(၁)ဓါတ်ပုံထဲတွင် ကြိုးပေးခံရသူ၏ အမည်ကို သိပါသလား?
(၂)မြန်မာ့နိုင်ငံရေးသမိုင်းတွင် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ဖူး
သော ပုဂ္ဂိုလ်ကြီးနှစ်ဦးသည် ရွေးကောက်ပွဲတွင် ခွက်ခွက်လန်
အောင် ရှုံးနိမ့်ခဲ့ဖူးသည်၊ ပထမ ပုဂ္ဂိုလ်ကြီးမှာ ဒုတိယကမ္ဘာစစ်
မတိုင်ခင် သမိုင်းဝင် အဖွဲ့ကြီးတစ်ခု၏ ပထမဆုံး ဥက္ကဋ္ဌဖြစ်ပြီး
ဒုတိယ ပုဂ္ဂိုလ်ကြီးမှာ ၁၉၆၂ ခုနှစ် နောက်ပိုင်း လူသိများသော
နိုင်ငံရေး အဖွဲ့အစည်း တစ်ခုမှ ပထမဆုံး ဥက္ကဋ္ဌ တာဝန်ကို
ရယူဖူးသူဖြစ်သည်။
ယင်းတို့၏ အမည်ကို သိပါသလား ?
(၃)ယင်းမော်တော်ကား၏ ပိုင်ရှင်ကို သိပါသလား ?
(၄)ဤနေရာသည် မည်သည့်နေရာ ဖြစ်ပါသနည်း ?
(၅)ရန်ကုန်တက္ကသိုလ်၏ ပါမောက္ခချုပ် ဆရာကြီးဦးကာ
သည် မည်သည့်ဘာသာတရားကို ကိုးကွယ်ယုံကြည်သူ
ဖြစ်ပါသနည်း၊ ဆရာကြီးဦးကာ တာဝန်ယူစဉ် ထင်ရှားသော
သမိုင်းဝင် အဖြစ်အပျက်ကို သိပါသလား ?
-စစ်ငြိမ်းဒီရေ
My Crush .....(2)
1 day ago
7 comments:
ကျနော် သိပ်တော့ မသိပါ . . ဖြေကြည့်ချင်တာေ ကြာင့် ခန့်မှန်းပြီး ဖြေသွားပါမည် .
၁ ။ ဂဠုန်ဦးစော လို့ ထင်ပါသည်
၂ ။ ။ - -
၃ ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကားလို့ ထင်ပါသည်
၎ ။ ပုံက ဘေးပတ်ဝန်းကျင် သေသေချာချာ တိတိ ပပ မမြင်ရလို့ ခက်မှန်းရခက်ပါတယ် . . ကျနော့်စိတ်ထင် ချင်းချောင်းနန်းတော်လို့ ထင်ပါသည် ယခု အနုပညာဦးစီးဌာနက အနုပညာ ကျောင်းဖွင့်ထားတဲ့ နေရာလို့ ထင်ပါသည်
၅ ။ ။ - -
ခင်မင်စွာဖြင့်
ဗညားရှိန်
ဦးကာသည့် ဟိန္ဒူဘာသာဝင် ဖြင့်ပါတယ်
သမိုင်းဝင်ဖြင့်ရပ်ကတော့ ၇ ဇူလိုင် လို့ ထင်တယ်
သေချာတာကတော့ ကျောင်းသားတွေ ဦးကာ ကို အစိုရကပေးထားတဲ့ ကားကို မီးရိုးခဲ့ကြတယ်
(၂)သခင်ဘသောင်းနှင့် ဦးအောင်ကြီး
သမိုင်းချစ်သူ
ဦးကာ မြတ္ဆလင္အစၥလမ္ဘာသာဝင္ပါဗ် ဟိႏၵဴမဟုတ္ပါဘူး။
နံပါတ် ၄ ပုံက ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ခြံစည်းရိုးတဖက်ကနေ ရိုက်ထားတဲ့ပုံဖြစ်နိုင်ပါတယ်။ ကျောင်းသားသမဂ္ဂနေရာ မြေလွတ်ကိုရိုက်ထားတာ ဟုတ်မဟုတ်တော့ မသေချာပါ။
ရန်ကုန်တက္ကသိုလ်ထဲကနေရာတစ်နေရာလို့ ထင်ပါတယ်
နံပါတ် ၄ က ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ရဲ့ အုပ်ဂူပါ။
Post a Comment