Sunday, 5 February 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း-၈)

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (အပိုင်း-) ကို ရေး
နေရင်းက၊ ဖြည့်စွက်ချက် တခုကို ထည့်ပေးရတော့မယ်
ဆိုတာ သဘောပေါက်ခဲ့ကြတယ်။ ဒီလိုထည့်ဖို့ရာ အကြောင်းဖန်
လာခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ကိုမိုးသီးဇွန် ဗဟို
ကော်မတီရဲ့ ၁၉၉၂ (မတ်လ)မှာ ထုတ်ဝေခဲ့တဲ့စာတစောင်နဲ့
သူ့ရဲ့ စရိုက်လက္ခဏ၊ ပြောဆိုနေမှုတွေ ကြောင့်ပဲဖြစ်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ ရဲဘော်များနဲ့
မြောက်ပိုင်းဒေသမှ ထွက်ပြေးလွတ်မြောက်လာသူများ သေသေ
ချာချာဖတ်စေချင်ပါတယ်။ ကျောင်းသားခေါင်းဆောင်လို့
ကြွေးကြော်နေတဲ့သူတွေဟာ မြောက်ပိုင်းဒေသမှာ နှိပ်စက်ဖမ်းဆီး
ခံခဲ့ရ၊ အသတ်ခံခဲ့ရတဲ့သူတွေအပေါ် ဘယ်လိုသဘောထား
သလဲ ဆိုတာ သိစေချင်လို့ပါ။ စာရဲ့ အဆုံးသတ်မှာ တင်ပြထားတဲ့
ဒေါက်တာနိုင်အောင်ရဲ့စာဟာ ဒီဆောင်းပါးရဲ့ အဓိကအချက်အလက်
လို့ ပြောလိုက်ချင်ပါတယ်။
 
ရှေ့ဆက်ရမဲ့ခရီး
ကျနော်နဲ့ မအေးအေးစိုးဝင်းတို့နှစ်ယောက် မနေ့ကမှ တေ့တေ့ဆိုင်ဆိုင်
ဖုန်းစကားပြောဖြစ်ကြတယ်။ သူနဲ့ကျနော်က ဖေ့ဘွတ်ပေါ်မှာသာ
တစ်ယောက်ရေးတာတစ်ယောက် ဆွေးနွေးခဲ့ကြပေမဲ့ လူပုဂ္ဂိုလ်ချင်း
အရ အဆက်အသွယ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကိုမိုးသီးဇွန်ရဲ့ လုပ်ရပ်
တွေကြောင့်ပဲ ကျနော်တို့တတွေ ဖုံးဆက်ဖြစ်ကြတယ်။ ရှေ့ဆက်
လုပ်ရမဲ့ အလုပ်တွေအတွက် ကျနော်တို့ကြားမှာ ရှင်းရှင်းလင်းလင်း
သွားချင်တာကြောင့် တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်း
ပြောဆိုတိုင်ပင်ကြခြင်းဖြစ်တယ်။ မြောက်ပိုင်းဒေသမှ အစုလိုက်
အပြုံလိုက် လူသတ်မှုကိစ္စကိုဆွေးနွေးကြတဲ့အခါမှာ အုပ်စုတိုက်ပွဲ
ပုံစံအသွင်ကူးပြောင်းချင်တဲ့၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုအစွန်းရောက်တဲ့
သူတွေအားလုံးကို ရှောင်ပြီး ကျနော်တို့က လုပ်ချင်ပါတယ်။ အုပ်စု
တိုက်ပွဲပုံစံနဲ့ချည်းကပ်တဲ့အရာမှန်သမျှဟာ အမှန်တရားကို မရောက်
နိုင်ပါဘူး။ ဒါကြောင့် ကျနော်က မအေးအေးစိုးဝင်းကို ကိုမိုးသီးဇွန်
အပေါ် ထားတဲ့သဘောထားတွေကို မေးခဲ့တော့ သူ့အဖြေက
ရှင်းပါတယ်။ သူက အမှန်တရားဘက်ကပဲ ရပ်တည်မယ်၊ ဘယ်သူ့
လူမှ မဟုတ်ဘူး လို့ ဆိုပါတယ်။ ကိုမိုးသီးဇွန်ရဲ့ သဘောထားတွေ၊
လုပ်နည်းလုပ်ဟန်တွေကိုလည်း ကျနော့်ကို ရှင်းပြပါတယ်။

မငယ်() နန်းအောင်ထွေးကြည်နဲ့လည်း သေသေချာချာမေးမြန်း
ဖြစ်ပြန်တယ်။ ကိုမိုးသီးဇွန်တို့ ထုတ်ပြနေတဲ့စာဟာ မငယ်
(နန်းအောင်ထွေးကြည်) ဆီက ရခဲ့တာလား။ ကိုယ့်အတွက်
အသက်ရှုပေါက်ရမဲ့ စာတစောင်ကို ထုတ်ပေးခဲ့ရဲ့သားနဲ့
ဘာကြောင့် သူက အခုလို ကိုယ်ချင်းစာစိတ်မဲ့တဲ့ စကားတွေပြော
နေသလဲ။ အစုံပါပဲ။ အားလုံးတိုင်ပင်ပြီးတဲ့အခါ ကျမှ၊ ဒီအကြောင်း
အရာတွေကို မိတ်ဆွေတွေ သိထားသင့်တယ် ထင်လို့ ရေးပြလိုက်
တာပါ။ မဟုတ်ရင် သူကပဲ အမှန်တရားကို ချစ်သယောင်ယောင်၊
နစ်နာနေသူတွေဘက်ကပဲ ပြတ်ပြတ်သားသားရပ်တည်
နေသယောင်ယောင် နှမ်းဖြူးဟန်ဆောင်နေမှာစိုးလို့ပါ။

