လွန်ခဲ့သော သုံးနှစ်ခန့်က သူ၏ ခရစ်စမတ်ပိတ်ရက်
များထဲတွင် ထူးထူးခြားခြား အဖြစ်အပျက်တချို့ ရှိခဲ့ဖူးသည်၊
တကယ်တော့ ခရစ်စမတ်ပွဲတော်မှ နှစ်သစ်ကူး ပွဲတော်
အထိ ပျော်ရွှင်စရာကောင်းသော ပွဲတော်ရက်များကို သူ
ဘယ်တော့မျှ လက်လွတ်မခံခဲ့၊ အမိ မြန်မာပြည်၌ နေထိုင်
ခဲ့သော ကာလများတွင်လည်း ဤပိတ်ရက်များတွင်
ပျော်ရွှင်ဖွယ်ကောင်းသော အဖြစ်အပျက်များထဲ၌ အချိန်ပြည့်
သူ ရှင်သန်ခဲ့သည် ...
သခင်ယေရှုအား ယုံကြည်သည့် သူ့ဖခင်နှင့် ဖခင်ဖက်မှ
ဆွေမျိုးမိတ်သင်္ဂဟများက ဤကာလ ညဥ့်နက်ပိုင်းများတွင်
ကျေးဇူးတော်ကို ချီးမွမ်းသော တေးသံသာများဖြင့် သူတို့
အိမ်ထံ သယ်ဆောင်လာခဲ့သော သူ၏ ငယ်စဉ်ဘ၀သည်
ပျော်ရွှင်ဖွယ်ရာ ….
**** … `အသဲနှလုံးတံဆိပ် ရိုက်နှိပ်ထားတဲ့ ကိတ်မှန့်
အနီရောင်ကို လူစုံချိန်မှာ ရွှေဓါးလေးနဲ့ မင်း တအားလှီးခဲ့
တာ … အားလုံးက လက်ခုပ်တီးတာ ငါအတွက် စိုးရိမ်းစရာ …
ဟု သီဆိုသော အဆိုတော် ကိုင်ဇာ၏ တေးသံများက သူ့နား
ထဲတွင် ဟောင်းနွမ်းမသွားခဲ့ … အပြစ်ရှိသူ … ကျူးလွန်သူတို့
ကိုယ်စား ပေးဆပ်ရဲသော သခင်၏ မွေးနေ့ပွဲတော် ကာလတွင်
ပျော်ရွှင်စရာများအပ မည်သည့်အရာမျှ မကြီးစိုးနိုင် …. ****
လွန်ခဲ့သော သုံးနှစ်ခန့်က သူနှင့် သူ့အလုပ်မှ မန်နေဂျာတို့သည်
ဤ ခရစ်စမတ်ပိတ်ရက်များထဲတွင် ထူးထူးဆန်းဆန်း အဖြစ်အပျက်
တစ်ခုကို ကြုံတွေ့ ဖြတ်သန်းခဲ့ဖူးသည်၊ ဤပိတ်ရက်များအတွင်း
အလုပ်၊ ကျောင်းများနှင့် ဈေးဆိုင်များက ဆက်တိုက် ပိတ်ထား
လေ့ရှိသောကြောင့် အိမ်သုံး ပစ္စည်းတစ်ခုခု အရေးပေါ် လိုအပ်ပါက
လွယ်လွယ်ကူကူ မရရှိနိုင်၊ သူတို့ အလုပ်ထဲမှ သူ့မိတ်ဆွေ မန်နေဂျာ
၏ ခေါ်ဆောင်မှုကြောင့် သူ နေထိုင်ရာမြို့မှ ကီလိုမီတာ ၁၀၀ ၀န်းကျင်
ခန့်ဝေးသော တောမြို့လေး တစ်မြို့၏ စားသောက်ကုန် ပစ္စည်း
များ သိုလှောင်ထားရာ ဂိုဒေါင်သို့ သူတို့ နှစ်ဦး သွားရောက်ခဲ့ကြ
သည်၊ အိမ်မှ သူတို့ စတင်ထွက်လာစဉ်က ညနေ (၃)ခန့်၊ သို့သော်
ဥရောပ မြောက်ဖျားနိုင်ငံများ၏ ဒီဇင်ဘာ ညနေခင်းများက အလင်း
ရောင် လုံးဝမရှိ၊ သူတို့လိုချင်သော အိမ်သုံး ကုန်ပစ္စည်းများကို
ရောင်းချပေးဖို့ သဘောတူထားသော နေရာက လမ်းကြောင်း
ပြ မြေပုံ G.P.S တွင် လုံးဝ မပြ၊ ထိုကြောင့် G.P.S ထဲတွင်
ထိုလမ်းအမည်နှင့် တခြား အိမ်အမှတ်တစ်ခုကို ထည့်ရိုက်ပြီး
မှန်းဆမှုဖြင့် ကားမောင်းခဲ့ကြသည် ….
