ရေးသူ-(ကို)အောင်မိုးဝင်း
(က)
ကျောင်းသားတပ်မတော်(မြောက်ပိုင်း)ရဲ့တိုက်ပွဲဝင်ခွပ်
ဒေါင်းအလံကို မြတ်မြတ်နိုးနိုးလွှင့်ထူခဲ့တဲ့ ရဲဘော်တွေ
အားလုံးကို မင်္ဂလာနှစ်သစ်ဖြစ်ပါစေ လို့ နှုတ်ဆက်လိုက်
ပါရစေ။ နှစ်သစ်မှာ အနာဂတ်အတွက် တက်ကြွလန်းဆန်း
တဲ့ခြေလှမ်းတွေနဲ့ ရှေ့ခရီးဆက်ကြမယ်။
မကောင်းဆိုးဝါးတွေ ပူးကပ်နေတဲ့ပတ်ဝန်းကျင် ကို ရှင်းထုတ်ကြမယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည်)
ရဲဘော်တယောက်အနေနဲ့၊ ၁၉၉၀ မန္တလေးညီလာခံကို လာရောက်
တက်ခဲ့ကြတဲ့ မိုးညှင်းဒေသက ကျောင်းသားတပ်မတော် ရဲဘော်တွေကို
အထူးတလည် နှုတ်ခွန်းဆက်သ ချင်သလို၊ ကျောင်းသားတပ်မတော်
(မြောက်ပိုင်း) ရဲ့ တော်လှန်ရေးသမိုင်းဂုဏ်သိက္ခာကို သွေးစီး
ချောင်းတွေပေါ်မှာ မျှောချ၊ အဖွဲ့ဖျက်ပစ်သည်အထိ သေးသိမ်အောင်
လုပ်ခဲ့ကြတဲ့၊ သူ့လူကိုယ့်ဘက်သား လူသတ်သမားများကိုတော့
သမိုင်းစာရင်းရှင်းတမ်းအဖြစ် ဆက်လက်လုပ်ဆောင်သွားကြပါမယ်။
ကျောင်းသားတပ်မတော်နဲ့ တော်လှန်ရေးကို အသက်စွန့်ပြီး ချစ်ခဲ့ကြပေမဲ့၊
ကျဆုံးစာရင်းမှာ အသိအမှတ်ပြုမခံရတဲ့ ရဲဘော်တွေအတွက် ဆက်လက်
မေးခွန်းထုတ် ကြရပါလိမ့်မယ်။ စိန်ခေါ်တောင်းဆိုကြရပါလိမ့်မယ်။ ဒါပေမဲ့
ကျနော်တို့ဟာ ဗုဒ္ဓဘာသာတွေပါ။ သူတပါးကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံ
တွေကို ကျနော်တို့ဆီ လောင်မြိုက်ကူးစက်မှုတွေ မရှိစေချင်ပါဘူး။ ပြဿနာ
တွေကို စိတ်အေးအေးထားပြီး ဖြေရှင်းကြရပါလိမ့်မယ်။
လူပုဂ္ဂိုလ်တစုံတယောက်အပေါ်မှာ မုန်းတီးခြင်းမျိုး၊ တဖွဲ့နဲ့တဖွဲအုပ်စုဖွဲ့ သိက္ခာချတိုက်ခြင်းမျိုးကို ရှောင်ရှားပြီး၊ ဒီမိုကရေစီအရေးတော်ပုံရုန်းကန်မှုရဲ့ အားနည်းချက်တွေကို သင်ခန်းစာယူကြသင့်ပါတယ်။ မှတ်တမ်းအဖြစ်လောက်သာ ထားရှိခြင်းမပြုလုပ်ပဲ၊ ဆက်လက် အရေးယူဆောင်ရွက်ရပါမယ်။
တကယ်တော့ ဒီအကြောင်းအရာတွေကို ဒီမိုကရေစီအရေးတော်ပုံအောင်မြင်ဆုံးခန်း တိုင်တဲ့အချိန်ကျမှ ဖွင့်ပြောဖို့ မြိုသိပ်ခဲ့ကြပါတယ်။ ဒီမိုကရေစီအရေးတော်ပုံကို လေးမြတ်စွာလုပ်ကိုင်နေကြတဲ့ ကျောင်းသားတပ်မတော်ရဲဘော်တွေ နဲ့ လှုပ်ရှားမှု သမိုင်းကို မထိခိုက်စေချင်တာတကြောင်း၊ ကျန်တဲ့ မျိုးဆက်သစ်လူငယ်တွေ ဟာ ဒီအကြောင်းအရာတွေကို ဖတ်ပြီး နိုင်ငံရေးအပေါ် စိတ်ပျက်သွားမှာ တကြောင်းကြောင့် ဖွင့်မပြောချင်ခဲ့ပါဘူး။ ဒါပေမဲ့ အစုလိုက်အပြုံလိုက်၊ လူသတ်မှုမှာပါဝင်ပတ်သက်နေခဲ့တဲ့
