ရေးသူ- (ကို)အောင်မိုးဝင်း
ယခင်အပိုင်း(၅)မှ အဆက် ….
မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ကို တင်ပြခဲ့တာ အပိုင်း (၆)
ကိုရောက်ရိှလာခဲ့တယ်။ ဒုတိယအဆင့် ကို ရောက်လာပြီ လို့ ဆိုရ
ပါလိမ့်မယ်။ ဒီအဆင့်မှာ ကျူးလွန်ခဲ့သူတွေ နဲ့ ကိုယ်တိုင်ခံစားခဲ့ရ
သူတွေကို လေးလေးနက်နက် တိုက်တွန်း ချင်တာလေး တစ်ခုရှိပါ
တယ်။ ကျဆုံးသွားခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော်၊ သူငယ်ချင်း
တွေရဲ့ လိပ်ပြာဝိညာဉ်တွေ၊ ကိုယ့်ရဲ့ ဒဏ်ရာတွေကို သိက္ခာရှိရှိ
ကာကွယ်ခုခံသောအားဖြင့်၊ ကာယကံရှင်တွေဟာ သတ္တိရှိရှိ၊ ဗြောင်ထွက်
ဆွေးနွေးကြပါ။ တယောက်ချင်းစီ ဖြစ်ဖြစ်၊ အုပ်စုလိုက်ဖြစ်ဖြစ်၊ လိုအပ်
မယ်ထင်တဲ့ စာတမ်းတွေကို တင်ကြဖို့ အချိန်ရောက်ပြီလို့ ယူဆပါ
တယ်။ သူများရေးတဲ့ဆောင်းပါးတွေမှာ မှတ်ချက်ဝင်ပေးတာမျိုးတွေ၊
ပဟေဋိ ပုစ္ဆာတစ်ပုဒ် တွက်သလိုမျိုး မေးခွန်းထုတ်နေတဲ့လုပ်ရပ်
တွေ၊ ပြဇာတ်ထဲက ဒဏ်ရာအနာတရမင်းသားတယောက် ကိုယ့်ရဲ့
ကြေကွဲမှုကို အယားဖြေ တယောထိုး ငိုကြွေးနေတာမျိုးတွေကို ရပ်သင့်
ပါပြီ။ ကိုယ့်နှလုံးသားကို ကိုယ့်ဘာသာ သစ္စာရှိဖို့လိုပါတယ်။
ကျနော်ကတော့ ကျနော်တို့ရဲ့ လုပ်ဖေါ်ကိုင်ဘက်၊ ဗကသ ကျောင်းသား
ခေါင်းဆောင်တွေဖြစ်တဲ့ ကိုထွန်းအောင်ကျော်၊ ကျောင်းသားတပ်မတော်
(မြောက်ပိုင်း ဥက္ကဋ္ဌ)၊ ရဲဘော်စိုးဝင်းသန်းနဲ့ ကျဆုံးခဲ့သော အပြစ်မဲ့
ကျောင်းသားများ၊ ကိုယ့်ရဲ့ယုံကြည်မှုကို ရိုးသားသန့်စင်စွာ သတ္တိရှိရှိ
ရပ်တည်ခဲ့တဲ့ နန်းအောင်ထွေးကြည်နဲ့ တခြားရဲဘော်တွေအတွက်
ဆက်လက်ရပ်တည်တိုက်ပွဲဝင်သွားပါမယ်။ မရှင်းမလင်းလုပ်နေတဲ့
သူတွေအတွက် ကျနော်တို့ရဲ့အသံတွေ တစုံတရာမှ ရှိမှာမဟုတ်ဘူး
ဆိုတာကိုတော့ တိတိကျကျပြောချင်ပါတယ်။ ကာယကံရှင်တွေက
သူရဲဘော ကြောင်စွာ ဆက်လက် ငြိမ်သက်နေမယ် ဆိုရင်တော့ ကြိုတင်
သတိပေးလိုက်ပါရစေ။ တတိယအဆင့်မှာ မုန်တိုင်း ကို ပို ဖြတ်ကြရပါ
လိမ့်မယ်။ ပိုပြီးအရှက်တကွဲအကျိုးနဲမဲ့ဖြစ်ရပ်တွေကို ကြုံတွေ့ကြရပါ
လိမ့်မယ်။
မကောင်းဆိုးဝါးတကောင်ရဲ့ အသံ
