သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးပြီး အပျက်အစီး အဆုံးအရှုံး
များလှတဲ့ ပခုက္ကူ၊ ဆင်ဖြူကျွန်းနဲ့ ဆိပ်ဖြူ ဒေသတဝိုက်က အမှန်တကယ်
အကူအညီလိုနေတဲ့ နေရာတွေအတွက် အလှူလေးတခုလုပ်ကြဖို့ကို
မျက်နှာစာအုပ်ပေါ်မှာရှိတဲ့ ဘလော့ဂါများ စကားဝိုင်း (AaB) မှာ စကား
ပြောဖြစ်ကြရင်းက အဲဒီစိတ်ကူးလေးကို လက်တွေ့အကောင်အထည်
ဖေါ်ဖြစ်အောင် ကြိုးစားခဲ့ကြပါတယ်…။
အဲဒီအတွက် အလှူငွေတွေကို အောက်တိုဘာလ ၂၄ ရက်နေ့ကနေ
စပြီး ကောက်ခံခဲ့ပါတယ်။ စင်္ကာပူက အလှူရှင်တွေကတော့
Bank to Bank အလွယ်တကူ ငွေလွှဲနိုင်ခဲ့ကြပြီး အခြားနိုင်ငံတွေက
အလှူရှင်တွေကတော့ သက်ဆိုင်ရာ သူငယ်ချင်းမိတ်ဆွေများကနေ
တဆင့်သော်လည်းကောင်း၊ Western Union နဲ့ PayPal Account
တွေက တဆင့်သော်လည်းကောင်း အလှူငွေတွေကို စေတနာ သဒ္ဓါတရား
ထက်သန်စွာနဲ့ ပေးပို့လှူဒါန်းခဲ့ကြပါတယ်။
အောက်တိုဘာလ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီမှာ အလှူငွေကောက်ခံ
မှုကို ရပ်နားပြီး စာရင်းပိတ်ပါမယ်လို့ ကြေငြာခဲ့ပေမယ့် တကယ်တမ်းမှာ
အလှူငွေတွေက ဆက်တိုက် ဝင်လာနေဆဲဖြစ်တာကြောင့် အဲဒီနေ့က
ည ၁၁ နာရီကျော်မှ စာရင်း ပိတ်ခဲ့ရပါတယ်။
စာရင်းပိတ်အပြီးမှာ လက်ခံရရှိတဲ့ စုစုပေါင်း အလှူငွေက စင်္ကာပူဒေါ်လာ
၅၁၅၀.၂၁ ဖြစ်ပါတယ်။ အခုလို လက်ခံရရှိတဲ့ အလှူငွေတွေကို မနေ့က
နိုဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာ စင်္ကာပူ တဒေါ်လာကို မြန်မာကျပ်ငွေ
၆၃၅ ကျပ်နှုန်းနဲ့ ဆရာမ မြသွေးနီဆီကို ပို့လိုက်ပါတယ်။ အလှူငွေ စုစုပေါင်း
၃၃ သိန်းအတိ ဖြစ်သွားအောင် သက်ဝေနဲ့ ချစ်ကြည်အေးက ထပ်ဖြည့်ပြီး
လှူလိုက်ပါတယ်။ မနေ့ညနေက ဆရာမ မြသွေးနီက အလှူငွေတွေကို
ကောင်းမွန်စွာ လက်ခံရရှိတဲ့အကြောင်း အီးမေးလ်ပို့လာပါတယ်။
ပခုက္ကူမြို့နယ် အပါအဝင် အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေ
အတွက် ဆရာမ မြသွေးနီ လှူဒါန်းတဲ့ အလှူငွေ ကျပ် ၅ သောင်း
အပါအဝင် စုစုပေါင်း အလှူငွေ ၃၃ သိန်း ၅ သောင်းတိတိကို ဆရာ
အော်ပီကျယ်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့အတူ ရနံ့သစ် မဂ္ဂဇင်းက တာဝန်ခံ
အယ်ဒီတာ ဆရာပြည်သွေးနိုင်ထံမှာ ဒီနေ့ နိုဝင်ဘာလ ၂ ရက်နေ့ ညနေ
၃ နာရီအချိန်က သွားရောက် လှူဒါန်းပြီး ဖြစ်ပါတယ်။
ဒီအလှူမှာ ပါဝင်လှူဒါန်းကြတဲ့ အလှူရှင်တွေနဲ့ အလှူငွေ စာရင်း
အပြည့်အစုံက ဒီမှာပါ။
1. Oversea Burmese Youth Group - $S 200.00
2. ဦးထွန်းထွန်းဇော် + ဒေါ်နုနုဝင်း - $S 60.00
3. No name - $S10.00
4. No name - $S10.00
5. ဦးမြင့်ဦး မိသားစု -S$30.00
6. ကိုငြိမ်းချမ်း+မရွှေရည်-S$20.00
7. ကိုစိုးခိုင် + မဝင်းမင်းသန်း - S$ 100.00
