Sunday 16 October 2011

မှင်စာ ရှိ … မရှိ

(မှတ်ချက်။ ။ဒီဇာတ်လမ်းကို ကိုယ်တွေ့ကြုံခဲ့တဲ့ သူ၊ ရေးသား
တင်ပြတဲ့ စာရေးသူဟာ ပြင်ပက ဖြစ်ပါတယ်၊ ကော်ပီကူးယူပြီး
အီမေးလ်ကနေ ဖြန့်ချီသူများအနေဖြင့် စည်းကမ်းရှိရှိ လုပ်ကြပါလို့
မေတ္တာရပ်ခံပါတယ်၊ ကိုယ်တွေ့ အဖြစ်အပျက် သရဲဇာတ်လမ်းများ
ရှိရင် ကျနော့်ရဲ့ `ပျူနိုင်ငံ´ဘလော့ဆီ ပို့ပေးလို့ ရပါတယ်၊
ကျနော့်`ပျူနိုင်ငံဘလော့ (Pyustate)´ ရဲ့ Facebook စာမျက်နှာ
ကိုလည်း ဖွင့်လှစ်ထားပါတယ် ခင်ဗျာ ... :D )

ဂျပန်မှာ ကြုံတွေ့ရတဲ့ ကိုယ်တွေ့ သရဲဇာတ်လမ်းလေး
မရေးမှီ.... ကျွန်တော် ၇-နှစ်သားလောက်က အဘိုး၊ အဘွား
တွေရှိရာ ပင်လယ်ကမ်းခြေနဲ့ နီးတဲ့တောမြို့လေးမှာ ကိုရင်ဝတ်
တုန်းက မသေကောင်း မပျောက်ကောင်းကြုံခဲ့ရတဲ့ ကိုယ်တွေ့
ဇာတ်လမ်းလေးတခုပေါ့.... ကဗျာဆရာတွေ ကဗျာသွားရွတ်တဲ့
ပင်လယ်ကမ်းခြေကျွန်းလေးရှိတဲ့ မြို့ဆိုရင် မမှားပါဘူး...


ဒီအကြောင်းမရေးခင် အရင် ကုလားသရဲ ဇာတ်လမ်းတုန်းက
သေတာတောင် ဆိုင်းဘာဘာပုံ ကိုးကွယ်ဖို့ ဘာလို့ ခွင့်တောင်း
လဲ မေးစရာရှိပါတယ်... အဝိဇ္ဇာဖုံးလွှမ်း အမှောင်လွှမ်းနေတော့
ကိုယ့်ဘဝအခြေအနေမှန်ကို မသိကြဘူးပေါ့... အရင်ဘဝမပြော
နဲ့ အခုဘဝမှာတောင် ကျွန်တော်တို့ အမိဝမ်းကြာတိုက်ထဲမှာ
ကိုးလ၊ ဆယ်လ ကြပ်ကြပ်တည်းတည်း ဒုက္ခခံနေခဲ့ရတဲ့ အနေအထား
ကိုတောင် ပြန်မြင်ရ၊ သိရတာမဟုတ်ဘူးလေ.. ကုလားသရဲနဲ့
စပ်ဆက်လို့ကြုံတုန်း မဂန္ဓာရုံ တောင်မြို့ဆရာတော်ဘုရာကြီး
အရှင်ဇနကာဘိဝံသရဲ့ ရေးသားချက်ထဲက တခုကို ပြန်ပြောပြ
ပါမယ်၊ တချို့လည်း သိပြီးဖြစ်ပါလိမ့်မယ်။ မန္တလေးမြို့က ဘုန်းကြီး
ကျောင်းတကျောင်းမှာ တန်ဆောင်မုန်းလပြည့်နေ့ ဆီ၊မီးပူဇော်ကြ
တော့ ကျောင်းဝင်းအတွင်းနဲ့ နေရာအနှံ ဆီမီးပူဇော်ကြသတဲ့...
အဲမှာ ကိုရင်လေးတပါးက ကျောင်းအတွင်း သစ်ပင်ကြီး တပင်
ပေါ်တက်ပြီး ဆီးမီးပူဇော်ရှာတယ်။