“ရော်နယ်အောင်နိုင် ရဲ့ အသံကို ကြားရတိုင်း ပါဂျောင်စခန်းမှာ ညှင်းဆဲ
နှိပ်စက်ခံရတဲ့ အသံတွေကို ကြားနေရတယ်၊ သူ့အသံမှာ မကောင်းဆိုးဝါး
တစ်ကောင်ရဲ့ အခိုးအငွေ့တွေ ရိုက်ခပ်နေတယ်” လို့ အသက်မသေပဲ
ပြည်တွင်းကို ပြန်ရောက်သွားတဲ့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်း
တွေက ရင်ဖွင့်ပြလေ့ရှိကြတယ်။ တကယ်တော့ ရော်နယ်အောင်နိုင်
ဆိုတဲ့သူဟာ လွန်ခဲ့တဲ့အနှစ် (၂၀) လောက်က မြောက်ပိုင်းဒေသမှာ
မတရားသဖြင့် စွပ်စွဲ သတ်ဖြတ် ခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်မှု
တွေကို လူတွေမေ့ပျောက်လောက်ပြီ လို့ ထင်နေသလားမသိပါဘူး။
အသံလွှင့်ဋ္ဌာနတွေနဲ့ အင်တာဗျူးတဲ့အခါတိုင်း လူတတ်ကြီးလုပ်ပြီး
သတိလက်လွတ် ပြောဆိုလေ့ရှိတယ်။ သူ့ရဲ့ အင်တာဗျုး တစ်ခုကတော့
မြောက်ပိုင်းဒေသမှာ ဒဏ်ရာအနာတရဖြစ်ခဲ့တဲ့ သူတွေအားလုံးကို
မီးတောက်လောင်၊ ဒေါသထွက်စေခဲ့တယ်။ မှတ်မှတ်ရရ၊ ၂၀၀၆ ခုနှစ်မှာ
လူသတ်သမား သံချောင်းတယောက် စစ်အစိုးရဆီကို လက်နက်ချပြီး
ဝင်သွားတဲ့အခါ စစ်အစိုးရက သံချောင်းရဲ့ လူသတ်မှု၊ ရာဇဝတ်မှုတွေ
အတွက် သေဒဏ် (၅) ခါ ချမှတ်ခဲ့တယ်။ ရော်နယ်အောင်နိုင်ကို ABSDF
(မြောက်ပိုင်း)နဲ့ ပတ်သက်ပြီး၊ အင်တာဗျုးလုပ်သူက မေးခွန်းတစ်ခု
မေးတဲ့အခါ၊ သူက လူတတ်လုပ်ပြီး၊ “ ABSDF မှာ ရန်သူ့သူလျှိုလို့
ယူဆသူအားလုံးကို သတ်ပစ်ရမယ်ဆိုတဲ့ မူ ရှိတယ်” လို့ ဖြေကြားခဲ့တယ်။
အထဲမှာ နားထောင်လိုက်ရတဲ့ ကျောင်းသားတပ်မတော် ရဲဘော်ဟောင်း
တွေက သူ့ရဲ့အမေးအဖြေကို နားထောင်ပြီး ပါဂျောင်ဒေသဆီက
မချမဆန့်အန်ထွက်လာတဲ့ ရဲဘော်သူငယ်ချင်းတွေရဲ့ အော်သံတွေကို
နာနာကျင်ကျင် ခံစားလိုက်ကြတယ်။ ရော်နယ်အောင်နိုင် ဆိုတဲ့သူက
လူသတ်မှုကို မိန်ရည်ရှက်ရည်ထောက်ခံ ပြောဆိုနေတုံးပါလား ဆိုတာ
နားလည်သဘောပေါက်လိုက်ကြတယ်။ ရော်နယ်အောင်နိုင်က ဘာလို့
ထင်ယောင်ထင်မှား ကမ္ဘာမှာ ကိုယ့်ဘာသာလိမ်ချင်နေရတာလဲ။
တကယ်ဆို ထွန်းအောင်ကျော် ဆိုတဲ့ပုဂ္ဂိုလ်ဟာ မန္တလေးကတည်းက
ရင်းနှီးကျွမ်းဝင် ခဲ့တဲ့သူဖြစ်သလို၊ ထောက်လှမ်းရေးမဟုတ်ကြောင်း
သက်သေပြခဲ့တဲ့ဖြစ်ရပ်တွေကိုလည်း ကြုံတွေ့ခဲ့ရဘူးတယ်မို့လား။