8. Trilobite Myanmar နှင့် ဇနီး - S$10.00
9. ဆွေဆွေ - S$ 50.00
10. ကိုဝင်းထွန်းနိုင် + မဟန်အေးစိုး - S$ 30.00
11. Creative Ant Team - S$100.00
12. Everlearner - S$ 30.00
13. Theingi Myint - S$ 50.00
14. ကိုသက် မိသားစု - S$ 50.00
15. Serene Cheong - S$ 10.00
16. လွင်ထူးကို + ခင်စန္ဒာကို - S$ 40.00
17. ဦးလှမြင့် + ဒေါ်ညိုညို - S$ 20.00
18. ကိုဇော်ဝင်းထွတ် + မနှင်းယုယုဝင်း သမီး အေးချမ်းပွင့်ဖြူ - S$ 50.00
19. ဖြူမေဇင် - S$ 33.00
20. ကိုတင်မောင်အေး - S$ 10.00
21. ကိုမောင်မောင်တာ + မမေသူဆွေ - S$ 30.00
22. TOI's friend - S$ 50.00
23. Donation fr Reader - S$ 10.00
24. သန့်ဆွေ - S$ 50.00
25. ZYLKPS - S$ 50.00
26. ကိုပြည်သင်း + မမြနှင်းအေး - S$ 50.00
27. Pink Lover - S$ 110.00
28. Erna (Indonesia) - S$ 150.00
29. မျိုးမြင့်ဟန် - S$ 20.00
30. အောင်ကိုဝင်း - S$ 20.00
31. အောင်မျိုး - S$ 20.00
32. အောင်သူကျော် - S$ 20.00
33. မြတ်ကိုနောင် - S$ 20.00
34. ဆုမွန်သွင် - S$ 20.00
35. ချမ်းငြိမ်းအေး - S$ 20.00
36. ဥမ္မာထွေး - S$ 50.00
37. မိုးစန္ဒာမြင့် - S$ 50.00
38. TDW - S$ 50.00
39. သန်းဇော်မျိုး - S$ 10.00
40. ခရေဖြူ - S$ 30.00
41. အေးအေးစန်း - S$ 50.00
42. ကိုဝဏ္ဏဝင်း + မမေဇော်ဦး သား ညီညာဇော် - S$ 50.00
43. စောစုမြတ် - S$ 30.00
44. လှမျိုးအောင် - S$ 20.00
45. ကိုစိုးဝင်း + မဖြူ - S$ 50.00
46. မကျော့ကျော့ရွှေ - S$ 100.00
47. Mya TheinGi - S$ 20.00
48. ဦးဇော်မြင့် + ဒေါ်စန်းစန်းကြည် - S$ 30.00
49. ခိုင်စုလတ် - S$50.00
50. ချစ်ကြည်အေး (http://www.chitkyiaye.com/) - S$73.40
51. မေဇင်အေး (http://monethu.blogspot.com) -S$30.00
52. Noble Moe (www.noblemoe.blogspot.com) -S$50.00
53. သက်ဝေ (http://www.thet-wai-blog.blogspot.com/) - S$73.40
54. ကိုလူသစ် (http://luthit.blogspot.com/) - S$50.00
55. အမေ့သား (http://amaythar1976.blogspot.com/) - S$50.00
56. ညိုလေးနေ (http://nyolaynay.blogspot.com/) -S$30.00
57. အန်တီတင့် (http://www.auntytint21183.net/) - S$100.00
58. မှုံနံ့သာ (http://nyeinsuaye.blogspot.com/) -S$30.00
59. TZA (http://www.degolar.info/) - $S 30.00
60. TOI (http://turnonideas.blogspot.com/) - $S 50.00
61. ပေါက် (http://ah-pauk.blogspot.com/) - S$ 50.00
62. အင်ကြင်းသန့် (http://ingjinthant.blogspot.com/) - S$ 30.00
63. ပီတိ (http://www.pti31.com/) - S$ 50.00
64. မယ်ကိုး (http://www.maecoe.net/) - S$50.00
