ယူနန်သတင်းဌာနက မဟုတ်ပါ.. ဟောင်ကောင် သတင်းဌာန
ကဖြစ်ပါတယ်.. ဒေါသတကြီးထုတ်ပြန်ကြေငြာနေတာ မဟုတ်ပါ..
သူတို့ဆီမှာ အဲဒီလို သတင်းတွေကို ဆွေးနွေးပိုင်းခြားတဲ့
အစီအစဉ်ရှိပါတယ်..
သူ့ရဲ့ပြောကြားချက်က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတဲ့
အကြောင်း၊ ဦးသိန်းစိန်နဲ့ ဒေါ်အာင်ဆန်းစုကြည်တွေ့ဆုံချိန် ရုံးခန်းမှာ
ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ချိတ်ဆွဲထားတဲ့အကြောင်း၊ စစ်တပ်
အုပ်ချုပ်ပြီးနောက် ဒီလိုဓာတ်ပုံမျိုးချိတ်ဆွဲထားတာကို အခုမှ ပထမဆုံး
အကြိမ်တွေ့ရကြောင်း ပြောကြားပါတယ်.. ဆည်ကိစ္စမှာ သမ္မတ
ဦးသိန်းစိန်က ပြည့်သူသဘောထားကြောင့်ဆိုပြီး ဖျက်သိမ်းတဲ့
အကြောင်း၊ နောင်တချိန်မှာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ရင်
တရုတ်ဖက်က သေချာစဉ်းစားသင့်တဲ့အကြောင်း အခြေအနေ
တည်ငြိမ်မှုမရှိကြောင်း၊ အမေရိကန်အစိုးရက ဒီကိစ္စကို အလေးထား
ကြောင်း၊ ဦးသိန်းစိန်ဟာ မနှစ်ကရွေးကောက်ပွဲမှာ အနိုင်ရပြီး ဒီနှစ်
မတ်ခ်ျလမှာ သမ္မတဖြစ်လာတဲ့အကြောင်း၊ အဲဒီတုန်းက ဦးသိန်းစိန်
သမ္မတအရွေးခံခဲ့ရတာကို အတုအယောင် ရွေးကောက်ပွဲဆိုပြီး
အနောက်နိုင်ငံတွေက ထင်မြင်ခဲ့ကြောင်း၊ အသိအမှတ်မပြုခဲ့သလို
ပြောဆိုဆက်ဆံမှုလည်း မလုပ်ခဲ့ကြောင်း၊ ဒါကြောင့် သမ္မတဦးသိန်းစိန်
ဟာ ပြည်တွင်းပြည်ပကပေးတဲ့ ဖိအားတွေကြောင့် ပြည်တွင်းက
ပြည်သူတွေရဲ့ထောက်ခံမှုကိုရအောင်၊ ပြည်ပက အမေရိကန်ရဲ့
အားပေးမှုကိုရအောင်၊ ပိတ်ဆို့ထားတာတွေ ရုတ်သိမ်းနိုင်အောင်၊
သူ့လက်ထက်က အစိုးရကို တရားဝင်အသိအမှတ်ပြုအောင် ဒီလို
ပြုလုပ်တဲ့အကြောင်း၊ သမ္မတဦးသိန်းစိန်ဟာ အမေရိကန်ရဲ့လိုလား
ချက်ကို ရယူချင်တယ်.. ဒါဟာ သူ့ကိစ္စပါ။ ဒါပေမဲ့ ဒီလိုလုပ်ရပ်မျိုးနဲ့
တရုတ်ရဲ့အကျိုးအမြတ်ကို ထိခိုက်စေတာမျိုးက မသင့်တော်ကြောင်း၊
မြန်မာပြည်ဟာ ဟိုးအရင်ကတည်းက တရုတ်အကူအညီတွေကို
ရယူနေတာဖြစ်တဲ့အကြောင်း၊ အခုအချိန်မှ မရဘူးလိုပြောတာဟာ
ပြည့်သူဆန္ဒတစ်ခုတည်းကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့်
ဖြစ်နိုင်ကြောင်း ၊ အဓိက,က ပြည်ပဖိအားဖြစ်နိုင်ကြောင်း၊ မြန်မာပြည်ကို
အမေရိကန်က ကျောထောက်နောက်ခံ ပြုထားတဲ့အကြောင်း ဝေဖန်
ပိုင်းခြားနိုင်ပါတယ်လို့ ဆိုထားပါတယ်...
