရဲ့ဆွေမျိုး
သားချင်းတွေ၊ ပါတီဝင်တွေက မျက်ရည်နဲ့ပြောပြီး ရင်ဖွင့်နေစဉ်မှာတောင်
သူမဟာ မထေ့မဲ့မြင် ငေါက်ငမ်း သရော်တော်တော် တုံ့ပြန်ခဲ့တယ်။
သူမရဲ့ ရာဇဝတ်မှုတွေကို မှန်ကန်တဲ့လုပ်ရပ်လို့ သူမကိုယ်တိုင်က
ယုံကြည်နေပုံရပါတယ်။ တကယ်တော့ သူမဟာ ရုပ်ရှင်မင်းသမီး၊
ပြဇာတ်မင်းသမီးအဖြစ် ရှင်သန်ရပ်တည်ခဲ့တဲ့ အမျိုးသမီးတယောက်
ဖြစ်တယ်၊ မော်စီတုံးကို ချည်းကပ်ပြီး နိုင်ငံရေးလောကမှာ ထင်ရှား
လာတဲ့ ဇာတ်ကောင်တယောက်ဖြစ်လာခဲ့တယ်။ သူမရဲ့ ခက်ထန်
မာကျောမှု့၊ ခေါင်းမာမှုတွေကို လူကြားထဲမှာ ဘယ်လိုပဲ ပြပြ၊ သူမ
တယောက်တည်း နေတဲ့အခါကျတော့ အထီးကျန်သိမ်ငယ်စိတ်တွေနဲ့
ခြောက်လှန့်နေတတ်ပါတယ်။ လူ့အဖွဲ့အစည်းက သူမကို လက်မခံ
တော့ဘူး ဆိုတာကို သူမကောင်းကောင်းသိပါတယ်။ ၁၉၉၁ မှာ
ကျန်းမာရေးအခြေအနေကြောင့် အပြင်ဆေးရုံကို တက် ကုသခွင့်
ရခဲ့ပါတယ်။ ထောင်တွင်းကို ပြန်မရောက်တော့ပါဘူး။ သူမကိုယ်တိုင်
သတ်သေပစ်လိုက်ပါတော့တယ်။ တကယ်တော့ တရုပ်ပြည်ရဲ့
ယဉ်ကျေးမှုတော်လှန်ရေး အဖြစ်အပျက်ရယ်၊ ၁၉၉၄ ရဝမ်ဒါမှာ
ဖြစ်ပွားခဲ့တဲ့ လူမျိုးစုသုတ်သင် ရှင်းလင်းရေးတွေကို ကြည့်လိုက်
မယ်ဆိုရင် ဝရုန်းသုန်းကား လှုံ့ဆော်မှုတွေကြောင့် လူအုပ်ဟာ
သွေးကြွလာပြီး အုပ်စုတစု ကို အုပ်စုတစုက စွပ်စွဲသတ်ဖြတ်ခဲ့ကြ
တာပါ။ ဒီလိုမျိုးအဖြစ်အပျက်တွေကို Mob Psychology လို့
ခေါ်ပါတယ်။ ဒါပေမဲ့ မြောက်ပိုင်းကိစ္စမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်
အပြုံလိုက် လူသတ်မှုကတော့ လူတွေကို သွေးအေးအေးနဲ့
လပေါင်းများစွာ ဖမ်းဆီးနှိပ်စက်၊ ခုတ်ထစ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပါ
တယ်။ မြောက်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်
လူသတ်ပွဲအကြောင်း ပြောကြတဲ့အခါ၊ လူသတ်မှုကို ကျူးလွန်ခဲ့သူ
တွေက သူတို့ကပဲ မှန်သရောင်ရောင် ပြောဆိုနေမှုတွေကို ကြားရတိုင်း၊
ယဉ်ကျေးမှုတော်လှန်ရေးရဲ့ အမှားတွေကို ဦးဆောင်ခဲ့သူ၊
Jiang Qing ရဲ့ ကိုယ့်ဘာသာ သတ်သေမှုတွေကို သတိယဖြစ်ပါတယ်။

