မြစ်ဆုံရေကာတာ တည်ဆောက်ခြင်းကို သမ္မတ ဦးသိန်းစိန်က
ရပ်တန့်လိုက်ကြောင်း ကြေညာအပြီး တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန
ပြောရေးဆိုခွင့် ရှိသူ၊ ယူနန်ပြည်နယ် အခြေစိုက် တရုတ် သတင်းဌာန
များ၊ တရုတ် အစိုးရ မီဒီယာများက ရင့်သီးသော စကားလုံးများအသုံးပြု
ပြီး မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်သည့် စကားလုံးများ ပြောဆိုနေပါတယ်။
ဒီမိုဝေယံဘလော့ရဲ့ (ဤနေရာ)
ဧရာဝတီသတင်းဌာန (ဤနေရာ)
များမှာ ဖတ်ရှုကြည့်ကြပါ။
(ဓါတ်ပုံပေါ်က စာသားများကို ဘာသာပြန်ထားသူက ဘလော့ဂါ
မနိုင်းနိုင်းစနေလို့ သိရပါတယ်။)
လောလောဆယ် အခြေအနေများနဲ့ ပက်သက်ပြီး၊ ဦးသိန်းစိန်အနေနဲ့
မြစ်ဆုံရေကာတာ တည်ဆောက်ရေး ပက်သက်ပြီး မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အရေးပေါ် တွေ့ဆုံသင့်တယ်
လို့ ထင်ပါတယ်။ ဧရာဝတီမြစ်ကြီး တည်တံ့ရေးဟာ ကြီးမားတဲ့
အမျိုးသားရေး ပြဿနာတစ်ခုပါ။
အင်တာနက် အွန်လိုင်းပေါ်က ဘလော့ဂါများ ...
မြစ်ဆုံရေကာတာ တိုက်ပွဲ မပြီးသေးပါ ....
-စစ်ငြိမ်းဒီရေ
၂၀၂၃ ရခွေားမွခွေား ခရီးသှား - ၁၂
13 hours ago
9 comments:
Thank you so much for bringing this up!
ကိုအောင်ရေ ပြန်လင့်ခ်ပေးထားတာ ကျေးဇူးပါ..
မနိုင်းနိုင်းစနေ ဘာသာပြန်ထားတဲ့ မြေပုံမှာ ပြထားတဲ့ လေအားလျှပ်စစ်ဆိုတာ အညွှန်းမှားနေသလားလို့ (ဓာတ်အားခွဲစက်ရုံ) Substationလို့ ထင်ပါတယ်..။ အမှတ်မှားမှာ စိုးလို့ပါ...
လေးစားလျှက်
တရုတ်နဲ့ သင့်မြတ်နေတာထက် aganist လုပ်တာက မြန်မာပြည်သူပြည်သားတွေအတွက် ပိုပြီး ကောင်းလာမယ်လို့ထင်တယ်။ အနောက်ကလူတွေနဲ့ အမြင်ကြည်လာနိုင်တယ်။ မြန်မာနိုင်ငံသားတွေ ပျော်ရွှင်နေတာ အမြန်ဆုံးမြင်ချင်ပါတယ်။
ကိုယ့်တိုင်းပြည်အကြောင်း..
ကိုယ့်လူမျိုးအကြောင်း..
ကိုယ့်မိသားစုအကြောင်း..
ကိုယ်ပဲသိသလို..ကိုယ်နဲ့ပဲဆိုင်ပါတယ်..
မလုပ်သင့်ဘူးထင်လို့ ဂတိကို ဖျက်ခဲ့တဲ့အတွက် လျော်ကျေးပေးရမယ်ဆိုရင်လည်း ပြည်သူတွေက ဘာမှကန့်ကွက်မှာမဟုတ်ပါဘူး..။
ဧရာဝတီမပျက်ဆီးသွားတာကိုပဲ ကျေနပ်လှပါပြီ..။
တရုတ်တွေ ဘာပြောပြော သိပ်ဂရုမစိုက်သလို.. ချိန်းခြောက်မှုတွေကိုလည်း ဂရုမစိုက်သင့်ဘူး..။
ချုပ်ဆိုပြီးသားစာချုပ်ကို ရဲရဲရင့်ရင့် ပြန်လည်ရုပ်သိမ်းခဲ့တဲ့ သမ္မတကြီးရဲ့နောက်မှာ ပြည်သူတွေရှိနေပါတယ်..။
အစ်ကိုအောင်ရေ ဘလော့ဂါတွေရဲ့ ဧရာဝတီ စီးချင်းထိုးပွဲဟာ ဧရာဝတီ ထာဝရမလွတ်မြောက်သ၍ မပြီးဆုံးနိုင်ပါဘူး ခင်ဗျာ
အခုလို မျက်ခြေမပြတ် စောင့်ကြည့်သတင်းမျှဝေပေးနေကြတာကိုလည်းကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ
လှိုင်ဘွား(သီချင်းအိမ်)
ကိုအောင်ရေ.......