ရန်သူ့သူလျှိုတွေဟာ ကျောင်းသားတပ်မတော်ကို ဖြိုခွဲဖို့အတွက်
အဆိပ်တွေ ခိုးယူလာခဲ့ပါတယ် လို့ စွပ်စွဲခဲ့တယ်။ ကျောင်းသားတွေကို
ဖမ်းဆီးနှိပ်စက်တယ်။ အဆိပ်ရှာမတွေ့တော့ လက်ဖြတ်တယ်။
ခန္ဓာကိုယ်ကို မီးရှို့တယ်။ ရက်စက်မှုပေါင်းစုံကျူးလွန်ခဲ့ပြီး ခေါင်းဖြတ်
သတ်ခဲ့ကြတယ်။ ABSDF(NB) စစ်ကြောရေးခေါင်းဆောင်တွေ
ကျောင်းသားတွေထံမှာ ရှာမတွေ့ခဲ့တဲ့ အဆိပ်တွေက သတင်းထောက်
တွေရှေ့မှာလည်း ရောက်ရော ဘာကြောင့် အရံသင့်ထုတ်ပြထားတဲ့
သက်သေခံ ပစ္စည်းတွေဖြစ်နေရတာလဲ။ တတ်လည်းတတ်နိုင်ကြလေရဲ့။
ဒါပေမဲ့ ဒါတွေဟာ ကိုယ့်ရှူးကိုယ်ပတ်မဲ့ ထောက်ကွက်တွေဖြစ်လာခဲ့ပြန်တယ်။
သက်သေပြချက်တွေ ရှိခဲ့ပေမဲ့
တကယ်တော့ ထောက်လှမ်းရေးလို့ စွပ်စွဲခံရတဲ့ကျောင်းသားတွေဟာ
ထောက်လှမ်းရေးမဟုတ်ကြောင်း သက်သေပြခဲ့ ကြတဲ့ ရဲမေ၊ ရဲဘော်
တွေရှိကြပါတယ်။ ဒီအထဲက အထင်ရှားဆုံး သက်သေပြပါဆိုရင်
ရဲမေ “သင်းသင်းညီ” ပဲ ဖြစ်ပါတယ်။ ABSDF (မြောက်ပိုင်း)ရဲ့
ခေါင်းဆောင်တယောက်ဖြစ်တဲ့ မျိုးဝင်းက သူတို့ဖမ်းထားတဲ့ ရဲမေတွေ
ကို ထောက်လှမ်းရေးဟုတ်ဟုတ် သေသေချာချာ စစ်မေးနိုင်ဖို့အတွက်၊
“သင်းသင်းညီ” ဆိုတဲ့ ရဲမေလေး ကိုလည်း ဖမ်းဆီးချင်ယောင်ဆောင်ပြီး၊
သူတို့ဖမ်းထားတဲ့ “ ရန်သူ့ထောက်လှမ်းရေး” လို့ စွပ်စွဲခံရသူတွေအထဲကို
ထည့်ထားပေးလိုက်တယ်။ “သင်းသင်း”လည်း အဖမ်းခံရတဲ့သူတွေနဲ့
ရက်အတော်ကြာ၊ အတူသွားနေလိုက်ပြီးတဲ့နောက် သဘောပေါက်သွား
တယ်။ “သူတို့ဟာ ထောက်လှမ်းရေးတွေ မဟုတ်ဘူး။ စစ်အစိုးရကို တကယ်
ဆန့်ကျင်ဖို့ လက်နက်ကိုင်နယ်မြေထဲကို ထွက်လာတဲ့ ကျောင်းသား၊
ကျောင်းသူ အစစ်အမှန်တွေဖြစ်တယ်”လို့ ABSDF ခေါင်းဆောင် မျိုးဝင်း
ဆီကို ရှင်းပြခဲ့တယ်။ မျိုးဝင်း ဆိုတဲ့ကောင်က “ မဟုတ်ဘူး” ဆိုတဲ့ အဖြေကို
မလိုချင်ဘူး။ “သူတို့ဟာ ထောက်လှမ်းရေးတွေဖြစ်တယ်” ဆိုတဲ့ အဖြေကိုသာ
လိုချင်သူဖြစ်တော့၊ “သင်းသင်းညီ”ရဲ့ စကားကို လက်မခံဘူး။ “သင်းသင်း”
လည်း ထောက်လှမ်းရေးလို့ စွပ်စွဲခံရတဲ့ ကျောင်းသူတွေနဲ့အတူရောပြီး
နှိပ်စက် ညှင်းပမ်းခံခဲ့ရတယ်။
အရိပ်တွေလိုက်လာပြီ ….
