Monday 19 September 2011

ရန်ကုန်မြို့ တရုတ်သံရုံးရှေ့ရောက် လူစုပွဲ (facebook)သတင်းများ


(တောင်တရုတ်ပင်လယ်ရှိ ကျွန်းလုပွဲ ပြဿနာတွင်
ဗီယက်နမ်နိုင်ငံရှိ တရုတ်သံရုံးရှေ့တွင် ရဲရင့်စွာ ဆန္ဒပြ
ခဲ့ကြသော ဗီယက်နမ် မျိုးဆက်သစ်များ။)

*ယနေ့ နံနက်ကတည်းက ရန်ကုန်၊ကလေးဆေးရုံကြီးရှေ့၊
တရုတ်သံရုံးရှေ့တွင် လုံထိန်းနှင့် ရဲများစုစုပေါင်း ၅၀ ၀န်းကျင်
ခန့် လုံခြုံရေးချ ထားကြောင်း တွေ့မြင်ခဲ့ရပြီး၊ ကလေးဆေးရုံ
ကြီးရှေ့ရှိ လက်ဖက်ရည်ဆိုင်များလည်း ပိတ်ထားကြောင်း
တွေ့ရသည်။

*ညနေ ၃နာရီခွဲအချိန်ထိ တရုတ်သံရုံးရှေ့မှာ ဘာမှ ထူးခြားမှု
မရှိပါ၊ မနက်ကတည်းကမိုးရွာထဲမှာ သွားလိုက်၊လာလိုက် ၊
အပင်အောက်ကနေ စောင့်ကြည့်လိုက်လုပ်နေကြရသော
သတင်းသမားများလည်း ပြန်သွားကြပါပြီ၊ လုံထိန်းကားတစီး
လည်း ပြန်ထွက်သွားပါပြီ၊ အရပ်ဝတ်ရဲတွေလည်း ဟိုမှာ ဒီမှာ
ထိုင်စောင့်ရင်း ပြန်ဖို့ ပြင်ဆင်နေကြပါပြီ။

*အကြောင်းကြောင်းကြောင့် တရုတ်သံရုံးရှေ့  မရောက်ဖြစ်ဘူး။
သံရုံးရှေ့ မှာ ရှိနေကြတဲ့ သူတချို့ ကြောင့် အခြေအနေတွေကို
မပြတ်သိနေရပါတယ်။ ဒီကိစ္စ နောက်ကွယ်မှာ ပေးချင်တဲ့
မက်ဆေ့တွေ အကျအန ရှိနေပုံ ရပါတယ်။

5 comments:

Anonymous said...

ဖမ်းမယ်ကြားလို့ ယင်တယ်

Anonymous said...

ဖမ်းမယ်ကြားလို့ ထင်တယ်။

Anonymous said...

ဗီယက်နမ်ဖြစ်တာ မြန်မာတွေ နဲ့ ဘာဆိုင်လို့ လဲ။

Anonymous said...

ဖမ်းရင်ဖမ်းပေါ့အခုဟာကလူစုပြီးကြောက်ပြနေဒါ

Anonymous said...

ဖမ်းရင်ဖမ်းပေါ့အခုဟာကလူစုပြီးကြောက်ပြနေဒါ