ဧရာဝတီအတွက် ခုလိုနိုးနိုးကြားကြားဖော်ပြပေးနေတာ အများကြီးကျေးဇူးတင်ပါတယ်ဗျာ ။ ကျွန်တော်တို.လည်းဒီဖက်မှာ ကိုယ်တတ်နိုင်တဲ့ကဏ္ဍကနေပြီး လှုပ်ရှားနေပါတယ်။ လွယ်လွယ်နဲ.အညံ့ခံမတဲ့လားဗျာ ။ ဧရာဝတီလေဗျာ.....ဒါကျွန်တော်တို.မြန်မာလူမျိုးတွေရဲ. အသက်သွေးကြောဗျ ။ ဒီကိစ္စမှာ သမ္မတကြီးဦးသိန်းစိန်ရဲ. ပြတ်သားတဲ့ဆုံးဖြတ်ချက်ကို ကြိုဆိုတယ် (မှတ်ချက် ။ ။ အရင်ဘယ်တုန်းကမှ သမ္မတကြီးလို.မခေါ်ဘူးပါ ။ အခုဒီဆုံးဖြတ်ချက်ကိုလေးစားလို.ခေါ်ဝေါ်သုံးစွဲတာပါ။) လိုအပ်ရင် ဦးသိန်းစိန်အစိုးရကို တတ်နိုင်တဲ့နေရာကနေပြီး ပံ့ပိုးမယ်ဗျ။ ဒါကတော့ ကျွန်တော့်အမြင်ပါဗျာ ။ ခင်လျှက်
ကိုအောင်ရေ....
အမတို့ အားလုံး အမြင်မှန်မှန်နဲ့ အဆင်သင့်ရှိနေကြဖို့ လိုပါတယ်။ ဧရာဝတီကိုတော့ ဘယ်နည်းနဲ့မှ တရုတ်ကို ထိုးမကျွေးနိုင်ဘူး။ ကျရာနေရာက အမြဲတမ်း ရယ်ဒီပါပဲ။
တရုတ်ကို တိုက်ရလို့ကတော့ စစ်ထဲဝင်ဖို့လဲ ကျနော်လည်း ဝင်မလေးဘူး ။ တရုတ်ကို ရော်ကျေး ပေးရလဲ ဂယု မဆိုက် ဘူး။ နှစ် ၂၀ လား ရတယ်ရော်မယ်။
အေး လားရှိုး-မူဆယ် လမ်း တို့ကြိုင်းတုံ လမ်း တို့ မှာ အမေရိကန် F16,F15 တွေ ဆင်းလိုရအောင် လမ်း ပြင်မယ် လေယဉ်ကွင်း ပြင်မယ်။ ဒီမိုက်ရိုင်းတဲ့ တရုတ် နိုင်ငံ
ကိုလက်စားချေမယ်။ ပထမဆုံး နိုင်ငံ တွင်းမှာ တရုတ် ကိုကန့်ကွက် ပွဲ တွေလုတ် ပို့လိုလာပီ။ ပြင်းပြင်းထန်ထန် လိုလာပီ။ သမ္မတ ကြီး ကို ထောက်ခံရမယ်။သမ္မတကြီးဖက်က ကျနော်တို့ ဝန်းရံ ပေးကြရလိမ့်မယ်။ ဒေါ်စု နှင့်တကွ ဘဘဦးတင်ဦး၊ဘဘ ဦးဝင်းတင် ၊ ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် တော့နဲ့ အမြန်ဆုံး တိုင်ပင်ပါ။
တရုတ်ဆိုတာမြန်မာပြည်ရဲ့အနီးကပ်ရန်သူပဲ ၊ သူတို့လိုတာရရင်ထောက်ခံသလိုလိုနဲ့ မြန်မာ့သယံဇာတ တွေကို ကပ်ချိုင်မှာ သူတို့လိုတာမရရင် မြန်မာကို သူတို့လက်အောက်ဖြစ်အောင်လုပ်မှာ၊ ဟိုးနှစ်ပေါင်းများစွာကတည်းက မြန်မာပြည်ကို စစ်တွေအကြိမ်ကြိမ်တိုက်ခဲ့ဘူးတာ သက်သေပဲ၊ တိဗက်ကို သိမ်း၊ ရှိသမျှသူတို့နားကနယ်မြေတွေအကုန်လုံး သူတို့ဟာဆိုပြီး အနိုင်ကျင့် ဗီယက်နမ်နဲ့ ရန်ဖြစ် ဖိလစ်ပိုင်နဲ့အငြင်းပွား ရှိသမျှပတ်ပတ်လည် လိုက်ငပွကြီးလုပ်နေတာ၊ အမေရိကန်က ငပွကြီးအစစ်မဟုတ်ဘူး၊ အဲဒီတရုတ်ကွန်မြူနစ်တွေက မှ အစစ်၊ မြန်မာပြည်ကိုလည်းသိမ်းချင်နေတာ ၊ အလျှော့ပေးစရာမလိုဘူး၊ စစ်တိုက်ရမယ်ဆိုလည်း တိုက်ပြစ်မယ်၊ ဒီကောင်တွေကို၊ တရုတ်လူမျိုးတွေကိုမမုန်းပါဘူး၊ သူတို့လုပ်ရပ်တွေနဲ့ သူတို့ပေါ်လစီတွေက လူမဆန်လို့
Post a Comment