65. July Dream (http://july-dream.blogspot.com/) - S$ 150.00
66. ကိုအောင်(ပျူ) မိသားစု (http://www.pyustate.com/) - S$ 50.00
67. ကိုဇော်သက်အောင် (http://www.phoonuthit.com/) - S$ 50.00
68. လင်းလင်းဇော် (http://www.mymps.blogspot.com/) - S$ 50.00
69. တင်မောင်ဌေး + နွေးနေခြည် (http://www.nwaynaychi.blogspot.com/) - S$ 50.00
70. Vista Aung (http://vistazplanet.blogspot.com/) - S$ 40.00
71. ညီရဲသစ် (www.nyiyethit.blogspot.com) - S$ 30.00
72. ကိုဧရာ + မသီတာ သား ရေချမ်း နှင့် ရေစင် (http://sonata-cantata.blogspot.com/) - S$ 50.00
73. မောင်သန့် (www.mgthant.me) နှင့် သူငယ်ချင်း - S$ 50.00
74. ကိုဌေးအောင် (http://luula18.blogspot.com/) - S$ 680.72
75. ဖြိုးဖြိုးလှိုင် (http://www.phyophyohlaing.com) - S$ 86.48
76. နန်းဝါဝါမောင် (http://warwarkhaingmin.blogspot.com/) - S$ 40.00
77. ကောင်းထက်မြင့် (http://khetyintyint.wordpress.com/) – S$ 20.00
78. တေးမွန် (http://ahnai.blogspot.com/) – S$ 100.00
79. ချိုကျ (http://xdeadxromanticx.blogspot.com) - S$ 30.00
80. ဖိုးသင်္ကြန် (www.phothagyan.blogspot.com ) - S$ - 50.00
81. Libra Tun (http://libratun.blogspot.com/) - S$ 20.00
82. ကိုဂျေ (http://xdeadxromanticx.blogspot.com) - S$ 20.00
83. ဘိုဘို နှင့် ဖိုးစိန် (http://phoesein.blogspot.com/ & http://www.mogokthar.com/) - S$ 50.00
84. ပိုးပိုး (http://33poepoe.blogspot.com/) - S$ 30.00
85. နော်ဖော (http://rose-sharon.blogspot.com/) - S$400.00
86. ကေသွယ် (http://kthwe.blogspot.com/) - S$ 50.00
87. KMSL + KOM (http://khinoomay77.blogspot.com) - S$ 30.00
88. အိန္ဒြာ (http://eaindrar.blogspot.com/) - S$ 50.00
89. မိုးပန်းချီ (http://moepanchi.blogspot.com/) - S$ 20.00
90. မေသိမ့်သိမ့်ကျော် (http://www.maytheint2kyaw.com/) - S$ 80.00
91. ကိုခင်မောင်ဦး + မသန္တာလွင် (http://thandarlwin.blogspot.com/) - S$ 30.00
92. မြသွေးနီ (http://www.myathwayni.com/) - ကျပ် ၅ သောင်း
စုစုပေါင်း စကာင်္ပူဒေါ်လာ ၅၁၉၇.၀၀ နဲ့ မြန်မာကျပ်ငွေ ၅ သောင်း
ဖြစ်ပါတယ်…။
ဒီစုပေါင်းအလှူလေး အောင်မြင်ဖို့အတွက်…
AaB (All about Bloggers) ဆိုတဲ့ ဘလော့ဂါများ စကားဝိုင်းလေးတခု
ဖြစ်လာအောင် မျက်နှာစာအုပ်မှာ စပြီး အကြံပြုခဲ့တဲ့ ကိုအောင် (ပျူနိုင်ငံ)၊
အဲဒီ ဘလော့ဂါတွေ စကားဝိုင်းမှာ တို့တွေ စုပေါင်းအလှူလေးတခုလောက်
လုပ်ကြရင် ကောင်းမှာ… လို့ စကားစခဲ့တဲ့ ဘော်ဒါကြီး ကလူသစ်၊ ဒါဆိုရင်
