Saturday, 19 November 2011

ကြုံရဆုံရ ဂျပန်ဝိညာဉ်လောက (ဇာတ်သိမ်း)

ယခင်အပိုင်းမှ အဆက် …...

ဒီမြို့လေးကို ကျွန်တော် ရောက်ဖြစ်လာတာကတော့ တိုကျိုမှာ
နေရတဲ့ မြို့ပြဘဝကို မွန်းကြပ်လာတာရယ်...
နောက်မထင်မှတ်ပဲ ယခင် ၈နှစ်ခန့် လုပ်ခဲ့တဲ့ အလုပ်ကို ငြီးငွေ့
လာတာရယ်ကြောင့် တရွာမပြောင်း သူကောင်းမဖြစ်ဆိုပြီး
ရွေးချယ်ခဲ့တာပေါ့..။ တနေ့ ရန်ကုန်ပြန်တော့မယ့် မိတ်ဆွေက
ဖုန်းဆက်လာပြီး အလုပ်တခုကို ဝင်လုပ်ပေးပါလားတဲ့ တစ်လ
ယန်း သောင်း(၃၀) ဒေါ်လာ (၃၀၀၀)ပေါ့..။


နယ်မှာတဲ့ နေစရာလည်း ပေးမယ် အလုပ်နဲ့လည်း နီးတဲ့အိမ်တဲ့
မြို့ပြငြီးငွေ့နေတဲ့ ကျွန်တော် အံကိုက်ပေါ့...။ တိုကျိုကနေ
၁- နာရီခွဲ နီးပါးလောက်ဆိုတော့ မဆိုးဘူးလေ..။
စဉ်းစားမနေတော့ပဲ ဆုံးဖြတ်လိုက်တယ်..။ လုပ်ရမယ့် အလုပ်မှာ
လည်း မြန်မာ ၃ …. ၄ယောက်ရှိတယ် ဆိုတော့ ပျင်းစရာ
မဟုတ်ပေါ့..။ နေရမယ့် အိမ်ကလည်း ကုမ္ပဏီသူဋ္ဌေးက ငှားပေး
ထားတာ ချက်ခြင်းတက်နေရုံတဲ့... ဘာပြောကောင်းမလဲ
ချက်ခြင်း တိုကျိုက အိမ်ပြန်အပ်ပြီး အင်မတန်ရင်းနှီးလှတဲ့ ဂျပန်
မိတ်ဆွေ တစ်ယောက်အကူအညီနဲ့ အိမ်ပြောင်းပေါ့..။

ဒီလိုနဲ့ မိတ်ဆွေ ဆီက လိပ်စာယူပြီး ကားတစီးစာ တော်ရုံသင်
ရုံထည့်ပြီး ပြောင်းပါလေရော..။ (စကားချပ်.. ဂျပန်မှာ အိမ်
ပြောင်းရတာ မလွယ်လေ ဆယ်စုနှစ် တခုကျော် နေလာခဲ့တဲ့
ပစ္စည်းတွေကို လွှင့်ပြစ်ရတာ ပစ်ခ ယန်း၅သောင်း (ဒေါ်လာ
၅၀၀ကျော်) ကျတယ်..။ တီဗီ၊ ရေထဲသေတ္တာ အလကားပေးလည်း
ဘယ်သူမှ မယူလေ) အသက်တမျှ ချစ်လှစွာသော laptop ကွန်ပြူ
တာက မပါမဖြစ်လေ။ ပြောရဦးမယ် အရင် စွဲစွဲမြဲမြဲ ရွတ်ဖတ်လာတဲ့
သံဗုဒ္ဓေဂါထာအစား ပဋ္ဌာန်းကို ညစဉ်ရွတ်ဖတ်၊ မနက်ဆို ပဋ္ဌာန်း
အခွေလေး ဖွင့်ပြီး အလုပ်သွားပေါ့.. ၁၉၉၉ကစပြီး ၄ ….. ၅နှစ်
လောက် မပြတ် လုပ်လာတာလေ..။

ဒီလိုနဲ့ အိမ်ပြောင်းတော့ မိတ်ဆွေဂျပန်ရဲ့ အကူအညီနဲ့ လိပ်စာ
အတိုင်း နေရမယ့် အဆောင်တိုက်ခန်းကို ရောက်လာပါလေ
ရော..။ ပတ်ဝန်းကျင်မှာကတော့ တောင်ကုန်းမြင့်လေးတွေ
ပေါ်ကအိမ်တွေလှ မလှ.. နောက် အိမ်ရဲ့အရှေ့ဘက်မှာ ရထား
လမ်းက ပြေးနေတယ်လေ..။ ငယ်ငယ်တည်းက ရထားလမ်း
နဲ့ နီးရာမှာ နေရစေသားလို့ ပြောရမလားပဲ..။ ဘေးမှာတော့
ဝါးရုံပင်တွေ အပြည့်နဲ့ တောင်ကုန်းပေါ်မှာ ဂျပန်ဘုရားကျောင်း
လေးပါပဲ...။ ၇- ထပ်လောက်ရှိမယ့် တိုက်ခန်းရဲ့ ကျယ်ပြန့်ပုံ
က ဆေးရုံတခုလို့ အလျားလိုက် တော်တော်လေးရှည်ပါတယ်။
ကားပါကင်မှာ ကားရပ်ပြီး ပစ္စည်းတွေချ.. တိုက်စောင့်
အဘိုးအိုကို အခန်းနံပါတ်ပြပြီး သွားသတင်းပို့ပေါ့။ တိုက်ခန်းရဲ့
မြေညီထပ်ကို ဝင်လိုက်တယ်ဆိုရင်ပဲ ဆေးရုံတခုရဲ့ အနံ့အသက်
တခုကို ခံစားလိုက်မိတယ်..။ ပါလာတဲ့ ဂျပန်မိတ်ဆွေလည်း
ထိုနည်းတူခံစားရတာပါ..။ အခန်းပေါင်း ၇၀လောက်ရှိမလားပဲ..။
သူက ' အောင်ရေ တို့ဆေးရုံများ ရောက်နေတာလားမသိ'
' အင်း ဟုတ်တယ်နော် ဟိုမှာလည်း လက်တွန်းလှည်းတွေ
ထားထားတယ် ဘာတွေမှန်းမသိ"

တိုက်စောင့် အဘိုးကြီးနဲ့ မိတ်ဆက်တော့ ဖော်ဖော်ရွေရွေပါပဲ
ဘယ်အခန်းလည်း မေးတော့ ၃၀၁ပါဆိုတော့..

