Monday, 26 September 2011

ဆန္ဒပြပွဲသတင်း

(NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး ပြောတဲ့ “ဆန္ဒစောတယ်” ဆိုတဲ့ စကားနဲ့
ဒေါ်နော်အုန်းလှ ပြောတဲ့ “ကျမတို့ အလုပ် ကျမတို့ လုပ်တာပါ”
ဆိုတဲ့ စကားကြားမှာ မီဒီယာသမားတွေ ... အလယ် လိုလို ..
ဟိုဖက်လိုလို ဒီဖက်လိုလို ... ဖြစ်နေကြပါတယ် .... :D
မှတ်ချက်။ ။ ပျူနိုင်ငံ။)

မျိုးသန့် | တနင်္လာနေ့၊ စက်တင်ဘာလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၃၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွှေဝါရောင် လေးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒဂုံမြို့သစ်အရှေ့ပိုင်းမှ ဆူးလေဘုရားသို့ ဆုတောင်းရန် သွားရောက်သူ ၂၀၀ ခန့်ကို လုံထိန်းနှင့် ရဲအင်အား ၄၀၀ ခန့်မှ တနင်္လာနေ့တွင် တာဆီးကာ လူစုခွဲ လိုက်သည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမှာ ဆူးလေသို့ သွားရောက်သူ ၂၀၀ ခန့်ကို လုံထိန်း၊ ရဲ၊ ထောက်လှမ်းရေး အင်းအား ၄၀၀ ခန့်မှ မရမ်းကုန်းမြို့နယ် စာတိုက်မှတ်တိုင် အနီးရှိ မိုးလေဝသနှင့် ဇလဗေဒရုံးရှေ့တွင် မရမ်းကုန်းမြို့နယ်ရဲမှူး ဦးမောင်စိုးမှ တားဆီးကာ တည်ဆဲဥပဒေအရ အရေးယူနိုင်ကြောင်း ပြောဆိုသည်ဟု ဆုဆောင်းမှုကို ဦးဆောင်သူ တဦးဖြစ်သူ ကိုဝေဋ္ဌု က မဇ္ဈိမကို ပြောသည်။

"သူတို့က ဒီလက်ရှိ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ၃၅၄ အရ လွတ်လပ်စွာ စီတန်းခွင့်နဲ့ သွားလာခွင့် ရှိတယ် ဆိုတဲ့ ဥပဒေက လက်ရှိလွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းဖို့ မဆုံးဖြတ်ရသေးဘူး ဆိုတဲ့အကြောင်းပြချက်နဲ့ လက်ရှိ တည်ဆဲ ဥပဒေ ငါးယောက်ထက် ပိုမစုရ ဆိုတာနဲ့ ကျနော်တို့ကို ဖမ်းလို့ ရတယ်လို့ ပြောလာပါတယ်။" ဟု ကိုဝေဋ္ဌု

က ဆိုသည်။

ယင်းကဲ့သို့ လူစုခွဲခိုင်းခြင်းကြောင့် ဒေသ စံတော်ချိန် ၁း ၄၅ မိနစ်တွင် လူစုခွဲလိုက်ကြပြီ ဖြစ်ကြောင်းလည်း ဆုတောင်းမှုတွင် ပါဝင်သူတဦးဖြစ်သူ ဦးဝင်းချိုက မဇ္ဈိမကို ပြောသည်။


"သုံးယောက် တတွဲစီ လူစုခွဲပြီးတော့ ပြန်ရမယ်လို့ ကျနော်တို့ကို ညွှန်ကြားချက် ပေးပါတယ်။ အဲဒီတော့ ကျနော်တို့ လူစုက နည်းနည်းများတဲ့ အတွက် စည်းမဲ့ကမ်းမဲ့ ဖြစ်သွားမှာစိုးလို့ ကျနော်တို့ သုံးယောက်ချင်း သုံးယောက်ချင်း လူစုခွဲဖို့ ကျနော်တို့ လူစုခွဲနေပါပြီ။ ဥပဒေရဲ့ ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာမှာဖြစ်ပါတယ်" ဟုဦးဝင်းချိုက ဆိုသည်။