မြောက်ပိုင်းကိစ္စအပေါ်မှာ
၁၉၉၂ တုံးက မြောက်ပိုင်းလူ့သတ်မှုတွေအပေါ်မှာ၊ ကိုနိုင်အောင့်
အုပ်စုက ဘယ်လို၊ ကိုမိုးသီးအုပ်စုက ဘယ်လိုသဘောထားတယ်
ဆိုတဲ့ ကြေငြာချက်တွေဟာလည်း မဖြစ်မနေဖတ်ရမှာဖြစ်သလို၊
ဒီကနေ့လက်ရှိမှာ အဲ့ဒီလူတွေက မြောက်ပိုင်းလူသတ်မှုအပေါ်မှာ
ဘယ်လို သဘောထားတယ်၊ ကိုယ်ချင်းစာစိတ် ဘယ်လိုရှိတယ်
ဆိုတာကိုလည်း သိဖို့လိုပါလိမ့်မယ်။ တကယ်တော့ စာရွက်စာတမ်း
တွေအားလုံးက ကျနော်တို့လက်ထဲမှာ အကုန်ရှိပြီးသားပါ။ ကိုအောင်ထူး
ရဲ့ လက်မှတ်နဲ့ထိုးထားတဲ့စာ၊ ဒေါက်တာနိုင်အောင်ရဲ့စာတွေအပြင်၊
ကိုမိုးသီးဇွန်ရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အမည်ပေးထားတဲ့စာတွေ
လည်း ကျနော်တို့ဆီမှာ ဖိုင်တွဲနဲ့သိမ်းထားပြီးသားပါ။ တောင်ပိုင်းမှာ
ဖြစ်ပျက်ခဲ့တာတွေကို သေသေချာချာ မသိတာကြောင့် ဝင်မပါချင်တာ
တပိုင်း၊ မြောက်ပိုင်းကိစ္စကိုသာ အရင်ရှင်းချင်တာ တပိုင်းကြောင့်
အဲ့ဒီ အဆင့်ကို ထိကို မထိခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ကိုမိုးသီးဇွန်
တို့ ဘက်က ၁၉၉၂ တုံးက စာကို ထုတ်ပြနေတာကြောင့် ကြားဖြတ်
ရှင်းပြရမဲ့အဆင့် ကို ရောက်လာခဲ့ပါတယ်။

ကိုမိုးသီးဇွန်၊ နန်းအောင်ထွေးကြည် နဲ့ ကိုထိန်လင်း
၂၀၀၉ ခုနှစ်မှာ နန်းအောင်ထွေးကြည် တယောက်၊ ထိုင်းကို ပြန်တော့
ကိုမိုးသီးဇွန် နဲ့ ထိုင်းနယ်စပ်က ဒီမိုကရေစီရေးလှုပ်ရှားသူတချို့နဲ့
ဆုံခဲ့ပါတယ်။ ကိုမိုးသီးဇွန်ကိုယ်တိုင် နန်းအောင်ထွေးကြည်တည်းခိုတဲ့
နေရာကို လိုက်ခဲ့ပြီး “ဟာ ဟုတ်တယ်၊ ဒီကောင်တွေ ရက်စက်လွန်း
တယ်။ ဒီ မြောက်ပိုင်းကိစ္စကို ဖေါ်ထုတ်ရမယ်” လို့ အာဘောင်အာရင်း
သန်သန်ပြောခဲ့ပါတယ်။ ဒီကနေ့ ကိုမိုးသီးဇွန်တို့အုပ်စု ရတဲ့ ၁၉၉၂
စတိတ်မန့်ဆိုတာ နန်းအောင်ထွေးကြည်က ရတာလား။ (ဒါမှမဟုတ်)
ကိုမိုးသီးဇွန်တို့ရဲ့ သုသေသနဋ္ဌာနကြီးက ရတာလား။ ကာယကံရှင်တွေ
အသိကြဆုံးပါ။ ကိုအောင်နိုင်ဦးက ဋ္ဌေးနိုင် ဘယ်လို အသတ်ခံခဲ့ရတယ်
ဆိုတာတွေတောင် နန်းအောင်ထွေးကြည်ကို ရှင်းပြခဲ့တာမို့လား။
ကိုထိန်လင်း တယောက် ထိုင်းကို ပန်းချီပြပွဲသွားတဲ့အခါမှာလည်း၊
ကိုမိုးသီးဇွန်တို့အုပ်စုက မြောက်ပိုင်းကိစ္စကို ဖေါ်ထုတ်ဖွင့်ချပြီး
ကိုနိုင်အောင်တို့ကို ချဖို့ တိုက်တွန်းခဲ့သေးတယ် လို့ သိရပါတယ်။
ဒီလို အာဘောင်အာရင်း သန်သန်ပြောခဲ့တဲ့ ကိုမိုးသီးဇွန်ဟာ
ကိုထိန်လင်းနဲ့ ကျနော်တို့တတွေ မြောက်ပိုင်းကိစ္စကို စတင်
ရေးလာ ကတည်းက သွေးရူးသွေးတန်းနဲ့ လိုက်ကန့်ကွက်ခဲ့ပါ
တယ်။ သူနဲ့ရင်းနှီးတဲ့ကျောင်းသားတချို့ကို ဒီကိစ္စတွေထဲမှာ
မပါဖို့ တိုက်တွန်းခဲ့တယ်။ “ရေးသားနေတဲ့ သူတွေဟာ ရန်သူ့
အကြိုက်လိုက်လုပ်နေတယ်။” “ABSDF ကို တိုက်ခိုက်နေတယ်”
ဆိုတဲ့ ဝါဒဖြန့်ချီရေးတွေအပြင်၊ “ကာယကံရှင်တွေက မရေးပဲ
ဘာလို့ မအေးတို့က ဆွေ့ဆွေ့ခုန်နေတာလဲ” ဆိုတဲ့စကားမျိုး
တွေ ကိုလည်း မအေးအေးစိုးဝင်းကို ပြောခဲ့တယ် လို့ သိရပါတယ်။