တချက်မျက်နှာကွက်ကနဲ့ ဖြစ်သွားပြီး ချက်ချင်း ပြုံးပြုံး
ရွှင်ရွှင်နဲ့ ဒိုးဆို ဒိုးဆိုတဲ့ (ဆက်လုပ်ပါပေါ့) ဒါနဲ့ အခန်းရောက်တော့
အခန်းတခါးဖွင့်ထား တယ်လေ.. လွန်ခဲ့တဲ့ ၂ရက်လောက်က
ကြိုရောက်ပြီး အလုပ်ဝင်နေပြီဖြစ်တဲ့ အခန်းဖော် ၂ဦးကတော့
အလုပ်သွားနေကြလေရဲ့ ဒီမှာကတော့ သိတဲ့ အတိုင်း အခန်း
တံခါးဖွင့်ထားလဲ ပြသနာမရှိလေ..။ တိုကျိုမှာ နေရတဲ့ အခန်း
ထက် ကျယ်ပြီး သပ်ရပ်တဲ့ အိပ်န်း ၂ခုရှိတဲ့ အခန်းထဲမှာတော့
ကျွန်တော်နေရမယ့် အခန်းက သီးသန့်လေးပေါ့။ ပြတင်းပေါက်
ဖွင့်ကြည့် အရှေ့ဘက် ဝရန်တာ ဖွင့်ကြည့်တော့ အောက်
တည့်တည့်မှာ ရထားလမ်းလေ.. အခန်းအတွင်းအပြင်ကြည့်
အိပ်ယာလိပ်တွေချပြီး ထုံးစံအတိုင်း ကွန်ပြူတာ ပလပ်ထိုးပြီး
ပါဝါနှိပ်လိုက်တော့.. ထွက်လာတဲ့ သီချင်းသံက ဖိုးချိုရဲ့ သီချင်း
တပိုင်းတစ မဆီမဆိုင်ထွက်လာပါလေရော မနေ့ညက ကျွန်တော်
ဖွင့်ရပ်တန်းလန်း စက်ပိတ်ပြီးယူလာတဲ့ CD အခွေထဲက
"အဆောင်မှာ ခြောက်တဲ့ သူရဲကြီးရဲ့ ဂန္တဝင်မြောက်တဲ့ ချစ်မေတ္တာ"
တဲ့ အောင်မလေး တယောက်တည်းရှိနေချိန်ဆိုတော့ ကြက်သီး
တဖြန်းဖြန်းထသွားတာပေါ့..။
ချက်ခြင်းပိတ်လိုက်ပြီး ဘာလဟ... တခုခုတော့ တခုခုပဲလေ..။
နောက်မှ သတိယပြီး ခုမှပြောင်းတဲ့ အိမ်ဆိုတော့ ပဋ္ဌာန်းဖွင့်ဦးမှ
ဆိုပြီး ကြာနီကန်ဆရာတော်ရဲ့ ပဋ္ဌာန်းအခွေထည့်ပြီး ဖွင့်လိုက်
ပါတယ်...။ ကြာနီကန်ဆရာတော်ရဲ့ အနန္တဂုဏံ အရဟံဝန္တာမိ
သဗ္ဗတာဆိုတဲ့ တရားသံ ကြားရတဲ့ အချိန်မှာ ကျွန်တော့် စိတ်
နည်းနည်း ပေါ့သွားသလို ဖြစ်သွားပါတယ်..။

နောက်ပိုင်းမှာ ဒီအခန်းမှာ ဖြစ်ပေါ်လာမယ့် အခြေအနေတွေ
ဟာလည်း ဒီအခွေနဲ့ သက်ဆိုင်နေမလားပဲ...။ ပဋ္ဌာန်းရွတ်ရင်
မကောင်းဆိုးရွားတွေ မခံနိုင်၊ မနေနိုင်ဆိုတာနဲ့ ပတ်သက်ပြီး
တိုကျိုမှာ မိတ်ဆွေ အမျိုးသမီးသူငယ်ချင်း တဦးက သူ ပဋ္ဌာန်း
အမြဲရွတတ်ဖတ်ပူဇော်တဲ့ အတွက် တရက်မှာ လှေခါးပေါ်က
ပြုတ်ကျတယ်တဲ့။ နောက်နေ့ အိမ်မက်ထဲမှာ ဂျပန်အဘိုးကြီး
အဘွားကြီးလင်မယားနှစ်ယောက်က သူ့ကို လှေကားပေါ်ကနေ
ခါးထောက်ပြီး ကြည့်နေတယ်ဆိုပဲ။ အဲ့နေ့က စပြီးမရွတ်ရဲတော့
တဲ့ အဲ့တုန်းက ကျွန်တော်ပြန်ပြောလိုက်ပါတယ်.. မယုံမယုံ
မယုံဘူးလို့ မကောင်းဆိုးရွားတွေ မနေနိုင်တော့ ကောင်းတာ
ပေါ့လို့ ပြန်ပြောလိုက်သေး..။
သူက ကိုယ်ကံနိမ့်နေချိန်ဆို ပြန်ဒုက္ခပေးတတ်တယ်ဆိုလား..။