မြန်မာပြည်ရဲ့ ကတိမတည်မှုက နိုင်ငံတကာထဲ ဝင်ဆန့်နိုင်တဲ့
အရည်အချင်းမရှိတော့ကြောင်း၊ မလေးစားထိုက်တော့ကြောင်း၊
တရုတ်အတွက်ကတော့ အိမ်နီးချင်းမိတ်ဆွေတစ်ဦး ဆုံးရှုံးသွားတဲ့
အပြင် ဘာမှမပိုကြောင်း၊ စိုးရိမ်စရာမလိုကြောင်း၊ ဒီလိုမိတ်ဆွေမျိုးက
ယုံကြည်ဖို့ မထိုက်တန်ကြောင်း၊ ဘယ်လို ပြင်းပြင်းထန်ထန်
အရေးယူပေးမှ နောင်တချိန် တရုတ်-မြန်မာဆက်ဆံရေးမှာ မြန်မာတွေ
ဆင်ခြင်နိုင်မှာဖြစ်တဲ့အကြောင်း၊ မြန်မာရဲ့ ဒီလိုအပြုအမူကို တရုတ်
ဘက်က တစ်ခုခု ပြင်းပြင်းထန်ထန် မတုံ့ပြန်ရင် တခြားအိမ်နီးချင်း
နိုင်ငံငယ်တွေက တရုတ်ပြည်ကို မထိလေးစားပြုမဲ့အကြောင်း...
ဝေဖန်ပိုင်းခြားသွားခဲ့ပါတယ်..
သူပြောတာတွေကို တတ်သိနားလည်သလို ဘာသာပြန်လိုက်ပါတယ် ...
(မနိုင်းနိုင်းစနေရဲ့ facebook မှ ထပ်ဆင့်ကူးယူဖော်ပြပါသည်။)
(မှတ်ချက်။ ။ဘာသာပြန်ပေးတဲ့ မနိုင်းနိုင်းစနေကို အားလုံးရဲ့ကိုယ်စား
ကျနော့် ပျူနိုင်ငံဘလော့မှ ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ။)
05122023
17 hours ago
7 comments:
ဟာ.. ဟ တရုတ်လား ဒီလို လုပ်ရဲမှာ... တရုတ်က သူနဲ့ မိတ်ပျက်သွားလို့ မြန်မာနိုင်ငံက အမေရိကန်ကို ပြေးကပ်မှာကို သေမတတ်ကြောက်တာ... မြန်မာပြည်က တရုတ်ပြည်ကို ဖိအားပေးနိုင်တဲ့ တစ်ခုတည်းသော နိုင်ငံမို့ အမေရိကန်ကလဲ အသဲအသန် လုံးပန်းနေတာ... တကယ်တော့ ကျွန်တော်တို့ နိုင်ငံက သူတို့ တွေရဲ့ အာဏာလွန်ဆွဲပွဲမှာ ကြားက ဓားစာခံ ဖြစ်နေတာ...တရုတ်ကတော့ နှစ်သီးစားနေတာပေါ့...