ထူးခြားစွာပင် ဆန္ဒပြမှုကို ကန့်ကွက်မှုများလည်း တပါတည်း ထွက်ပေါ်လာခဲ့သည်။

“မကြာမီမှာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty) ရှိတယ်။ တိုင်းပြည် တည်ငြိမ်မှုနဲ့ အတူ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ ရှိတယ်။ မြစ်ဆုံ ပြဿနာ ဖြေရှင်းဖို့ ရှိတယ်။ မြစ်ဆုံ ပြဿနာကလည်း ပြေပြေလည်လည် ဖြစ်သွားမှာပါ။ လက်ရှိမြန်မာနိုင်ငံရေး ရေချိန်က Arab style uprising ဖြစ်စရာ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလို

ပြောထားတယ်။ ဒီလို ဆန္ဒပြမှုတွေကို ဘယ်သူမှ မလုပ်စေချင်ဘူး။”ဟု ရန်ကုန်မြို့ အခြေစိုက် Weekly Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်ကို ကိုးကား၍ သူ၏ အပတ်စဉ်ထုတ် ဂျာနယ် ဝီးကလီးအလဲဗင်း၏ အွန်လိုင်း သတင်းတွင် ရေးသားထားသည်။

ရွှေဝါရောင် တော်လှန်ရေးသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့က ပခုက္ကူမြို့တွင် အစိုးရဆန့်ကျင် ဆန္ဒပြ သံဃာတော်များကို အာဏာပိုင်များက ရိုက်နှက်မှု ဖြစ်ခဲ့ပြီးနောက် ရန်ကုန်၊ မန္တလေး၊ စစ်တွေ စသည့် မြို့ကြီးများတွင် သံဃာ့လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။


အမှတ်တရ နှစ်ပတ်လည်နေ့နှင့် လမ်းလျှောက်စုတောင်းကြသူများ၊ စောင့်ကြည့်နေကြသူများနှင့် မီဒီယာသမားများ

မေသင်္ကြန်ဟိန်(မြစ်မခ)

စက်တင်ဘာ ၂၆၊ ရန်ကုန်မြို့။



ဒီနေ့ နံနက်ကတည်းက အလှူပွဲတွေ၊ အခမ်းအနားတွေ ရှိတာကို ကြားရ သိရပါတယ်။ သတင်း ဂျာနယ် နှစ်စောင်အတွက် သတင်းတွေပို့ပေးနေရလို့ ရုံးကနေ ထွက်ခွင့်ရတဲ့အချိန်က နေ့လည် ၁၁ နာရီ ကျော်နေပါပြီ။

ဆူးလေဘုရားအနီး၊ မြို့တော်ခန်းမ ရှေ့ကို ရောက်တဲ့အချိန်မှာ နေ့လည် ၁၂နာရီ ထိုးပြီး ၁၅ မိနစ်ပါ။ မြို့တော်ခန်းမရှေ့က့  မီဒီယာကော်နာရှေ့မှာ ကျမရဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကိုလည်း ကင်မရာ ကိုယ်စီနဲ့ တွေ့မြင်ရပါတယ်။

မြို့တော်ခန်းမရှေ့မှာတော့ ယူနီဖောင်းအပြည့်အစုံဝတ် လုံထိန်းတွေကို တင်ထားတဲ့ ကား ၆ စီးနဲ့ မြို့တော်ခန်းမအနီးမှာ စောင့်နေတဲ့ ရဲကား ၃ စီးကို မြင်တွေ့နေရပါတယ်။

နေ့လည် ၁နာရီ ထိုးပြီး ၃ မိနစ်လောက်မှာပဲ မိုးစက်တွေက ဝေါကနဲ့ သွန်ချလိုက်ပါတယ်။ မိုးစက်တွေနဲ့အတူ အ၀ါရောင်တီရှပ်အကျီာင်္တွေ ၀တ်ထားတဲ့ အမျိုးသားအမျိုးသမီး အယောက် ၃၀ လောက်က ကားတွေ၊ လိုင်းကားတွေ၊ ရဲကားတွေကို ဖြတ်ပြီး မဟာဗန္ဓုလပန်းခြံရှေ့ကနေ ဆူးလေ ဘုရားပေါ်ကို တက်သွားကြပါတော့တယ်။

အဲဒီအ၀ါရောင်တီရှပ်တွေ နောက်ကို ယူနီဖောင်းဝတ် ရဲ ၂၀ လောက်က ပြေးလိုက်သွားကြသလို၊ ကင်မရာကိုင် သတင်းသမား ၃၀ လောက်နဲ့ ၊ အရပ်ဝတ်ထားတဲ့ ရဲ ၂၀ လောက်ကလည်း အပြေးအလွှား ပြေးလိုက်ကြပါတယ်။