အဲ့လိုတက်ပူဇော်နေတုန်း ဗြုန်းဆို အပင်ပေါ်က ပြုတ်ကျလာပြီး
အပမှီသလို ဖြစ်နေပါလေရော... ဒါကို သတိထားမိတဲ့ ကျောင်းထိုင်
ဆရာတော်က ဆေးကြိမ်လုံး.ယူပြီး ခေါ်မေးသတဲ့ အဲ့မှာ ဝင်ပူး
နေတဲ့ သရဲကို နင်ဘယ်သူလဲ ဘာညာဆိုတော့ ဘယ်သူပါပေါ့...
ဘာလို့ ဒီမှာနေသလည်းဆိုတော့ ကျောင်းမှာ စားကြွင်းစားကျန်
တွေ ပေါများလို့ပါပေါ့..။ ဘာလို့ ကိုရင်ကို တွန်းချသလဲ ပြောစမ်း
ဆိုတော့... အပင်ပေါ်မှာ ဆီမီးလာပူဇော်လို့ပါပေါ့ အဲ့တော့ ဒါ
ကောင်းတဲ့အလုပ် ဘာကြောင့်ဒီလိုလုပ်ရတာလဲပေါ့.. အဲမှာ
ဘာပြန်ပြောသလဲဆိုတော့ သူကဘာသာခြား ဖြစ်တဲ့အတွက်
သူ့ဘာသာနဲ့ မဆိုင်လို့ တွန်းချတာတဲ့ ကဲဘယ်လောက်လဲ ဆိုတာ..
အဲဒါနဲ့ကျောင်းထိုင်က ဆေးကြိမ်လုံးကိုင်ပြီး စားကြွင်းစားကျန်လဲ
စာသေး စော်လည်း စော်ကားသေးဆိုပြီး မောင်းထုတ် လိုက်တယ်၊
အဲတော့ ဘာသာခြား ပြိတ္တာက သွားဆို သွားရတာပေါ့ဆိုပြီး ပမာမခန့်
ပြောပြီး ထွက်သွားလေရဲ့ ...။ (ကျွန်တော်တို့ တိုင်းပြည်မှာလည်း
ဒီလို ပြိတ္တာတွေပေါများ သလားပဲ) ထားပါတော့ ...။ ဒါပေမယ့်
တောင်မြို့ဆရာတော်ကြီးကတော့ သူသာဆိုရင် မေတ္တာနဲ့ နှင်မယ်
လို့ ရေးသားထားပါတယ်.... (လိုအပ်တာရှိရင်လည်း ခွင့်လွှတ်ပါ ...
ဖတ်ထားတာနှစ်တွေကြာနေလို့.. အမှောင်ဖုန်းလွှမ်းနေတော့
အစွဲက ပြိတ္တာဖြစ်တဲ့ အထိ မိမိဘဝမှန်ကို မသိသေးတာ
ပြောချင်တာပါ..

