Tuesday 20 September 2011

ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် မြစ်ဆုံရေကာတာ ကန့်ကွက် ဆန္ဒပြမှု ဖြစ်ပွား


ဒီနေ့ နေ့လည် ၁၂ နာရီကျော်ကျော်က ရန်ကုန်တိုင်း
ဒဂုံမြို့နယ် အမှတ် ၄၇ ခရေပင်လမ်းမှာရှိတဲ့ တရုတ်
ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဌာနရှေ့မှာ အသက် ၄၅နှစ်
အရွယ် အမျိုးသားတဦးက ဧရာဝတီမြစ်ဆုံ ရေကာတာ
စီမံကိန်း ချက်ချင်းရပ်ဆိုတဲ့ အင်္ဂလိပ်လိုစာသားပါ ပိုစတာ
ကိုကိုင်ပြီး ဆန္ဒပြခဲ့လို့ လုံခြုံရေးရဲတွေက ဖမ်းဆီးသွားတယ်
လို့သိရပါတယ်။ ဆန္ဒပြမှုဖြစ်ချိန် အဲဒီအနီးနားမှာရောက်နေသူ
တဦးက
သူက stop Irrawaddy dam ဆိုတဲ့စားသားပါ ပိုစတာကို
ကိုင်ထားတယ် ခဏနေတော့ ရဲတွေကခေါ်ပြီး သူ့ကို ဓါတ်ပုံ
ရိုက်တယ် မေးမြန်းစစ်ဆေးပြီး ဒဂုံရဲစခန်းကိုခေါ်သွားတယ်။
နာမည်က ကိုအောင်သိန်းလို့ ကြားလိုက်တယ်။
ဒဂုံရဲစခန်းကိုမေးကြည့်တော့ တာဝန်ကျအရာရှိက သူတို့ဆီမှာ
ဒီကိစ္စနဲ့ဖမ်းထားတာ မရှိဘူးလို့ဖြေကြားခဲ့ပါတယ်။ နောက်ထပ်
မျက်မြင်တယောက် အပြောအရ
တရုတ်ပြန်ကြားရေးရုံးရှေ့မှာ ဖမ်းခံရသူဟာ ကိုအောင်သိန်းလှ
ခေါ် ကျော်ဝင်း တောင်ဥက္ကလာ ၇ ရပ်ကွက် ရွှေသိဒ္ဓီ ၁၁လမ်းမှာ
နေသူဖြစ်ပြီး မလေးရှားကနေ အမေရိကန်နိုင်ငံကို ရစတမန့်နဲ့
သွားပြီး အမေရိကန်နိုင်ငံသား ခံထားသူဖြစ်တယ် လို့ပြောပါတယ်။
သူဟာဒီလထဲမှာမှ ပြည်တော်ပြန်လာသူဖြစ်တယ်လို့ပြောပါတယ်။
မနေ့က စက်တင်ဘာ ၁၉ ရက် တုန်းကလည်း တရုတ်သံရုံးရှေ့မှာ
လူအုပ်နဲ့ ဆန္ဒပြမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာလို့ သတင်း
ထောက်တွေနဲ့ လုံခြုံရေးအမြောက်အများ တရုတ်သံရုံးရှေ့မှာ
စောင့်ဆိုင်းခဲ့ကြပေမယ့် ဆန္ဒပြမှုမဖြစ်ခဲ့ပါဘူး။ ဒီနေ့ တရုတ်သံရုံး
ဝန်းကျင်မှာ လုံခြုံရေးတွေ အရပ်ဝတ်နဲ့ တမျိုး ယူနီဖေါင်းနဲ့တဖုံ
စောင့်ဆိုင်းနေကြတယ်လို့ မျက်မြင်တွေအပြောအရ သိရပါတယ်။

(အညာနွေတမာဘလော့မှ ထပ်ဆင့်ကူးယူဖော်ပြ ...။)
(ဓါတ်ပုံက နေ့သစ် စာမျက်နှာမှ ကူးယူထားပါတယ်။)

4 comments:

မိုးယံ said...

တစ်ယောက်အားနဲ့မနိုင်ရင် တစ်သောင်းအားနဲ့ နိုင်ရမှာပေါ့။

အင်ကြင်းသန့် said...

တစ်ဦးက ရှေ့က စလိုက်ပီဆိုတော့ နောက်ကနေ ညီညီညွှတ်ညွှတ်နဲ့လိုက်ကြတာပေါ့။

Anonymous said...

ကိုအောင်..ဦးးသိန်းစိန်ကဒိန်းမက်မှာ ရှိနေတုံးလား.ဘာကြောင့် ဒီပြောင်စပ်စပ်ပုံးကိုဒီလောက်အကြာတင်ထားဒါ..အမျိးများတော်နေလါး

Anonymous said...

ကိုအောင် ဦးသိန်းစိန် က ဒိန်းမက် မှာရှိတုံးလား အမျိးတော်နေလိုများဒီပြောင်စပ်စပ်ပုံကို ဒီလောက်အကြာတင်ထားဒါလါး