(မှတ်ချက်။ ။ဘောလုံးပွဲ လောင်းကစား
ပြုလုပ်ခြင်းသည်
အကျင့်စာရိတ္တကို
ပျက်စီးစေပါသည်။)
၂၀၁၀
ကမ္ဘာ့ဖလား ဘောလုံးပွဲ ရာသီတွင်
ဂျာမန်ဘောလုံး
အသင်းကို
ကြိုက်နှစ်သက်သော ကျနော်သည်
ကမ္ဘာ့ဖလား
ဆီမီးဖိုင်နယ်(အကြိုဗိုလ်လုပွဲ)
ရောက်
အသင်းလေးသင်း အား
ကြိုတင်ခန့်မှန်း၍
BBC
မြန်မာပိုင်း
အစီအစဉ်၏ သောတရှင်အဆင့်
ဆွေးနွေးခန်းတွင်
အလှည့်ကျ စကားပြောရန်
စောင့်ခဲ့ဖူးသည်၊
အင်္ဂလန်အသင်းအား
ကြိုက်နှစ်သက်သော စကားပြောချင်သူများ
များနေသောကြောင့်
ဂျာမန်အသင်းကို ကြိုက်နှစ်သက်သော
ကျနော့်
အား
အလှည့် မပေးခဲ့ပါ ….၊
ရပါတယ်ဗျာ ဖြစ်တတ်ပါတယ် …
:)
နိုင်ငံရေး
… စစ်ရေး … စီးပွားရေး … အနုပညာ
… နည်းပညာ အစရှိသော
ကျွမ်းကျင်သူများ
မှိုလိုပေါနေသော ဤကမ္ဘာမြေ၀ယ်
ဖျာ တစ်နေရာစာ
ရဖို့အရေး
ကျွမ်းကျင်မှု တစ်ခုခု ပြမှ
ဖြစ်တော့မည့်ဟု ယုံကြည်သောကြောင့်
လွန်ခဲ့သော
သောကြာနေ့ (၆.၁.၂၀၁၂)နေ့တွင်
ဘောလုံးပွဲ (၆)ပွဲခန့်
ကို
မှန်းဆခဲ့ပါသည်၊ တစ်ပွဲပွဲ
လွှဲချောသွားပါက ကျွမ်းကျင်မှု
လက်မှတ်
အဆ
(၁၃၀)
ရမည်
မဟုတ် … :P
လေဗာပူး
(Liverpool)
နှင့်
အိုဟမ်း (Oldham)
…
လေဗာပူးဖက်မှ
(၃)
ဂိုး
တိတိ အကျောပေးလိုက်သည်၊ (၄)
ဂိုး
အသာ
ဖြစ်မှ
မှန်းဆချက် မှန်မည် …
တော်ပါသေးသည်၊ လေဗာပူးက (၅)
ဂိုး
(၁)
ဂိုးဖြင့်
နိုင်သွားသည် ….
:D
စနေနေ့
က တော့တမ်ဟမ် (Tottemham)
နှင့်
ချဲတမ်ဟမ် (Cheltenham)
….
တော့တမ်ဟမ်ဖက်မှ
(၂)
ဂိုး
တိတိ အကျောပေးလိုက်သည်၊ (၃)
ဂိုး
အသာ
ဖြစ်မှ
မှန်းဆချက် မှန်မည် …
တော်ပါသေးသည်၊ တော့တမ်ဟမ်းက
(၃)
ဂိုး
အသာဖြင့်
နိုင်သွားသည် ….
:D
ရီရဲလ်မက်ဒရစ်
(Real
Madrid) နှင့်
ဂရာနာဒါ (Granada)
…
ရီရဲလ်မက်ဒရစ်ဖက်မှ
(၃)ဂိုး
တိတိ အကျောပေးလိုက်သည်၊ (၄)
ဂိုး
အသာ
ဖြစ်မှ
မှန်းဆချက် မှန်မည် …
တော်ပါသေးသည်၊ ရီရဲယ်မက်ဒရစ်က
(၅)
ဂိုး
(၁)ဂိုးဖြင့်
နိုင်သွားသည် ….
:D
ဒီနေ့
တနင်္ဂနွေနေ့ …
မန်ချက်စတာ
ယူနိုက်တက်နှင့် မန်စီးတီ
…
အဝေးကွင်း
သွားကန်ရသော မန်ချက်စတာ
ယူနိုက်တက်ဖက်မှ
နေလိုက်သည့်၊
သရေ ဖြစ်လို့ မရပါ … တော်ပါသေးသည်
(၃)
ဂိုး
(၂)ဂိုးဖြင့်
မန်ချက်စတာ ယူနိုက်တက်
နိုင်သွားသည် …
(၁၁)ယောက်
(၁၀)ယောက်တောင်
အသဲအသန်း ကစား
နေရသော
မန်ချက်စတာယူနိုက်တက် … :)
ချဲလ်ဆီးနှင့်
ပို့စ်မောက် ….
