လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်မှ
ပရိတ်သတ် အကြိုက်ဆုံး ဇာတ်ကားဆု ကို အဲဒီအခန်းဖြတ်(ဒါရိုက်တာ ဝိုင်း)
အကောင်းဆုံး မှတ်တမ်းရုပ်ရှင် ဆုကို ဒါရိုက်တာ စိုင်းကျော်ခိုင်ရဲ့ Click in Fear
အကောင်းဆုံး ရုပ်ရှင်ဇာတ်လမ်းတို (Short Film) ဆုကို ဒါရိုက်တာမင်းသိုက်ရဲ့ ကြိုး၊
အကောင်းဆုံး မျက်နှာသစ် ဒါရိုက်တာဆု ကို ဒါရိုက်တာ အောင်ဇော်မိုး (Still in Dark)
အကောင်းဆုံး Animation ဆုကို ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း (Unity & Freedom ဇာတ်ကား) ဇာတ်ကားတို့မှ ရရှိသွားပြီး
အင်တာနက်ပေါ်တွင် တွေ့မိသော...
occasion of the Art of Freedom Film Festival
Dear Angel(15)....
2 days ago
14 comments:
ကျေးဇူးတင်ပါတယ်ဗျိုး။ နေ့တိုင်းမဖတ်၇မနေနိုင်လောက်အောင် စွဲလန်းနှစ်ခြိုက်ပါတယ်
ဝိုင်းဇတ်ကား ဆုရသွားတာပဲး)
မောင်ဘကြိုင်
အကောင်းဆုံး မှတ်တမ်းရုပ်ရှင် ဆု ၂ခု ကဖွင့် မရဘူး ကိုအောင်ရေ
ရွှေစင်ဦး
ကြိုးက တင်ပြပုံနှင့်အနုပညာမြောက်တယ် ရထိုက်တယ်
အင်နီမေးရှင်းလေး တင်ပါဦး။
အဟီး ဥာဏ်တိမ်တယ်ပဲဆိုဆို ကြိုး ရဲ့ဆိုလိုရင်းကိုမသိလို့သိတဲ့သူများရှိရင်ပြောပြကြပါဗျာ။
ကျွန်တော်အီကြာကွေးနဲ့လက်ဖက်ရည်ပဲစိတ်ဝင်စားနေလို့
ဒါရိုက်တာဘာကိုဆိုလိုချင်မှန်းမသိဘူးဖြစ်နေတယ်.:P
ဒီလို တစုတစည်းထဲ ပြမှပဲ သေခြာကြည့်ဖြစ်တော့တယ်။
ကျေးဇူးအထူး..
ဒီဇာတ်ကားလေးတွေကို ကြည့်ပြီး အဘက်ဘက်က ယိုယွင်းနေတဲ့ မြန်မာနိုင်ငံရဲ့ အနေအထားကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ် ကိုအောင်ရေ...
တစ်နေရာထဲစုထားပေးတဲ့အတွက်
ကျေးဇူးအထူးပါအစ်ကိုရေ..
ဒါရိုက်တာ.၀ိုင်းကားပဲကြည့်ဖူးတာ
ကျန်တဲ့ကားတွေမကြည့်ရသေးဘူး
ဗွီဒီယိုတွေဒေါင်းထားလိုက်ပါပြီ
ကျေးဇူးပါအစ်ကို
လေးစားလျှက်
မိစံ
အဲဒီအခန်းဖြတ် ပရိတ်သတ်ပေးတဲ့ဆုရတာ ထိုက်တန်ပါတယ်..
Click in fear ကြည့်ပြီးတော့ မျက်ရည်ကျတယ်..
ကြိုးကတော့ အိုင်ဒီယာနဲ့  တင်ဆက်ပုံ ကောင်းတယ်..
Still in dark ကတော့ အနာဂတ်အလင်းရောင်မဲ့နေ၊ မျှော်လင့်ချက်မဲ့နေတဲ့ မြန်မာပြည်သူတွေ ဘဝကို ဖော်ကျူးတယ်..
Occation of the Art of Freedom Film Festival ကတော့ ခေတ်လူငယ်တွေရဲ့  အခက်အခဲကို တင်ဆက်ထားတယ်..
ဆုရတဲ့သတင်းတွေ တွေ့ ကတည်းက ကြည့်ချင်နေတာ..ခုလို ကိုအောင် တစုတစည်းတည်း တင်တော့မှပဲ ကြည့်ဖြစ်တော့တယ်..
ကျေးဇူး ကိုအောင်
ပျူနိုင်ငံ ကိုတွေ့နေတာကြာပေမယ့် အခုမှပဲ လာလည်မိတော့တယ် .... လာလည်မိတော့လည်း တစ်ခေါက်ဆိုတစ်ခေါက် ဆွဲဆောင်နိုင်စွမ်း ရှိလှပါတယ် ပျူနိုင်ငံ ရေ..ဇာတ်ကားလေးတွေ တစ်စုတစ်စည်းတည်း ဖော်ပြလို့လည်း ကျေးဇူးတင်ရပါ့ .....။
ခုမှတစုတစည်း ထဲသေချာကြည့်ဖြစ်တယ်အကိုရေ
ဝိုင်းကတစ်ကယ်တော်ပါတယ်ဗျာ
အကိုကိုလဲ တင်ပေးလို့ကျေးဇူးတင်ပါတယ်
ဝိုင်းဇတ်ကား ဆုရသွားတာကျေနပ်တယ်ရသင့်ပါတယ်
မြန်မာပြည်အနေအထားကိုကြည့်ပြီး
ပြည်သူတွေကိုသနားတယ် လူ့ဘ၀ရဲ့ခံစားခွင့်တွေသူတို့ဘာမှလဲမရဘူး
ကိုအောင်ရေ ကျေးဇူးတင်ပါတယ်
အဲတာတွေကြည့်ချင်နေတာမို့
ပထမ ဆုံး လာ လည် တာ ပါ။
ဒီကား တွေ ဘယ် လို ဒေါင်း ရ လဲ ပြော ပြ ပေး လို့  ရ ပါ သလား? သိမ်းထား ချုင် လို့  ပါ ။
ကျွန်မ နှစ်သက်တဲ့ ဝိုင်း ဆုရသွားတဲ့အတွက် ကျေနပ်မိတယ်။ ကြိုး ကိုလည်း နှစ်သက်မိတယ်။
အားလုံးကို တစ်စုတစ်စည်းတည်း တင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါရှင်။
ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်
Post a Comment