တိုင်းပြည်ရဲ့ရန်သူဆိုတာ ဘယ်သူလဲ
တိုင်းပြည်ရဲ့ ရန်သူဆိုတာ အာဏာရှင်ဖြစ်တဲ့ နေဝင်း၊ သန်းရွှေ
စစ်အုပ်စုတင်ခေါ်ဆိုတာ မဟုတ်ပါဘူး။ သူတို့လိုပဲ အာဏာရူး၊
နေရာရူးပြီး ကိုယ်ခေါင်းဆောင်မဖြစ်ရင် ကျန်တဲ့သူတွေကို တိုက်ခိုက်
ချေမှုန်းဖို့ ကြိုးစားနေတဲ့ သဘောထားသေးသိမ်သူ အားလုံးကို
ဆိုလိုခြင်းဖြစ်ပါတယ်။ ခေါင်းဆောင်ရူးရင်းရူးရင်းနဲ့ ဘယ်သူတွေ
မြောင်းထဲရောက်ကုန်ကြပြီလဲ။ အမေရိကားကျောင်းသား
အစည်းအဝေးတချို့မှာ “ပြည်တွင်းပြန်ဝင်ဖို့အတွက် ကျနော့ကို
ကိုယ်စားလှယ်ပေးကြပါခင်ဗျား” လို့တောင်းနေရတဲ့အဆင့်ကို
ဘယ်သူတွေရောက်ကုန်ကြပြီလဲ။ ကိုယ့်ဘာသာ ပြန်သုံးသပ်
စေချင်ပါတယ်။

ကာယကံရှင် ဆိုတာဘယ်သူလဲ
ကာယကံရှင်ဆိုတာ ထွက်ပြေးလွတ်မြောက်လာသူတွေနဲ့ အသတ်ခံ
ရသူတွေကိုမှ ကာယကံရှင်လို့ခေါ်တာ မဟုတ်ပါဘူး။ လုပ်ဖေါ်ကိုင်ဘက်
ဗကသ (အထက်ဗမာပြည်) ရဲဘော်များကလည်း၊ သူတို့ရဲဘော်တွေ
ဟာ ရန်သူ့သူလျှိုမဟုတ်ကြောင်း ပြတ်ပြတ်သားသား ရပ်တည်ငြင်းဆန်
ပိုင်ခွင့်ရှိပါတယ်။ ကျနော်တို့ဟာ အဖွဲ့အစည်းနဲ့လုပ်တဲ့အခါတိုင်း
ကိုယ့်ရဲ့ ရဲဘော်တွေဘက်က တာဝန်ယူ ရပ်တည်လေ့ရှိပါတယ်။
မျက်နှာလွှဲခဲပစ်လုပ်လေ့မရှိပါဘူး။ ဒါမှာလည်း ရဲဘော်ရဲဘက်စိတ်
ရှိတယ်ခေါ်မှာပါ။ ကိုထွန်းအောင်ကျော်နဲ့ စိုးဝင်းသန်းဟာ ဗကသ
ခေါင်းဆောင်တွေဖြစ်တဲ့အတွက် ဗကသ ရဲဘော်တွေကလည်း သူတို့ရဲ့
သမိုင်းရေးဆိုင်ရာ ကိစ္စတွေကို တာဝန်ယူ ရပ်တည်သွားကြမှာပါ။
ကိုမိုးသီးဇွန်ဘဝမှာ ကိုယ့်အပေါ်ကောင်းခဲ့တဲ့ လူတွေအပေါ် ရဲဘော်
ရဲဘက် စိတ်ရှိခဲ့ပါသလား။ မိုးထဲလေထဲမှာ ချကြွေးပစ်ခဲ့အဖြစ်မျိုး
ဘယ်နှစ်ခါ လုပ်ခဲ့ပါသလဲ။ ကိုဇော်ထွန်း (ဆေးတက္ကသိုလ်)
ဘယ်လိုသေခဲ့ပါသလဲ။ မြောက်ပိုင်းကိုရောက်သွားတဲ့ တောင်ပိုင်းက
ABSDF ရဲဘော်တွေရဲ့လုံခြုံရေးကိုရော တာဝန်ယူခဲ့ဘူးပါရဲ့လား။
ထပ်ပြီးပြောလိုက်ပါမယ်။ မြောက်ပိုင်းအစုလိုက်အပြုံလိုက် လူသတ်မှု
ဟာ အမျိုးသားရေးပါ။ မတရားမှုကို ဆန့်ကျင်သူ၊ ယဉ်ကျေးမှု ရှိသူ
အားလုံး ပါဝင်ပိုင်ခွင့်ရှိပါတယ်။

