Wednesday, 26 October 2011

ကြုံရဆုံရ ဂျပန်ဝိညာဉ်လောက (အပိုင်း -၁)

(ဒီစာကို ရေးတဲ့သူဟာ ဒီဘလော့က မဟုတ်ပါ၊ ကော်ပီကူးပြီး
အီမေးလ်ကတဆင့် ဖြန့်ချီနေသူများ စည်းကမ်းရှိကြပါ။)

ငယ်ငယ်က ကိုယ်တိုင် အတွေ့အကြုံလေးတွေ ရေးရင်း၊ ပြောရင်းက
ခုလူကြီးပိုင်းမှာ လွန်ခဲ့တဲ့ ၆နှစ်လောက်က ဂျပန်နိုင်ငံ တောမကျ၊
မြို့မကျနယ်မြို့လေးမှာ ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရ ကိုယ်တွေ့
ဇာတ်လမ်းလေးကို ပြောပါရစေ..။

ဒီဇာတ်လမ်းကို မရေးခင် ဂျပန်နိုင်ငံအကြောင်းလေးကို နည်းနည်း
ပါးပါး ပြောပါရစေ..။ ဂျပန်နိုင်ငံလို့ ပြောရရင် ကျွန်တော်တို့ ဂျပန်နိုင်ငံ
ရဲ့ အထင်ကရ လှပတဲ့ ဖူဂျီယာမ တောင်ကြီးကို ပြေးမြင်မိကြမှာပါ..။
ဂျပန်လိုဆိုရင်တော့ ယာမဆိုတော တောင်ကို ရည်ညွှန်းတာဆိုတော့
ဖူဂျီတောင်ပေါ့..။ ဂျပန်လူမျိုးတွေကတော့ ဖူဂျီလို့ ခေါ်ရင် မကြိုက်ကြ
ပါဘူး။ သက်ရှိ လူတစ်ဦးတယောက်ကို လေးစားသမှုနဲ့ ခေါ်ညွှန်းသလို
ဖူဂျီစန်လို့ ခေါ်မှ ကြိုက်ကြပါတယ်...။ ဒီလို အင်မတန်မှ လှပတဲ့ ဖူဂျီစန်
ရဲ့ ပတ်ဝန်းကျင် တောအုပ်တွေထဲမှာ ဂျပန်လူမျိုးတွေ ကိုယ့်ကိုယ်ကို
Suicide လုပ် သတ်သေကြပါတယ်..။


နွေရာသီရောက်ရင် ဖူဂျီတောင်ခြေက တောတွေထဲကို ရှာဖွေရေး
တွေ ဝင်ပြီး သေဆုံးသူတွေကို ရှာဖွေရတာ နှစ်စဉ်ပါပဲ...။ လွန်ခဲ့တဲ့
နှစ်တွေကတော့ ဂျပန်ဟာ ကမ္ဘာမှာ လူဦးရေ အချိုးစားအရ နှစ်စဉ်
သတ်သေမှုနှုန်း တနှစ်ကို သောင်းကျော်ပါတယ်..။ အရင်ကတော့
ဒုတိယနေရာ ၊ ရှေ့မှာ ရုရှားက ခွဲထွက်နိုင်ငံတွေက ပထမပေါ့..
၂၀၁၀ခုနှစ်မှာတော့ နံပတ်၅နေရာမှာ ရှိနေပါတယ်။ ကိုရီးယားက
ဒုတိယနေရာရောက်သွားပါတယ်.. နောက်တခုကတော့ ဂျပန်နိုင်ငံမှာ
Suicide လုပ်တာကတော့ မီးရထားလမ်းပေါ်ခုန်ချ သတ်သေတာပါပဲ..။
မကြာခဏ ရထားတွေရပ် သွားရေလာရေးခက်ခဲကုန်တာ မကြာခဏ
ပါပဲ..။ နောက်တခုကတော့ တိုက်ပေါ်ကနေ ခုန်ချသေတာတွေ
အဲလိုသေတဲ့ တိုက်တွေဆို အခန်းငှားသူ၊ ဝယ်သူတွေက လက်ရှောင်
ကြတယ်..။ အခန်းငှားခ ဈေးပေါနေပြီဆိုရင် သတိသာထားပေတော့...။