စကားမစပ် ပဋ္ဌာန်းရွတ်ဖတ်လို့ နတ်ကောင်းနတ်မြတ်တွေ
လာရောက်ပူဇော်တာကို ခံရတဲ့ နိုင်ငံတော် သံဃာ့ မဟာနာယက
အကျိုးတော်ဆောင်ချုပ် ဗန်းမော်ဆရာတော်ကြီး လွန်ခဲ့တဲ့
၂နှစ်ကျော်က တိုကျိုကိုလာရောက်စဉ် ဆရာတော်ကြီးကို
ကိုယ်တိုင်ကိုယ်ကျ မေးလျှောက်ခဲ့ဘူးပါတယ်..။ မန္တလေးမှာ
ဆရာတော်ကြီး နေစဉ်က သီလရှင်ကြီး တပါးက ဘုရားတွေ
တည်၊ ကျောင်းတွေဆောက်နေတာမြင်ရတော့ တနေ့ ဆရာတော်
ကြီးကို အဆိုပါ သီလရှင်ကြီး လာရောက်ဖူးမျှော်တော့ မေး မိသ
တဲ့။ ဆရာတော်ကြီးက အခုလို ဘုရားတွေတည် ကျောင်းတွေ
ဆောက်နေတာ ဘာတွေများ ရွတ်ဖတ်လို့ ဆောက်နိုင်တာလဲ
မေးတော့ အဆိုပါ သီလရှင်ကြီးက ပဋ္ဌာန်းရွတ်လို့ပါတဲ့..။
ဗန်းမော်ဆရာတော်ကြီးက ဟဲ့ငါလည်း ပဋ္ဌာန်းရွတ်တာပဲ ဘာမှ
မထူးခြားပါလားတဲ့ (ထိုစဉ်က မန္တလေးက ဗန်းမော်ကျောင်းဟာ
ကျောင်းအိုကြီးတခုပါ.. နောက်ပိုင်းဆရာတော်ကြီးကို တိပိဋက
ရေစကြိုဆရာတော်ရဲ့ တရားပွဲတခုမှာ သြဝါဒခံယူစဉ် ဗိုလ်ချုပ်
ခင်ညွန့်က သိရှိသွားပြီး.. ကျောင်းကိုပြန်လည်ပြုပြင်ပေးခဲ့ပါတယ်)
အရှင်ဘုရား ပဋ္ဌာန်းရွတ်တာ အင်္ဂါ၅ပါးနဲ့ ညီညွတ်ရပါတယ်
ဘုရားပေါ့..။ ဟဲ့ရှင်းပြစမ်းပါဦးဆိုတော့ ပဋ္ဌာန်းတရာတော်ကြီး
ဟာ အင်မတန် တန်ခိုးကြီးတဲ့အတွက် နာကြားချင်တဲ့နတ်မြတ်၊
နတ်ကောင်းတွေက ရွတ်ဆိုမယ့်နေရာ၊ ရွတ်ဆိုမယ့်သူတွေကို
အမြဲမျှော်လင့်နေတာတဲ့.. ဒါကြောင့် မရွတ်ဖတ်ခင် ပထမ
တစ်အချက် ကိုယ့်လက်အင်္ဂါ ဆေးကြောသုတ်သင်ရပါတယ်၊
အဝတ်အစားလည်း သန့်သန့်ရှင်းရှင်းဝတ်ရပါမယ်..။
ဒုတိယအချက်နေရာလည်း သန့်ရှင်းရပါတယ် နေရာလည်း
မှန်ရပါတယ်၊တတိယအချက် အချိန်မှန်ရပါတယ်၊ စတုတ္ထအချက်
နောက်ငါးပါးသီလခံယူရပါတယ်..။ ပဉ္စမအချက်က နတ်တွေ
ပင့်ဖိတ်ပြီး ဋ္ဌာန်ကရိုဏ်းကျကျ မနှေးလွန်း မမြန်လွန်းပဲ ရွတ်ဖတ်
ပူဇော်ရပါတယ်တဲ့ (ကျွန်တော် မှတ်မိသလောက်ပါ)။

အဲ့ဒီကတည်းက စပြီးဆရာတော်ကြီး ရွတ်ဖတ်သရဇာယ် ပူဇော်
ခဲ့တာ ထူးခြားမှုတွေတွေ့ရှိလာရပါတော့တယ်..။
ဆရာတော်ကြီးဟာ တိပိဋကဆရာတော်တွေအတွက် ပဋ္ဌာန်း
ကျမ်းကို စာချတဲ့အခါ.. စာသင်တဲ့ ဆရာတော်တွေ လူ့ပြည်မှာ
မရှိတဲ့ အင်မတန် မွှေးကြိုင်တဲ့ အနံ့အသက်တခုကို အမြဲရကြောင်း
တိပိဋက ဆရာတော်တပါးဖြစ်တဲ ဒေါက်တာဂန္ဓမာလလကာင်္ရ
ကိုယ်တိုင် မိန့်ကြားဘူးပါတယ်..။ ဗန်းမော်ဆရာတော်ကြီးကိုယ်တိုင်
လည်း အဲ့လိုရွတ်ဖတ်ရင်းက နေ့စဉ်ထူးဆန်းတဲ့ အမွှေးအကြိုင်တွေ
ရရှိနေတဲ့ အတွက် တနေ့တော့ ပဋ္ဌာန်ရွတ်ပြီး ဟဲ့အသင်တို့
အနံ့အသက်နဲ့ ရောက်ရှိကြောင်း ပြသလို့ငါသိရပြီ..။ ကိုယ်ထင်ရော
ပြနိုင် မလားဆိုတော့ မျက်နှာကျက်နေရာလောက်မှာ ရေခိုးရေငွေ့
တွေကျနေတဲ့ ပုံစံပေါ်လာပြီး နတ်သမီး၊ နတ်သား ၂ပါးကိုတွေ့မြင်
လိုက်ရတယ်လို့ ကျွန်တော်သေသေချာချာ မေးတဲ့အတွက်
ဆရာတော်ကြီးက ဖြေကြားပေးတာပါ..။ ဒီလိုပဲ ဆရာတော်ကြီးရဲ့
ဗန်းမော်ကျောင်းတိုက်ကို နာနာဘာဝတွေလည်း လာပြီး အမျှ
ယူကြကြောင်းနဲ့ အဲ့လို ပရလောကသား မကျွတ်မလွတ်သူတွေ
ရောက်လာချိန်မှာတော့ ကျောင်းတွင်းမှာ ခွေးအူသံတွေနဲ့ အပုပ်နံ့
ပေးပြီး ရောက်ရှိလာကြကြောင်း ဆရာတော်ကြီးမှ မေတ္တာရှေ့
ထားပြီး အမျှပေးဝေပေးလို့ ကျွတ်တမ်းဝင်သွားကြောင်း ပြောပြ
ပါတယ်..။ ယခုလက်ရှိ ဗန်းမော်ဆရာတော်ကြီး ဒေါက်တာ
ဘဒ္ဒန္တကုမာရာဘိဝံသဟာ အင်မတန်မှ ရိုးသားဖြူစင်ပြီး
အကျင့်သီလနဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးတစ်ပါးပါ။
http://www.dhammaransi.com/index.php?option=com_content&view=article&id=258&Itemid=78
ကျွန်တော်လို ပရလောကသားတွေ စိတ်ဝင်စားတဲ့ သူအတွက်
လယ်တီကျောင်းတိုက်က ခွေးနက်ကြီးတွေ အကြောင်းပြောပြ
သွားတာလည်း အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်..။
မြေဇင်းတောရမှာ တနှစ်တရားအားထုတ်ပြီး ဆရာတော်ကြီးဟာ
အဖြူရောင်အလင်းတန်းနဲ့ နတ်ပြည်က စူဋာမဏိစေတီကို
ဖူးမျှော်ခွင့်ရကြောင်း ပြောပြခဲ့တာလည်း အင်မတန် စိတ်ဝင်စားဖို
့ကောင်းတာပါ..။ လွန်ခဲ့တဲ့ ၆နှစ်က ပဋ္ဌာန်းနဲ့ ပတ်သက်ပြီး ကြုံခဲ့
ရတာဟာ ဆရာတော်ကြီး ကြွလာတဲ့ ပြီးခဲ့တဲ့ ၂နှစ်ကမှ ပဋ္ဌာန်း
မရွတ်ခင် မေတ္တာသုတ် အရင်ရွတ်ဖတ်ပူဇော်သင့်ကြောင်း သိခဲ့
ရတာပါ..။ စာက လိုရင်းမရောက်တာ ခွင့်လွှတ်ပါဗျာ..