သူတွေဟာ၊ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ကို စံနစ်တကျဖျက်ဆီးသွားပြီး နောက်၊ ထိုင်းနယ်စပ်မှာ အကျင့်ပျက်ခြစားမှုတွေကို အုပ်စုလိုက်ကျူးလွန်ပြီး၊ နိုင်ငံတကာက ထောက်ပံ့တဲ့ငွေတွေကို အောင်သေအောင်စား စည်းဇိမ်ခံ ပျော်မြူးခဲ့ကြတယ်။ ပြည်ပ ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုကို နာမည်ပျက်အောင်လုပ်ခဲ့ကြတယ်။ နိုင်ငံတကာက ယုံကြည်မှုမဲ့လာပြီး NGOs တွေနဲ့ ငွေထောက်ပံ့သူတွေက ပြည်တွင်းကိုအာရုံရွေ့သွားတဲ့အခါမှာတော့ ပြည်တွင်းနိုင်ငံရေးကို ဝင်ရောက်ရှုပ်ကြဖို့ ခြေလှမ်းပြင်နေကြတယ်။ ဒီတခါတော့ မရတော့ပါဘူး။
(ခ)
ဒီနေရာမှာ KIA နဲ့ ပတ်သက်လို့ ပြောစရာတခုရှိပါတယ်။ ကျောင်းသားတွေ အယောက်(၉၀) ကျော်ဖမ်းထားတာကို ကြားတော့ KIA ဗိုလ်မှူးတွေက လာရောက်မေးပါတယ်။ ( ထုံးစံအားဖြင့်တော့ KIA က ကျောင်းသားတပ်မတော်အပေါ်မှာ ဝင်ရောက်စွက်ဖက်လေ့မရှိပါဘူး)၊ “ ငါတို့မှာ ဘရန်ဆိုင်းလက်ထက်ကတည်းက ရန်သူ့ထောက်လှမ်းရေးဆိုလို့ (၅) ယောက်လောက်သာ မိဘူးပါတယ်။ မင်းတို့ဟာက များလှချည်းလား။ ဟုတ်လို့လား” ဆိုတော့ “ ရော်နယ်အောင်နိုင် က အော် - ဗိုလ်မှူးတို့ကလည်း ကျားကိုက်ပါတယ် ဆိုမှ အပေါက်နဲ့လား လို့ မေးနေရသေးတယ်။ ဗိုလ်မှူးတို့က ငါးယောက်ပဲ မိတယ်ဆိုတော့ ညံ့တာပေါ့” လို့ ရယ်မောပြီးဖြေတယ်လို့သိရပါတယ်။ ရော်နယ်အောင်နိုင် ရဲ့ “ All the Wars are Dirty” အင်တာဗျူးမှာ ကေအိုင်အေ အပေါ်အပြစ်တွန်းချထားတဲ့ စကားတွေကို ပြုံးမိပါတယ်။ လူသတ်တာတွေကြားတော့ ဖုံးမရဖိမရ အနံ့တွေထွက်လာတဲ့အခါကျတော့ ကေအိုင်အေ က စစ်ခေါင်းဆောင်တွေ ဇွတ်အတင်းဝင်ရောက်လာပြီး ရပ်ခိုင်းတော့တယ်။ နန်းအောင်ထွေးကြည် ကို ခေါ်ထုတ်သွားတယ်။
တကယ်တော့ လူသတ်မှုအပြင် နောက်ထပ်မေးရမဲ့ မေးခွန်းတခုကတော့ အေဘီ ( မြောက်ပိုင်း) ဟာ ဗဟိုလို မဟုတ်ပါဘူး။ ဗဟိုကော်မတီတွေက ချမ်းသာကြပါတယ်။ ကေအိုင်အေ ဆီက ကျောက်စိမ်းတွင်းတွေအပါအဝင် အထောက်အပံ့တွေရထားကြပါတယ်။ အဲ့ဒီ ရံပုံတွေတွေ ဘယ်ရောက်သွားသလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ကာယကံရှင်တွေဖြေဆိုနိုင်ကြပါလိမ့်မယ်။
(ဂ)
ပထမပိုင်းအနေနဲ့ မြောက်ပိုင်းဒေသမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေရဲ့ စာရင်းကို ပေးပို့လိုက်ပါတယ်။ လူနှစ်ယောက်အကြောင်းကိုတော့ အထူးပြောချင်ပါတယ်။
တဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ရဲမေ မခင်ချိုဦး အကြောင်းပါ။ သူမ နဲ့ စွပ်စွဲခံရတဲ့ ပြည်စိုးနိုင် (ရန်ကုန်) ကို လိုင်စင်လို အေးခဲတဲ့ရာသီအောက်မှာ မြေမြှုပ်ပြီး၊ ခေါင်းကိုသာမြေပေါ်ဖေါ်ထားခဲ့တယ်။ နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားတဲ့အခါ၊ မခင်ချိုဦး ကို အေးခဲနေတဲ့ ရုပ်အလောင်းအား Oral Sex လုပ်ခိုင်းတယ်။ မျိုးဝင်းတို့ အုပ်စုတစုလုံးက