ရုပ်ရှင်ကားနှစ်ကား၊ ရွေးချယ်မှုနှစ်ခု

အဖွဲ့အစည်းတွေဟာ ကိုယ့်သမိုင်းကို ဘယ်လိုအဆုံးသတ်မလဲ ဆိုတဲ့
မေးခွန်းကို စဉ်းစားနိုင်ဖို့အတွက် ရုပ်ရှင်ကားနှစ်ကားကို မိတ်ဆက်ပြီး
သတိပေးချင်ပါတယ်။ တကားကတော့ ဗမာပရိဿတ်တွေ ရင်းနှီး
ကျွမ်းဝင်ခဲ့တဲ့ “ဝံပလွေများနှင့် ကခုန်ခြင်း” Dance with Wolves
ဆိုတဲ့ရုပ်ရှင်ပါ။ လူဖြူတွေ အမေရိကားကို ကျူးကျော်သိမ်းပိုက်တဲ့
သမိုင်းနောက်ခံလေးတွေကို တင်ပြရင်း၊ ဒါရိုက်တာ “ကယ်ဗင်ကော်စနာ”
က အဆိုးအကောင်း၊ ကျူးကျော်မှုနဲ့ တုန့်ပြန်မှု၊ အမှားနဲ့ အမှန်တွေကို
ပွင့်ပွင့်လင်းလင်းချပြတယ်။ ဒေသခံ အမေရိကန်တွေရဲ့ ပျက်စီးသွား
တဲ့ ဘဝတွေကို စာနာနားလည်အောင် ရိုက်ပြခဲ့တယ်။ သူများတွေရဲ့
ဘဝကို စာနာနားလည်ရင်း၊ သမိုင်းအမှားတွေကို ဝန်ခံခဲ့တဲ့ ကား
မို့လည်း Dance with Wolves ဟာ ဆုအများကြီးဆွတ်ခူးခဲ့ပါတယ်။

နောက်ရုပ်ရှင်ကားတကားကတော့ American History X “ အမေရိကန်
သမိုင်း အိတ်(-က)(-စ) ဆိုတဲ့ ကားပါ။ Ku Klux Klan လို့ ခေါ်တဲ့
လူဖြူအစွန်းရောက် ကေသုံးလုံးတွေအကြောင်းကြားဖူးမိကြပါလိမ့်မယ်။
လူဖြူတွေသည်သာ မြင့်မြတ်တယ် ဆိုတဲ့အယူအဆ နဲ့ အာဖရိကန်
အမေရိကန်တွေကို နည်းပေါင်းစုံသတ်ဖြတ်နှိပ်စက်ခဲ့တဲ့ ကေသုံးလုံး
လူငယ်တယောက် အကျဉ်းထောင်ထဲကို ရောက်သွားတဲ့အချိန်မှာတော့၊
သူလေးစားခဲ့တဲ့ ကေသုံးလုံးခေါင်းဆောင်တွေဟာ မူးယစ်ဆေးဝါး၊
မကောင်းမှုမျိုးစုံနဲ့ ပတ်သက်နေတယ် ဆိုတာကို ထင်ထင်ရှားရှား
သဘောပေါက်လိုက်တယ်။ ကိုယ်ကျင့်သိက္ခာကို တန်ဘိုးထားတဲ့
သူဟာ ကေသုံးလုံးခေါင်းဆောင်တွေကို ရှောင်ဖယ် အန်တုလာတဲ့
အခါ၊ သူလေးစားခဲ့ဘူးတဲ့ ကေသုံးလုံးဂိုဏ်းတွေကပဲ သူ့ကို ဖိနှိပ်
ရက်စက်တော့တယ်။ နောက်ဆုံး ယောင်္ကျားခြင်း အဓမ္မကျင့်ခံရသည်
အထိ ခံခဲ့ရတယ်။ ထောင်ကလွတ်တော့ လူဖြူအစွန်းရောက်တွေနဲ့
ပတ်သက်နေတဲ့ သူ့ညီကို၊ ထောင်အတွေ့အကြုံတွေပြောပြီး၊
ကေသုံးလုံးဂိုဏ်းတွေနဲ့ အဝေးဆုံးမှာ နေဖို့ သတိပေးခဲ့တယ်။
အားလုံးသိကြတဲ့အတိုင်းပါပဲ။ အမေရိကန်သမိုင်းကို သင်တဲ့အခါ၊
ကေသုံးလုံးတွေရဲ့ သမိုင်းကို အမွှန်းတင် ခြီးမြှောက် ပြောဆိုရဲတဲ့သူ
မရှိပါဘူး။