ဒါကတပိုင်းပေါ့ နောက်တခုက မဟာယာနဗုဒ္ဓဘာသာတွေ ဖြစ်တဲ့
အတွက် အစွဲအလန်းတွေနဲ့ သေတဲ့သူတွေက ကျွတ်ဖို့ ဘယ်လွယ်
မလဲ..။ နောက်သူတို့က သြဂုတ်လနွေရာသီမှာ တရုတ်လူမျိုးတွေလို
သေဆုံးတဲ့ မိဘတွေကို ပြန်ခေါ်ပြီး သချိင်္ုင်းတွေမှာာ ကန်တော့
ကျွေးမွေးကြတာလဲ ရိုးရာတခုလိုဖြစ်နေတာပေါ့..။ နှစ်တိုင်း နွေရာသီ
ညတွေမှာ တီဗီဖန်သားပြင်ပေါ်မှာ တစ္ဆေသရဲ ဖြစ်ရပ်မှန်တွေ အမြဲပြသ
နေကြလေ.. သေချာစူးစမ်းရိုက်ကူးထားတဲ့ ကိုယ်တွေ ဓာတ်ပုံ၊၊
ရုပ်သံတွေလည်း စုံမှစုံ.. အထူးသဖြင့် တောင်ကြားဥမင်လှိုဏ်ခေါင်း
ကားလမ်းတွေကတော့ နာမည်ကြီးပါပဲ..။ ၁၉၉၉ခုနှစ်အစက ထင်ပါ
တယ်.. ကျေးဇူးရှင် ဗောဓိတထောင် ဆရာတော်ဘုရားကြီး အိန္ဒိယ
နိုင်ငံကနေ အပြန်ဂျပန်ကို ပြန်ကြွလာတုန်းက သွားရောက်ဖူးမျှော်
မိပါတယ်...။ အဲ့ဒီအချိန်က ဆရာတော်ကြီးက ဂျပန်မှာ ဆောက်လုပ်
ပြီးစီးသွားတဲ့ ကမ္ဘာအမြင့်ဆုံးရပ်တော်မူ အုရှိကုရုပ်ပွားတော်ကြီးလို
မြန်မာပြည်မုံရွာ ဗောဓိတစ်ထောင်မှာ ရပ်တော်မူ ရုပ်ပွားတော်ကြီး
တည်ဆောက်ဖို့အတွက် လိုအပ်တဲ့သံတွေကို အိန္ဒိယက တံတားပျက်
တစ်စင်းက သံတွေကို လေလံ ဝယ်ယူလာပြီး ပြန်လာတယ်လို့
ဆိုပါတယ်..။

အဲဒီမှာ ဆရာတော်ကြီး ဂျပန်ရောက်စဉ် ဂျပန်ရဲ့ နာမည်ကြီး ကမာကူရ
ရုပ်ပွားတော်ကြီးကို တိုကျိုကဒကာတွေနဲ့ သွားဖူးကြပါတယ်..။
ကမာကူရဘုရားဝင်းထဲရောက်တော့ ဆရာတော်ကြီးက အတူပါလာတဲ့
ဒကာ၊ ဒကာမတွေကိုမေးပါတယ်..။ ဘေးမှာ အသံတွေကြားလား..
ဘာတွေမြင်ရလည်းတဲ့..။ ဒကာ၊ ဒကာမတွေက သာမာန်လူတွေဆိုတော့
ဘာမှမမြင်၊ မသိလေ... ဆရာတော်ကြီးက တစ်ဦးတည်း၊ နူတ်ဆက်
စကားတွေဆို (နားမလည်တဲ့စကားတွေနဲ့တဲ့) အမျှအတမ်းဝေနေတာ
ကို ကြားနေရတယ်..။ ဘေးကဒကာတွေကတော့ ဓာတ်ပုံရိုက် မှတ်တမ်း
တင်ပေါ့..။ အားလုံးအမျှအတမ်းဝေ ပြီးတော့ ဆရာတော်ကြီးက
ကမာကူရပတ်ဝန်းကျင်က နတ်တွေ မကျွတ်မလွတ်သူတွေ အမျှအတမ်း
လိုချင်လို့ လာကြတာ များမှများတဲ့ ဆူညံနေတာပဲတဲ့...။ ဒကာတွေက
တော့ ဘာမှမသိလေ..။ ကျွန်တော်အဲ့ဒီညက ဆရာတော်ကြီးကို
သွား ဖူးမျှော်တော့ အတူလိုက်သွားတဲ့ ဒကာက ဆရာတော်ကြီးကို
မှတ်တမ်းတင်ထားတဲ့ ပုံတွေထုတ်ပြတယ်...။ ကျွန်တော် အံ့သြမိပြီး
ပါးစပ်ဟောင်းလောင်း ဖြစ်သွားတာကတော့ ဆရာတော်ကြီး
လက်အုပ်ချီနေတဲ့ ပုံနံဘေးပတ်ပတ်လည်မှာ တိမ်လို အဖြူရောင်
အလင်းတန်းတွေ အတွန့်တွန့်နဲ့ ရိုက်ထားတဲ့ ပုံတော်တော်များမှာ
တွေ့ရတာပါ .။ ပတ်ဝန်းကျင်က မမြင်ရတဲ့ ပုဂ္ဂိုလ်တွေတဲ့.. တသက်နဲ့
တကိုယ် ပထမဦးဆုံး တွေ့လိုက်ရတာပါပဲ.။