ရော်နယ်အောင်နိုင်က ၂၀၀၈ မတိုင်ခင်မှာ လန်ဒန်မြို့က ဘီဘီစီမြန်မာပိုင်း
ဆီကို အမြဲတမ်းဝန်ထမ်းအဖြစ် လုပ်ကိုင်ဖို့ ရောက်လာခဲ့တယ်။ သူရဲ့ အသံ
ကို ကြားတိုင်း ငရဲကျနေသလို ခံစားနေရတဲ့ ကျောင်းသားတပ်မတော်
ရဲဘော်ဟောင်းတွေကလည်း ရော်နယ်အောင်နိုင် ကို တစ်ခုခု ပြန် တုန့်ပြန်
ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အော်စတြေရီးယားမှာ အခြေချနေတဲ့
“နန်းအောင်ထွေးကြည်” က ဘီဘီစီ မြန်မာပိုင်းဋ္ဌာနမှူး၊ ဒေါ်တင်ထားဆွေ
ကို ဖုံးဆက်ပြီးပြောတယ်။ “အန်တီ တို့ ဘီဘီစီ ဋ္ဌာန က သတင်းထောက်တွေ
အနေနဲ့ ကျောင်းသားတပ်မတော်မြောက်ပိုင်း မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်း
အရာတွေကို မကြားမိဘူးလား။ ကိုအောင်နိုင်နဲ့ ပတ်သက်တဲ့ အကြောင်း
အရာတွေ ပြန်စုံစမ်းသင့်တယ်။ သတင်းထောက်ဆိုတာ ဘက်မလိုက်ဘူး
လို့ သေချာရင် ဒီကိစ္စကို အလေးအနက်ထားသင့်တယ်- ဘာညာ ဆိုတာ
တွေကို ကောင်းကောင်းမွန်မွန် ဆွေးနွေးတယ်။ ဒေါ်တင်ထားဆွေက
“ကိုအောင်နိုင်နဲ့ ပတ်သက်လို့ ဘယ်သူမှ စောတက မတက်ပါဘူး။ မငယ်
တယောက်တည်း တက်လို့လည်း သူ့ကို ရာထူးခန့်ထားရာကနေ ဖယ်ပစ်
ဖို့ မဖြစ်နိုင်ဘူး” ဆိုတဲ့ သဘောမျိုး တုန့်ပြန်တယ်။ နန်းအောင်ထွေးကြည်
ကလည်း “ဒါဆိုလည်း ရပါတယ် အန်တီ” ဆိုပြီး နောက်ထပ်တဆင့်
တက်လိုက် တယ်။ ပြည်တွင်းက ကျောင်းသားတပ်မတော်ရဲဘော်တွေရဲ့
တိုင်စာတွေ ဘီဘီစီ မြန်မာပိုင်းဋ္ဌာဆီကို ရောက်လာတယ်။ ဒါပေမဲ့ မြန်မာပိုင်း
ဋ္ဌာနမှူး ဒေါ်တင်ထားဆွေက ရော်နယ်အောင်နိုင် အပေါ် အရေးယူမှုလုပ်ဖို့
မစတင်သေးပဲ “ဘယ်လိုလုပ်လိုက်တာလဲ” ဆိုတဲ့ စိတ်အနှောက်အရှက်
ဖြစ်တဲ့လေသံနဲ့ မေးခွန်းထုတ်လာတယ်။ ဘီဘီစီ မြန်မာပိုင်း ဋ္ဌာနဆီမှာ
ပို့ထားတဲ့ တိုင်စာတွေအားလုံးကို နောက်ထပ် ပုဂ္ဂိုလ်တယောက်ဆီ
ထပ်ပို့လိုက်တယ်။ ဘီဘီစီဋ္ဌာနရဲ့ ဒါရိုက်တာဆီကို ဖြစ်တယ်။ ဘီဘီစီ
သတင်းဋ္ဌာနရဲ့ ဒါရိုက်တာက၊ မြန်မာပိုင်းဋ္ဌာနမှူး ဒေါ်တင်ထားဆွေကို
ခေါ်ပြီး မေးမြန်းခံရတော့မှ၊ ရော်နယ်အောင်နိုင် တယောက်လည်း
ဘီဘီစီ ဋ္ဌာန ကို စွန့်ခွာလိုက်ရတော့တယ်။ အံ့သြဖို့ကောင်းတာက
ကာယကံရှင်တွေရဲ့ထွက်ချက်တွေ၊ မြောက်ပိုင်းဒေသရဲ့ သတ်ဖြတ်မှုတွေ
