Saturday 17 December 2011

တစ်သန်းပြည့်သွားတဲ့ ပျူနိုင်ငံ

`ပျူနိုင်ငံ´ ဘလော့ကို လာရောက်ကြည့်ရှုတဲ့
အကြိမ်အရေအတွက် Pageviews all time history
မှာ တစ်သန်းပြည့်သွားပါပြီ
View Blog> Stats> Overview> All time
မိမိဘလော့ကို လာရောက် ကြည့်ရှုတဲ့ အကြိမ်အရေအတွက်
အနေအထားကို မှန်မှန်ကန်ကန် စစ်ဆေးလို့ရအောင်
Google က စီစဉ်ပေးထားပါတယ် ….


၂၀၁၀ ခုနှစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲကာလက ရွေးကောက်
ပွဲရလဒ်သတင်းများကို up date လုပ်နိုင်ခဲ့တဲ့အတွက် အဲဒီအချိန်
တစ်နာရီအတွင်း `ပျူနိုင်ငံ´ စာမျက်နှာကို ၀င်ရောက် ကြည့်ရှုတဲ့
အရေအတွက်ဟာ တစ်ထောင်(၁၀၀၀) ကျော်အထိ ရှိခဲ့ပါတယ် …

၂၀၁၀ ခုနှစ် အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ်က မလွတ်ခင်
အချိန်အတွင်း မျှော်လင့်စောင့်စားနေတဲ့ ပြည်သူလူထု သတင်းတွေ
ကို up date လုပ်နိုင်ခဲ့တဲ့အတွက်လည်း `ပျူနိုင်ငံ´ စာမျက်နှာကို
အဲဒီအချိန်က ၀င်ရောက်ကြည့်ရှုသူ များပြားခဲ့ပါတယ် …


ပျူနိုင်ငံ စာမျက်နှာကို `ဒီမိုဝေယံ´၊ `မေနှင်းအေး´၊ `ခင်ဦးမေ´
နှင့် `မြတ်လေးငုံ´တို့ရဲ့ စာမျက်နှာများမှ တဆင့် လာရောက်သူ
အများအပြားရှိတဲ့အတွက် ကိုဒီမိုဝေယံ၊ မေနှင်းအေး စာမျက်နှာ၊
အမကြီး မခင်ဦးမေနှင့် မမြတ်လေးငုံတို့ကို ကျေးဇူးတင်ပါတယ်၊
Google ရဲ့ မှတ်တမ်းအရ တခြား စာမျက်နှာတွေကနေ တဆင့်
လာရောက်သူထက် `ပျူနိုင်ငံ´ စာမျက်နှာကို တိုက်ရိုက် လာရောက်
ကြည့်ရှုသူ များပြားကြောင်း သိရလို့ ၀င်ရောက်ကြည့်ရှုသူ
မိတ်ဆွေအပေါင်းကို ကျေးဇူးတင်ပါတယ် ….


ပျူနိုင်ငံ ဘလော့ကို ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်အရေအတွက်
မှာ အများဆုံး ဖြစ်သော စင်္ကာပူနိုင်ငံမှ စာဖတ်သူများ၊ ဒုတိယ
အများဆုံးဖြစ်သော အမေရိကန် ပြည်ထောင်စု၊ ယခုအခါ
မထင်မှတ်လောက်အောင် များပြားလာတဲ့ မြန်မာပြည်တွင်းက
စာဖတ်သူများကို ကျေးဇူး အထူးတင်ပါတယ် ….


-ကိုအောင်/စစ်ငြိမ်းဒီရေ

24 comments:

TZH1985 said...

ဆထက်တပိုးတိုးလို့ ဝေမျှနိုင်ပါစေ... ဘလော့နိုင်ပါစေ ခင်ဗျာ :)

စံပယ်ချို said...

ဒီထက်ပိုတိုးပါစေလို့
စာတွေလဲစိတ်ချမ်းမြေ့စွာနဲ့ဆက်လက်တင်နိုင်ပါစေ

kztk said...

ဒီထက်မက အများကြီး တိုးပွားလာနိုင်ပါစေ..ကိုအောင်ရေ... ပြီးတော့ သတင်းတွေကိုလည်း အမြဲ update တင်နိုင်ပါစေခင်ဗျာ...

:)

မန်းကိုကို said...

သန်းကြွယ်သူဋ္ဌေးကြီး ဖြစ်လေပြီတကား :-)

rose said...

ဝိုးးးးး တစ်သန်းတောင် ဆိုတော့ အများကြီးပဲ။ မိုက်တယ်။ ဒီ့ထက်လည်း စာတွေရေး၊ သရဲအကြောင်းတွေ ရေးပြီး စာလာဖတ်သူတွေကို ခြောက်လှန့်နိုင်ပါစေ ခိခိး)

ဘေဘီ said...