ဆက်ကြရအောင် အတူနေရတဲ့ မိတ်ဆွေ၂ဦးက တစ်ခန်း၊
ကျွန်တော်က တစ်ခန်းပေါ..။ ဂျပန်အခန်းတွေကို တစ်ခုနဲ့ တစ်ခု
ကာထားတာ စက္ကူသစ်သား တံခါးချပ်တွေလေ..။ အလုပ်ကလည်း
အိမ်နဲ့ မနီးမဝေးဆိုတော့ နားချိန် တနာရီခွဲလောက်ရတဲ့ အချိန်မှာ
အိမ်ပြန်နားနေကြပေါ့...။ အလုပ်ထဲမှာတော့ တိုကျိုနဲ့ ကျွန်တော်
တို့ မြို့ကြားမှာ နေတဲ့ မြန်မာလူမျိုး ကိုစံကျော်ဆိုသူလည်း
အဆောင်မှာ မနေပေမယ့် သူနေတဲ့ အိမ်ကနေ ၄၅မိနစ်လောက်
ရထားစီးပြီး လာဆင်းလေရဲ့..။ သူလည်းနားချိန်ဆို ကျွန်တော်တို့
အခန်းမှာ လာနားနေကြလေ။ ကျွန်တော်လည်း တခါတခါ အဆင်
ပြေရင်ပြေသလို ဥပုဒ်စောင့် တရားထိုင်ပေါ့။ ပဋ္ဌာန်းကိုတော့ ယုံယုံ
ကြည်ကြည် မပြတ်မကွက် ရွတ်ဖတ်ပေါ့..။ အဲ့လိုနဲ့ ကျွန်တော်လည်း
ကိုယ်နေရမယ့် အခန်းမှာ ဘုရားစဉ်လေးထား အလုပ်မသွားခင်
ပဋ္ဌာန်းအကျယ်ရွတ်ဖတ်။ နောက်အိမ်က ထွက်ခါနီး ပဋ္ဌာန်းအခွေ
ကို CD ထဲထည့်ပြီး ဖွင့်ပြီးသွားနဲ့ ပုံမှန်လို လုပ်နေကြလေ။ ဒီလိုနဲ့
နေလာခဲ့ပြီး နွေရာသီတရက်မှာတော့ ကျွန်တော် နားရက်မှာ ဥပုဒ်
စောင့်၊ တရားထိုင်၊ ခေါင်းရင်း ဝရန်တာဘက်က ပြတင်းတံခါးဖွင့်ပြီး
မှေးကနည်း တချက် အိပ်ပျော်သွားသလို ရှိခိုက်မှာတော့ နားနား
ကပ်ပြီး အော်လိုက်သလို အင်မတန်မှ ကျယ်လောင်တဲ့ ဟားဟား၊ဟား
…. ဆိုပြီး မထေမဲ့မြင် အော်ရီလိုက်တဲ့ အသံကို ကြားလိုက်ရပြီး
လန့်ဖြတ်နိုး ပြတင်းပေါက်က ကြည့်လိုက်တော့ အသံဟာ
အောက်ဖက်ကို ဝင်ရောက်ပျောက်ကွယ်သွားသလို ထင်လိုက်ရပါ
တယ်။ ချွေးစီးတွေပြန် အိပ်မက်လည်းမဟုတ် ဆိုတော့ ကြက်သီး
မွှေးငြင်းတွေထပေါ့..။ ပတ်ဝန်းကျင်ကလည်း ညီအကို မသိတသိ
အချိန် တောင်ကုန်း ဂျပန်ဘုန်းကြီးကျောင်းပေါ်က ဝါးရုံပင်တွေ
ကလည်း စိတ်ချောက်ခြားစရာ..။ ဒီအဖြစ်အပျက်ဖြစ်ပြီး နောက်
တစ်လ အကြာ ကျွန်တော့်တသက်မှာ တခါမှ မဖြစ်ဘူးတဲ့ ဆေးရုံ
ကား ခေါ်ပြီး ဆေးရုံ ရောက်သွားရတဲ့ အဖြစ်ပါ..။