အချိန်တစ်နာရီစွန်းစွန်း ကားမောင်းနှင်းအပြီး ထိုတောမြို့လေး
ဆီ သူတို့နှစ်ဦး ရောက်သွားခဲ့ကြသည်၊ ဖျော့တော့တော့ ထွန်းညှိ
ထားသော မီးအိမ်ငယ်များ ချိတ်ဆွဲထားသည့် အိမ်ငယ်လေးများ
ပြည့်နှက်နေသော ထိုတောမြို့လေး၊ သူတို့နှစ်ဦး မောင်းနှင်း
လာသော ကားမီးရောင်ကို မသိကျေးကျွန်ပြုနိုင်သော ခြံဝန်းတချို့
ဆီမှ ခွေးဟောင်သံများ၊ ကွဲကွာနေသော မိသားစုဝင်များဖြင့် ပြန်
လည် ဆုံစည်းမှု ညစား စားပွဲများဖြင့် ပြည့်နှက်နေသော ထိုတောမြို့
လေးထဲတွင် သူတို့ကားကို လှည့်ပတ် မောင်းနှင်ရင်း သွားရမည့်
လိပ်စာကို မည်သို့ စုံစမ်းရမှန်း သူတို့နှစ်ဦးသား အဖြေရှာမတွေ့ …
အိမ်တစ်အိမ်ရှေ့ ကားထိုးရပ်ပြီး လူခေါ် ခေါင်းလောင်းကို နှိပ်လိုက်
သည့်အခါ တစုံတယောက်ကို အမျှော်လင့်ကြီး မျှော်လင့်နေသည့်
မျှော်လင့်ချက်များဖြင့် အိမ်တံခါးကို ရုတ်တရက် ဆွဲဖွင့်လိုက်သော
တုန်တုန်ရီရီဖြစ်နေသည့် အဖွားအိုတစ်ဦး …
`အမေ၊ ကျနော်တို့ ဒီမြို့က မဟုတ်ပါဘူး၊ ဒီမြို့က လိပ်စာတစ်ခုဆီ
သွားချင်လို့ပါ၊ အမေ့ကို အနှောက်အယှက် ပေးသလို ဖြစ်သွားခဲ့ရင်
ကျနော်တို့ကို ခွင့်လွှတ်ပါနော် … ´
သူတို့နူတ်ဖျားက အမေ ဟူသော ခေါ်ဝေါ်မှုကြောင့် မျက်ဝန်းထဲ
မျက်ရည်များ ပြည့်နှက်သွားသော ထိုအဖွားအိုက သူတို့ ပြသသော
စာရွက်ပေါ်က လိပ်စာကို ဖတ်ရင်း …
`သားတို့၊ ဒီလမ်းအတိုင်း တည့်တည့်သွား … ပြီးရင် ဘယ်ချိုး၊ လမ်းဆုံ
ရောက်ရင် ညာဖက်ကို ပြန်ကွေ့၊ အဲဒီလမ်းမကြီးအတိုင်း မောင်းသွားလို့
သစ်တောအုပ်တစ်ခုကို တွေ့ရင် အဲဒီသစ်တော အစွန်းက အတွင်း
ထဲ ၀င်ရမယ့် လမ်းသွယ်လေး တစ်ခု တွေ့လိမ့်မယ်၊ အဲဒီလမ်းထဲ
ဝင်လိုက်၊ လမ်းထိပ်မှာ အိမ်တစ်ဆောင် ရှိတယ်၊ အဲဒီအိမ် မဟုတ်ဘူး၊
လမ်းသွယ်လေးရဲ့ နောက်ဆုံးမှာ တွေ့ရမယ့် အဆောက်အအုံက
လူလေးတို့ သွားချင်တဲ့ အိမ်လိပ်စာ … ´
ကျေးဇူးတင်ပါသည်ဟူသော စကားလုံးများ၊ ပျော်ရွှင်ဖွယ်ကောင်း
သော ခရစ်စမတ်နှင့် နှစ်သစ်ကူး အခါသမယ ဖြစ်ပါစေလို့
ဆုတောင်းစကားများကို အဖွားအိုအား လက်ဆောင်ပေးရင်း