မုဒိမ်းကျင့်ပြီး ခေါင်းဖြတ်သတ်ဖို့ လုပ်တဲ့အခါ၊ “ နောင်ဘဝမှာ ခုလို ခေါင်းပြတ်ကြီးနဲ့ မသေပါရစေနဲ့၊ သေနတ်နဲ့ပစ်သတ်ပေးပါ” လို့ တောင်းဆိုတဲ့အတွက် သံချောင်းက သေနတ်နဲ့ဝင်ပစ်ပေးခဲ့တယ်။ ဒုတိယတဦးကတော့ ကိုကျော်ဝေ ပါ။ သူ့ကို ပျော့မိုင်းနဲ့ချည်ပြီး ဘောလုံးကွင်းထဲပတ်ပြေးခိုင်းတယ်။ ပျော့မိုင်းကွဲသွားခဲ့တဲ့အတွက် လက် ပြတ်သွားတယ်။ အဲ့ဒီ လက်ပြတ်ကြီးနဲ့ပဲ အချုပ်ထဲမှာ ဆက်လက်ချုပ်နှောင်ထားခဲ့တယ်။ သူ့လိုပဲစစ်ကြေရေးကာလမှာ မိုင်းခွဲခံရတဲ့သူတွေရှိပါတယ်။
အောက်ဖေါ်ပြပါသူတွေက ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ခေါင်းဖြတ် အသတ်ခံရသူတွေဖြစ်တယ်။ ရဲဘော်၊ တပ်ကြပ်ကြီး၊ ဗိုလ်ကြီး ဆိုတဲ့ အမည်တွေဟာ အဲ့ဒီကာလက ကျောင်းသားတပ်မတော်ရဲ့ ရာထူးတွေအဖြစ်အသုံးပြုထားခြင်းဖြစ်ပါတယ်။
(၁) ကိုထွန်းအောင်ကျော် ( ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ၊ မန္တလေး)
သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။
(၂) ကိုချိုကြီး ( မန္တလေး)
စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။
(၃) ရဲဘော် ကျော်ဝေ ( မန္တလေး)
ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။
(၄) ရဲဘော် အောင်ဖိုး ( ရန်ကုန်)
ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။
(၅) ရဲဘော် ကျော်ကျော်မင်း (မုံရွာ)
သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။
(၆) ရဲဘော် မောင်မောင်ကြွယ် ( ရန်ကုန်)
ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသည်။ အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။
(၇) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား)
ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊
(၈) ကိုလှမြင့် ( တပ်ကုန်း)
ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။
(၉) ရဲဘော် ရန်အောင် ( ရန်ကုန်)
ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊
(၁၀) တပ်ကြပ်ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)
အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြားရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။
(၁၁) ရဲမေ မခင်ချိုဦး ( ရန်ကုန်)
အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။
(၁၂) ဗိုလ်သာဓု ( ရန်ကုန်)
ခေါင်းဖြတ်သတ်ခံခဲ့ရ
( ၁၃) ရဲဘော်အောင်အောင် ( ကသာ)
ခေါင်းဖြတ်သတ်ခံရသည်
(၁၄) ရဲဘော်အေးမြင့် ( ကသာ)
ခေါင်းဖြတ်သတ်ခံရသည်
(၁၅) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း)
