Tuesday, 13 December 2011

ကြက်သမား


နိုင်တုန်းကတော့
ဖေ့သားကြီး ဖေ့သားကြီးနဲ့
တရွာလုံး ကြားအောင်
ကုန်ကုန်အော်ပြီး
ရှုံးတဲ့အခါလည်းရောက်ရော
တသက်လုံးချစ်ခဲ့သမျှ
ဆီပြန်ဟင်း တစ်ခွက်အဖြစ်
မြိန်ရည်ယှက်ရည် သုံးဆောင်တော်မူကြပါ  … ။ ။


-စစ်ငြိမ်းဒီရေ

9 comments:

ကိုဇော် said...

အပေါ်ပိုင်းက ထည်ခဲ့သမျှဗျာ . . .
အောက်တစ်ကြောင်းက ဟာ နေတယ် ကိုအောင်။
ပုံတော့ ပေါ်ပါရဲ့။ ဒါပေမဲ့ . .

san htun said...

ဟား..ဟား..မိုက်တယ်ဗျို့ 

မဒမ်ကိုး said...

မျက်လုံးထဲကွက်ခနဲမြင်မိပါရဲ့း)

ဘိုဖြူ said...

ကဗျာတိုတိုလေးနဲ့ အဓိပ္ပါယ်အပြည့်အ၀ရှိစေတယ်

jasmine(တောင်ကြီး) said...

ရိုးရိုးနဲ့ ရှင်းရှင်း
ထိထိမိမိ စာသားလေးတွေ

mstint said...

မှန်ပါ့ ကိုအောင်ရေ
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဒုတိယလူ said...

အမှန်ပဲဗျို့ ကြက်နိုင်ရင် ဘုန်းကြီးဆွမ်းကပ်မလို့
ကြက်ရှုံးတော့မကြွလာပါနဲ့အုံးလို့ ပြန်ရှောက်ခဲ့
ဘူးတဲ့ ကြက်သမား မျိုးလည်း အနော်တို့ရွာမှာ
ရှီခဲ့ဘူးသဗျ..း)
ခင်မင်လေးစားလျှက်
(ဒုတိယ)

Angelhlaing(May everybody be happy and healthy! said...

မိုက်တယ်အကို....:):)

ဟန်ကြည် said...

ရိုးရိုးလေးကို လှအောင်ရေးထားတာ သဘောကျတယ် ကိုအောင်ရေ...