သူတို့ ကျောခိုင်းထွက်ခွာခဲ့ကြ၊ တိုးညှင်းစွာ ပိတ်သွားသည့်
တံခါး၏ အခြားတစ်ဖက်တွင် အဖွားအိုသည် အမှန်တကယ်
ပျော်ရွှင်နေသလော … သူမ၏ မျက်ဝန်းအိမ်ထဲမှ မျှော်လင့်ခြင်း
ဖြင့် ပြည့်နှက်နေသော မျက်ရည်စများရော တစုံတယောက်
အတွက် ဆက်လက် သိုမှီသိမ်းဆည်းထားသလော … သူတို့နှစ်ဦး
မသိနိုင်ခဲ့ …
အဖွားအို ပြောလိုက်သည့် လိပ်စာအတိုင်း လမ်းမကြီးပေါ်က
တောအုပ်တစ်ခုကို ကျော်ကာစ လမ်းသွယ်လေးတစ်ခု၊ လမ်းထဲ
ဝင်ကာစ လမ်းထိပ်တွင် ရှိသော အိမ်ကြီးကို ကြည့်ရင်း သူတို့
နှစ်ဦး အနည်းငယ် ပျော်ရွှင်သွားသလို၊ ခရစ်စမတ် သစ်ပင်နံဘေး
တွင် ဆော့ကစား ပြေးလွှားနေသော ခြံဝန်းထဲက ကလေးငယ်
နှစ်ဦး၊ ရုတ်တရက် သူ့နံဘေးတွင် ကားမောင်းလာသော သူ့
မိတ်ဆွေက ကားကို ထိုခြံနံဘေးတွင် ထိုးရပ်ရင်း ခြံထဲက
ကလေးငယ်များကို သူတို့သွားရမည့် လိပ်စာကို မေးမြန်း
ဖို့ ကြံရွယ်လိုက်ပုံရသည်၊ ရုတ်တရက် ထိုးရပ်လိုက်တဲ့ သူတို့
ကားကို ကြည့်ရင်း ကလေးငယ်နှစ်ဦး သူတို့ အိမ်ထဲ ပြေးဝင်
သွားသည်၊ သူ့မိတ်ဆွေလည်း ထိုအိမ်ထဲသို့ ၀င်ရောက်သွား
သည်၊ သူကတော့ ကား ကတ်ဆတ်မှ ခရစ်စမတ် တေးသံများ
ကို နားထောင်ရင်းဖြင့် ကားပေါ်တွင် ကျန်ရစ်ခဲ့ပါသည် …
ဆယ်မိနစ် … ဆယ့်ငါးမိနစ် … မိနစ်နှစ်ဆယ်ခန့် ကြာသည့်
အထိ သူ့မိတ်ဆွေ ထိုအိမ်ထဲမှ ထွက်မလာသေး …
သူ လုံးဝ စိတ်မရှည်တော့ပါ၊ ဖုန်းခေါ်ကြည့်တော့ ဖုန်းမကိုင်၊
ကားဟွန်းကို ခပ်ဆတ်ဆတ်လေး ဆက်တိုက်တီးလိုက်တော့
ခပ်ကျဲကျဲ ခြေလှမ်းများဖြင့် ထိုအိမ်ထဲမှ ပြေးထွက်လာ
သည် … `ခင်ဗျားကလည်း ကြာလိုက်တာဗျာ၊ သူတို့က
ခင်ဗျား အသိတွေလား … ´ဟု သူက ပြောလိုက်တော့ သူ့မိတ်ဆွေ
က ဘာမျှ မတုန့်ပြန်၊ ထိုလမ်းအတိုင်း သူတို့ နှစ်ဦး ကားဆက်
မောင်းသွားတော့ လမ်းအဆုံးတွင် ဈေးဝယ်ဖို့ ချိန်းဆိုထားသည့်
လူသုံးကုန်ပစ္စည်းများရှိရာ ဂိုဒေါင်သို့ ရောက်သွားခဲ့ကြသည်၊
သူ့မိတ်ဆွေနှင့် ထိုဂိုဒေါင် ပိုင်ရှင်တို့ အတန်ကြာအောင် စကား
ပြောနေသည်ကို တွေ့ရသည်၊ ဘာတွေ ပြောနေသည်ကို သူ