တလက်စတည်း ဆွေမျိုးနီးစပ် သေရွာပြန် ဦးလေးတစ်ယောက်
သူဆေးရုံတက်တုန်းက အဖြစ်အပျက် ပြန်ပြောပြတာလေးပေါ့..
အဆိုပါ ဦးလေးဖြစ်သူ ဆီးမသွားနိုင်ပဲ ဆီးအိတ်ယောင်တဲ့ ဝေဒနာ
အပြင်းအထန်ခံစားရလို့ ရန်ကုန်ဆေးရုံကြီးကို တင်လိုက်ရပါတယ်။
တစ်ရက် အပြင်းအထန်ဝေဒနာ ခံစားရပြီး သတိလစ်မြောသွားပါ
တယ်။ မေ့မြောသွားတဲ့ အချိန်မှာ သူမြင်တွေ့လိုက်ရတာကတော့
ရန်ကုန်ဆေးရုံကြီးပတ်ဝန်းကျင်မှာ များပြားလှတဲ့ လူတွေပါပဲ...
လူဆိုတာထက် ပြိတ္တာတွေပါ... ဘယ်လောက်များသလဲဆို ဆေးရုံ
ကြီးရဲ့ လက်တန်းတွေမှာ ထိုင်နေကြတာ အပြည့်တဲ့၊ ဆေးရုံကြီး
ရှေ့က စိန်ပန်းပင်တွေမှာလည်း အပြည့်ရရာနေရာမှာ ထိုင်နေကြ
တာတဲ့.. ထူးခြားတာက သေမယ့်လူနာတွေကို စောင့်နေကြတာတဲ့
တချို့ကလည်း လူ့ဘဝက အမူအကျင့်အတိုင်း ပြုံးပြုံရွှင်ရွှင်၊ တချို့
ကြတော့ မာမာထန်ထန်ဆိုပဲ.။ သူ့လည်း အဲ့နားမှာ မယောင်မလည်
နဲ့ပေါ့... အဲဒီအချိန်မှာ အားလုံးဟေး ဆိုတဲ့အသံကြီးနဲ့ ဝိုင်းဝန်း
ဝမ်းသာအားရ အော်ဟစ်သံကို ကြားလိုက်ရပါတယ်..။ အလုံဘက်
မှာ ဂတ်စ်အိုးပေါက်လို့ လူ၂ဦးသေတာကို ဝမ်းသာအားရကြိုဆိုပြီး
အော်ဟစ်နေကြတာတဲ့ ဒီလိုနဲ့ ဆက်လျှောက်လာလိုက်တာ များပြား
လှတဲ့ ပြိတ္တာတွေလေ ....

လမ်းလျှောက်လာတာ ပထမဆေးရုံဝင်းထဲကနေ ဘယ်လိုလုပ်
ဘယ်လို.. ရန်ကုန်မြို့မှာ တခါမှ မမြင်ဘူးတဲ့ လမ်းတွေကို ရောက်
သွားတယ် ဆိုပါတယ်၊ ပတ်ဝန်းကျင် အနေအထားကတော့ တောအုပ်
တခုက မြေသားလမ်းလိုမျိုး ရောက်သွားတယ်ပေါ့၊ ပတ်ဝန်းကျင်မှာ
သစ်ပင်တွေပေါ်မှာတော့ ပြိတ္တာမျိုးစုံပါပဲ၊ ဆက်ပြီး ထပ်လျှောက်သွားရင်
ဧရာမတောအုပ်ကြီး တစ်ခုကိုဝင်ရတော့မယ့် လမ်းကို မြင်နေရပြီ၊
ဒါနဲ့ သူလည်းဝင်ရမလို မဝင်ရမလို ဖြစ်နေချိန်မှာ သစ်ပင်ပေါ်က
ပြိတ္တာတွေက အတင်းဝင်ဖို့ လှမ်းဆွယ်နေလေရဲ့ ချီတုံချီချဖြစ်နေတုန်း
ကြားလိုက်ရတာကတော့ ဆရာတော်ကြီး တပါးရဲ့ တရားဟောသံပါပဲ၊
သူ နားဆိုက်ထောင်နေလိုက်တဲ့ အချိန်မှာတော့.. ပီတိစိတ်တွေနဲ့ အတူ
ဆေးရုံဝင်းထဲ ပြန်ရောက်သွားပါတော့တယ်၊ ခုနဆေးရုံ နေရာအနှံအပြား
တွေ့ရတဲ့ ပြိတ္တာတွေကတော့ မနှစ်မြို့ဟန်နဲ့ပေါ့၊ သူသတိပြန်ရတဲ့
အချိန်မှာ ဇောချွေးတွေနဲ့ အတူသတိယလာပြီး ၃ … ၄ ရက် ဆီးမသွား
နိုင်တဲ့ အခြေအနေကလည်း ချောချောရှုရှု သွားလာနိုင်တော့တယ်။