ဒါကြောင့် ငါ့အဖွဲ့အစည်းမှ ငါ့အဖွဲ့အစည်း ဆိုအော်ဟစ်၊ သူများတွေ
ရဲ့ သမိုင်းကိုလည်း မလေးစား၊ မှားခဲ့တဲ့သူတွေဘက်က တိတ်တဆိတ်
ရပ်တည်နေကြမယ် ဆိုရင်တော့ ကေသုံးလုံးတွေရဲ့ သမိုင်းဆိုးတွေ
လိုပဲ လူတွေရဲ့ နှုတ်ဖျားမှာ ကျန်ရစ်ခဲ့မှာ အမှန်ပါ။ ကျနော်ပြောခဲ့သ
လိုပဲ။ ကိုထွန်းအောင်ကျော်တို့ ကျဆုံးခြင်းအကြောင်းကို ဖေ့ဘွတ်မှာ
ရေး၊ အနှစ်(၂၀) အခမ်းအနားတွေကျင်းပပြီး မေ့လျော့သွားမယ်လို့
တွက်ထားရင်တော့ မှားသွားပါလိမ့်မယ်။ မုန်တိုင်းက ဆက်လက်
တိုက်ခတ်နေမှာပါ။ အစုလိုက်အပြုံလိုက် လူသတ်မှုကြီး အပေါ်မှာ
တာဝန်မဲ့၊ သတ္တိမဲ့၊ အရည်အချင်းမဲ့တဲ့သူများရဲ့ အသည်းမာမှု၊
မသိကျိုးကျွံပြုမှုဆိုတာတွေ ဟာ တကယ်ဖြစ်နိုင်ပါ့မလား။ သူရဲဘော
ကြောင်စွာ တိတ်ဆိတ်နေတာကော မဖြစ်နိုင်ဘူးလား။ အနာဂတ်ကို
စိတ်ဝင်စားပါတယ်။


တရားခံများ၊ သက်သေများနှင့် ငရဲ၏ လားရာ

မြောက်ပိုင်း ကျောင်းသားတပ်မတော်အတွင်းက အစုလိုက်အပြုံလိုက်
လူသတ်မှုမှာ တာဝန်ရှိသူ ခေါင်းဆောင်(၃) ဦးကတော့ ရော်နယ်အောင်နိုင်၊
သံချောင်း (ထောင်တွင်း)နဲ့ မျိုးဝင်း(သေဆုံး)တို့ဖြစ်ပြီး၊ စစ်ကြောရေး
ကို ဦးဆောင်ပြီး ခေါင်းဖြတ်မှုကို ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ လှဆိုင်း
(လက်ရှိ ABSDF မြောက်ပိုင်း) ၊ သန်းဇော်တို့ ဖြစ်တယ်ဆိုတာ
အားလုံးသိပြီးကြပြီးဖြစ်ပါတယ်။

ဆောင်းပါး (၉)မှာ ဆွေးနွေးတင်ပြချင်တဲ့အကြောင်းအရာကတော့
၁၉၉၂ ခုနှစ် မတ်လ (၁) ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကျောင်းသား
တပ်မတော်ရဲ့ သတင်းထုတ်ပြန်မှုပဲဖြစ်ပါတယ်။ သတင်းထုတ်ပြန်မှု
တွေက အင်္ဂလိပ်လိုတွေချည်းဖြစ်နေတော့ အောက်ခြေကျောင်းသား
ရဲဘော်တွေက ကောင်းကောင်းသိရှိခဲ့ဟန်မတူပါဘူး။ အင်္ဂလိပ်လို
ထုတ်ပြန်ခဲ့တာလည်း အကြောင်းရှိပုံရပါတယ်။ မြောက်ပိုင်း ABSDF
အစုလိုက်အပြုံလိုက် လူသတ်မှုဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအတွင်း
မှာ နာမည်ပျက်လာတော့ ABSDF ခေါင်းဆောင်တွေဟာ သူတို့
အဖွဲ့အစည်းကို အဖတ်ဆည်ဖို့ကြိုးစားခဲ့ပုံရပါတယ်။ ဒါပေမဲ့
အဖတ်ဆယ်ဖို့ ကြိုးစားခါမှ သက်သေဖြစ်ခဲ့ရပြန်ပါတယ်။