အောင်ပွဲကို ရပြီဆိုပဲ
ကိုမိုးသီးဇွန် ရဲ့ နီးစပ်တဲ့သူတယောက်က ဆိုပါတယ်။ “ဒီမိုကရေစီ အောင်ပွဲ
ရခါနီးခါမှ မြောက်ပိုင်းလူသတ်မှုအပုပ်တွေကို ဖေါ်နေကြတယ်” တဲ့။ နေစမ်း
ပါအုံး။ “အောင်ပွဲရခါနီးပြီ” ဆိုတဲ့စကားနဲ့ “၂၀၀၈ အခြေခံဥပဒေအောက်
အားလုံးဒူးထောက်ရေး” ဆိုတဲ့စကား ကွဲပြားအောင်လုပ်ဖို့လိုပါလိမ့်မယ်။
လူငယ်တွေကို မီးရှို့ခိုင်း၊ ခဲနဲ့ပေါက်ခိုင်း မင်းမဲ့စရိုက်လှုံ့ဆော်မှုတွေပြောပြီး၊
ပြည်တွင်းကို ပြန်ဝင်ဖို့ ချောင်းနေတဲ့ ခပ်ညံ့ညံ့ကျောင်းသားခေါင်းဆောင်
တယောက်လို အလုပ်မျိုး ကျနော်တို့ မလုပ်ခဲ့တာတော့ သေချာပါတယ်။
ကြွေးကြော်သံတွေ ရမ်းရမ်းကားကားပြောပြီး မေ့ပျောက်လွယ်၊ ဒူးထောက်
လွယ်တဲ့သူတွေ၊ မဟုတ်ခဲ့တာလည်း သေချာပါတယ်။

ဗကသ ( အထက်ဗမာပြည်) အပေါ် သဘောထား
တကယ်တော့ ကျနော်ထိုင်းနယ်စပ်ကို ရောက်ခါစ ၁၉၉၈ လောက်မှာထိ
ကိုမိုးသီးဇွန်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (အထက်ဗမာပြည်)
ညီလာခံတွေကို ခါးခါးသီးသီး ငြင်းပယ်လေ့ရှိပါတယ်။ သူပါခဲ့တဲ့ သြဂတ်စ်
(၂၈) ဗကသ လောက်ကိုသာ သမိုင်းလို့ထင်ပြီး ကျန်တဲ့ ဗကသ သမိုင်းတွေ
ကို “ဘယ်သူ့ကို ကိုယ်စားပြုလို့လဲ” ဆိုတဲ့ မေးခွန်းတွေထုတ်ပြီး သူများ
တွေရဲ့ သမိုင်းကို အထင်သေးသူဖြစ်တယ်။ လက်မခံသူဖြစ်တယ်။
ဗကသ၊ လူ့ဘောင်သစ်၊ ABSDF စတဲ့အဖွဲ့တွေအားလုံးကို သူတယောက်
တည်းပဲ ပိုင်ဆိုင်သယောင်ယောင် လက်ဝါးကြီးအုပ် မင်းမူချင်သူတယောက်
ဖြစ်တယ်။ ကိုထွန်းအောင်ကျော်ဟာ မန္တလေးမှာ ထင်ရှားတဲ့ခေါင်းဆောင်
တယောက်လို့ သိခဲ့မယ်ဆိုရင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ
(အထက်ဗမာပြည်)ရဲ့ ညီလာခံကိုလည်း သိနေသင့်ပါတယ်။ ကျနော်တို့
ပြောတဲ့ ဗကသ သမိုင်း ဟုတ်မဟုတ် လက်ရှိအသက်ထင်ရှားရှိနေတဲ့
ကိုကိုကြီး၊ ကိုပြုံးချို တို့ကို မေးလိုက်ပါ။ ဒါကြောင့် ၁၉၉၂ မှာ ထုတ်ဝေ
ခဲ့တဲ့ ကိုမိုးသီးဇွန် အုပ်စုရဲ့ မြောက်ပိုင်းဒေသ လူသတ်မှုအပေါ် သဘောထား
ကို ကြေငြာချက်ကိုဖတ်ပြီး လူတွေရဲ့ ရင်ထဲမှာ မေးခွန်းတွေရောက်လာ
ပါတယ်။

ဗဟိုကော်မတီရဲ့သဘောထားကတော့ ထားလိုက်ပါတော့။ ဘာမှ
မှတ်ချက်မပေးချင်ပါ။ ဗဟိုကော်မတီထဲမှာ ကျနော်တို့အပေါ် သဘောထား
မှန်တဲ့သူတွေ ရှိနေလို့ပါ။ ဒါပေမဲ့ ကိုမိုးသီးဇွန်ရဲ့ စရိုက်လက္ခဏာကတော့
ကြေငြာချက်နဲ့ကွာဟနေပါတယ်။ ကိုမိုးသီးဇွန်ဟာ မြောက်ပိုင်းလူသတ်မှု
ကို တကယ်ရှုတ်ချချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် ဘာဖြစ်လို့ အခုချိန်မှာ
ခံစားခဲ့ရသူတွေဘက်က ကိုယ်ချင်းစာစိတ် တစက်မှ မရှိခဲ့တာလဲ။
ဘာလို့ အဖြစ်မှန်ရေးသားနေသူတွေကို နည်းပေါင်းစုံလိုက် တိုက်ခိုက်
နေတာလဲ။ ဘာကို ကြောက်နေတာလဲ။ လူတော်တော်များများကတော့
ကိုဋ္ဌေးနိုင် အသတ်ခံရတဲ့ အမှုဟာ မြောက်ပိုင်းကိစ္စ နဲ့ ဆက်နွယ်နေတာ
ကြောင့် သူ့ဆီကို အမှုပတ်လာမှာ စိုးလို့ လို့ ဆိုကြပါတယ်။ ကျနော်တို့
အုပ်စုမှာတော့ အဲ့ဒီထက် စိတ်ဝင်စားစရာကောင်းတဲ့ စာတစောင်
ရှိနေပါတယ်။ ဒီစာတစောင် နဲ့ ၁၉၉၂ ဗဟိုကော်မတီက ထုတ်ဝေတဲ့
သဘောထားကြေငြာချက်ကို နှိုင်းယှဉ်ပြီး ဖတ်လို့ရနိုင်အောင်လို့ပါ။