အကြောင်းတွေကို စာတမ်းတွေရေးသားပေးပို့ခဲ့ပေမဲ့၊ ၂၀၈ နောက်ပိုင်းမှာထိ၊
ဘီဘီစီက ဦးမောင်မောင်သန်းလို ပုဂ္ဂိုလ်တွေဟာ ရော်နယ်အောင်နိုင်ကို
အင်တာဗျုးလုပ်နေဆဲပဲဖြစ်တယ်။ စာတမ်းတွေကို သေသေချာချာ
မဖတ်တာလား။ ဋ္ဌာနမှူးဆီက မဖတ်ရတာလား။ ဒါမှမဟုတ် မတရားသဖြင့်
သတ်ဖြတ်ခံရတဲ့ ကျောင်းသားတွေဘက်က သားသမီးချင်း ကိုယ်ချင်းစာနာ
စိတ်မရှိတာလား ဆိုတဲ့အချက်ကိုတော့ ကာယကံရှင်တွေမှ သိလိမ့်မယ်။
သတင်းသမားတွေရဲ့ ရပ်တည်ချက်အတွက် စိတ်မကောင်းစရာပဲလို့
ပြောယုံမှတပါး ဘာမှ မရှိပါ။
ဘီဘီစီ- မြန်မာပိုင်း ဆီကို စာပို့ခဲ့တဲ့ သင်းသင်းညီ ရဲ့ လက်ရေးမူ ကို ပူးတွဲ
တင်ပြပေးလိုက်ပါတယ်။
သူမ ရေးခဲ့တဲ့ အချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
စက်တင်ဘာ၊ ၂၀၀၈

သို့
ကျမနာမည် သင်းသင်းပါ။ လွန်ခဲ့သော (၁၀) နှစ်ကျော် ကာလက ABSDF
(NB)ရဲ့ အဖွဲ့ဝင်တဦးပါ။ BBC မြန်မာပိုင်း အစီအစဉ် ဋ္ဌာနမှ ကိုအောင်နိုင်
အား အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းကို ပြန်လည် စဉ်းစားစေလိုပါသည်။
ကိုအောင်နိုင်သည် ABSDF (NB) တွင် အထွေထွေ အတွင်းရေးမှူး အနေဖြင့်
တာဝန်ယူစဉ်ကာလတွင်၊ ဖြစ်ပွားခဲ့သော ပြဿနာများကို ပြန်လည်ပြီး
သုံးသပ်စေချင်ပါသည်။ ထိုစဉ်က ABSDF (NB) မှ ရဲဘော်ရဲမေများကို
ထောက်လှမ်းရေးဟု စွပ်စွဲပြီး၊ ဖမ်းဆီးသော အကွဲအပြဲ ပြဿနာများတွင်
ကျမကို ABSDF (NB) မှ တွဲဘက် အထွေထွေ အတွင်းအရေးမှူး မျိုးဝင်းမှ
ဖမ်းဆီးခြင်း ဟန်ဆောင်ပြီး အကျဉ်းသားများကြားတွင် စုံစမ်းစေခဲ့ပါသည်။
ကျမက “အားလုံးထောက်လှမ်းရေးမဟုတ်” ဟု ဆိုသောအခါ၊ တွဲဘက်
အထွေထွေ အတွင်းရေးမှူး မျိုးဝင်းမှ ၊ ကျမကို “သေချာရှာပါ ရှိကိုရှိတယ်”
ဆိုပြီး ဆက်လက် ခိုင်းစေခဲ့ပါသည်။ ကျမကိုလည်း မျိုးဝင်းတို့ ခိုင်းထား
သော လူမှန်းမသိ သောကြောင့်၊ စစ်ကြောရေးမှာ၊ ကျမကိုယ်တိုင် ရင်ဘတ်
ထဲတွင် ကျင်စက်နှင့် တို့ကာ အနှိပ်စက် ခံခဲ့ရပါတယ်။ ထို့နောက် ကျမက
“ဒီလိုမျိုး မနေနိုင်ဘူး သတ်ရင်လည်း သတ်” လို့ ပြောသောအခါမှ ပြန်လွှတ်
ပေးခဲ့ပါတယ်။
ဒါပေမဲ့ အားလုံးထောက်လှမ်းရေးမဟုတ် ဟူသော ကျမ၏ ပြောဆိုချက်