မသိပါ၊ သူတို့ အလိုရှိသော ပစ္စည်းတချို့ကို ၀ယ်ယူအပြီး ထိုလမ်း
အတိုင်း ပြန်လည် ထွက်ခွာလာခဲ့သည် …
လမ်းသွယ်လေးထိပ်ကို သူတို့ကားရောက်တော့ လမ်းမကြီးပေါ်
ချိုးကွေ့ဖို့ အတန်ကြာအောင် စောင့်နေရသည်၊ တ၀ီဝီ ဖြင့်
ဖြတ်သန်းမောင်းနှင်းနေသော ကားတန်းရှည်ကို သူတို့ စောင့်နေ
ရသေးသည်၊ ထိုအချိန်တွင် လမ်းသွယ်လေးထိပ်ရှိ စောစောက
ကလေးငယ်လေးနှစ်ဦး ပြေးဝင်သွားသော အိမ်ကို သူ လှမ်းကြည့်
မိသည်၊ သူ မြင်တွေ့လိုက်ရသော မြင်ကွင်းကို မယုံချင်လောက်
အောင် ဖြစ်သွားသည်၊ စောစောက ခရစ်စမတ်သစ်ပင်တွင် မီးရောင်
စုံ ထွန်းညှိပြီး တစ်အိမ်လုံး လှပ သပ်ရပ်နေသော ထိုအိမ်သည်
ယခု မိနစ်ပိုင်းအတွင်း မဲမှောင်တိတ်ဆိတ်ပြီး အရာရာကို သူ
မဟုတ်သလို အမှောင်ထဲတွင် အထီးကျန်နေသည်၊ ရုတ်တရက်
ခပ်ဝေးဝေး တစ်နေရာမှ ကားမီးကြီးထိုးပြီး မောင်းနှင်းလာသော
ကားမီးရောင်အောက်တွင် ထိုအိမ်ကို သူ သေသေချာချာ ကြည့်
မိလိုက်သည် ထိုအိမ်သည် စောစောက မြင်တွေ့ရသလို သစ်လွင်
တောက်ပနေသော အိမ်မျိုး မဟုတ်တော့ပဲ အရာရာ ပျက်ဆီး
ယိုယွင်းနေသော အိမ်အို အိမ်ဟောင်းကြီးတစ်ခု …
သူ့နံဘေးတွင် ကားမောင်းနေသော သူ့မိတ်ဆွေက လမ်းမကြီး
ထဲ ချိုးဝင်ဖို့ ဟန်အပြင်မှာ သူ့နူတ်ဖျားက … `ဂျွန် .. ခဏလေး
… ဒီအိမ်က ဘယ်လို ဖြစ်သွားသလဲ၊ ကျနော်တို့ အလာတုန်း
က ဒီပုံစံမျိုး မဟုတ်ပါဘူး ...´
သူ့မိတ်ဆွေက လမ်းမကြီးပေါ် ချိုးကွေ့လို့ ဆက်မောင်းရင်း …
`မေ့လိုက်ပါကွာ၊ ငါတို့ရဲ့ အမြင်တွေ မှားယွင်းသွားတယ်လို့
သဘောထားလိုက်ပါ၊ ခုနက အဲဒီအိမ်ထဲ ငါ ရောက်သွားတယ်၊
ငါ့ရှေ့က ပြေးဝင်သွားတယ်လို့ မြင်လိုက်တဲ့ ကလေးနှစ်ယောက်
ကို အစအနတောင် အိမ်ထဲမှာ မမြင်ရဘူး၊ ပထမ အိမ်ပေါက်ဝ
ကနေ ခေါ်ကြည့်တယ်၊ ဘာသံမှ ပြန်မထူးတာနဲ့ အိမ်ထဲဝင်ပြီး
ခေါ်ကြည့်တယ်၊ အဲဒီအိမ်ထဲမှာ ဘယ်သူမှ မရှိဘူး ….
ပစ္စည်းရောင်းတဲ့ ဂိုဒေါင်က အဖိုးကြီးကို မေးကြည့်တော့
ဒီကာလရောက်တိုင်း ဒီအိမ်နံဘေးက ဖြတ်သွားရင် အဲလို
ထူးထူးဆန်းဆန်းတွေ တွေ့ရတယ်လို့ ပြောတယ် …
…... …. ….