ဆူးလေဘုရားပေါ်မှာတော့ ဘုရားဖူးသူ နည်းနည်း လုံခြုံရေးချထားတဲ့ ယူနီဖောင်းဝတ်ရဲ၊ ရဲအရာရှိများ၊ အရပ်ဝတ်ရဲများများနဲ့ သတင်းသမားတွေက၀ိုင်းပြီး အ၀ါရောင်လမ်းလျှောက်စုတောင်းနေကြသူတွေကို မေးမြန်းကြ၊ ဓါတ်ပုံရိုက်ကြနဲ့ပါပဲ။

မိုးတွေကလည်း တဝေါဝေါရွာလို့၊ သတင်းသမားတွေရဲ့ တယောက်တခွန်းမေသံတွေနဲ့ မှတ်တမ်းတင် ဓါတ်ပုံရိုက်နေကြသူတွေကြားမှာ

အ၀ါရောင်ဝတ်သူတွေကတော့ တည်တည်ငြိမ်ြိငြိမ် အေးအေးဆေးဆေးနဲ့ပါပဲ။

`ဘာကြောင့်ခုလို လမ်းလျှောက်ဆုတောင်းကြတာပါလဲ`ဆိုတဲ့ အမေးအဆုံးမှာ ပန်းတွေ ပွေ့ထားတဲ့ မျက်နှာ ချိုချိုနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားက လေသံအေးအေးနဲ့ပဲ ဖြေပါတယ်။

`၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အထိမ်းအမှတ် နှစ်ပတ်လည်ပါ။ပြီးတော့ ကျနော်တို့ ရဲ့ ရဲဘော်တွေဖြစ်တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့သူတွေကို ရည်စူးပြီး ကောင်းမှုကုသိုလ် လုပ်တာပါ။ အင်္ကျီဝါကို ၀တ်ဆင်ရခြင်းကလည်း ၂၀၀၇ ဖြစ်စဉ်ကိုပဲ ရည်ရွယ်ကိုယ်စားပြုပြီး ၀တ်ဆင်တာပါ။ ဒီအထိမ်းအမှတ်ပွဲမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူတွေရဲ့ မိသားစုဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ မိသားစုဝင်တွေ၊ အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့က အဖွဲ့ဝင်တွေပါပါတယ်” လို့ သူက အေးဆေးစွာပဲ ပြောပါတယ်။

ခဏကြာတော့ ရဲအရာရှိကြီးတွေက အ၀ါေ၇ာင်တီရှပ်ဝတ်တွေနဲ့ စကားတွေ ပြောဆိုကြပါတယ်။မိုးစက်သံတွေနဲ့ ရပ်နေရာကနေ ဘာတွေ ပြောကြသလဲဆို မကြားရလိုက်ပေမဲ့၊ ကမ္ဘာအေးကနေ ရောက်လာမဲ့ အဖွဲ့ကို စောင့်နေတာကိုတော့ ကြားလိုက်ရပါတယ်။

ကျန်တဲ့ အဖွဲ့ဝင်တွေကတော့ မိုးရေတွေထဲမှာ အေးအေးဆေးဆေးပဲ ထိုင်နေပြီး ဘုရားဝတ်ပြုနေကြတယ်။ သူတို့ဟာ စိုးရွံ့နေပုံမရဘူး၊ ပျာယာလည်း ခတ်မနေကြဘူး၊ ပြာယာခတ်နေတဲ့ သူတွေ ဟိုပုံရိုက် ဒီပုံရိုက်နဲ့ ကင်မရာ၊ ဗီဒီယို ကင်မရာ ကိုင်ထားကြသူတွေ ကြားမှာ အ၀ါရောင်သူတွေကတော့ အေးဆေးစွာနဲ့ ဘုရားဝတ်ပြုနေကြပါရဲ့။

ကမ္ဘာအေး ဘုရားမှာ ဆုတောင်းတဲ့ အဖွဲ့ တဖွဲ့ရှိသေးတယ်၊ သူတို့နဲ့လည်းဆူးလေမှာပဲ ဆုံဖို့ ချိန်းထားတယ်ဆိုတဲ့ စကားကြောင့် မီဒီယာသမားတွေ ကမ္ဘာအေး ဘုရားဘက်ကို ရွေ့ဖို့ ပြင်ကြတယ်။

