Sunday, 12 February 2012

ABSDF တပ်ဖွဲ့ဝင် အချင်းချင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သော အနှစ်(၂၀) ပြည့် ၀မ်းနည်းခြင်း အခမ်းအနား (မန္တလေးမြို့)

"မန္တလေးကို တက်လာတာဟာ ၈၈ မျိုးဆက် ကျောင်းသားများရဲ့
မစ်ရှင်အနေနဲ့ ကျနော် တက်လာတာပါ။ ကျနော်ကိုယ်တိုင်
မြောက်ပိုင်းကို ရောက်ခဲ့ဖူးသူတယောက် အနေနဲ့ ဒီပွဲကို တက်ရောက်
လာတာ ဖြစ်ပါတယ်။ အဲ့တော့ ကိုထွန်းအောင်ကျော်ကို ကျနော့်
အနေနဲ့ ကောင်းကောင်းကြီး သိပါတယ်။ အလားတူပဲ ရန်ကုန်ကနေ
သွားတဲ့ ကိုမောင်မောင်ကြွယ်ကိုလဲ ကောင်းကောင်းကြီး သိပါတယ်။
ကျနော် ရဲရဲတင်းတင်း ပြောရဲပါတယ်။ သူတို့ဟာ ထောက်လှမ်းရေး
တွေ မဟုတ်ပါဘူး၊ ကျောင်းသားတွေပါ။ ကျနော့်အသက်နဲ့ ပုံလောင်းပြီး
တော့ ကျနော် ဒီကနေ့ ပြောရဲပါတယ်"
(ကိုမြအေး- ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့)



ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့
မြ၀တီမင်းကြီးကျောင်းတိုက်မှာ ကျင်းပတဲ့ မြောက်ပိုင်းတွင် ကြွေလွင့်
သွားသော ကျောင်းသားများ အမှတ်တရနေ့မှာ ပန်းချီဆရာ ဆူးမြင့်သိန်း
က Tomorrow Performance အမည်နဲ့ မြောက်ပိုင်း ABSDF
ကျောင်းသားတပ်မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေဖြစ်စဉ် စိတ်ခံစားမှုတွေကို
ဖော်ကျူးပြသတဲ့ သရုပ်ဖော်ပြကွက်ကို ခင်းကျင်းပြသခဲ့ပါတယ်။
ဒီ သရုပ်ဖော် အခမ်းအနားကို မြောက်ပိုင်းဒေသမှာ ပါဝင် ပတ်သတ်ခဲ့တဲ့
ကျောင်းသားတွေ၊ စိတ်ပါဝင်စားသူတွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း
တွေ တက်ရောက်ခဲ့ပါတယ်။ သရုပ်ဖော် ပြကွက်ကိုတော့ မနက် ၉း၃၀
ကနေ စတင်ခဲ့တာဖြစ်ပြီး မနက် (၁၀း၁၀) မိနစ်ခန့်မှာ ပြီးဆုံးခဲ့ပါတယ်။



အဖြစ်အပျက်များအတွင်း ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရသူ
ကိုရဲလင်း၏ ပြောကြားချက်

2 comments:

SHWE ZIN U said...

ကျနော် ဒီနေ့ အဲဒီနားရောက်တယ် မသိလို့ မဝင်လိုက်ရဘူး ကိုအောင်

Anonymous said...

ကဲ...
ABSDF က အရှက်မရှိတဲ့ လူသတ်ကောင်တွေနဲ့ အဲဒီလူတွေကို ကာကွယ်နေသူများ ဘာပြောချင်သေးလဲ။
အဲဒီ ABSDF က အခုထိ သူတို့လုပ်တာပဲ မှန်သလိုလို၊ ကိုထွန်းအောင်ကျော်တို့ က တစ်ကယ်ပဲသူလျို လိုလိုလုပ်နေသေးတယ်