ကို လုံးဝလက်မခံပဲ၊ ညှင်းဆဲ သတ်ဖြတ်မှုများကို တရားမဲ့စွာ ဆက်လက်
လုပ်ဆောင်ခဲ့ပါတယ်။ အကျဉ်းထောင်ထဲတွင် ကျမကိုယ်တိုင်လည်း
ညှင်းဆဲမှုများကို မတရားသဖြင့်ခံခဲ့ရပါသည်။ ထောက်လှမ်းရေးမဟုတ်ပဲ
သတ်ဖြတ်ခြင်းခံခဲ့ရသူများမှာ၊ သမိုင်းကြောင်းအမှန်ကို ပြန်ပြောရန်
မတတ်နိုင်တော့ပါဘူး။ ကံကောင်းထောက်မစွာ ကျန်ခဲ့တဲ့ ကျမက
သေဆုံးသွားတဲ့ အကိုကြီး ကိုထွန်းအောင်ကျော် (ဥက္ကဋ္ဌ) ABSDF (NB)
နှင့် သူငယ်ချင်းရဲဘော်ရဲဘက်များကိုယ်စား ပြောရခြင်း ဖြစ်ပါသည်။
အသက်ရှင်ကျန်ပြီး ပြည်တွင်းပြန်ရောက်လာတဲ့ စွပ်စွဲခံရသူများထဲတွင်
နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင် နေသည့်အတွက်၊
ထောင်ကျ နေသူများ၊ ထွက်ပြေးတိမ်းရှောင်နေသူများ၊ အများအပြားပင်
ရှိနေသည့်အတွက်၊ ယ္ခုတဖန် ကိုအောင်နိုင်၏ အင်တာဗျူးများကို သိရှိ
ရသည့်အခါ၊ ထိုသူများအစား ကျမရင်နာမိပါသည်။ ထိုကဲ့သို့ နောက်ခံ
သမိုင်းကြောင်း ကောင်းစွာရှင်းလင်းခြင်းမရှိသူအား၊ BBC မှ ဝန်ထမ်းခံရန်
သင့်မသင့်ကို ပြန်လည်ပြီး စဉ်းစားစေချင်ပါသည်။
သင်းသင်း
ABSDF (NB) ရဲမေဟောင်း
မှတ်ချက်- ABSDF (NB) ဆိုတာ ကျောင်းသားတပ်မတော် (မြောက်ပိုင်း)
ကိုအတိုကောက် ရေးထားခြင်းဖြစ်ပါတယ်။
ခုတော့ ရဲမေ “သင်းသင်းညီ” က ဗမာပြည်ထဲမှာ ပြန်ရောက်နေပါတယ်။
ကျောင်းသားတပ်မတော်မြောက်ပိုင်းမှာ မတရားသဖြင့်စွပ်စွဲ သတ်ဖြတ်ခံရတဲ့
ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး တေးသီချင်းတွေ သီဆိုထုတ်လုပ်ဖို့
အတွက် လုပ်ဖေါ်ကိုင်ဘက်တွေနဲ့အတူ ပြင်ဆင်နေပါတယ်။ ထွက်လာရင်
လည်း အားပေးလိုက်ကြပါအုံး လို့ နိုးဆော်လိုက်ပါရစေ။
မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ -အပိုင်း (၇) - မှာ နောက်ထပ် ကျောင်းသား
တပ်မတော်ရဲဘော်၊ သက်သေ တစ်ယာက်ရဲ့ စာ ကိုတင်ပြပေးပါမယ်။
ခင်မင်လေးစားလျှက်
-အောင်မိုးဝင်း
Blog RSS Feed
Via E-mail
Twitter
Facebook
10 comments:
အင်းးး ယုတ်မာတယ်လို့ပြောရမှာထက်
ယောက်ျားမဆန်တဲ့သူလို့ပြောရမှာာ
မောင်ဘကြိုင်
အမှန်တရားဆိုတာ ဘယ်လောက်ပဲ ဖုံးကွယ် တနေ့ တော့ ပေါ်လာမှာပဲ..ရိုင်းစိုင်းယုတ်မာမှုတွေက အော့နှလုံးနာစေတယ်..