ခေါင်းဖြတ်သတ်ခံခဲ့ရသည်
(၁၆) ရဲဘော် သက်နိုင် ( ရန်ကုန်)
ခေါင်းဖြတ်သတ်ခံရ
(၁၇) ပြည်စိုးနိုင် ( ရန်ကုန်)
ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။
အထက်ပါစာရင်းထဲမှာ ကိုကျော်ဝေ ( မန္တလေး) နဲ့ ပြည်စိုးနိုင် တို့က ဖေဖေါ်ဝါရီ (၁၅) ရက်သတ်ဖြတ်ခံရမှုထဲမှာ စာရင်းမကြေငြာခဲ့ပါဘူး။ စာရင်းမကြေငြာပဲ အသတ်ခံရသူတွေက
(၁) ကိုကျော်ဝေ ( မန္တလေး)
(၂) ကိုစိုးဝင်းသန်း ( မန္တလေး)- KIA ဆေးရုံမှာတက်နေစဉ်၊ သန်းဇော် နှင့် လူတစုမှလာရောက်ခေါ်ဆောင်သွားခါ အာသံကုန်းတွင် သတ်ဖြတ်ခဲ့သည်။
(၃) ကိုဝင်းနောင် (ရန်ကုန်) ဧပြီလဆန်းပိုင်းအတွင်း ဗန်းမော်ခရိုင်မှာ အသတ်ခံရ၊
(၄)ကိုရန်ရှင်း (ရန်ကုန်)- ရက်စက်စွာနှိပ်စက်ခံခဲ့ရပြီး ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရသည်
(၅) ဦးကျော်ကျော်ဘုန်း ( ခရိုင်မှူး) - ရှေ့တန်းမှာ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်
ဒုတိယပိုင်းမှာ စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့သူ (၁၄) ယောက်နှင့် ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) စစ်ကြောရေးစခန်းနှင့်အကျဉ်းထောင်မှာ တာဝန်ယူခဲ့သူများ ရဲ့နာမည်စာရင်းတွေ၊ အဖြစ်အပျက်တွေကို တင်ပြသွားပါမယ်။
၂၀၂၃ ရခွေားမွခွေား ခရီးသှား - ၁၂
14 hours ago
18 comments:
ဖတ်ရင်းနဲ့တောင် ကြက်သီးဖျန်းဖျန်းထရတယ်အကို...:(
အဲဒါတွေသိချင်နေတာဗျာ
သိလိုက်ရတော့လဲ ဖတ်ပြီး ကြက်သီးထမိတယ်
ဟူးးးး...
ကြေကွဲဝမ်းနည်းစရာ
ကနေဒါဘက်ရောက်နေတဲ့ ကျောင်းသားဟောင်းတစ်ယောက်ကပြောဖူးတယ် အချင်းချင်းသွေးကွဲနေတာနဲ့အချိန်တွေ ကုန်ခဲ့ရပါတယ်တဲ့ ရည်ရွယ်ချက်တွေက လေထဲမှာပျောက်ပြယ်သွားရပါတယ်တဲ့
ကြေကွဲဝမ်းနည်းစရာပါပဲ
ဒီလိုကောင်တွေကြောင့် တော်လှန်ေ၇း မအောင်မ်ြင်တာဘဲ။
ကချင်ပြည်နယ်မှာနေပါတယ်၊ဒါပေမဲ့ ဒီလိုတွင်လုံး ဇာတ်လမ်းကို အခုမှကြားဖူး တယ်ကွာ။ လိုင်စင် အကြောင်းလည်း ရွှီး သေးတယ်နော်။ ဒီအချိန်ကျ မှ ကွက်တိ လျှောက် ဖွ ပြောတာတွေဟာ နိုင်ငံေ၇းလှည့်ကွက်ဆို တာ သိပ်ကိုရှင်းလွန်း မနေဘူးလား။ မှန်ရာကိုပြောဖို့  သိပ်ကိုခက် နေသလား။
အပေါ်က ကျွန်တော်မန့်သွားတား)
ကိုအောင် အောက်ကမှတ်ချက်က fb က ကိုအောင်မိုးဝင်းကိုယ်တိုင်ရဲ့ ပို့စ်မှာ ကျွန်မ ရေးခဲ့တဲ့ တင်ထားလို့ ထပ်ထည့်လိုက်ပါတယ်။
#
#
Nge Naing