ကိုအောင်ထူး (ယ္ခု - ရှေ့နေများကောင်စီ၊ BLC) လက်မှတ်နဲ့
အင်္ဂလိပ်လိုထုတ်ပြန်ထားတဲ့ သတင်းထုတ်ပြန်မှုကို အတတ်နိုင်ဆုံး
ဆီလျော်အောင် ဘာသာပြန်ပေးထားပါတယ်။

ABSDF (ဘယ်ဘက်တွင် စည်းတဆိပ်နှင့် ခွပ်ဒေါင်း)
ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး
ဗဟိုကော်မတီ (ဋ္ဌာနချုပ်)

ABSDF ( မြောက်ပိုင်းဒေသ)မှ ခိုင်လုံသော သက်သေများနှင့်
တွဲထားသော အစီရင်ခံစာအရ၊ စစ်အစိုးရရဲ့ သူလျှို (၁၅) ယောက်
ကို သတ်ဖြတ်ကွပ်မျက်ပစ်လိုက်ပါပြီ။

(၁) သတ်ဖြတ်ကွပ်မျက်ပစ်လိုက်တဲ့ ရန်သူ့သူလျှို (၁၅) ယောက်ဟာ
အမျိုးသား ဒီမိုကရေစီကို ဆက်သွယ်ခဲ့တဲ့ စစ်အစိုးရရဲ့ ထောက်လှမ်းရေး
တိုက်ပိတ်(ခ) သန်းထွန်းစိုးရဲ့ အပေါင်းအပါများဖြစ်ပါတယ်။ သန်းထွန်းစိုး
ဆိုသူဟာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီး
ကျွမ်းဝင်အောင်လုပ်ပြီးနောက် ကျောင်းသားတပ်မတော်(မြောက်ပိုင်း)
ဆီသို့ ဝင်ရောက်လှုပ်ရှား ခဲ့ပါတယ်။ နောက် မကြာခင်မှာ၊ စစ်အစိုးရ
(SLOC) ထံသို့ လက်နက်ချသယောင်ယောင် ဟန်ဆောင်ပြီး၊
ဒေါ်အောင်ဆန်းစုကြည်သည် ကျောင်းသားတပ်မတော်(မြောက်ပိုင်း)နှင့်
အမြဲမပြတ်ဆက်သွယ်လှုပ်ရှားနေသည် ဟု ထွက်ဆိုခဲ့ပါသည်။ စစ်အစိုးရ
ရဲ့ စစ်ထောက်လှမ်းရေးဗျူရို (MIS) နဲ့ အမျိုးသားထောက်လှမ်းရေး
ဗျူရို (NIB) တို့ရဲ့ ညွှန်ကြားချက်အောက်မှာ၊ တိုက်ပိတ်(ခ)
သန်းထွန်းစိုး နဲ့ အပေါင်းအပါ သူလျှို (၁၅) ယောက်တို့ဟာ
“ဒေါ်အောင်ဆန်းစုကြည်သည် လက်နက်ကိုင်သူပုန်များနှင့်
ဆက်သွယ်ခဲ့သည်” ဆိုတဲ့ ဇာတ်လမ်းအတုတခုကို ဖမ်းဆင်းခဲ့ပါတယ်။
ဒီလိုဖန်တီးခြင်းအားဖြင့် သူမကို ရာဇဝတ်မှု ဥပဒေနှင့် ဆက်နွယ်
ဖမ်းဆီးနိုင်မှာဖြစ်ပါတယ်။