ဒေါက်တာနိုင်အောင်ရဲ့စာ
တကယ်တော့ ဒီစာကို အပြင်မှာထုတ်ပြဖို့ စိတ်ကူးတစက်မှ မရှိခဲ့
ပါဘူး။ ဒေါက်တာနိုင်အောင်က ကိုသန်းဝင်းရဲ့စာကို တုန့်ပြန်ခဲ့တဲ့အခါ
ကျနော့ဆီကို ( cc) တွဲပြီး ပို့ပေးခဲ့ပါတယ်။ ကျနော်က စည်းထားပါ
တယ်။ ဒီလို ပုဂ္ဂိုလ်ရေးယုံကြည်လို့ ပေးတဲ့စာ ကို ထုတ်ပြလေ့မရှိ
ပါဘူး။ ဒါပေမဲ့ ကိုသန်းဝင်း က အဲ့ဒီစာကို ထုတ်ဖေါ်ပြောခဲ့ပြီး ဖြစ်သလို၊
ကိုမိုးသီးဇွန် ရဲ့ ကြောက်လန့်တကြား လိုက်လံတားဆီးခဲ့တဲ့ လုပ်ရပ်
တွေကို သံသယဖြစ်ခဲ့လို့ ဒီစာကိုထုတ်ပေးလိုက်ပါတယ်။ အရေးကြီး
တဲ့ စာကြောင်းကို လိုင်းတားပေးထားပါတယ်။

ဒေါက်တာနိုင်အောင့် ရဲ့ စာအရဆိုရင်တော့ “မြောက်ပိုင်းလူသတ်မှု
ကို အမိန့်ပေးသူဟာ ကိုမိုးသီးဖြစ်ပါတယ်” တဲ့။ ကိုသန်းဝင်းနဲ့ အပြန်
အလှန်ရေးတဲ့စာ အဆုံးသတ်ခါနီးမှာ ဟော့သလိုရေးထားပါတယ်။
အဖွဲ့နှစ်ဖွဲ့ မကွဲခင်မှာ ရန်သူ့သူလျှိုတွေကို သတ်ဖို့ ကိုမိုးသီးက
ခွင့်ပြုခဲ့တာကို မင်းသိသလား။ စာရွက်စာတမ်းတွေအားလုံးကို
ငါတို့ သိမ်းထားပါတယ်”
Do you know that Ko Moe Thee gave the permission to
execute the spys in northern before the split?
We have kept all documents.
ကိုနိုင်အောင်ရဲ့စာဟာ လွန်ခဲ့တဲ့ () နှစ် ၂၀၁၀ ဖေဖေါ်ဝါရီလ
(၁၀) ရက်နေ့က ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီကာလတုံးက
ကိုသန်းဝင်းဟာ ကိုမိုးသီးနဲ့ ကိုနိုင်အောင်ဆီကို အိပ်ဖွင့်ပေးစာ
တွေရေးနေတဲ့အချိန်ပါ။ သူတို့ဖြစ်နေတဲ့ကိစ္စက ကျနော်နဲ့ဘာမှ
မပတ်သက်ပါဘူး။ ဒါပေမဲ့ မြောက်ပိုင်း ကိစ္စတွေပါလာတိုင်း
ကျနော်နဲ့သက်ဆိုင်မယ် ထင်လို့ ကိုနိုင်အောင်က ကျနော့်ကို
စာတွဲပို့ပေးလိုက်တယ် လို့ ယူဆပါတယ်။ မြောက်ပိုင်းကိစ္စတွေကို
ကျနော်နဲ့ ဒေါက်တာနိုင်အောင် အေးအေးဆေးဆေး ပြောဖြစ်ကြ
ပါတယ်။ ကျနော်တို့အမြင်တွေတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊
ဆွေးနွေးခဲ့ကြပါတယ်။ ကိုမိုးသီးဇွန်ကတော့ ၁၉၉၈ ကာလ၊
ထိုင်းနယ်စပ်မှာကတည်းက မြောက်ပိုင်းလူသတ်မှုအကြောင်း
စကားစတိုင်း အပြောမခံခဲ့ပါ။ ဒါဟာ ကျနော်တွေ့ခဲ့ရတဲ့ ABSDF
ခေါင်းဆောင်နှစ်ယောက်ရဲ့ သဘောသဘာဝဖြစ်ပါတယ်။ ကျန်တဲ့
ကိစ္စတွေ၊ စာရွက်စာတမ်းတွေကတော့ ကာယကံရှင်တွေကသာ
ဆက်ပြီး ဆွေးနွေးကြပါလိမ့်မယ်။ ဒီအပေါ်မှာ ကျနော့သဘောထား
ဘာမှ မပေးချင်ပါ။ ဒေါက်တာနိုင်အောင်ရဲ့စာကို တွဲပြီး တင်ပြလိုက်
ပါတယ်။

--- On Wed, 2/10/10, Naing Aung
wrote:
From: Naing Aung dna_freeburma@yahoo.com
Subject: Re: Open Letter to Moe Thee Zun and Naing Aung
[1 Attachment]
To: "Aung Moe Win" , "Than Win"
Date: Wednesday, February 10, 2010, 10:34 PM
Dear Ko Than Win,
If it is true that you are writing letters attacking Ko Moe Thee
and me and started to involve in non-sense and time wasting
wrangling, here is my first and last response.
First of all, I don't usually reply those letters written by those
based on their self claimed status and out of frustration.
But I don't want the ordinary people to hate more and more of
88 generation over your furious over you are wrong and I am
right, clean and clever.
If Moe Thee claimed the social event as political one, please
talk to Ko Moe Thee. I criticized him face to face, I don't
attack in front of the people who don't need to know.
Secondly, if you want to talk about history of ABSDF,
please remember what you have done to ABSDF.
Don't you know that there are thousand of ABSDF will
point the fingers on you during your administration.