ပထမဦးဆုံး ကျွန်မ ပြောချင်တာက ဒီစာကိုဖတ်ပြီး အဲဒီအချိန်က ABSDF တပ်ဖွဲ့ဝင် ဖြစ်နေဆဲ အခုချိန်မှာ ABSDF တပ်ဖွဲ့ဝင်ဟောင်း တယောက်အနေနဲ့ တုန်လှုပ်ချောက်ချားကာ ရင်ထဲမှာ မခံမရပ်နိုင်အောင်၊ ရှက်လည်းရှက်၊ ဒေါသလည်းဖြစ်၊ ခံခဲ့ရသူတွေအတွက် ရင်ထုမနာဖြစ်လွန...်းလို့ ကျွန်မ မျက်ရည်ပေါက်ပေါက်ကျရတယ် ဆိုတာပဲ ဖြစ်တယ်။ ဒါပေမဲ့လည်း ကိုယ်ပြုတဲ့ကံ ကိုယ့်ဆီအရိပ်လို လိုက်နေပြီး တနေ့ပြန်အကျိုးပေးမှာမို့ ဒေါသဖြစ်နေလို့လည်း သူများအကုသိုလ်ကို မျှဝေယူတာပဲ အဖတ်တင်မယ်ဆိုပြီး တရားနဲ့ ဖြေသိမ့်ပြီး စိတ်ကိုငြိမ်အောင် ပြန်လုပ်လိုက်ရတယ်။ မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မ သိတာ မြောက်ပိုင်းမှာ ဥက္ကဌ ထွန်းအောင်ကျော်ကိုယ်တိုင် အပါအ၀င် ရန်သူလူဆိုပြီးတပ်ဖွဲ့ဝင်တွေ အစုလိုက်အပြုံလိုက် သေဒဏ်ပေးခံခံရတယ်ဆိုတာပဲ သိထားတယ်။ အဲလို သေဒဏ်ပေးခံရတဲ့သူတွေ အားလုံးကတော့ ရန်သူ့လူ အကုန်လုံး မဖြစ်နိုင်ဘူး။ တချို့ပဲ ဖြစ်လိမ့်မယ် အတော်များများကတော့ အထင်မှားခံရတာပဲ ဖြစ်မယ်ဆိုတာ လုံးဝယုံကြည်ထားပါတယ်။ တကယ်ဖြစ်နေရင်တောင်မှ အဲလိုကြီး အယူခံခွင့်မရှိ ဘာမရှိနဲ့ အစုလိုက်အပြုံလိုက် သေဒဏ်ပေးတာဟာ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတခုအနေနဲ့ လုံးဝ မှားတယ်လို့ အခုချိန်ထိ ယူဆထားပါတယ်။ ရန်သူ့အကြိုက်ဖြစ်မှာစိုးလို့ အဲဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ လူသိရှင်ကြား မပြောစေချင်တာလည်း အမှန်ပဲ။ ဒါပေမဲ့ အခုတော့ ကျွန်မ ထင်ထားတဲ့အဆင့် သေဒဏ်ပေးတာတင်မကဘဲ ရန်သူ မဆလ၊ န၀တ၊ နအဖ အာဏာရှင်အဆက်ဆက် အရှုံးပေးရလောက်အောင် ကန်းကုန်အောင် လူ့အခွင့်အရေး ချိုးဖေါက်ပြီးမှ အဲလို လူမဆန် ယုတ်မာရက်ဆက်စွာ သတ်ခဲ့တယ် ဆိုတာကိုတော့ အခုမှပဲ သိခဲ့ရတာ အမှန်ပဲ။ ဒီလုပ်ရပ်တွေက ရန်သူ့လုပ်ရပ်ထက် စက်ဆုပ်စရာ ကောင်းတဲ့ လုပ်ရပ်တွေ ဖြစ်လို့ အဲဒီတုန်းက တာဝန်ရှိသူတွေအနေနဲ့ ဟုတ်ရင်ဟုတ်တယ် မဟုတ်ရင်မဟုတ်ဘူးဆိုတာ အကျိုးအကြောင်း အမှန်တိုင်း အသိပေး ဖြေရှင်းပေးသင့်တဲ့အချိန် ရောက်နေပြီလို့ထင်တယ်။ အမှန်တယ် ဖြစ်ခဲ့တယ်ဆိုရင် ဒီကိစ္စဟာ ကလေးကစားစရာမဟုတ်ဘူး ဒီလို ABSDF သမိုင်းကိုဒီလောက်အထိ ရှက်စရာ၊ ရွံစရာ ကောင်းလောက်အောင် အရုပ်ဆိုး အကျည်းတန် ဖြစ်စေတဲ့ ကြောက်ခမန်းလိလိ လုပ်ရပ်တွေအတွက် စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး အပြစ်ရှိသူတွေကို ဖေါ်ထုတ် အပြစ်ပေးအရေးယူမှုတွေ၊ ထုတ်ပြန်မှုတွေ မလုပ်ခဲ့ဘဲ တပ်ဖွဲ့ဝင်တွေကြားမှာ ဖုံးကွယ်ထားခဲ့တာ သေချာပါတယ်။ ABSDFဗဟိုက ဒါကိုမသိလို့လား၊ ဒါမှမဟုတ် သိရင်လည်း တာဝန်ရှိသူတွေဟာ ဒီလောက် ယုတ်မာပက်စက်တဲ့ လုပ်ရပ်ကို ဘာကြောင့်များ အရေးမယူဘဲ ရေငုံနှုတ်ပိတ်ထားရလဲဆိုတာ ကျွန်မ တကယ်ကို နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ အဲဒီပြဿနာ ဖြစ်တဲ့ ၁၉၉၂ က ABSDF တပ်ဖွဲ့ဝင် ဖြစ်ခဲ့သူတွေအနေနဲ့ အဖွဲ့အစည်းအထဲမှာ ရှိနေပြီး ဘာမှ မသိခဲ့ရတဲ့အတွက် အကျိုးအကြောင်းလေး သိရအောင်တော့ အဲဒီအချိန်က မြောက်ပိုင်းနဲ့ ဗဟိုမှာ တာဝန်ကျနေသူတွေကို မေးသင့်ပါတယ်။ မေးဖို့လည်း တိုက်တွန်းပါတယ်။ ကျွန်မလည်း မေးမှာ ဖ်ြစတယ်။