(၂) ၁၉၈၈ အရေးတော်ပုံ ကာလအတွင်း၊ စစ်အစိုးရရဲ့ ထောက်လှမ်း
ရေးတွေဟာ အပြစ်မဲ့ ပြည်သူတွေကို လုယက်ခြင်း၊ ရာဇဝတ်သား
တွေကို ထောင်မှလွှတ်ပေးပြီး အစားအစာနဲ့သောက်ရေတွေထဲမှာ
အဆိပ်ခပ်ခြင်း--- စတဲ့ အဖျက်အမှောင့် လုပ်ငန်းတွေ ကျူးလွန်အောင်
လှုံဆော်ခဲ့ကြတယ်။ သူတို့ကို ဖမ်းဆီးမိပြီး ပြည်သူ့ခုံရုံးမှာတင်တဲ့
အခါ ကြားသိခဲ့ရပါတယ်။ သာမန်ပြည်သူတွေလိုပဲဝတ်စားဆင်ယဉ်
ထားတဲ့ စစ်ထောက်လှမ်းရေးတွေဟာ၊ ဒေါသထွက်နေတဲ့ ပြည်သူ
လူထုကြီးကို ခေါင်းဖြတ်သတ်တဲ့ဖြစ်ရပ်တွေ ကျူးလွန်အောင် သွေးထိုး
လှုံ့ဆော်ကြပြီး ၊ စစ်တပ်မှ အာဏာသိမ်းခွင့်ရေစေတဲ့ နည်းလမ်းတခု
ကို ဖန်တီးခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့အခါမှာတော့
ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်ပြီး ဂုဏ်သိက္ခာပျက်ယွင်းအောင်
ပြုလုပ်ခဲ့ကြပါတယ်။ (အမျိုးသားခေါင်းဆောင်တယောက်ဖြစ်တဲ့
သူမအနေနဲ့ စစ်အာဏာမသိမ်းခင်နဲ့ စစ်အာဏာသိမ်းအပြီး ဖမ်းဆီး
ထိန်းသိမ်းခံရသူများအတွက် ဘာတခုမှ လုပ်ပေးလို့ မရတော့ပါဘူး)။
ABSDF (မြောက်ပိုင်း)မှာ ကွပ်မျက်သတ်ဖြတ်ခဲ့တဲ့ ရန်သူ့သူလျှို
(၁၅) ယောက်ဟာ အဲ့ဒီထောက်လှမ်းရေးတွေရဲ့ တစိတ်တပိုင်းဖြစ်ပြီး
… (ကြိုးစားဖတ်ပေမဲ့ စာကြောင်းထဲမှာပါသော စာလုံးများမရှင်းပါ။
သို့သော် အရေးမကြီးပါ။ စွပ်စွဲချက်တွေကို ခန့်မှန်းလို့ရပါသည်)

(၃) မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲဖို့အတွက်၊ စစ်အစိုးရ
ဟာ ရန်ကုန်ကျောင်းသား၊ မန္တလေးကျောင်းသား၊ -- စတဲ့ မတူကွဲပြား
တဲ့ နယ်မြေအသီးသီးမှ ကျောင်းသားအုပ်စုတွေကို အုပ်စုခွဲစေလွှတ်ပြီး
“ရေလှိုင်းစစ်ဆင်ရေး” ကို ဆင်နွဲခဲ့ပါတယ်။ မတူကွဲပြားတဲ့ အတွေးအခေါ်
တွေနဲ့ ABSDF ခေါင်းဆောင်တွေရဲ့ နေထိုင်မှုပုံစံတွေကို မေးခွန်း
ထုတ်ဝေဖန်လာခဲ့ပါတယ်။ စစ်အစိုးရပြုလုပ်တဲ့ အမျိုးသားညီလာခံ
မစတင်ခင်မှာ၊ ABSDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ
အထင်အမြင်လွဲမှားအောင်ဖန်တီးပြီး၊ ABSDF ရဲ့ ဂုဏ်သိက္ခာ နှိမ့်ဆင်းကာ လက်နက်ချအညံ့ခံစေခြင်းများဖြစ်ပေါ်အောင် ဖန်တီးခဲ့ကြပါတယ်။ စစ်အစိုးရ
ရဲ့ စီမံကိန်းအရ၊ အမျိုးသားညီလာခံကျင်းပနေချိန်အတွင်းမှာ လက်နက်
မချတဲ့ကျောင်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်။ ဒါဟာ ABSDF
ကို ကွဲပြဲအောင်လုပ်မဲ့ စစ်အစိုးရရဲ့ နိုင်ငံရေး အစီအစဉ်တရပ်ပဲဖြစ်ပါတယ်။

(၄) တခြားတဘက်မှာတော့၊ “ရေလှိုင်းစစ်ဆင်ရေး”အရ၊ ရှစ်လေးလုံး
အရေးတော်ပုံ သုံးနှစ်ပြည့်မှာ၊ ရန်သူ့သူလျှိုတွေဟာ ကျောင်းသား
ခေါင်းဆောင်နဲ့ မဟာမိတ်တွေကို အဆိပ်ခပ်သတ်ဖို့ ကြိုးစားခဲ့ကြ
ပါတယ်။ တချိန်တည်းမှာပဲ၊ ကွန်မန်ဒိုလို့ ယူဆရတဲ့ သူတို့ထဲက
တချို့ဟာ၊ ရေလှိုင်းစစ်ဆင်ရေးကို ဆင်နွဲဖို့အတွက် အသေးစား
လက်နက်(၁၅) လက်နဲ့ လက်နက် ခဲယမ်းမီးကျောက်တွေကို
သယ်ဆောင်လာခဲ့ကြပါတယ်။ အဲ့ဒါတွေကိုလည်း သိမ်းဆည်း
ရခဲ့မိပါတယ်။