သန်းကြွယ်သူဋ္ဌေးကြီး ဖြစ်လေပြီတကား :-)
ကိုမန်းကိုကို ကို ကော်ပီပါတယ်း)

ဟုတ်တယ် စလုံး အမေရီကန်ပြီးရင်
မြန်မာက အများဆုံးလာကြတယ် ခုတလော

Anonymous said...

သန်းကြွယ်မှသည် ကုဋေ ဆီသို့ .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

mstint said...

Congratulation ကိုအောင်ရေ။
လူအများစိတ်ဝင်စားတဲ့ ဘလော့လေး
စာဖတ်သူတို့အတွက် တန်ဘိုးရှိ ပို့စ်လေးတွေ
ဆထက်ပွားပြီး မျှဝေနိုင်ပါစေလို့ တောင်းဆုချွေခဲ့တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Nge Naing said...

Congratulations ကိုအောင်!!!

ချော(အစိမ်းရောင်လွင်ပြင်) said...

သိန်းသန်းမှသည်
ကုဋေကုဋာဆီသို့...

Angelhlaing(May everybody be happy and healthy! said...

Congratulation ပါအကို..ဆထပ်တိုးလို့ အောင်မြင်နိုင်ပါစေလို့ ဆန္ဒပြုရင်း..

ညီရဲ said...

ထပ်တူ ဝမ်းသာကြည်နူးမိပါတယ် အစ်ကို...
နောင်လဲ ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

မိုးယံ said...

အဲဒီ တစ်သန်းထဲမှာကိုယ်လည်းပါတယ်နော်..

ရောက်ပေမယ့်....ခြေရာမကျန်ဖြစ်တာတော့ ကျွန်တော်က ဈာန်နဲ့ ပျံ ရင်းကြည့်တာမို့ပါ.

:P

ဟန်ကြည် said...

သိန်းသန်းမှသည် ကုဋေချီ၍
ကိုယ့်ပြည်ကိုယ့်ရွှာ ကိုယ့်နေရာကို
သာပါစေကြောင်း ကောင်းလှစေချင်
စိတ်ကောင်းယှဉ်သည် အသင်ယောက်ျားကောင်းတကား...

ဂုဏ်ယူပါတယ် ကိုအောင်ရေ...

sosegado said...

တစ်ခါကြည့်တစ်ကျပ်တာဆိုရင်.....

An Asian Tour Operator said...

ဂုဏ်ယူပါတယ်..ကိုအောင်။

မြသွေးနီ said...

ဆက်လက်ပြီးတော့ သန်းချီသော စာမျက်နှာများ ရာထောင်စွာ ရေးနိုင်၊ ဖတ်နိုင်ပါစေသောဝ်...။

မောင်မျိုး said...

အဲ့တာလေးတွေ သွားသွားကြည့်ရတာ တစ်မျိုး ကြည်နူးဖို့ကောင်းတယ် ။

တစ်သန်းပြည့်တိုင်း ဒေါ်လာတစ်ထောင်လောက်ရရင်ကောင်းမယ်နော့် ဟုတ်ဟုတ် မဟုတ်ဟုတ် သတင်းတွေကြီးတင်၇အောင် ဟီးးးး ဘိုင်ပြတ်နေလို့ လိုက်ပြောနေတာ။

ကိုအောင်ကြီး စာတွေအများကြီးဆက်ရေးနိုင်ပါစေ ။

သဒ္ဓါလှိုင်း said...

အကိုအောင်ရဲ့ ကြိုးစားမှုပေါ့။ ပီတိတွေအပြည့်နဲ့အကိုအောင် ရှေ့လျှောက်ဆထက်ပိုပြီး လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။
ချစ်ညီမ သဒ္ဓါ

မောင်သီဟ said...

သန်းပေါင်းမြောက်မြားစွာဖြစ်လာမှား)

လာတိုင်းအခေါက်တိုင်းတော့မန့်ဖြစ်ဖူးရယ်


မောင်ဘကြိုင်

colonaro1 said...

Hello, buddy. you did a good job.I'm rally proud of you.
always,
colonaro

အဖြူရောင်နတ်သမီး said...

စာတွေဆက်လက်ရေးသားနိုင်ပါစေ..ကိုအောင်ရေ..

Have a very Happy Merry Christmas & Happy New Year....

San San Htun said...

ွCongratulations ကိုအောင်! မီလျှံနာမှ ဘီလျှံနာဆီသို့ 

မယ့်ကိုး said...

Congrats :)