သူကြားလိုက်ရတဲ့ ဆရာတော်ကြီးရဲ့ တရားသံကတော့ ဆေးရုံကြီးရှေ့
မှာ ထီရောင်းတဲ့သူ တရားခွေဖွင့်ထားတဲ့ တရားသံပါတဲ့ ...။
(ဆရာတော်ကြီးအမည် ပြောပြပေမယ့် ကျွန်တော်လည်း မှားမှာဆိုးလို့
မရေးတော့ပါ။)။ အရင်က တရားဘာဝနာဆိုတာနဲ့ ကင်းကွာခဲ့တဲ့
ဦးလေးဆိုသူလည်း အဲ့ကတည်းက ကျွတ်တမ်းဝင်ခဲ့ပါတယ်...။
ကိုယ်တိုင်ကြုံခဲ့ရတာကိုး တောအုပ်ထဲသာ ဝင်သွားခဲ့ရင်တော့
မတွေးမိစရာပါပဲ...။ ဒါကတော့ ကြုံလို့ပြောပြတာပါ...။

ကဲ မှင်စာအကြောင်း ထပ်ပြောရအောင် လွန်ခဲ့တဲ့ အနှစ်(၃၀)
ကျော်လောက်ကပေါ့... နွေရာသီကျောင်းပိတ်ရက် အဘိုးအဘွား
တွေ ရှိရာ ပင်လယ်ကမ်းစပ်နဲ့နီးတဲ့ တောမြို့လေးတမြို့မှာ ကြုံခဲ့
ရတာပါပဲ။ အဲဒီအချိန်တုန်းကတော့ လမ်းပန်းဆက်သွယ်ရေးကလည်း
ခက်ခဲလှပါတယ် (အခုလည်း ဘာမှမထူးပါ)။ ကျောင်းပိတ်ရဲ့ မြို့ရဲ့
အပြင်ဖက် တောင်ပေါ်ကျောင်းပေါ်မှာ ညီအကိုတွေ ဆွေးမျိုးတွေ
ကိုရင်ဝတ်ဖြစ်ကြတယ်...။ အသက်က ၇- နှစ်လောက် ဆိုတော့
ကိုရင်တွေထဲမှာ အငယ်ဆုံးပါပဲ၊ ကျောင်းကတော့ မြို့ကနေ လမ်းခွဲ
တခုက သွားရပါတယ်။ တောင်ပေါ်ကျောင်းဆိုတော့ လှေကား
ထစ်ကြီးပဲ ၂၀၀ လောက်တက်ရပါတယ် ….

(ဆက်ရန် …. ။)

-ဂျပန်နိုင်ငံရောက် မြန်မာတစ်ဦး

19 comments:

Anonymous said...

ဟင် ... !
ဘာမှတောင် မဖတ်ရသေးဘူး ...
နောက်တစ်ပိုင်း တဲ့ .. >.<

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မေသိမ့်သိမ့် ကျော် said...

ပြိတ္တာဇာတ်လမ်းလေးဖတ်ပြီး မှင်စာဇာတ်လမ်း မျှော်နေပါတယ်ဗျိုးးး။

ခင်တဲ့
မေသိမ့်

Anonymous said...

ကိုအောင် တို့ကတော့ လုပ်ချလိုက်ပြန်ပြီ နောက်တပိုင်း မြန်မြန်တင်ပေးပါဗျို့

ခင်မင်တဲ့
ရွှေစင်ဥိး

San San Htun said...

အားရပါးရ ဖတ်မလို့ အားခဲနေတုန်း ဆက်ရန်တဲ့...မြန်မြန်တင်ပါဗျို့ ..

ကိုသက်ဝင်း said...

အင်းလေ.... ကဲ ဆက်လိုက်ရအောင် မှင်စာ အကြောင်း ဆိုပြီး .... ဆက်ရန် ဖြစ်သွားပြီ။ ကိုအောင် လူဇိုး.... :D

An Asian Tour Operator said...

ဟုတ်ပါ့။

An Asian Tour Operator said...

ဟုတ်ပ။

ချယ်ရီမြေ said...