တစ်ရက် အလုပ်ကစောပြီးလို့ အိမ်ကို ကျွန်တော်တယောက်တည်း
အစောကြီး ပြန်ရောက်လို့ အိမ်ခန်းထဲဝင်ပြီး မီးဖိုချောင်ထဲ ပြန်ထွက်
လာချိန်မှာတော့ အေးခနဲ တချက်အထိအတွေ့ ခံစားလိုက်ရပြီး
ရုတ်တရက် ဗိုက်ကို တစုံတဦးက ဆွဲညစ်ထားသလို ခံလိုက်ရတော့
တာပါပဲ..။ ထိုင်မယ်လုပ်လိုက် နာလိုက်၊ ထပြန်တော့လည်းနာနဲ့
ကုလားထိုင်ပေါ်မှာ ခါးကုန်းပြီး ဝေဒနာကို မချိမဆန့် ခံစားနေရ
တော့တာပါပဲ..။ အတူနေသူတွေ ဖုန်းဆက်ပြီး သူတို့ ပြန်ရောက်
လာတဲ့ အထိရောဂါက မသက်သာ အသက်ရှုရတာ အောင့်သထက်
အောင့်လာပြီး နေလို့ မရတော့တဲ့ အချိန်မှာ ဆေးရုံကားခေါ်ရတော့
တာပါပဲ..။ ဒီအချိန်မှာ ကျွန်တော် ရသမျှာသံဗုဒ္ဓေနဲ့ ပဋ္ဌာန်းကို စိတ်ထဲ
က ရွတ်ဖတ်နေမိပေမယ့် အောင့်လွန်းတဲ့ ဝေဒနာကြောင့် စည်းဝါး
မကိုက် စိတ်ကရတလှည့် မရတလှည့်ပေါ့။ ဆေးရုံကား မြည်သံ
ပီးပေါ်ပီးပေါ်ဆိုတဲ့ အသံအိမ်နဲ့ နီးလာတဲ့ အချိန်မှာတော့ ထူးဆန်း
စွာနဲ့ ဝေဒနာ ကြက်ပျောက် ငှက်ပျောက်ပျောက်ပြီး ဘယ်က နာမှန်း
မသိရတော့ပါဘူး။ ထမ်းဆင်တွေနဲ့ ဆေးဝန်ထမ်းတွေ တက်လာ
တဲ့ အခါမှာတော့ ကျွန်တော် ဓာတ်လှေကားကို ကိုယ်တိုင်လမ်း
လျှောက်သွားနိုင်ပြီလေ..။ ကားပေါ်ရောက်လို့ သူတို့မေးတဲ့ အချိန်
မှာ ဘယ်ကနာမှန်း ကျွန်တော်ရှာဖွေလို့ မရတော့ပါဘူး.. ဒီလိုနဲ့
ဆေးရုံရောက် တာဝန်ကျ ဂျပန်ဆရာဝန်၂ဦးက မီးမောင်းတွေ ဆင်
ထားတဲ့ ကုတင်ပေါ်အိပ်ချုင်းပြီး စမ်းသပ်ချိန်မှာ ကျွန်တော်ရောဂါ
ဘာဝေဒနမှ မရှိတော့လေ။ နောက်တော့ အားဆေးတလုံးသွင်းပြီး
့ပြန်လွှတ်လိုက်လေရဲ့..။ ကျွန်တော်လည်း မခံချိမခံသာ ပြန်လာရ
တာလေ၊ ဂျပန်မှာ Ambulance ခေါ်ရင်အလကားဆိုတော့ တမင်
လုပ်တယ်များ ထင်နေသလားမသိလေ..။ အဖြစ်အပျက်တွေက
ဆက်တိုက်ဆိုသလို ဖြစ်လာတော့တာပါပဲ..။

တစ်ရက်ကျွန်တော် နေဝင်ဆည်းဆာအချိန် အလုပ်သွားတဲ့လမ်းမှာ
ကျီးကန်းတကောင် ဘာမှန်းမသိတာကို ချီလာတာ ခေါက်ဆွဲ
ခြောက်များလားပေါ့။ (ဂျပန်က ကျီးကန်းတွေက အင်မတန်ကြီး
တာလေ.. သိမ်းငှက် အကြီးစားလောက်ရှိမလားပဲ) ကျွန်တော့်ရှေ့
မှာ ၆- ပေလောက် အလိုမှာ အဲ့ဒီခေါက်ဆွဲခြောက်ကို ချပြီးပြန်သွား
လို့ သွားကြည့်တော့ အမလေး ဂျပန်မှာ ပထမဦးဆုံးမြင်ဘူးတဲ့ တစ်ပေ
လောက် အရှည်ရှိတဲ့ မြွှေဗျို့၊ ကျွန်တော်လည်း တချိုးတည်း သုတ်ချေ
တင်တော့တာပါပဲ ထူးဆန်းချက်လေ။ (ပဋ္ဌာန်းရွတ်လို့ အဆိုပါ
အဖြစ်အပျက်တွေနဲ့ အတူ မထင်မှတ်တဲ့ နေရာတွေက ငွေတွေဝင်၊
ဥပမာ ထီတွေပေါက် လမ်းသွားတုန်း လေတိုက်လို့ မျက်နှာကို လာ
ရိုက်တာ ဘာလဲကြည့်တော့ ငွေစက္ကူ စတာတွေ အစုံပါပဲ) ထို့အတူ
တစ်ရက် ကြားမြို့ကနေ အလုပ်လာဆင်းတဲ့ ကိုစံကျော် အလုပ်နား
ချိန် ကျွန်တော်တို့ အခန်းပြန်နားလေရော..။ တနာရီလောက်အကြာ
မှာ အူယားဖားယား ချွေးသီး၊ ချွေးပေါက်တွေနဲ့ ပြန်ပြေးလာပါလေရော၊
စကားတောင် ပြန်မပြောနိုင် ဘာဖြစ်လာတာလည်း မေးတော့
အောင်ရေ ဒီနေ့ကစပြီး ငါမင်းတို့ အခန်းမှာ ပြန်အနားမယူပါရစေ
နဲ့တော့ကွာ ဆိုပြီးအထစ်ထစ် အငေါ့ငေါ့ဆိုပါလေရော.. ။ မေးတော့
မှ ငါလည်း အရက်မသောက် သက်သက်လွတ်စားတဲ့ တရားသမား
ပါကွာ ခုနမင်းတို့ အခန်းမှာ ခဏနားဖို့ ပြန်သွားပြီး ဒီဘက်အခန်း
မှာ (မိတ်ဆွေ အခန်းဖော်၂ဦး နေတဲ့ အခန်း)မှာ ပက်လက်လှန်
လဲနေတုန်း တချက်အိပ်ပျော်သွားပြီး ဗြုန်းဆို ငါခြေထောက်လေး
ပါတယ် ဆိုပြီး သတိထားမိတော့ လူတယောက် ငါခြေထောက်ပေါ်
တက်ထိုင်နေတာ အောင်ရေ ငါရုန်းလေ ထမရလေ နောက်ဆုံး
ဘုရားစာရွတ်တော့ ပျောက်သွားတယ်..။ ပြီးတော့ မင်းအခန်းဘက်
ဝင်သွားတာ တွေ့လိုက်တယ်ကွာ မယုံမရှိနဲ့ အမျိုးသားတစ်ဦးကွ၊
ငါလည်း ကြောက်ကြောက်လှန့်လှန့်နဲ့ ပြန်ပြေးလာတာ တံခါး
တောင် မပိတ်ခဲ့မိဘူး..။ သူပြောတာနဲ့တင် ကျွန်တော် ခေါင်းနပန်း
ကြီးနေပြီ အဖြစ်အပျက်တွေကလည်း ဆက်တိုက် စဉ်းစားစရာပေါ့။
အလုပ်က အပြန် အတူနေအခန်းဖော်တွေ ပြောပြတော့ မကြုံဘူး
လို့ ရယ်နေတယ်လေ..။ မကြာခင်မှာပဲ ရီနေတဲ့သူထဲက
ကိုအောင်မြင့်ဆိုတဲ့ အတူနေသူ ခံရပါလေရော..။