၂၀၁၁ ခုနှစ် …
ယခု ခရစ်စမတ် ပိတ်ရက် ညနေခင်းများတွင် အတိုးချ အနားယူ
မည်ဟု ရည်ရွယ်ချက်ဖြင့် TV ရုပ်မြင်သံကြား ရှေ့တွင် ကျကျနန
သူ နေရာယူလိုက်သည်၊ ရုတ်တရက် သူ့ဇနီးသည်ထံမှ …
`အကိုရေ … အိမ်အတွက် ပစ္စည်းနည်းနည်း ၀ယ်ချင်လို့၊ ဒီအချိန်
ဈေးဝယ်လို့ရသေးတဲ့ အသိ ဈေးရောင်းတဲ့ လိပ်စာများရှိလား ...
-စစ်ငြိမ်းဒီရေ
(မှတ်ချက်။ ။ ခင်မင်ရင်းနှီးသော ဘလော့ဂါ မရို့စ်၏
ဒီဇင်ဘာ ပိတ်ရက်မှာ ဘာလုပ်မယ် (tag) တက်ပို့စ်အတွက်
ကျေနပ်မည်ဟု ထင်ပါသည် … )
တူတော်မောင် - ၉
10 hours ago
14 comments:
တဂ်ပို့စ်လေးဖတ်သွားတယ် ကိုအောင်ရေ။
Merry Christmas & Happy New Year !!!
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟာ.. အဲဒါ တကယ့် အဖြစ်အပျက်ကြီးလား.. ဆန်းကြယ်လှချည်လား ဗျာ..။
ကိုအောင့် ဖေဖေက ခရစ်ယာန်ဘာသာဝင်ဆိုတော့ ခရစ်စမတ် အမှတ်တရကို အဲ့လိုလေး ရေးပေးမယ် မှတ်လို့ ဖတ်နေတာ နောက်မှ သရဲမိသားစုလေး ခရစ်စမတ် ကျင်းပနေတဲ့ အကြောင်း သဘောပေါက်တော့တယ်... အိ...။ တက်ဂ်ပို့စ်လေးကို ရေးပေးလို့ ကျေးဇူးနော်။ အားနာလိုက်တာ တက်ဂ်ရတာ။ နောက်လည်း များများတက်ဂ်မယ်နော် (အားနာလို့း)
တစ်မျိုးလေးပဲ အကို....ဘာရယ်လို့တော့ သေသေချာချာ မဖော်ပြနိုင်တဲ့ ခံစားမှုတစ်မျိုးနဲ့...........
ပျော်ရွင်ဖွယ် ခရစ်စမတ်လေး ဖြစ်ပါစေလို့ ဆန္ဒပြုရင်း Happy New Year ပါအကို..
Merry christmas and happy new year,,
anyway, In christian life has no Ghost, U have to know about that,,hehehe,,
လောကမှာ ဆန်းကြယ်တာတွေ များသား..ဖတ်လို့  တကယ်ကောင်းတယ် ကိုအောင်ရေ
အကိုအောင်ရေ
ကြောက်စရာကြီးပါလားနော်
သရဲကားတွေထဲကလိုဘဲ..
သူတို့လည်း ခရစ္စမတ်ပါတီ ကျင်းပကြတာ နေမှာပေါ့ နော်.. :)
အကိုအောင်
ဖတ်နေရင်း အိမ်ကြီးထဲရောက်သွားတယ်။ ချမ်းစိမ့်စိမ့်လေး ခံစားလိုက်ရတယ်။
ပျော်ရွှင်စရာ ခရစ်စမတ်နဲ့ နှစ်သစ်ကူးဖြစ်ပါစေအကို။
ခင်မင်လျက်
ညီမသဒ္ဓါ
ကိုအောင်ရေ
သူတို့လည်း ခရစ်စမတ်စ် မှာ ပျော်ကြမှာပေါ့
ခင်မင်တဲ့
ရွှေစင်ဦး
စာဖတ်ပြီးအဖွားအိုကိုမျက်စိထဲမြင်နေရတယ်
အဲတာ ကိုအောင်ရေ
ဖြစ်ရပ်မှန်လား------
Happy New Year ပါရှင်
ဖတ်သွားတယ်အစ်ကိုအောင်ရေ.... အမှန်တော့ကျွန်တော်လည်း အစ်ကိုကို Tag ထားတယ်ခင်ဗျ။ အစ်ကိုအောင် အလုပ်များနေတယ်ထင်တယ်။
ကျွတ်လွတ်နိုင်ကြပါစေ။
ညဖက်ကြီးဖတ်ပြီး လန့်ရတယ်း)
ဟားလေလူးယာ............
ပျော်ရွှင်တဲ့နှစ်သစ်ဖြစ်စေဗျား
Post a Comment