မှင်စာကအကြောင်းက ဖတ်ရတာ မှင်တသက်သက် ကျန်ခဲ့တယ်ဟေ့

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

ချော(အစိမ်းရောင်လွင်ပြင်) said...

အစပိုင်းကနေ အားရပါးရ ဖတ်လာတာ
ဖတ်နေရင်း ဆက်ရန်ဆိုတော့ တွန့်သွားတယ်
ကိုအောင်တို့က လုပ်ချလိုက်ပြန်ပြီ။
ကိုးရီးယားကားကျနေတာဘဲ ဆန့်ငင်ဆန့်ငင်နဲ့
ကောင်းခန်းရောက်ရင် ဖြတ်ချပြီ။
ဆက်ရန်ကို မျှော်နေတယ်ဗျို့

ကိုအောင် said...

ဒီဇာတ်လမ်းကို ရေးတဲ့သူက ကျနော် မဟုတ်ပါဘူးဆို၊ စာရေးတဲ့သူကို အမြန်ဆုံး အဆုံးသတ်ပေးဖို့ ကျနော်ကိုယ်တိုင် တိုက်တွန်းထားပါတယ် ... :D

ဇေယျာ said...

ဗဟုသုတအများကြီးရစေပါတယ်.ခလေးတွေကိုလဲ ပုံပြင်လိုပြန်ပြောပြနိုင်တော့...သိပ်ကောင်းပါတယ်..အားပေးတယ်

...အလင်းစက်များ said...

ဒါမျိုး မဖတ်ရတာ ကြာပေါ့ ကိုအောင်ရေ...... ဆက်ပါဗျိုး မြန်မြန်လေး။

ညီရဲ said...

တောအုပ်ထဲမဝင်မိတာ ကံကောင်းတယ် ဆိုရမယ်...

ညိမ်းနိုင် said...

စိတ်ဝင်စားတယ်ဗျိုးးးးးးးမြန်မြန်လေးဗျိုးးးးးးးးးးးးးး

သတိုးအောင်အောင် said...

ဘာကြီးလဲ ကောင်းခန်းရောက်မှကွာ မမိုက် ဘူး :(

မြန်မြန်ရေးပါတော့ ..............ဖတ်ချင်နေပြီး ကွာ


မှင်စာတောင်မလာသေးဘူး

ဆက်ရန် တဲ့
အင်

သွားပြီ

စော(အဝါရောင်မြေ) said...

ကိုအောင်ရေ
နောက်မှာ သရဲ ဇာတ်လမ်း(၂)ပုတ်တောင် တက်လာပြီး၊ ရန်ကုန်က သူရဲဇာတ်လမ်းကတော့ မပေါ်လာပဲ
စုံးစုံးမြုပ်နေပါ့လားဟင်။

Anonymous said...

အလိုတော် နိဒါန်းတွေ သိုင်းဝိုင်း ချွေနေလိုက်တာ တကယ့်မှင်စာ အပိုင်းရောက်မှ ဆက်ရန်တဲ့

ဒကထဲတော် ကြောက်မလို့  စဉ်းစားနေတုန်း ဆန့် ငင် ဆန့် ငင် ဖြစ်သွားတာဘဲ ကောင်းကောင်း မကြောက် လိုက် ရဘူး။

ဆောင်း

Lyn Lyn said...

တစ္စေဇတ်လမ်းတွေလာဖတ်နေကျပါ။ ကျနော့်ဆိုက်ကို Link ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုအောင်ရေ။ ကျနော့်ဆိုက်မှာလဲ Link ပြန်ပေးထားပါတယ်။ ဒီလထဲမှာ ကျနော်ဆိုက်က Status မှာ ကိုအောင့်ဆိုက်ကတဆင့် လာဖတ်ကြတဲ့သူက အများဆုံးပါ။

ခင်မင်စွာဖြင့်
Lyn Lyn

Lyn Lyn said...

အမှတ်တရ အပိုင်း ၄ ကိုမျှော်နေပါတယ်ဗျာ။ ဆက်ရေးပါဦး။