ဆူးလေနဲ့ ကမ္ဘာအေးဘုရား လူခွဲပြီး နေကြမယ်ဆိုပြီး မီဒီယာသမားတွေ အချင်းချင်းတိုင်ပင်ပြီး ကမ္ဘာအေးဘက်ကို ရွေ့ကြတယ်။ အဲဒီထဲမှာ ကျမလည်းပါတာပေါ့။

ကားငှားပြီး ထွက်ခဲ့ပေမဲ့ ရွှေဂုံတိုင်ရောက်တော့ မိုးရေတွေက လမ်းပေါ်တက်ပြီး ကားဆက်သွားလို့မရတော့ဘူး၊ ဆူးလေဘက် ပြန်လှည့်လာတော့ ဦးထောင်ဘိုလမ်းထိပ်မှာ ရွှေဂုံတိုင်ဘက်ကို လမ်းလျှောက်လာတဲ့ အ၀ါရောင်အဖွဲ့ကို တွေ့လိုက်ရပါတယ်။

အ၀ါရောင်ဝတ်ဆင်သူပေါင်း ၆၀ ကျော်လောက်နဲ့ ၄ ယောက်တတွဲလမ်းလျှောက်လာတဲ့ သူတွေပါ။ အမျိုးသမီးအမျိုါ်သားတွေနဲ့ တက်တက်ကြွကြွလျှောက်လာကြတာပါပဲ။

သူတို့နားဘေးနားမှာတော့ အရပ်ဝတ်နဲ့ ရဲတွေပါ၊ သူတို့မှာလည်း ကင်မရာတွေ နဲ့ပါပဲ။ သတင်းထောက်နဲ့ စုံထောက်တွေလည်း မျက်လုံးချင်း မကြာခဏ စုံမိကြပါရဲ့။ အမြဲတွေ့တွေ့နေရတဲ့ သူတွေမို့  သူတို့တွေကလည်း ကျမတို့တွေကို မှတ်မိ၊ ကျမတို့သတင်းသမားတွေကလည်း သူတို့တွေကို မှတ်မိနဲ့ပါ။

လမ်းလျှောက်သူတွေနဲ့ တကောက်ကောက်လိုက်ကြရင်း ရွှေဂုံတိုင်မီးပွိုင့်မှာ ရပ်လိုက်ကြပါတယ်။

ကမ္ဘာအေး အဖွဲ့က လူစုကွဲသွားပြီ ဆူးလေကို ပြန်ကြရအောင်ဆိုလို့ နောက်ကြောင်း ပြန်လှည့်ပြီး ထွက်လာတော့ညနေ ၃နာရီ ခွဲကာနီးပါပီ။

ဆူးလေမှာ ပြန်ဆုံကြတော့ ညနေ၄နာရီပါ။ ဆူးလေမှာ သံလျင်က လာတဲ့အဖွဲ့နဲ့ ဒေါ်နော်အုန်းလှတို့အဖွဲ့ ဆုံကြပြီး ဆုတောင်းကြပါတယ်။

`ဒီမိုကရေစီ လှုပ်ရှားမှုများကြောင့် အကျဉ်းထောင်အသီးသမီးတွင် ထောင်ကျအကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လည်း လွှတ်မြောက်ပါစေ၊ နယ်စပ်ဒေသအသီးသီးတွင် ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသော တိုင်းရင်းသား ပြည်သူလူထုကြီး တရပ်လုံးငြိမ်းချမ်းသာယာစေရန်အတွက် တန်းတူညီမျှတဲ့ စစ်မှန်သော တွေ့ဆုံရှင်းလင်းမှုများနှင့် ဖြေရှင်းနိုင်ပါစေ`ဆိုပြီး ဆုတောင်းခဲ့ကြသလို ဆက်လျက်ပြီးတော့လည်း တိုင်တည် ဆုတောင်းခဲ့ကြပါတယ်။

`တိုင်းပြည်နှင့်ပြည်သူလူထုကြီး အကျိုးနှင့် ဆန့်ကျင်သော ဧရာဝတီမြစ်ဆုံရေကာတာ စီမံရေးကိစ္စ ပြည်သူလူထုကြီးဆန္ဒနှင့် အညီ ဖြစ်ပေါ်ပါစေ`ဟု အ၀ါရောင်ဝတ်ဆင်သူ ၅၀ ၀န်းကျင်ခန့်က ဆုတောင်းခဲ့ကြသည်။