ကိုယ့်ကျောင်းသား အချင်းချင်းအပေါ်မှာ ဖက်ဆစ်ဂျပန်ကတောင် အရှုံးပေးရလောက်အောင် ဒီလိုရက်စက်ယုတ်မာမှုတွေ လုပ်ခဲ့တာသိရတော့ ၀မ်းနည်းမိသလို၊ ABSDF ကိုလည်း စိတ်ကုန်မိတယ်။ ဘယ်လိုဖြစ်ဖြစ် ဒီကိစ္စတွေကို အဲဒီအချိန် အေဘီဗဟိုက မသိဘူးဆိုတာ လုံးဝမယုံနိုင်ပါ။ အနဲဆုံးတော့ မျက်စိမှိတ်နေတာဖြစ်ပါလိမ့်မယ်..။
အင်း..
ကျွန်တော်လည်း သစ်ထူးလွင်လင့် မှာ
ဖတ်ပြီးကတဲက“ နင် ” နေတာလေ၊
စားလို့ တောင်မရဘူးဗျာ၊ ဒီကောင်တွေ
န.ဝ.တ ထက်တောင်မိုက်ရိုင်းနေသလိုပါပဲ.
ဆက်လက်ဖေါ်ထုတ်ပေးပါ။
အောင်နိုင်ဆိုတဲ့ အကောင် BBC မှာတောင်
အချိန်ပြည့်  ဝင်ဖို့  ဂွင်ရိုက်နေတယ်ဆိုပဲ..။
ဖတ်ရတာစိတ်မချမ်းသာလိုက်တာ ကိုအောင်ရေ။
ကြမ္မာရဟပ်တစ်ပတ်လည်မှာမကြောက်ကြပဲကိုး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Dear Thin Thin!
You are so brave. Good luck and go ahead.
kophohtaung
Dear Thin Thin
I salute you. You are so brave. Goodluck
အောက်ကလင့်ခ်မှာ ရေးထားတဲ့ RCSS/SSA တပ်မဟာ ၂၄၁ တပ်မှုး ဒုဗိုလ်မှုးကြီးခွန်ကျော် ဆိုတာ ABSDF မြောက်ပိုင်းလူသတ်မှုတွေမှာ အဓိကပါဝင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်တဲ့ သံချောင်းဆိုတာ ဟုတ်ပါသလား?
သိတဲ့သူများ ဖြေပေးကြပါဦး။
အဲဒီမှာ ခွန်ကျော်ကို ဒေသခံလူထုကချစ်ခင်တဲ့သူ၊
"ကျနော်ဟာ အပြစ်မရှိတဲ့သူတွေကို တခါမှမသတ်ခဲ့ဖူးဘူး"၊
သူလွတ်မလာသေးဘူး ဆိုတာတွေ
ရေးထားလို့ပါ တကယ်လို့သူဟာ သံချောင်းပါဆိုရင်တော့
သူ့နောက်ကြောင်းကို တကယ်ပဲမသိလို့ အခုလို ရေးထားတာလားဆိုတာ စဉ်းစားစရာပါ ဖတ်ကြည့်ကြပါဦး။
http://www.mongloi.org/burmese/news/86-2008-08-01-03-20-45/2877-2012-01-23-10-35-21.html
မိုးသီးဇွန် က ဒီကိတ်စ သူ မသိဘူး သူနဲ့မ ဆိုင်ဘူးပြောတယ် ။ အဲဒီအက်ချိန် ကသူက ဥက္ကဌ ပဲလေ အခု လိုပြော တာ တာဝန်မဲ့
တာပဲ။ ခေါင်းဆောင် မပီသတာပဲ။
သူလဲ လူ စိတ်ဓတ် ယုတ်ညံ့ တာပဲ
http://www.scribd.com/doc/79645480/ABSDF-MTZ-Statement-on-Northen-Alledged-Spies-Case
Post a Comment