Thirdly, most of decisions of ABSDF were made by committee,
I never acted alone like you did. But I take the responsibility
as chair of ABSDF whether I agreed the decision or not.
I still do.

Fourthly, I am not saying I am right all the time, people has
rights and wrongs. It is important to learn and correct.
Whether you like it or not, I am still working for the movement.
People like you who left ABSDF cannot tell that I have destroyed
ABSDF. How many members left when I assumed Chairmanship?
You are the one who supported ko Moe Thee after the split
even knowing what ko Moe Thee's behavior as you mentioned.
Do you know that Ko Moe Thee gave the permission to
execute the spys in northern before the split?
We have kept all documents. In one day, those will be
explained to family but during the movement time,
I have only one enemy.
So i want you to get matured. Please swallow your personal
guilty feeling and support in best way you can.
If you don't satisfy on what the people in the movement doing,
please do some constructive and positive works.
Nobody can stop you if you are doing good.
Please don't make the ordinary people to hate your revolution
more than you did.
Please don't post this email without my authority.
best,
DNA

11 comments:

Anonymous said...

ကိုဇော်ထွန်း ဘယ်လိုသေတာလဲ သိချင်ပါတယ်။ သူ့ညီးကတော့ တောထဲကပြန်ရောက်ထဲက ရူးသွားပါတယ်။

Anonymous said...

ကိုဇော်ထွန်း ဘယ်လိုသေတာလဲ သိချင်ပါတယ်။ သူ့ညီးကတော့ တောထဲကပြန်ရောက်ထဲက ရူးသွားပါတယ်။

Anonymous said...

ကိုနိုင်အောင်ရေးတဲ့စာက စိတ်ဝင်စားစရာပါပဲ။
ကျနော်တို့က ABSDF ကွဲပြီး ဒေါက်တာနိုင်အောင် ဘက်ကကျန်ခဲ့သူတွေပါ။ ဒီမြောက်ပိုင်းလူသတ်မှုမှာ ကိုထွန်းအောင်ကျော်တို့ ၊ ဦးစိန်တို့  ပါ အသတ်ခံရတယ်ဆိုတော့ ကျနော်တို့ရှင်းလင်းချက်တောင်းပါတယ်။ ကျေနပ်လောက်တဲ့ရှင်းလင်းချက်မရပါဘူး ။ ကျနော်တို့လူချင်းတွေမတွေ့ ဖူးပေမယ့် အမြဲ စိမ်း၊ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု နဲ့ အထက် ဗမာပြည် ဗကသ က ရဲဘော်တွေ အသတ်ခံလိုက်ရတယ်လို့ သိထားလို့  ကျေလည် အောင် မရှင်းလင်းပေးနိုင်တဲ့အတွက် ကိုနိုင်အောင့် ဗဟိုကိုကျောခိုင်းခဲ့ပါတယ်။ ခု သူ ရေးတဲ့စာ က အမှန်အတိုင်းဆိုခဲ့ရင် တခုခုတော့ ကိုနိုင်အောင်နဲ့ ကိုမိုးသီးတို့ ကျနော်တို့ အားလုံးရှေ့ မှာ ရှင်းသင့်တယ်။ အော် နောက်တခုပေါ့ ကိုနိုင်အောင့်စာက နည်းနည်း လူပါးဝတယ်ဗျာ ။ သူတယောက်ထဲပဲဆက်လုပ်နေသလိုလို အချိုးနဲ့။ ကိုသန်းဝင်းတို့ ငြိမ်ခံလိုက်တယ်ဆိုတာတော့ အံ့သြတယ်။

Anonymous said...

ကျနော်ကချင်ဒေသကိုသွားရောက်ပြီးတစ်လအကြာမှာ ရက်စက်ကြမ်းကြုတ်တဲ့စစ်အစိုးရ အပေါ်ယခင်ကထက်ကိုပိုပြီး ခါးသီးစွာ ခံစားခဲ့ရပါတယ်၊ ကျနော်အဖမ်းဆီးခံနေရ သူများရဲ့ ပြောကြားထွက်ဆိုချက် အားလုံးကို သဘောထားရိုးစွာ ဖတ်ရှု့နားထောင်ခဲ့ပါတယ်၊

အထူးသဖြင့်မြန်မာနိုင်ငံအမျိုးသားထောက်လှမ်းရေးအဖွဲ့(NIB)ဟာ ငြိမ်ဝပ်ပိပြားရေး အဖွဲ့(SLORC)ရဲ့ဖိနှိပ်ရေး ယန္တယား တစ်ခုဖြစ်နေယုံမျှမက ရှစ်လေးလုံး ပြည်သူအုံကြွမှုကိုလည်း မင်းမဲ့စရိုက် ဖြစ်လာအောင် လုပ်ဆောင်ခဲ့မှုတွေ အတွက်လည်း တာဝန်ရှိခဲ့ပါတယ်၊