ကိုအောင်မြင့်က တခါတလေ နားရက်မှာ တိုကျိုတက်သလို
တခါတလေတော့ အိမ်မှာပဲ နေပြီး ဘီယာသောက်ပြီး သူကြိုက်တဲ့
စာအုပ်တွေဖတ်ပြီး ပျော်နေသူလေ..။ ကိုစံကျော်တုန်းက ရီခဲ့သူ
သူ့အလှည့်မှာတော့ မရီနိုင်တော့ဘူးလေ..။ တရက်ကျွန်တော်နဲ့
အခြားအခန်းဖော် တဦး အလုပ်က အတူပြန်လာတော့ အခန်းရှေ့
မှာ တခါးကြီးဖွင့် မီးတွေ အကန်ုဖွင့်ထားပြီး သီချင်းသံလည်း
အကျယ်ကြီးကြားနေရလေရဲ့ ..။ အထဲရောက်လို့
ဟဘာဖြစ်တာလဲဗျ အခန်းကလည်း သီတင်းကျွတ် မီးထွန်းပွဲများ
မှတ်နေသလားဆိုပြီး ပြောဆိုဝင်သွားတော့ ကိုအောင်မြင့် အဝတ်
အစားအသစ်တွေနဲ့ ငါမင်းတို့ကို စောင့်နေတာ မလာရင် အပြင်ဒိုး
တော့ မလို့ကွဆိုပြီး မျက်နှာကဆီးစေ့လောက်နဲ့လေ..။ ငါယုံပြီကွာ
ယုံပြီကွာ ကိုစံကျော်နဲ့ မင်းတို့ထင်နေတာတွေ အဟုတ်ကွ..။
ငါ တယောက်တည်း ဘီယာသောက် စာအုပ်ဖတ်နေရင်း မင်းအခန်း
ထဲက ဆူဆူညံညံ အသံတွေကြားတော့ မင်းအလုပ်သွားရင် တီဗီများ
ဖွင့်ခဲ့လေသလားဆိုပြီး တံခါးဖွင့်ကြည့်လိုက်တာ ဘာတီဗီမှ ဖွင့်မထားပဲ၊
အသံတွေလည်း ပျောက်သွားလို့ အမူးပြေပြီး အခန်းတွေအားလုံး မီး
ဖွင့်ပြီး တံခါးပါ ဖွင့်ထားတာ တခုခုဖြစ်ရင် ပြေးမလို့လေ..။ ငါသရဲ
တော့ ကြောက်တယ်ကွာ လူကမြင်ရတယ် ကြောက်စရာမလိုဘူးကွ၊
ငါတို့တခုခုလုပ်မှ ဖြစ်တော့မယ်။ သူဋ္ဌေးကို အကြောင်းကြားတန်
ကြားပြီး ဘုန်းကြီးပင့်ကြမလား။ ဘုန်ကြီးပင့်ရအောင်လည်း နေရာ
ကဝေးတော့ မဖြစ်သေးဘူးထင်တယ်။ ကျွန်တော်လည်း အခက်
တွေ့နေပြီလေ.. ဘာလုပ်ရမှန်းမသိ.. ဒါနဲ့ဗျာ ကျွန်တော်တို့
တလောက Lobbyထဲမှာ ကြိုက်တာယူလို့ ရတယ်ဆိုပြီး အခန်း
တွေက လာထားတဲ့ ပစ္စည်းတွေထဲက စိတ်မသန့်တဲ့ ပစ္စည်းတွေ
ရှိရင် ရှာပြီး လွှင့်ပစ်ရအောင်ဆိုပြီး ကိုထင်တဲ့ ပစ္စည်းတွေ လွှင့်ပစ်
ကြတာပေါ့ဗျာ။ လွှင့်ပစ်တာပဲ အဖတ်တင်ပြီး နောက်တပတ်မှာ
ထပ်ကြုံတာကတော့ ကျွန်တော်ပါပဲ။

၁- လလောက် အခြေအနေက ဘာမှ ထူးခြားမလာတော့ ငါတို
့ပစ်လိုက်တဲ့ ပစ္စည်းတွေထဲမှာ စွဲနေတာ ပါသွားလို့ ပစ်သွားပြီ
ဆိုပြီး မှတ်နေကြတော့ပေါ့..။ တစ်ရက် ကိုအောင်မြင့် အလုပ်
နားရက် တိုကျိုတက်ဖို့တဲ့ မှာစရာရှိတာမှာဆိုပြီး မနက် အလုပ်
ကို လာနှုတ်ဆက်လို့ မှာစရာရှိတာ မှာပြီး ကျွန်တော်လည်း
နားချိန်ရောက်တော့ အိမ်ခဏပြန်ပြီး ကိုယ့်အခန်းထဲမှာ နားနေ
တုန်း အိပ်မပျော့်တပျော်မှာ မိန်းတံခါးကြီး ဖွင့်သံကိုကြားလိုက်
ရတယ်။ ကိုအောင်မြင့် တိုကျိုက ပြန်လာတာ စောလှချည်လား
ပေါ့... အခန်းထဲမှာလှဲရင်း နားထောင်နေတုန်း တရှပ်ရှပ်နဲ့ သူတို့
အခန်းထဲကို ဖြတ်လျှောက်သွားတဲ့ ခြေသံနဲ့အတူ နောက် လိုက်ကာ
ကို ဆွဲဖွင့်ပြီး အပြင်က လျှောတခါးကို တခါပြန်ဖွင့်ပြီး ဝရန်တာ
မှာရှိတဲ့ အဝတ်လျှော်စက်ထဲက အဝတ်တွေ ထုတ်လှမ်းသံ အတိုင်း
သားကြားနေရတယ်။ ပြီးပြန်ဝင်လာ လျှောတခါးပိတ် လိုက်ကာ
ဆွဲပြီး ပြန်ထွက်သွားလေရဲ့..။ ကျွန်တော်လည်း ခဏနေတော့
မသကာင်္တာနဲ့ ထပြီးသူတို့ အခန်းကို ဖွင့်ကြည့်တာ ဘာမှမရှိ..
ဒါနဲ့တဆင့် ဝရန်တာကို သွားကြည့်လိုက်တော့ အဝတ်တန်းမှာ
ဘာမှ မရှိတဲ့ အပြင်စက်ထဲမှာလည်း ဘာအဝတ်မှ မရှိလေ..။
ခေါင်းနပန်းတွေကြီး အလုပ်ထဲကို ဘယ်ပုံဘယ်နည်း ပြန်ရောက်
လာမှန်းမသိတော့..။ ကိုစံကျော်ကိုလည်း သူကြောက်မှာစိုးလို့ ဘာမှ
ပြန်မပြောပဲ ကတုန်ကယင်နဲ့ အလုပ်တွေ လုပ်နေမိတယ်ဗျာ။
ညဘက် အလုပ်ပြန်ခါနီး ကိုအောင်မြင့်ပြန်လာတော့ မှာလိုက်တဲ့
ပစ္စည်းတွေနဲ့ တခါတည်း ကျွန်တော်လည်း ညပိုင်းလောက်တုန်းက
အိမ်ပြန်လာသေးလားဗျမေးတော့ မင်းကလာနောက်နေပြန်ပြီး
ပြန်လာစရာလားကွ.. အခုတောင် မူးပြီးဘူတာကျော်
အိပ်ပျော်သွားလို့ မနည်းအချိန်မှီအောင် ပြန်လှည့်လာရတာ..။
သေချာပါပြီ တိုကျို ၂နာရီခရီးလောက် သွားသူက ညနေပိုင်း ခဏ
လေးအတွင်း ပြန်ရောက်ဖို့ မဖြစ်နိုင်လေ...။