ဒါကလည်း ကိုအောင်မိုးဝင်း Facebook ပို့စ်ထဲ ကျွန်မရေးခဲ့တဲ့ မှတ်ချက် ကောက်နှုတ်ချက်တခုပါ။
(((အခုချိန်မှာ အခုမြောက်ပိုင်းကိစ္စလို အဖြစ်အပျက်တွေ အဖွဲပအစည်းထဲမှာ ဖြစ်သွားခဲ့မှုကြောင့် တပ်ဖွဲ့ဝင်ဟောင်းတွေကြားထဲမှာ လက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့မိတာကိုက မှားပါတယ်လို့ ယူဆနေကြတဲ့ သူတွေကိုလည်း ရှိနေသလို တခြားလူတွေအနေနဲ့ ABSDF ဆိုတာနဲ့ မကောင်းဆိုးဝါး မြင်နေဲ့သူတွေလည်း ရှိတော့ တော်တော် စိတ်မကောင်းဖြစ်မိတယ်။ အမှန်က ဘာမှအမှားမလုပ်ခဲ့တဲ့သူတွေအနေနဲ့ ABSDF မှာ မိမိလုပ်ခဲ့တဲ့ အလုပ်ကို မှားတယ်လို့ သတ်မှတ်စရာအကြောင်း လုံးဝ မရှိပါဘူး။ ဒီဖြစ်ရပ်တွေက သိပ်ကို ယုတ်မာ ရက်စက်လွန်းတော့ မိမိဘ၀ဖြတ်သန်းမှုမှာ ဒီလိုမျိုးလည်း တခါမှ မကြုံဖူးတဲ့ တော်လှန်ရေး သက်တမ်းကို သိပ်ခါးခါးသီးသီး မဖြတ်သန်းဖူးဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဖြတ်သန်းလာရသူတွေအနေနဲ့ ဒါဟာ ယုံနိုင်စရာ မရှိဘူး၊ ရန်သူ့လှည့်ကွက်တွေသာ ဖြစ်နိုင်တယ်လို့ အခုချိန်မှာ ထင်နေသူတွေလည်း ရှိနေဦးမှာတော့ အမှန်ပဲ။ ဒါမေပဲ့ နောက်ထပ် တိကျခိုင်လုံတဲ့ အချက်အလက်တွေနဲ့ ဒီထက်ပိုခိုင်ခိုင်မာမာ တင်ပြလာနိုင်ရင်တော့ ငါတို့ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းမှာ ဒီလို ရုပ်ဆိုးအကျည်းတန်လှတဲ့ ဖြစ်ရပ်တွေ တကယ်ဖြစ်ခဲ့တာပါလားဆိုပြီး ကျွန်မလိုပဲ မျက်ရည်ပေါက်ပေါက်ကျအောင် မငိုမိရင်တောင်မှ ယူကျုံးမရ ခံစားရမှာတော့ သေချာတယ်တယ်လို့ ကျွန်မယုံတယ်။ ဒါကြောင့် တာဝန်ရှိတယ်လို့ စွပ်စွဲခံရသူရော စွပ်စွဲခံရရာမှာ မပါပေမဲ့ အဲဒီတုန်းက အဇွဲ့အစည်းမှာ တာဝန်ရှိသူတွေကိုပါ ကျွန်မက ဒီဖြစ်ရပ်တွေအပေါ် တကယ်ဟုတ်မဟုတ် အမှန်တိုင်း သိပါရစေ၊ အမှန်တိုင်း ဖေါ်ထုတ်သင့်ပြီလို့ မေးမြန်းထား၊ အကြံပြုထားပြီး ဖြစ်ပျက်သွားတာနဲ့ ပတ်သက်ပြီး မကြာခင် အများသိအောင် အမှန်အတိုင်း ထုတ်ဖေါ်ဖို့ စီစဉ်နေပြီဆိုတာ အကြောင်းပြန်လာတဲ့အတွက် ဘယ်လိုဖြစ်ပျက်သွားတယ်ဆိုတဲ့ တာဝန်ရှိသူတွေဆီက တုံ့ပြန်မှုကို မကြာခင် သိရတော့မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။)))
စစ်အစိုးရတောင် အဲလောက်မရက်စက်ခဲ့ပါဘူးဗျာ
အခုတော့ လူမဆန်ပဲရက်ရက်စက်စက် လုပ်ခဲ့ကြတယ် ၊ လုပ်တဲ့သူရော အခုထိ သက်ရှိထင်ရှား ရှိသေးတယ်ထင်ပါတယ်ဗျာ..