သူတို့ဟာစနစ်ကျခိုင်မာတဲ့စီမံချက်နဲ့အတူ မိမိတို့အတိုက်အခံအင်အားစုတွေအတွင်းကို ထိုးဖေါက်ဝင်ရောက်ပြီး ညီညွတ်ရေး ကိုဖြိုခွဲကာလက်ဦးမှုကိုရယူသွားရန်ဖြစ်တယ်၊

သူတွေဟာလူတွေကိုသတင်းပေးသမား၊ထောက်လှမ်းသမားများအဖြစ်အသုံးချပြီး နည်းမျိုးစုံနဲ့ ထိုးဖေါက်ဝင်ရောက်လာကြတာဖြစ်တယ်၊
သူတို့ရဲ့အဓိကပြစ်မှတ်ကတော့ ထင်ရှားတဲ့ခေါင်း ဆောင်များနဲ့အတိုက်အခံအင်အားစု တွေကိုပဲဖြစ်တယ်၊

ABSDF ဟာစပိုင်တွေရဲ့အဓိကမဟာဗျူ ဟာပြစ်မှတ်တစ်ခဲ့ဖြစ်ပြီး”Water Wave”ရေလှိုင်း စစ်ဆင်ရေး ခေါင်းစဉ်အောက်က ထိုးဖေါက် ၀င်ရောက်နိုင်ရေးပင်ဖြစ်တယ်၊

သူတို့အဓိကလုပ်ဆောင်ရမဲ့အပိုင်းတွေက။
၁၊ အဖွဲ့အစည်းများအတွင်းမတည်မငြိမ်ဖြစ်အောင်ဖန်တီးလုပ်ဆောင်ရေး
၂၊ အဆင့်မြင့်ရာထူးနေရာတွေကိုရယူထားရှိရေး
၃၊ မဟာမိတ်အဖွဲ့များနဲ့ထောက်ခံအားပေးသောအဖွဲ့အစည်းများနှင့်နားလည်မှုလွှဲမှားရေး ၄၊ ခိုင်မာတဲ့အတိုက်အခံခေါင်းဆောင်တွေကိုလုပ်ကြံသတ်ဖြတ်ရေးတို့ပင်ဖြစ်သည်၊

နောက်ဆုံးအပြီးသတ်ဆောင်ရွက်ရမဲ့အချိန်ကတော့ အမျိုးသားညီလာခံကျင်းပမည့်အချိန်ဖြစ် သည့် ၁၉၉၂နှစ်ကုန်ပိုင်းပင်ဖြစ်သည်၊

တစ်ချို့အုပ်စုတွေကတော့အမျိုးသားညီလာခံမကျင်းပ ခင်အလင်းဝင်ကြရန်ဖြစ်ပြီး ကျန်နေမဲ့အုပ်စုတွေကိုတော့ ဖိအားတွေကို အပြင်းအထန်ပေးပြီး အမျိုးသား ညီလာခံအပြီး တွင်ဖြစ်လာမည့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အချိန် တွင်အလင်းဝင်ကြ ရန်ပင်ဖြစ်သည်၊

(ဒီစပိုင်အဖွဲ့ရဲ့ခေါင်းဆောင်ကတော့၁၉၉၂နှစ်ကုန်ပိုင်းတွင်ကျင်းပမည့် အမျိုးသားညီလာခံ အကြောင်းကိုမူလကပင်သိရှိထားပြီးသားဖြစ်သည်)

နောက်ဆုံးကျန်ရှိနေဦးမည်ဖြစ်သည့် အုပ်စုတွေကတော့ ပြင်းထန်တဲ့စစ်ဆင်ရေးနဲ့ အတူချေမှုန်းခံရလိမ့်မည် ဖြစ်သည်၊

ကျနော်အနေနဲ့ မှန်ကန်စွာဆုံးဖြတ်ပြီးသေဒဏ်ပေးခဲ့တဲ့ဒီစပိုင်(၁၅)ဦးအတွက် လုံးဝ အငြင်းပွါးစရာမရှိပါ၊

သို့သော်လည်းပဲကျနော်အနေဖြင့် ဗဟိုကော်မီတီဟာ ယခုဆုံးဖြတ်ချက် တွေမှာလုံးဝပါဝင် ပတ်သက်ခဲ့ခြင်း မရှိသော်လည်း တာဝန်ရှိခဲ့တယ်ဆိုတာလက်ခံပါတယ်၊

နိုင်ငံတကာလူထုလူတန်းစားတွေကိုကျနော်တို့ရှင်းပြချင်တာကတော့ ကျနော်တို့ နောက်ထပ် ကျန်ရှိနေသေးတဲ့ စပိုင်တွေကို အပြုသဘောဆောင်စွာဖြေရှင်းသွားမယ်ဆိုတာပါပဲ၊

မကြာသေးခင်ကပဲ ကျနော်မဟာမိတ်အင်အားစုကခေါင်းဆောင်တွေ ABSDF မြောက်ပိုင်းက ကော်မီတီဝင်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးအောက်ပါဆုံးဖြတ်ချက်တွေချမှတ်လုပ်ဆောင် ဘို့ဆုံးဖြတ်ခဲ့ကြပါတယ်၊

၁၊ ABSDF ကနေပြီးတော့ နောက်ထပ်ကျန်ရှိနေသေးတဲ့စပိုင်တွေကို သေဒဏ်မပေးရေး

၂၊ မိမိတို့တော်လှန်ရေးလှုပ်ရှားမှုဆီသို့ရပ်တည်ချက်မှန်မှန်ပြောင်းလဲလာသူတွေအားလုံးကို သာမန်အဖွဲ့ဝင်တွေအဖြစ်ပြန်လည်လက်ခံသွားရန်၊