၂၀၀၅ခုနှစ်က နယ်မြို့မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက် မတိုင်မှီ တိုကျိုမြို့
ပေါ်က အလုပ်မှာ ၂၀၀၄ခုနှစ်ကကြုံခဲ့ရတာတခုကတော့ တရက်
အလုပ်ပြန်ချိန်နောက်ကျပြီး.. ရထားမမှီတော့တဲ့ အတွက် အလုပ်မှာ
ပဲ အိပ်ဖြစ်တဲ့ညပေါ့...။ အလုပ်ကတော့ ရှားရှားပါးပါး မြန်မာဘုရားစင်
နဲ့ ပုံတော်ကို ထားခွင့်ရတဲ့ အလုပ်လေ..။ တယောက်တည်း အလုပ်မှာ
အိပ်ဖူးတဲ့ ပထမဦးဆုံးညပါ.. အလုပ်က မြေညီထပ်နဲ့ မြေအောက်ထပ်
၂ ထပ်ရှိပါတယ်... မြေညီထပ်မှာ ဘုရားစင်ရှိပြီး အောက်ထပ်မှာ ဘုရားစင်
မရှိ၊ အပေါ်က ခုံတန်းလျားမှာ ပင်ပင်ပန်းပန်းနဲ့ အိပ်ပျော်သွားတုန်း
ဝုန်းဒိုင်းဆိုပြီး မြေအောက်ထပ် က ခုန်တွေ ပြုတ်ကျသံကြားပြီး
ကျွန်တော်လှန့်နိုးလာပါတယ်.. ဖြတ်ခနဲ လှေကားပေါ်ကဆင်း မီးတွေ
အကုန်ဖွင့်ပြီး အောက်ဆင်းပြေးကြည့်ပေါ့။

