(၇)၁၈၈၅ ခုနှစ် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အင်္ဂလိပ်တို့၏ ကိုလိုနီ
အဖြစ် ရောက်ရှိသွားသည့်အခါ လက်နက်ကိုင် တော်လှန်ရေးဖြင့်
အင်္ဂလိပ်တို့ကို ရှည်ကြာစွာ ဆန့်ကျင်ခဲ့သည့် ပြည်နယ်အဆင့်ရှိ
တိုင်းရင်းသား ?
အောက်ပါ အဖြေ(၃)ခုမှ အမှန်(၁)ခုကို ရွေးကြည့်ပါ ...
(က)ရှမ်း တိုင်းရင်းသား
(ခ)ချင်း တိုင်းရင်းသား
(ဂ)ကယား တိုင်းရင်းသား
(၈)၁၈၈၅ ခုနှစ် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အင်္ဂလိပ်တို့၏ ကိုလိုနီ
အဖြစ် ရောက်ရှိသွားသည့်အခါ မြန်မာတို့အပေါ် မုန်းတီးစိတ်ဖြင့်
အင်္ဂလိပ်တို့ကို လက်နက်ကိုင် တော်လှန်ရေး မဆင်နွှဲခဲ့သော
ပြည်နယ်အဆင့်ရှိ တိုင်းရင်းသား ?
အောက်ပါ အဖြေ(၃)ခုမှ အမှန်(၁)ခုကို ရွေးကြည့်ပါ ...
(က)မွန် တိုင်းရင်းသား
(ခ)ရခိုင် တိုင်းရင်းသား
(ဂ)ကချင် တိုင်းရင်းသား
(၉)အင်္ဂလိပ်လက်အောက်ခံ ကိုလိုနီခေတ် မြန်မာနိုင်ငံတွင်
ညီညွတ်ရေးအတွက် ပထမဆုံး ဖွဲ့စည်းခဲ့သော Y.M.B.A ခေါ်
ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး စတင် ထူထောင်သော
ခုနှစ် ?
အောက်ပါ အဖြေ(၃)ခုမှ အမှန်(၁)ခုကို ရွေးကြည့်ပါ ...
(က)၁၈၈၅ ခုနှစ်
(ခ)၁၉၀၈ ခုနှစ်
(ဂ)၁၉၁၇ ခုနှစ်
(၁၀)၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် လွှတ်တော်နေရာအများစုကို
ဒုတိယအများဆုံး အရွေးခံရသည့် နိုင်ငံရေးပါတီ ?
အောက်ပါ အဖြေ(၃)ခုမှ အမှန်(၁)ခုကို ရွေးကြည့်ပါ ...
(က)ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD)
(ခ)တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(NUP)
(ဂ)ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(ALD)
(၁၁)ရွှေတိဂုံစေတီ အနောက်မြောက်ထောင့် (စနေထောင့်)ရှိ
ပထမကျောင်းသားသပိတ် အထိမ်းအမှတ် ကျောက်တိုင်တွင်
ဖော်ပြထားသော သမိုင်းဝင် သပိတ်မှောက် ကော်လိပ် ကျောင်းသား
(၁၁)ဦး အမည်များရှိပါသည်၊ အမှတ်စဉ်(၉)၊ (၁၀)နှင့် (၁၁)တို့တွင်
ရှိသော အမည်များကို သိပါသလား ?
အောက်ပါ အဖြေ(၃)ခုမှ အမှန်(၁)ခုကို ရွေးကြည့်ပါ ...
(က)ကိုဘရှင်၊ကိုညီပိတ်၊ကိုဖိုးကွန်း
(ခ)ကိုအေး၊ကိုလှတင်၊ကိုဖေသိန်း
(ဂ)ကိုဘခင်၊ကိုအောင်ဒင်၊ကိုဘဦး
….`သမိုင်းပဟေဠိ အဖြေညှိ(၁)´တွင် ဖြေဆိုပေးခဲ့သော စာဖတ်သူ
အပေါင်းအား လေးစားစွာ ကျေးဇူးတင်ပါသည် ...
အဖြေများမှာ …
(၁)ဂဋ္ဌုန်ဦးစော
(၂)တို့ဗမာအစည်းအရုံး၏ ပထမဆုံး ဥက္ကဋ္ဌဖြစ်သူ
သခင်ဘသောင်းနှင့် NLD ၏ ပထမဆုံးဥက္ကဋ္ဌ ဦးအောင်ကြီး
(၃)ဗိုလ်ချုပ်အောင်ဆန်း၏ မော်တော်ကား
(၄)ရန်ကုန်တက္ကသိုလ် တ.က.သ အဆောက်အအုံဝန်း
(၅)အစ္စလာမ်ဘာသာဝင်၊ ဆဲဗန်း(7) ဇူလိုင် အရေးအခင်း
-စစ်ငြိမ်းဒီရေ
5 comments:
အဖြေ လာညှိသွားပါတယ်
This is called Democracy.
Looks like only few peoples know that U Kar is a Muslim. In fact, they use Burmese name to camouflage their real name. For example, U Win Nyein, Khant Sithu, writer Maung Thaw Ka, Bo Phyu and Cartoon Shwe Talay etc.. are Muslims and they have Muslim names but use Burmese name instead.
The essence of Democracy is to make everyone aware that what is happening in the country and make their own decision. In order to do that freedom of expression and information is necessary (In Myanmar, need for proper education is extra requirement).
Most of the villages in Burma, the children are denied even a proper basic education. Burma should put priority to education rather than democracy. This is my opinion
သမိုင်းပဟေဠိ အဖြေညှိရင်း ဗဟုသုတလေးတွေ ယူသွားတယ် ကိုအောင်ရေ။ ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အနော် တော့ သိဝူး
ပုံလေးက တော့ စပ်ဖြဲဖြဲ နဲ့.
အီ အီး ထွက် လို့ ယှက်ပြုံးပြုံးနေသလို ပဲ
.း) p
(ဒုတိယ)
Daw Aung San Su Kyi
Post a Comment