၃၊ ကျနော်အနေဖြင့်လုံးဝလက်မခံနိုင်သောစပိုင့်များကိုမူ ၄င်းတို့၏အနာဂတ်လုံခြုံရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်၊
ABSDF ကလည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့်ဒီမိုကရက်တစ်အစိုးရ များထံ ၄င်းတို့အားမြန်မာပြည်ဒီမိုကရေစီ ရရှိသည်အထိလက်ခံသွားပါရန် မေတ္တာရပ်ခံသွားမည်ဖြစ်သည်၊

၎၊ အကယ်၍သူတို့ကိုပြည်ပနိုင်ငံတွေမှာလက်ခံထားရှိပေးနိုင်ခဲ့ခြင်းမရှိခဲ့လျှင်၊ သူတို့ကိုထောင် ဒဏ်တစ်နှစ်စီချမှတ်ပြီး မိဘဆွေမျိုးတို့၏ခံဝန်ချက်ဖြင့်ပြန်လွှတ်ပေးသွားမှာဖြစ်သည်၊

၅၊ သူတို့တစ်တွေဟာ ကျနော်တို့ရဲ့ရန်သူတွေဖြစ်ခဲ့သော်လည်းပဲ သူတို့ဟာအာဏာရှစ်စနစ် ရဲ့သားကောင်တွေအဖြစ်လက်ခံထားပါတယ်၊ ဒါဟာကျနော်တို့ရဲ့အနာဂတ်အကျိုးစီးပွါးနဲ့လူအ ခွင့်အရေးကိုစာနာထောက်ထားလို့ပဲဖြစ်ပါတယ်၊ ပြီးရင်ကျနော်တို့မှသူတို့နဲ့ပတ်သက်တဲ့စပိုင့် မှတ်တန်းအထောက်အထားအသေးစိတ်တွေကိုလူသိရှင်ကြားဖေါ်ပြပေးသွားမှာဖြစ်တယ်။

၆၊ ထို့အတွက်ကြောင့် ကျနော်တို့အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းတွေကို ပန်ကြား လိုသည်မှာ စပိုင်တွေရဲ့ အနာဂတ်အတွက် ကျနော်တို့ကိုနားလည်စွာဖြင့် ပူးပေါင်း ဆောင်ရွက်မှု ပေးသွားကြ ပါရန်မေတ္တာရပ်ခံ အပ်ပါသည်၊

-တည်ကြည်စွာဖြင့် လက်မှတ် မေလ(၃၁)ရက်နေ့၊ ၁၉၉၂ခုနှစ် ဒေါက်တာနိုင်အောင် ဥက္ကဌ ဗဟိုကော်မီတီ ABSDF
-၃.၂.၂၀၁၂

ပေးပို့ သူ-ဌေးဇော်

ဌေးနိုင်ကိုလည်း သေချာတဲ့ အထောက်အထားနဲ့ နိုင်အောင်က သတင်းပေးလို့  မိုးသီးက ဖမ်းခိုင်းတာလဲ ရန်သူက စနစ်တျ ဖြိုခွဲတာလား
ဌေးနိုင်လူတွေအားလုံး နှစ် ၂၀ လောက် နိုင်ငံရေးလောကမှာခေါင်းမထောင်နိုင်အောင် အတင်းတုတ် အပုတ်ချခဲ့တာ ရန်သူ့ ဖက်က စွမ်းရည်မြင့်တာလား ။

Anonymous said...

ကိုနိုင်အောင်ရေ အရူးချီးပန်းစကားတွေကို ဦးတည်ရာမယ့်လျောက်ပြောမနေပါနဲ့တော့။ ၀န်ခံလိုက်တာအကောင်းဆုံးပါပဲ။ ခင်ဗျားတို့သမိုင်းကတော့သွေးစွန်းသွားပြီ။ သမိုင်းကြောင်းမကောင်းတော့ဘူး။

Anonymous said...

စိတ်ပျက်စရာကောင်းတာက အခုလက်ရှိ ABSDF ခေါင်းဆောင်တွေကလည်း ရူးချင်ယောင်ဆောင်နေပါတယ်။ ဒီအတိုင်းသာ ဆက်သွားရင် ABSDF သမိုင်းဘယ်လိုမှမကောင်းနိုင်တော့ပါ။ ပြည်သူလူထုနဲ့လည်းဝေးသွားပါလိမ့်မယ်။

yin 205 said...

Anonymous said...
စိတ်ပျက်စရာကောင်းတာက အခုလက်ရှိ ABSDF ခေါင်းဆောင်တွေကလည်း ရူးချင်ယောင်ဆောင်နေပါတယ်။ ဒီအတိုင်းသာ ဆက်သွားရင် ABSDF သမိုင်းဘယ်လိုမှမကောင်းနိုင်တော့ပါ။ ပြည်သူလူထုနဲ့လည်းဝေးသွားပါလိမ့်မယ်။

hehehehe, still you don't know? really i very very disappointed all fucker leader...! yin 203/ yin 204/ yin 205/ yin 206 ...........
howmany ABSDF members there? this is becouse of goverment spy? NOT fucker leader???? all fucker leader stay with us?no right?all fucker stayed in city.. speak big and work little bit....only want to go third country...refegee... hehehe... so all fucker refegee... all peace mind of there? how is rich man there? what is before your believe political?????

Anonymous said...

I read everyday that ABSDF (N/B) about . Before 20 years ABSDF (N/B) and now ABFDF was very worst. I like honestly and truthful. When I red that cause ,I was very hatred and want to do revenge inferior groups .I will waiting to the finally of justify .I believe same me many peoples were feeling and looking for the law of truth.