(၅) ဒါတွေဟာ စစ်ပွဲတခုအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေဆိုခဲ့
ပေမဲ့ စွပ်စွဲခံရသူတွေဟာ ခုခံကာကွယ်ပိုင်ခွင့်ရှိခဲ့ပါတယ်။ ရန်သူ့
သူလျှိုတွေရဲ့အမှုကို တရားရုံးမှာ ကြားနာခဲ့ပါတယ်။ စွပ်စွဲခံရသူတွေ
အနေနဲ့ သူတို့ဟာ ရန်သူ့သူလျှိုတွေဖြစ်ကြောင်း သူတို့ကို ကွပ်မျက်
မသတ်ဖြတ်ခင်မှာ ရှင်းလင်းစွာဝန်ခံထွက်ဆို သက်သေခံခဲ့ပါတယ်။

(ကိုအောင်ထူး လက်မှတ်)
အောင်ထူး
အတွင်းရေးမှူး (၁)
ဗဟိုကော်မတီ
ကျောင်းသားတပ်မတော် (ABSDF)
မတ်လ(၁) ရက်၊ ၁၉၉၂

ကျနော်ဗျာ- ၁၉၉၂ မတ်လ(၁) ရက်မှာ ထုတ်ဝေတဲ့ ကျောင်းသား
တပ်မတော်ရဲ့ စတိတ်မန့်ကို ဖတ်ပြီး BLC က ကိုအောင်ထူး ကို
အကြံပေးချင်ပါတယ်။ “ခင်ဗျားဗျာ- တတ်နိုင်ရင် ရှေ့နေ လုပ်မစား
ပါနဲ့။ ခင်ဗျား လိုက်တဲ့ အမှုက ရှုံးပြီး ခင်ဗျားလူ ထောင်ကျမှာစိုးလို့ပါ”
လို့။ ဘာကြောင့်ကျနော် ဒီလိုအကြံပေးရပါသလဲ။ ခင်ဗျားတို့ပဲ ထုတ်ပြန်
ကြေငြာချက်ကို သုံးသပ်ကြည့်ပေတော့။

ထုတ်ပြန်ချက်ထဲက နံပါတ်(၁) ကတော့ ထားလိုက်တော့။ ဒေါ်အောင်ဆန်း
စုကြည်အပေါ် စေတနာထားပြီး စိုးရိမ်ရှာလို့ဖြစ်တာလို့ နားလည်ပေးလို့
ရပါတယ်။ အချက် (၂) ကိုကြည့်ဗျာ။ ၁၉၈၈ မှာ စစ်ထောက်လှမ်းရေး
တွေဟာ ဒေါသထွက်နေတဲ့လူအုပ်ကြီးကို ခေါင်းဖြတ်သတ်ဖို့ လှုံ့ဆော်ခဲ့
တယ် လို့ဆိုတယ်။ မြောက်ပိုင်းဒေသမှ အဲ့သလို၊ မိုက်မိုက်ရိုင်းရိုင်း ခေါင်းဖြတ်
သတ်ခဲ့တာ ဘယ်သူတွေလဲ။ မျိုးဝင်း၊ သံချောင်း၊ လှဆိုင်၊ သန်းဇော် ---
တို့တတွေလား၊ ကိုထွန်းအောင်ကျော်နဲ့ စွပ်စွဲခံရသူတွေလား။ ထုတ်ပြန်
ချက်က ရှေ့နောက်မညီဘူးဖြစ်နေတယ်။ ထုတ်ပြန်ချက်ထဲက ဥပမာတွေ
ကလည်း တက်တက်စင်အောင်လွဲနေတယ်။ ကိုထွန်းအောင်ကျော်
ဆိုတာ ဗကသ (အထက်ဗမာပြည်) ခေါင်းဆောင်တယောက်ဖြစ်တယ်
ဆိုတဲ့ သမိုင်းကို မသိခဲ့ကြတာလား။ သိသိချည်းနဲ့ ခေါင်းဖြတ်သတ်ခဲ့ကြ
တာလား။ ခက်တော့နေပြီ။ သမိုင်းနားမလည်ပဲနဲ့ အဖွဲ့အစည်း ခေါင်းဆောင်
လုပ်တော့၊ ပေါက်လွှတ်ပဲစားပဲဖြစ်တော့မှာပေါ့။