အောက်ရောက်လို့ ကြည့်လိုက်တော့ ခုံတွေကလည်း နေရာတကျ
ခြေရာလက်ရာမပြတ်.. ကျွန်တော်လည်း ငါနားကြားများ မှားလားပေါ့။
အဲဒါနဲ့ ပြန်အိပ်ပြီး ခဏအကြာ ဝုန်းဒိုင်း၊ ဝုန်းဒိုင်းနဲ့ အောက်က ရှိသမျှ
ခုံတွေ အကုန် ပြိုကျ ပစ်ကြသလားထင်ရအောင် မြည်းဟီးသံတွေ
စုံနေတော့တာပဲ.. ကျွန်တော်လည်း ရှိသမျှမီးတွေဖွင့် ဒီတခါ နားကြား
မှားတာ မဟုတ်မှန်း သိတော့ ဘေးမှာတွေ့တဲ့ တုတ်တချောင်းကိုကိုင်
အောက်ကို ပြေးဆင်းကြည့်ပေါ့... အောက်ရောက်လို့ ကြည့်လိုက်တော့
ဘာဆိုဘာမှ ခြေရာလက်ရာမပြတ် ဒါပေမယ့် ထူးဆန်းတာက တချက်
လှမ်းကြည့်လိုက်တော့ ခုံတခုံပေါ်မှာ အောင်မလေး လူတယောက်
နောက်ပြန် ထိုင်နေသလားပဲ သေချာကြည့်တော့ မရှိတော့ဘူး။
အဲယားကွန်းလည်း ဖွင့်မထားပဲ စိမ့်ကနဲ ကိုယ့်အနားက တခုခုဖြတ်သွား
သလို အေးစိမ့်ပြီး ခေါင်နပန်းကြီး သွားတော့တာပါပဲ..။ ခေါင်းနပန်းကြီး
တာမှ ကိုယ့်ခေါင်းက လေးပြီး အကြီးကြီး ဖြစ်သွားသလိုပါပဲ..။ တခါတည်း
ကျွန်တော်အပေါ်ကို အပြေးပြန်တက်.. လက်ကနာရီကြည့်တော့ ည
၂ နာရီ... ပြီးဘုရားစင်ဖက်ကို အာရုံပြုပြီး ၂၄ပစ္စည်း ပဋ္ဌာန်းကို စိတ်နဲ့
စည်းချလိုက်တော့တာပါပဲ..။ ပြီးမနက်၅နာရီထွက်မဲ့ ရထားချိန်ကို
စောင့်ရင်းငုတ်တုတ်ထိုင် နေခဲ့ရပါတော့တယ်..။ အပေါ်ထပ်မှာ ပဋ္ဌာန်း
စည်းချထားတော့ ဘာမှမဖြစ်ပေမယ့်.. အောက်ဘက်မှာတော့
တချက်တချက် အသံတွေက အရင်ကလောက် မဆိုးတော့ပေမယ့်
အနည်းငယ်တော့ ကြားနေရဆဲပါပဲ...။ ထူးခြားတာကတော့ အိပ်ငိုက်ပြီး
မပျော်တပျော် အချိန်မှာ ကြားရတာပါပဲ.. အဲ့ဒီနေ့က ဘုရားစာရွတ်ရင်း
`ရထားထွက်ချိန် စောင့်လိုက်ရတဲ့ ၃နာရီဟာ နာရီ ၃၀လောက်
ကြာညောင်းသလား ထင်ရလောက်အောင် ကြာညောင်းခဲ့ရပါတယ်..။

ဒီလိုနဲ့ တိုကျိုမှာ ဆယ်စုနှစ်ကျော် နေလာခဲ့တဲ့ ကျွန်တော် မြို့ပြကို
ငြီးငွေ့လာတဲ့အတွက် ၂၀၀၅ခုနှစ်မှာတော့ အပြောင်းအလဲဖြစ်အောင်
မြို့ပြကို စွန့်ခွာပြီး ဘဝမှာ ထူးခြားဆန်းကျယ်တဲ့ မြို့လေးတခုကို
အလုပ်ပြောင်းရင်း ရောက်ရှိခဲ့ပါတော့တယ်။

ဆောင်းပါးထဲက ဘုရားပုံတွေ လိုချင်
http://www.bugbog.com/exotic_places/japan-travel-guide/kamakura-japan.html
ဗောဓိတထောင် ဆရာတော်ကြီး ဒီဆင်းတုတော်ရှေ့မှာ လက်အုပ်ချီရင်း
ရိုက်ထားတဲ့ပုံမှာ တိမ်လှိုင်းတွေပေါ်နေတာပါပဲ... ဓာတ်ပုံပိုင်ရှင်ဆီမှာ
ရှိသေးရင် အများသိအောင် ဖော်ပြပေးပါမယ်...။

http://www.google.com/search?q=Ushiku%2BBuddha&hl=en&prmd=imvns&source=lnms&tbm=isch&ei=ZianTpb3GeSemQWkju2pDw&sa=X&oi=mode_link&ct=mode&cd=2&ved=0CAwQ_AUoAQ&biw=1366&bih=510
ဒါကတော့ ကမ္ဘာအမြင့်ဆုံးရပ်တော်မူ

http://www.google.com/search?q=%E6%97%A5%E6%9C%AC%2B%E3%81%8A%E3%81%B0%E3%81%91&hl=en&prmd=imvns&source=lnms&tbm=isch&ei=OienTqvrLIzzmAXEq5DXDw&sa=X&oi=mode_link&ct=mode&cd=2&ved=0CAwQ_AUoAQ&biw=1366&bih=472 ဂျပန်သရဲပုံတွေက ဒီမှာရှာနိုင်ပါတယ် ….