တူသော အကျိုးပေးပါစေလို့ပဲ ဆုတောင်းမိတယ်
တကယ်လို့များ အသတ်ခံရသူတွေဟာ စစ်ထောက်လှမ်းရေးတွေဆိုရင်တောင် အခုလိုမျိုး မလုပ်သင့်ဘူး .. စစ်အစိုးရက စစ်ကြောရေးမှာတောင် အဲလောက်မလုပ်ဘူးဗျာ..ရက်စက်လိုက်တာ
အမိန့်ပေးခဲ့တဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ်သင့်တယ် ။
သားထူး
ဒါတွေကို သိချင်နေတာကြာပြီး အပိုင်း(၂)ကိုလည်း တင်ပေးပါအုန်း...ဖြစ်နိုင်ရင် ၈၈၈၈ အတွင်း စစ်ထောက်လှမ်းရေးဆိုပြီး ခေါင်းဖြတ်အသတ်ခံရတဲ့ သူတွေရဲ့အကြောင်းပါ သိချင်တယ်။ ဒီလူမဆန်တဲ့ လုပ်ရက်အတွက် တာဝန်ရှိတွေကို နိုင်ငံတကာ စစ်ခုံရုံးတင်နိုင်အောင် ကြိုးစားကြပါ။ ပိုစ့်တင်ပေးတဲ့ ကိုအောင် ကျေးဇူးပါ။
ဖတ်ရင်းနဲ့ ကြေကွဲဝမ်းနည်း ရပါတယ် ကိုအောင်ရေ
သိချင်နေတာကြာပြီ သိလိုက်ရတော့အရမ်းကိုစိတ်ထိခိုက်ရပါတယ်
ရက်စက်လိုက်တာနော်
ဘယ်လိုစိတ်တွေနဲ့အဲဒီလိုမျိုးလုပ်ရဲတာလဲရှင်
မဖတ်ပဲလဲမနေနိုင်ဘူး
အပိုင်း(၂)လုပ်ပါဦးနော်မျော်နေလျှက်
ရက်စက်လိုက်ကြတာ..မတရားလိုက်ကြတာ..
ဟူးးးး...
ကြေကွဲဝမ်းနည်းစရာ
ကနေဒါဘက်ရောက်နေတဲ့ ကျောင်းသားဟောင်းတစ်ယောက်ကပြောဖူးတယ် အချင်းချင်းသွေးကွဲနေတာနဲ့အချိန်တွေ ကုန်ခဲ့ရပါတယ်တဲ့ ရည်ရွယ်ချက်တွေက လေထဲမှာပျောက်ပြယ်သွားရပါတယ်တဲ့
ကြေကွဲဝမ်းနည်းစရာပါပဲ
အခုလိုမျိုးစာတွေဖတ်လိုတ်ရတော့ရင်ထဲမှာ အရမ်းကိုကြက်သီးထမိတယ်...အရမ်းစက်ရက်လှပါတဲ့ဆိုတဲ့စစ်အစိုးရတောင် သူတို့တွေလောက်ရက်စက်လောက်မယ်မထင်ဘူး...လုပ်ဗျာအားပေးတယ်..ပြီးတော့အမှန်တရားကိုပြောနေပါတယ် ပြည်သူ့ကြားက ပြည်သူ့စကားကိုတင်ပြနေပါတယ်ဆိုတဲ့သတင်းမီဒီယာတွေကအနေနဲလဲ တင်ပြစေချင်ပါတယ် ဒီလိုလူ့အခွင့်အရေးမတ၇ားချိုဖောက်တာတွေကို ပာုတ်တယ်ဗျာ သူတို့ကလူသတ်ခေါင်းဖြတ် လူလူချင်ရက်ရက်စက်စက်သတ်ခဲ့ပြီးခုတော့ ထိုင်းနိုင်းငံမှာ မိန်းမငယ်ငယ်လေတွေစည်းစီမ်းတွေနဲယစ်မူနေတာ အန်ဂျီအိုတွေဆီက အများကိုလျှူမဲ့ငွေတွေကိုလိမ်တောင်ပြီးသူတိုကိုယ်ကျိုးအတွက်သုံးနေတာရင်နာစရာကောင်းလိုတ်တာဗျာ