ချဲလ်ဆီးဖက်က
(၁)
ဂိုး
အကျောပေးလိုက်သည်၊ (၂)အသာ
ဖြစ်မှ
နိုင်မည် … ဒုတိယ ဂိုးကို
ပွဲပြီးကာနီး (၈၅)
မိနစ်မှ
သွင်း
သည့်
ချဲလ်ဆီး … :)
အက်စ်ပန်ညိုနှင့်
ဘာစီလိုနာ …
ပွဲစဉ်တစ်ခုလုံး
မ မှန်းဆပါ ….
ပထမပိုင်း
တစ်ခုတည်းသာ
မှန်းဆခဲ့ပါသည်
… ဘောလုံးက ဘာစီလိုနာ ဂိုး
ဧရိယာထဲတွင်
ပလူပျံနေသည်
… သို့သော် … တစ်လုံးတည်းသော
ဂိုးကို
ပထမပိုင်း
(၁၆)
မိနစ်တွင်
`ဖီဘာဂက်စ်´
က
သွင်းပေးထားသည်
… မောင်းမင်းကြီးသား
ကျန်းမာပါစေ … :)
(ဒုတိယပိုင်း
ဆက်ကြည့်ဖို့ မလို၊ နိုင်ချင်တဲ့သူ
နိုင်ပါစေ ….
:) ...)
ဒိန်းမတ်ငွေ
(၁၀)
ခရိုနာ
(ဒေါ်လာနဲ့ဆိုရင်
1.7
ဒေါ်လာ)
ဖြင့်
မှန်းဆလိုက်သည်
အဆ (130)
ရပါသည်
… :D
ဒီပို့စ်
ရေးနေစဉ် နောက်ဆုံး ဘောလုံးပွဲ
မပြီးသေးပါ … သို့သော်
ကျနော်
မှန်းဆချက် မှန်သွားပါပြီ
… :)
ပြည်တော်ပြန်နိုင်သော
တစ်နေ့တွင် အားကစား ဂျာနယ်တစ်ခု၌
ဘောလုံးပွဲ
ကျွမ်းကျင်သူ ရာထူးဖြင့်
အလုပ် လိုက်လျှောက်အုံးမည်
…
-စစ်ငြိမ်းဒီရေ
9 comments:
Ko Aung can u tell for me 4 digit no? I want to buy Singapore 4D.
Ko Aung can u tell for me 4digit no? I want to buy Singapore 4D.
ကိုအောင်၊ အရေးပေါ်ဆက်လို့ ရတဲ့ ဖုန်းနံပါပေးထားပါ။ ဟန်းဖုန်း၊ အိမ်ဖုန်း၊ အလုပ်ဖုန်း၊ အိမ်ဘေးဖုန်း၊ လမ်းဘေးဖုန်း၊ သူငယ်ချင်းဖုန်း၊ ဖုန်းမှန်သမျှပေးထားပါ။ ဘောလုံးပွဲချိန်ရှိရင် ဆက်ရအောင်လို့ :P
ဒီလောက်မှန်နေမှတော့ ဒိုင်ကိုင်လည်း ဖြစ်တယ် မဟုတ်လား ကိုအောင်း)
ယူရိုနဲ့ ကမ္ဘာ့ဖလားပွဲကျ ကိုအောင့်ဆီက မှန်းချက်လေး လာယူဦးမှး)
အစ်ကိုအောင်ရေ ဂလိုဆိုတော့ အဲ့အလုပ်က တွက်ခြေကိုက်သားနော့် :)
ဂွတ်တယ်ဗျာ.....အားရစရာကြီး...၊နောက်ပွဲတွေကျ
ခန့်မှန်းလေးတင်ပေးပါလား ကိုအောင်ရ...ကျွန်တော်
တို့လည်း ၁၃၀ လိုချင်လို့...။
ဟေ့လူ အမှတ်တရ (အပိုင်း- ၅) ကိုမြန်မြန်ဆက်ရေးပါ အရမ်းကြာနေပီ နှစ်တောင်ကူးသွားပီ
အမှတ်တရ (အပိုင်း- ၅ ) ဆက်မရေးသေးဘူးလား နှစ်ကူးသွားပီ ဟေ့လူ
အဲ့လောက်မှန်နေတာ အံ့သြတယ်..။
အဲ.. အနိုင်နဲ့ ပိုင်းတတ်ဖို့တော့ လိုမယ်နော်..။
Post a Comment