(ဆက်ရန်။)

-ဂျပန်နိုင်ငံရောက်မြန်မာတစ်ဦး

8 comments:

Anonymous said...

မကျွတ်မလွတ်သေးသူတွေကိုတော့ သနားလိုက်တာဗျာ..။ အော် ရုပ်ပိုင်းဆိုင်ရာမှာ တိုးတက်ပေမယ့် စိတ်ပိုင်းဆိုင်ရာမှာ အနည်းငယ် အားနည်းတယ်လို့ မြင်မိတယ်ဗျ။

Junemoe
(http://june-moe.blogspot.com)

Anonymous said...

မကျွတ်မလွတ်သေးသူတွေအတွက် သနားတယ်ဗျာ။

ကိုသိချင် said...

ဂျပန်သူရဲက. ဂျပန်ဝတ်စုံ. ကီမိုနိုနဲ့. လားဟင်?

စော(အဝါရောင်မြေ) said...

မကျွတ်လွတ်သူတွေက လူဖြစ်လာတဲ့သူတွေထက် ပိုများတယ်တဲ့။

mstint said...

အတိတ်ဘဝအကြောင်းကံမလှတော့ ကျွတ်တန်းဝင်ဘို့ကို ဘယ်လောက်တောင် စောင့်နေကြရရှာမလဲနော်။ ဒါတောင်အမျှဝေတာကို သာဓုခေါ်နိုင်အုံးမှလေ။ ကိုယ်တွေ့အဖြစ်အပျက်လေးတွေ ဖတ်ရတာစိတ်ဝင်စားဘို့ကောင်းတယ်။ မျှဝေပေးတာကျေးဇူးပါ ကိုအောင်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

ညကတည်းက Face Book မှာ သရဲခြောက်လို့ လန့်နေတာ
ခုလည်း သရဲအကြောင်း လာဖတ်ပြန်ပြီ။
သရဲတွေက face book အထိပါ ရောက်ရောက်လာတတ်တယ် ကိုအောင်ရေ.

Anonymous said...

ဂျပန်သရဲမရှိတဲ့ အိမ်ကို ဦးညီပု သမီးငှားနေဖူးတယ်။ အဲဒီအမကို သရဲမက ညတိုင်းခြောက်နေတာ ဖယ်ပေး ဖယ်ပေးနဲ့  အမ အိပ်တဲ့ နေရာက သရဲမ ဆွဲကြိုးချ သေတဲ့ နေရာတဲ့

အမယ်မင်း သရဲမကိုအမျှပေးဖို့ အဲဒီ အမက ရန်ကုန်ဖုံးဆက် ပြီး ဆရာတော်က ဖုံးထဲက မေတာပို့  သရဲမ က အပြင်က ကြမ်း။ နောက်ဆုံးတော့ ဘုန်းဘုန်းက ဂျပန်မ မြန်မာလို မေတာပို့ တာ နားမလည်ဘူး ဒီအိမ်က အမြန်ပြောင်းတော့ ဆိုတာနဲ့  အိမ်ပြောင်းရတယ်။

ဇတ်လမ်းထဲက သရဲတွေက မြန်မာလို နားလည်လို့ ဖြစ်မယ်

ကိုယ်တွေ့ ဆိုရင် ကြောက်မှာ သေချာတယ် အခုတော့ မကြုံပါစေနဲ့ လို့ ဘဲ ကြောက်ကြောက်နဲ့ ဆုတောင်း နေရတာ

ဆောင်း

Anonymous said...

သရဲအကြောင်းပြောကြမယ် (ပေတလောကကိုစိတ်ဝင်စားသူများ)

https://www.facebook.com/groups/201408329937612/203844246360687/

မှာ သွားရှဲပါသည်