အခုလိုမျိုးစာတွေဖတ်လိုတ်ရတော့ရင်ထဲမှာ အရမ်းကိုကြက်သီးထမိတယ်...အရမ်းစက်ရက်လှပါတဲ့ဆိုတဲ့စစ်အစိုးရတောင် သူတို့တွေလောက်ရက်စက်လောက်မယ်မထင်ဘူး...လုပ်ဗျာအားပေးတယ်..ပြီးတော့အမှန်တရားကိုပြောနေပါတယ် ပြည်သူ့ကြားက ပြည်သူ့စကားကိုတင်ပြနေပါတယ်ဆိုတဲ့သတင်းမီဒီယာတွေကအနေနဲလဲ တင်ပြစေချင်ပါတယ် ဒီလိုလူ့အခွင့်အရေးမတ၇ားချိုဖောက်တာတွေကို ပာုတ်တယ်ဗျာ သူတို့ကလူသတ်ခေါင်းဖြတ် လူလူချင်ရက်ရက်စက်စက်သတ်ခဲ့ပြီးခုတော့ ထိုင်းနိုင်းငံမှာ မိန်းမငယ်ငယ်လေတွေစည်းစီမ်းတွေနဲယစ်မူနေတာ အန်ဂျီအိုတွေဆီက အများကိုလျှူမဲ့ငွေတွေကိုလိမ်တောင်ပြီးသူတိုကိုယ်ကျိုးအတွက်သုံးနေတာရင်နာစရာကောင်းလိုတ်တာဗျာ
အခုလိုမျိုးစာတွေဖတ်လိုတ်ရတော့ရင်ထဲမှာ အရမ်းကိုကြက်သီးထမိတယ်...အရမ်းစက်ရက်လှပါတဲ့ဆိုတဲ့စစ်အစိုးရတောင် သူတို့တွေလောက်ရက်စက်လောက်မယ်မထင်ဘူး...လုပ်ဗျာအားပေးတယ်..ပြီးတော့အမှန်တရားကိုပြောနေပါတယ် ပြည်သူ့ကြားက ပြည်သူ့စကားကိုတင်ပြနေပါတယ်ဆိုတဲ့သတင်းမီဒီယာတွေကအနေနဲလဲ တင်ပြစေချင်ပါတယ် ဒီလိုလူ့အခွင့်အရေးမတ၇ားချိုဖောက်တာတွေကို ပာုတ်တယ်ဗျာ သူတို့ကလူသတ်ခေါင်းဖြတ် လူလူချင်ရက်ရက်စက်စက်သတ်ခဲ့ပြီးခုတော့ ထိုင်းနိုင်းငံမှာ မိန်းမငယ်ငယ်လေတွေစည်းစီမ်းတွေနဲယစ်မူနေတာ အန်ဂျီအိုတွေဆီက အများကိုလျှူမဲ့ငွေတွေကိုလိမ်တောင်ပြီးသူတိုကိုယ်ကျိုးအတွက်သုံးနေတာရင်နာစရာကောင်းလိုတ်တာဗျာ
အဲဒီ့အချိန် ကျမ တစ်နှစ်ခွဲ သမီးပဲရှိအုံးမှာပါ... ဒါပေမယ့်.. အခုဒီပို့စ်ကိုဖတ်ရတဲ့အခါ... သုံးရက်လောက်အိပ်မပျော်ပါရှင်... ကာယံကံရှင်များ တစ်ဘ၀လုံးလိုက်ခြောက်လှန့်နေမှာမလွဲပါဘူး....ဖေ့စ်ဘွတ်ခ် မှာ စဖတ်ခါစက နားမလည်ပါဘူး.. ဘယ်သူတွေက ဒီကျောင်းသားတွေကိုသတ်တာလဲ စစ်အစိုးရကလား... ကေအိုင်အိုကလား.. ဘယ်သူပုန်အဖွဲ့အစည်းကလဲပေါ့.. တနေ့လုံးအလုပ်မလုပ်နိုင်ပါဘူး.. အားတာနဲ့.. ဒီအကြောင်းပဲ ဆက်စပ်လင့်တွေမှာလိုက်ဖတ်နေတာ.. အခုတော့ဇာတ်ရည်လည်လာပါပီ... ရက်စက်သောလုပ်ရပ်တွင်ပါဝင်ခဲ့ကြပီး.. အသက်ရှင်ကျန်ရစ်နေသူများကို တခုပြောချင်ပါတယ်... ညညအိပ်ပျော်ပါရဲ့လား.. ကိုယ်ပြုသည့်ကံပဲ့တင်သံကိုယ့်ထံပြန်လာမည်....
Post a Comment