အချက် (၃) ကို စမ်းစစ်ကြည့်ပါ။ မြောက်ပိုင်းကျောင်းသားတပ်မတော်
ခေါင်းဆောင်တွေဟာ ရေဘင်မျက်မှန်တွေ တပ်ပြီး မာဖီးယား
ခေါင်းဆောင်တွေလို နေခဲ့ကြတယ်လို့ဆိုတယ်။ ရဲဘော်တွေက ငပိနဲ့
စားနေရချိန်မှာ ခေါင်းဆောင်တွေက လခယူ၊ ကိုယ်ဆုပ် လက်နှယ်
ပြုစုပေးမဲ့ တပည့်တပမ်းတွေထား ခိုင်းစားကြတာပါ။ ဒါကို မြင်နေတဲ့
ရဲဘော်တွေမှာ ဝေဖန်ပိုင်ခွင့်မရှိဘူးလား။ ဒေါ်ချိုချိုကျော်ငြိမ်းရဲ့ မွေးစား
သားလို့ လူသိများတဲ့ မောင်မောင်ကြွယ်ဆို အဲ့သလို အခွင့်ထူးခံ
ခေါင်းဆောင်တွေကို ဆန့်ကျင်လေ့ရှိလို့ သူ့ကို မျိုးဝင်းက ညှိုးခဲ့တာလို့
သိရတယ်။ ကျနော်ကတော့ ခေါင်းဆောင်တွေ ခြစားအကျင့်ပျက်တာ
ယုံတယ်။ ထိုင်းနယ်စပ်နဲ့ မဲဆောက်မှာလည်း ဒီအတိုင်းပဲလေ။ လူတွေကို
အခွင့်အရေးပေး၊ ငွေပေးပြီး ပျက်စီးအောင်လုပ်၊ အပြစ်ကျူးလွန်သူခြင်း
ကျောခြင်း ကပ်ထားတဲ့ အစုတ်ပဲ့ဆုံးနိုင်ငံရေးကို ပြပါဆိုရင် မဲဆောက်၊
ချင်းမိုင် နိုင်ငံရေးပါပဲ။ သူတို့နဲ့ သန်းရွှေ ရဲ့ စစ်အစိုးရ အကျင့်စရိုက်တွေ
ဟာ သူမသာ ၊ ကိုယ်အသုဘ ပါပဲ။

အချက် (၄) ကတော့ ကာယကံရှင်တွေကိုသာမေးကြည့်ပါတော့။
နှိပ်စက်စစ်မေးတုံးက မရခဲ့တဲ့ အဆိပ်တွေ၊ လက်နက်တွေကို
ကိုယ့်ဘာသာ ဘယ်ကရှာပြီး သတင်းစာရှင်းလင်းပွဲလုပ်လဲ
မသိပါဘူး တဲ့။

ကဲ-- ကိုအောင်ထူးနဲ့ ၁၉၉၂ ကျောင်းသားတပ်မတော် (ဗဟိုဋ္ဌာနချုပ်)
ခေါင်းဆောင်များကို အတိတ်ရဲ့ စဉ်းစားစရာများကို တွေးစေပြီး
ဆောင်းပါး (၉) ကို နိဂုံးချုပ်ပါရစေ။

ကိုထွန်းအောင်ကျော်နှင့် ကျဆုံးခဲ့သော ကျောင်းသားတပ်မတော်
(မြောက်ပိုင်း) ရဲဘော်များ ကောင်းရာသုဂတိလားပါစေ။ မတရား
သဖြင့် နှိပ်စက်စော်ကားသူများလည်း မသန့်ရှင်းသော ဝိညာဉ်တွေမှ
ဆေးကြောသန့်စင် လွတ်မြောက်နိုင်ကြပါစေ။ အမှန်တရား
ပေါ်ထွန်းပါစေ။

-အောင်မိုးဝင်း

8 comments:

Anonymous said...