ဒီလိုနဲ့ မကြာခင်မှာပဲ မထင်မှတ်တဲ့ အဖြစ်အပျက်တွေနဲ့ အဆင်
ပြေနေတဲ့ အလုပ်လည်း တခြားနေရာက အလုပ်ခွဲတွေက ပြသနာ
လေးတွေကြောင့် ကျွန်တော်တို့ အလုပ်လည်း ပိတ်ရတော့မယ့်
အခြေအနေကို ရောက်လာတယ်လေ..။ အိမ်ပြန်အပ်ပြီး ကျွန်တော်
တို့ နောက်တနေရာက အလုပ်ကို ပြောင်းဖို့ ပြင်ဆင်ရပါတော့တယ်။
အတူနေသူ အခန်းဖော် ၃ဦး ခွဲရပြီပေါ့။ ဆိုးထဲက အကောင်းလို့ပဲ
ဆိုမလား ဒီအိမ်ခန်းမှာ ဖြစ်နေတာတွေကို မပြောင်းခင် သူဋ္ဌေးကို
အသိပေးပြီးပြီလေ..။ တရက် အလုပ်နဲ့အိမ် အိမ်နဲ့ အလုပ်သာ
ပြေးလွှားနေရပြီး ပတ်ဝန်းကျင်ကို သတိမမူမိတဲ့ ကျွန်တော်
အိမ်ပြောင်းခါနီးမှ ဆေးရုံဆန်ဆန် အဆိုပါ တိုက်ခန်းကြီးကို
အဘက်ဘက်က လေ့လာကြည့်ရှုမိပါတော့တယ်..။ တစ်ရက်
မျက်နှားချင်းဆိုင် ရထားလမ်းဘက်ကနေ ကျွန်တော်တို့ နေတဲ့
အိမ်ခန်းအနေအထားကို သွားကြည့်ရှုမိရာမှာတော့ ကျွန်တော်တို့
နေတဲ့ ထောင့်စွန်းခန်းရဲ့ အောက်တည့်တည့် အခန်းကို သတိထား
ကြည့်မိလိုက်တော့ အားပါး လိုက်ကာ မရှိဘာမရှိနဲ့ အောက်
တည့်တည့်အခန်းဟာ တခါးဘောင်တွေ ဘာတွေတောင် သံချေး
တက်နေတဲ့ လူသူမရှိတဲ့ အခန်းကြီးပါလား..။ မဲညစ်နေတဲ့ အရောင်နဲ့
မှောင်မည်းနေတဲ့ လူမနေတဲ့ အခန်းကြီးလေ.. ထပ်သေချာ
အောင် ဘေးက သွားကြည့်တော့လည်း ဒီတခန်းထဲ လူမနေပဲ
သံချေးတွေ တက်နေတာလေ...။ ဒါနဲ့ အောက်မှာ သန့်ရှင်းရေး
လုပ်တဲ့ တိုက်စောင့် အဘိုးကြီးကို မေးကြည့်တော့ ကျွန်တော်
အခန်းပြောင်းလာကာစ ကလို မျက်နှာတချက်ပျက်ပြီး ဟုတ်တယ်
လောလောဆယ်တော့ လူမနေဘူးလေတဲ့..။ ကျွန်တော် သဘော
ပေါက်လိုက်ပါပြီ ကျွန်တော်တို့ နေတဲ့ အခန်းဟာ အပေါ်တည့်တည့်
မှာ ရောက်နေတဲ့ အတွက်အောက်အခန်းက တုန့်ပြန်မှုတွေပေါ့။
ကျွန်တော်တို့ နိုင်ငံခြားသားတွေ မို့လို့ တမင်ငှားလိုက်လေသလား။
နောက်သူတို့ မနေနိုင်အောင် ဖြစ်ရတာလည်း တရားသံတွေကြောင့်
လားပါပဲ..။ ဒါပေမယ့် နောက်တပတ်မှာ ပြောင်းရတော့မှာလေ..။
လာစေ့ဆော်လိုက်လေသလားပဲ..။