အတော်လာတဲ့ ပေါက်ဖော်ပါလား...သူများကြားရင် မြန်မာတစ်နိုင်ငံလုံး သူတို့ပေးစာကျွေးစာပဲ ထိုင်စားနေကြတယ် ထင်စရာ ဖြစ်နေပြီ...တကယ်ဆို ဆန်ပေးလို့ ဆေးရတဲ့ ကိစ္စပဲမဟုတ်လား...ကိုယ့်ဆီက သူတို့ရထားတဲ့ အကျိုးအမြတ်ကိုတော့ ထည့်မပြောတာတော့ ဒေါပွဖို့ကောင်းတယ်...ဒါတောင်မှ မြန်မာတစ်ပြည်လုံးက ဆွေမျိုးပေါက်ဖော်လို့ တင်စားထားသေးတာကို မထီမဲ့မြင်ပြုရဲတဲ့ လူတွေပဲ...အင်းလေ...ထမင်းလေး ၀လာကြတော့လည်း အစွမ်းတွေထပြီး ဘုရင်လုပ်ချင်ကြပြန်ပြီပေါ့..ဟုတ်စ မောင်ပေါက်ဖော်ရေ...
မြစ်ဧရာကိစ္စက မိသားစုအရေးပဲလေ။ အပြင်လူနဲ့ ဆိုင်တာမှမဟုတ်ပဲ။
အကြိမ်ပေါင်းများစွာ ခေါင်းငြိမ့်တုန်းက တစ်ပြုံးပြုံးနဲ့။
ခုတော့ ပြဿနာလုပ်ချင်ပြီပေါ့လေ တရားကျပါရဲ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အော် ` ဟောင်ကောင်` ဆိုတဲ့ နံမည် အတိုင်းပဲနော်။ ဒီနံမည်နဲ့  တော်တော်လိုက်တယ်။ ဟောင်တဲ့ အကောင်
စောရီး တရုတ် ရယ် ဘယ်လိုပဲပြောပြောပါ ။
မကြေနပ်ရင်နောက်မဆက်ဆံနဲ့  အခုလည်း မဆက်ဆံနဲ့ ဘယ်တော့မှ မဆက်ဆံနဲ့  ပေါ့ ဆက်ဆံပတ်သက်ခဲ့တာတွေကရော စစ်အစိုးရရဲ့ဓနရှင်အုပ်စုတွေနဲ့ ပတ်သက်ခဲ့တာပဲလေ ဒါကို ပြည်သူတွေကိုပါ သိမ်းကျုံးပြီး မြန်မာပြည်ကြီးကို ဒဏ်ခက်မယ်လေးဘာလေးနဲ့  ဟတ် . . .
တစ်ခုပဲ သတိပေးချင်တယ် မြန်မာ ဆိုတာ စက်သေနပ်သံ ဗုံးသံ ကြားထဲ မွေးဖွားကြီးပြင်းလာခဲ့ကြတဲ့ကောင်တွေ သေရဲ သတ်ရဲ ကြတယ် တရုတ်သွေးတွေနဲ့  မန္တလေးကျုံးရေ မညစ်နွမ်းစေချင်ဘူး ...
ဒေါသတကြီး ထုတ်ပြန်ကြေငြာတာမဟုတ်ဘူးလို့သာ ပြောတယ် တရုတ်ကြီးအသံက တစ်ကယ့်ကို ဒေါသထွက်ပြီး ပြောနေတာနဲ့ တူတယ်နော်း)
တရုတ်ဆိုရင် မုန်းလွန်းလို့ပါ ဖြစ်နိုင်ရင် မြန်မာပြည်ထဲက မြန်မာအမည်ခံထားတဲ့ တရုတ်တွေအကုန်လုံးကိုတောင် ပြန်ပို့စေချင်တယ် ကိုအောင်ရေ
သူခိုးက လူဟစ်တယ်ဆိုတာမျိုးလိုပေါ့ဗျာ။ တရုတ်ဆီက အကူအညီမရှိလဲ မြန်မာပြည်ရပ်တည်နိုင်ပါတယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ ညီညွှတ်ကြမယ်ဆိုရင်ပေါ့။ အခုကိစ္စမှာ တရုတ်ကသူ့စီးပွားကိုထိခိုက်မှာစိုးလို့ ကန့်ကွက်နေတာ အသိသာကြီးပါ။
Post a Comment