တာဝန်ရှိသူ ခေါင်းဆောင်(၃) ဦးကတော့ ရော်နယ်အောင်နိုင်၊ သံချောင်း (ထောင်တွင်း)နဲ့ မျိုးဝင်း(သေဆုံး)တို့ဖြစ်ပြီး၊ စစ်ကြောရေးကို ဦးဆောင်ပြီး ခေါင်းဖြတ်မှုကို ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ လှဆိုင်း(လက်ရှိ BSDF မြောက်ပိုင်း) ၊ သန်းဇော်တို့ အဲ့ဒီ လူတွေပဲ တာဝန်ရှိလို့ ရေးထားတယ်။ သေချာလားဗျာ။ တခြားလူတွေ ကျန်သေးလား ဆိုတာ သိချင် ပါတယ်။ ကျွန်တော်တို့ သာမန် စာဖတ် စောင့်ကြည့် သူတွေ အနေနဲ့ စိတ်မကောင်း ဖြစ်လွန်းလို့ မေးမြန်း မိပါတယ်။ အထောက် အထားနဲ့ သိသူတွေ ဖြေပေးကြပါ။

Anonymous said...

ဦးခင်ညွန့် ကိုမေးကြည့်ပါလား..ရှင်းသွားလိမ့် မယ်။။ဒီလူသိတယ်

Anonymous said...

ဦးခင်ညွန့် ကိုမေးကြည့်ပါလား..ရှင်းသွားလိမ့် မယ်။။ဒီလူသိတယ်

Anonymous said...

လူငယ်တွေ အတွက် ရှင်းလင်းတဲ့ အကြောင်း အရာတွေ မပြောနိုင် ကြတော့ဘူးလား။ ခင်ညွှန့်ကို မေးကြည့် ဆိုတာထက် ပြည့်ပြည့်စုံစုံ မပြောနိုင်ဘူးလား။ ဟိုတလောက ခင်ညွန့်ကြီး လွတ်တော့ .. “အဘ ... မင်္ဂလာပါ...” “ဟယ် ... သနားလိုက်ထှာနော်..” “ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ ... ” “သူလည်း ကောင်းတာတွေ လုပ်ခဲ့တာဘဲ .” “မာတီမီဒီယာရွမ်းတွေ ဖွင့်ပေးခဲ့တာ..” “တို့ရွာမှာ လျှပ်စစ်မီးရအောင် လုပ်ပေးခဲ့တာ ” .. “ဟိုတံတားကြီး၊ ဒီတမံကြီး၊ ဟိုဘက် ရေလှောင်ကန်ကြီူးး ဖွင့်ပေးခဲ့ထှာ....”
“ဘဘကြီး ကျမ်းမာပါစေ .....”
အဲ့သလို သောက်ပေါ ကျွန်တော်တို့ လေးတွေအတွက် ခင်ဗျားတို့မှာ တာဝန်ရှိတယ်လို့ ကျနော် စွပ်စွဲတယ်။

ညီရဲ said...

ဒီနေ့ မှ အပိုင်း(၁) ကနေ အပိုင်း(၉) ထိကို အစအဆုံးဖတ်သွားတယ်... ဖတ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်... ခုလို သိခွင့်ရတဲ့ အတွက် ကိုအောင့်ကိုလဲ ကျေးဇူးတင်ပါတယ်...

Anonymous said...

မသိလို.မေးပါရစေ။ရော်နယ်အောင်နိုင်၊သံချောင်း(ထောင်တွင်း)မျိုးဝင်း(သေဆုံး)၊လှဆိုင်း(လက်ရှိBSDF မြောက်ပိုင်း) ၊ သန်းဇော်တို့ဟာမြန်မာတွေလား ဖက်စစ်ဂျပန်တွေလားဟင်.......

KO AUNG said...

အခု မိုးသီးဇွန် က ဘယ်ရောက်နေလဲ၊ ဒီဖြစ်ရပ် ကိုအမြန် ဖြေ ရှင်းပေးပါ၊ ရှေ့နေ ကြီး ဦးအောင်ထူး စွဲချက် တင်နိုင်အောင် ပုဒ်မတွေရှာထားပါ။

zhkk said...

Ko Aung moe win
2nd paragragh last sentence of A htoo is : The spies who executed in the Nothern Division (ABSDF) were part of those intelligent ordered by the MIS and NIB to leave for the students' camp in Nothern Division of ABSDF to smash the front.
kophohtaung