ဒီလိုနဲ့ တယောက်တကွဲစီ တိုကျိုပြန်ဆင်းမယ့်သူ ပြန်ဆင်း
အထက်ဆန်တက်မယ့်သူ ဆန်ပေါ့..။ ဂျပန်ထုံးစံ အိမ်ပြန်မအပ်ခင်
အိမ်ကို သန့်ရှင်းရေးလုပ်ပြီး ပြန်အပ်ရမှာလေ...။ ထုံစံအတိုင်း
အိမ်သန့်ရှင်းရေးတွေလုပ် ပစ္စည်းတွေ ပြောင်းရွှေ့အပြီး တစ်ယောက်
နဲ့ တစ်ယောက်မတွေ့ရတော့ဘဲ နောက်ဆုံးတခေါက် အိမ်မှာ
ပစ္စည်းအကြွင်းအကျန်ရှိမရှိ ပြန်စစ်ဆေးဖို့ တဦးတည်း ကျွန်တော်
ရောက်ခဲ့တဲ့ နောက်ဆုံးညမှာပေါ့..။ အခန်တံခါးဖွင့် မီးတွေအကုန်ဖွင့်
အခန်းကို စစ်ဆေးတော့ မီးဖိုချောင်မှာ ကိုယ်လုံးပေါ်မှန်ကြီး ကျန်
နေတယ်လို့ ပြန်သယ်ဖို့ကလည်း အခက်ပေါ့..။ ကျွန်တော့်အခန်းထဲ
မှာ ပစ္စည်းကျန်မကျန်စစ်ပြီး မီးဖိုချောင်က ကိုယ်လုံးပေါ်မှန်ကို မီးရောင်
အောက်မှာ အမှတ်တမဲ့ ကြည့်မိလိုက်တဲ့ အချိန်မှာတော့....။
တုန်ရီနေတဲ့ စိတ်ကိုယ်ပြန်ထိန်းပြီး သတိယလို့ ပြန်ဆန်းစစ်လိုက်တော့
တိုကျိုသွားမယ့် ရထားပလက်ဖောင်းပေါ်မှာ ဆောင်းအဝင်
လေအေးအေးကို ကျွန်တော်ရှုရှိုက်ရင်း ငြီးတွားမိတဲ့ သီချင်းတပုဒ်
ကတော့ စိုးလွင်လွင်ရဲ့ " 'ဒီလမ်းထဲကို နောက်တခါ ဘယ်တော့မှ
မလာတော့ဘူး ဒီအိမ်ဘက်ကို နောက်တခါ ဘယ်တော့မှ မလှည့်တော့
ဘူးဆိုတဲ့" သီချင်းစာသားလေးပါ.. လက်ထဲမှာတော့ အခန်းသော့ချည်း
ပါလာလေရဲ့။ အခုထက်ထိတော့ အမှတ်တရ သိမ်းထားပါသေးတယ်။
ဒါပါပဲ ကိုယ်တိုင်ကြုံရ ဆုံရ ဂျပန်ဝိဥာဉ်လောကပါပဲ။ တခြားမိတ်ဆွေ
များရဲ့ ကိုယ်တွေ့ဇာတ်လမ်းများလည်း ဖတ်ချင်ရင်တော့ ထပ်ရေးသား
ပါဦးမယ်။

ဒါနဲ့ဗျာ ကျွန်တော်မှန်ထဲမှာ မြင်လိုက်ရတာ ဘာလို့ စာဖတ်ပရိသတ်တွေ
ထင်မလဲဆိုတာလေးပါ ….

(နောက်ဆုံး ကျွန်တော်မှန်ထဲမှာ မြင်လိုက်ရတာကတော့ တကယ့်
စိတ်ချောက်ခြားစရာ ကျွန်တော်ကြည့်ခဲ့တဲ့ အောက်ထပ်က လူမရှိ
တဲ့ အခန်းလာမြင်နေရပြီး အမှတ်တမဲ့ မြင်လိုက်ရတာကတော့
အဲဒီအခန်းနဲ့ အသက်ခပ်ကြီးကြီး အမျိုးသားတစ်ယောက်ပုံပါပဲဗျာ။
အောက်ထပ်ကအခန်း မှန်မှာလာပေါ်နေတဲ့ လုံးဝမဖြစ်နိုင်တဲ့ မြင်ကွင်း
ပေါ့၊ ကိုယ်လုံးပေါ်မှန်ကတော့ အခန်းထဲမှာ ကျန်ခဲ့လေရဲ့။)

-ဂျပန်နိုင်ငံရောက်မြန်မာတစ်ဦး

6 comments:

နေ၀သန် said...

း).. ပြောရရင်တော့ ကျောချမ်းသဗျ... :P

ခင်မင်လျက်
နေ၀သန်

Anonymous said...

သမာဓိရှိ ပဌာန်းကို စည်းစံနစ်ရွတ်တဲ့သူတောင် ခံရတယ် ဆိုတော့ ကြောက်တောင် ကြောက်လာတယ်။
အမျှဝေလို့ ရော မရခဲ့ဘူးလား

ဒါပေမဲ့ စိတ်ထဲ မကျေနပ်တာ တခုရှိတယ်။ အဲဒီ ၀ိညာဉ်တွေ အနေနဲ့  လူတွေလိုက်ခြောက်နေမဲ့ အစား သိပံ့ပညာတွေ ဂြိုလ်သားတွေ ရှာဖွေရေးတွေမှာ ၀င်ပါပေး ကူညီပေး ဖို့ ကောင်းတယ်
ဆောင်း

sosegado said...

ဖတ်သွားပါတယ်၊ ပုံကပိုစိတ်ဝင်စားစေတယ်၊ ဂျပန်ကကျီးကန်းတွေ ပိုကြီးကြောင်း သတိမထားမိဘူး၊ ရောက်ရင်ကြည့်ဦးမှ၊

မြသွေးနီ said...

အလုပ်များရတဲ့အထဲ တထိတ်ထိတ်နဲ့ ဖတ်မိသွားတယ်..။ :)

8Yar said...

အောင်မလေးလေး ကြောက်စရာကြီး ကြက်သီးတောင်ထသွားတယ်။ ဒါပေမယ့် ဖတ်ချင်သေးတယ် အစ်ကိုရေ။

ဒုတိယလူ said...

အနော်က တော့ သရဲမကြောက်တက်သလိုပဲ အကိုကြီးရ
ရွာမှာနေတုန်းက သရဲ ကိုခေါ်ပြီးဖဲရိုက်ခဲ့ဘူးတယ်
ဟုတ်မဟုတ်တော့မသိဘူး အဲညက ကျွန်တော် တော်တော်
လေး ခိုင် ခဲ့တာ..ဟီးး. နောက်မှ အဲ့ဒီအကြောင်းလေး
ဘလော့ တစ်ဗုဒ်လောက် ထုအုံးမယ်..
(ဒုတိယ)
.