ရှင်ဒလာလစ်စ်* ရုပ်ရှင်၏ နောက်ဆုံး
အော်စကာရှင်ဒလာ* ရဲ့ အုတ်ဂူပေါ်ဆီ
ဝမ်းနည်းခြင်းအထိမ်းအမှတ် ကျောက်ခဲငယ်တွေကို
သွားချကြည့်တယ်
ကဗျာဆရာ သို့မဟုတ် ဦးလှသန်းရေ …
သစ္စာရှိတဲ့ ခရိုနီတွေရဲ့အကြောင်း
ခရိုနီတွေ သစ္စာရှိဖို့အရေး
ဇမ္ဗူဒီပါတောင်ကျွန်းပေါ်
ကဗျာတစ်ပုဒ်လောက်
ရေးသွားပါအုံး … ။ ။
-စစ်ငြိမ်းဒီရေ
(ရှင်ဒလာလစ်စ်*= Schindler's List )
အော်စကာရှင်ဒလာ*= Oskar Schindler )
5 comments:
စာပေလောကအတွက် ကြယ်တစ်ပွင့် ကြွေသွားတယ်။ ကောင်းရာ သုဂတိ လားပါစေဗျာ။
ခင်လျက်
တစ်ပွင့်ကြွေလွင့်သွားပြန်ပြီပေါ့..။
ကောင်းရာသုဂတိ လားမှာပါဗျာ။
ခင်လျက်
ကြွေသွားပြန်ပြီပေါ့ဗျာ။
ကောင်းရာဂတိ လားမှာသေချာပါတယ်ဗျာ။
ခင်လျက်
http://www.eastwindburma.net/bur/index.php?option=com_content&view=article&id=969:2011-02-20-15-24-04&catid=71:2010-12-26-16-06-19&Itemid=415
မြေလျှိုးလို့ မိုးပျံဂူအောင်းလို့ နေသော်လည်း
အတိတ်ကံဆိုး ကြုံလာတိုးက
နွားခြေရာနောက် လှည်းဘီးလျှောက်သို့
လွတ်ရိုးထုံးစံမရှိပြန်ဘူး
ဆဒမ်ဟူစိန် ငူငူလေးထိုင်
သေနတ်ကိုင်လို့ သေနေတဲ့ ကဒါဖီပုံရိပ်
အတိတ်သင်ခန်းစာ မြင်အောင်ကြည့်ကြစမ်းပါ
လူမိုက်ဆိုတာ ဂျိုပါပြီးသားမို့
လွတ်စရာလမ်းမရှိ ကူသူလည်းနတ္ထိ
စမ်းစစ်ကြည့် အနိုင်ယူခြင်းရဲ့ နိဂုံး
အဆုံးသတ်မှာတော့ လူမိုက်ဆိုတာ
အရှုံးနဲ့ ပဲသေဆုံးရမှာပါ...
ကိုလှသန်း နဲ့ မန္တလေး ရောက်တုန်း တစ်ခေါက် အတူ ထိုင်ဖြစ်ခဲ့ကြသေးတယ် ။ သိပ်မကြာလိုက်ဘူး ... ဆုံးသွားတဲ့သတင်းကို ကြားမိတာပါပဲ ...။ လူတော်တွေ တဖြည်းဖြည်းနဲ့ သေပျောက်နှုန်း ပိုများလာသလိုပါပဲဗျာ ...။
Post a Comment