ပခုက္ကူရေဘေးမှာ သွားလှူကြရအောင်လေ လို့ ပြောဆိုလှုံ့ဆော်ခဲ့တဲ့
ကိုဂျူလိုင်၊ Personal Bank Account ကို အသုံးပြုခွင့်ပေးပြီး ဝင်သမျှ
အလှူငွေစာရင်းတွေကို စိတ်ရှည်လက်ရှည် update လုပ်ပေး၊ ဆရာမ
မြသွေးနီ နဲ့ ဆရာ အော်ပီကျယ်တို့ကို ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ပြီး
အလှူဖြစ်မြောက် အောင်မြင်အောင် စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့
တဲ့ သူငယ်ချင်း ချစ်ကြည်၊ အဖွဲ့ရဲ့ လိုဂိုလေးကို အမနှစ်ယောက် ပြင်ချင်သမျှ
အကြိမ်ကြိမ် ပြန်ပြင်ပေးခဲ့တဲ့ မောင်လေး ဆောင်းချမ်းမိုး အပါအဝင်…
တယောက်နဲ့ တယောက် အပြင်မှာ တခါမှ မတွေ့ဖူး မမြင်ဖူးကြ
သော်လည်း ချစ်စရာ မြန်မာလူမျိုးတွေပီပီ အလှူလို့ ကြားလိုက်ရင်
စေတနာ သဒ္ဓါတရား ထက်သန်စွာနဲ့ ထည့်ဝင်လှူဒါန်းကြတဲ့ ရပ်နီး ရပ်ဝေး
မှ အလှူရှင် ဘလော့ဂါ ညီအကို မောင်နှမများ နဲ့ စိတ်စေတနာချင်းရော
ယုံကြည်ချက်ချင်းပါ ထပ်တူညီကြတဲ့ အွန်လိုင်းပေါ်က မိတ်ဆွေ သူငယ်ချင်း
တွေ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ဝမ်းမြောက် ဝမ်းသာစွာနဲ့
မှတ်တမ်းတင်အပ်ပါတယ်…။
အလှူရှင်များအားလုံး မိမိတို့ လိုရာဆန္ဒများ တလုံးတဝတည်း ပြည့်ဝ
ကြပါစေ… နောက်နောင်ကိုလည်း အခုထက် ပိုတိုးပြီး လှူနိုင် တန်းနိုင်
သူများ ဖြစ်ကြပါစေ… စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာစွာနဲ့ လောကီ
လောကုတ္တရာ နှစ်ဖြာသော အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သူများ
ဖြစ်ကြပါစေလို့ အားလုံးရဲ့ကိုယ်စား ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်…။
(အမ မသက်ဝေရဲ့ ဘလော့ကနေ ထပ်ဆင့်ကူးယူ ဖော်ပြပါတယ်။)
၂၀၂၃ ရခွေားမွခွေား ခရီးသှား - ၁၂
14 hours ago
7 comments:
စောစောစီးစီး မင်္ဂလာသတင်းလေးအတွက် သာဓု သာဓု သာဓု ခေါ်ဆိုသွားပါတယ် ကိုအောင်ရေ။
ပြန်လည်မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အားလုံးပဲ ကျန်းမာ ၊ ချမ်းသာကြပါစေ။
ကျေးဇူးပါပဲရှင်။
ခင်တဲ့
မေသိမ့်
ကိုအောင်တို့ကတော့ အမြဲ Updateဖြစ်တယ်နော်..။ ထမြောက်သွားတဲ့ အလှူအတွက် ၀မ်းသာမိပါတယ်..။
မသိလိုက်ဘူး ကိုအောင်ရေ..
သိလိုက်ရင် ပါဝင်ပါတယ်ဗျာ။
ပါဝင်လှူဒါန်းသူများအားလုံးကို သာဓု ၃ ခါခေါ်ပါတယ်ဗျာ။
ခင်လျက်
ဂျွန်မိုး
မသိလိုက်ဘူး ကိုအောင်ရေ
သိရင် ပါဝင်ပါတယ်ဗျာ။
သာဓု ခေါ်ပါတယ်နော်...။
ခင်လျက်
ဂျွန်မိုး
မသိလိုက်ဘူး ကိုအောင်ရေ
သိရင် ပါဝင်လှူဒါန်းလိုက်ပါတယ်ဗျာ
အားလုံးအတွက် သာဓု ခေါ်ပါတယ်နော်။
ခင်လျက်
ဂျွန်မိုး
မသိလိုက်ဘူး ကိုအောင်ရေ
သိရင် ပါဝင်လှူဒါန်းပါတယ်ဗျာ
အားလုံးအတွက် ၀မ်းလည်းသာတယ်။ သာဓုလည်းခေါ်ပါတယ်နော်။။ :)
ခင်လျက်
ဂျွန်မိုး
Post a Comment