သတင်းသမားများ၊ အရပ်ဝတ် ရဲများ၊ ယူနီဖောင်းဝတ် ရဲများနှင့် အတူ လာရောက်ကြည့်ရှုကြသော ပြည်သူလူထုများနှင့် ဆူးလေဘုရား နောက်ဘက်မုဒ်နှင့်မြောက်ဘက်မုဒ်ကြားပြည့်ညှပ်သွားတော့သည်။

ညနေလူစုခွဲတော့ ၄နာရီ ကျော်ပေပြီ။


မြန်မာနိုင်ငံတွင် ယနေ့  သံဃာ့အရေးအခင်း ၄ နှစ်ပြည့်နေ့ အဖြစ် ကျင်းပနေပြီး ဆန္ဒပြနေသည်ဟု သိရှိရ သည်။ ဆန္ဒပြသူများ မှာ မိုးသည်းထန်စွာရွာနေသည့်ခြားမှ အ၀ါရောင်အကျီ င်္တွေဆင်တူဝတ်၍ ဆူလေဘုရားကို ချီတက်လာနေကြပြီလို့ သတင်းရရှိပါတယ်။ မြို့တော်ခန်းမရှေ့မှာတော့ ရဲတွေ အမြောက်အများ တင်ကျပ်စွာ ချထားပါတယ်လို့  သိရသည်။ ရန်ကုန်မြို့မှ လူအများ အနေဖြင့် ထိုသတင်း မှန်မှန် အတည်ပြုပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံလိုပါတယ် ခင်ဗျာ ။

ကျနော်တို့ တိုင်းပြည်ရဲ့ နောက်ဆုံးနေ့ရက်များ မရောက်ခင် ကြိုတင်တားဆီးပေးဖို့ အတွက် မြန်မာနိုင်ငံသားအာလုံး
ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါလို့ လေးစားစွာ တိုက်တွန်းပြောကြားလိုပါတယ် ခင်ဗျာ ။


န၀ဒေးလမ်းဆုံနဲ့ကမ္ဘာအေးကြားမှာ အပိတ်ခံနေတယ်လို့ သတင်းရရှိပါတယ် ။

မြို့ထဲကိုချီတက်တဲံ့သူတွေ မီဒီယာလွှတ်ပေးပြီး အမြန်ဆုံး သတင်းရယူပေးစေလိုပါတယ် ခင်ဗျာ ။

ဖုန်းနံပါတ် 0949332594 ကိုမြတ်မင်း
0943003726 ကိုသိန်းအောင်မြင့်
0949277823 ကိုစိုးအောင် တို.ကိုဆက်သွယ်မေးမြန်းကြပါ။ ရန်သူကအားသုံးပြီးနှိမ်နင်းမယ့်သဘောရှိတယ်။

ပြည်သူလူထု အားလုံး ပူးပေါင်းပေးကြပါ.....ခင်ဗျာ ။




7days ကတော့ ဒီလိုရေးထားတယ် *** နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးပါ စာတန်းပါသောအင်္ကျီ အ၀ါရောင်များကိုတူညီစွာဝတ်ဆင်ထားသည့် လူအယောက်၁၀၀ ခန့်သည် ယနေ့ နေ့လည်၁နာရီခန့်ကမ္ဘာအေးဘုရားလမ်းအတိုင်းချီတက်လာရာ မိုးလေ၀သနှင့်ဇလဗေဒရုံးရှေ့အရောက်တွင် လုံခြုံရေးရဲများကတားဆီးသဖြင့် လမ်းဘေးတွင်ထိုင်ကာလက်အုပ်ချီဆုတောင်းမှု့များပြုလုပ်လျှက်ရှိသည်ဟု မျက်မြင်တွေ့ရှိသူများကပြောကြားသည်။

"အော်တာဟစ်တာမရှိပါဘူး ။ ငြိမ်ငြိမ်လေးဘဲရှိခိုးပြီးဆုတောင်းနေကြတယ်။ ဘာတွေဆုတောင်းလဲဆိုတာ ဝေးတော့ မကြားရဘူး"ဟု ထိုနေ

ရာတွင်ရောက်ရှိနေသူတစ်ဦးကဖုန်းဖြင့်ပြောကြားသည်။

အ၀ါရောင်အင်္ကျီဆင်တူများဝတ်ဆင်ထားသည့်လူတစ်ရာတွင် အသက်၂၀မှ ၅၀ အထိ အမျိုးသား၊အမျိုးသမီး အရွယ်စုံပါဝင်ကြောင်းယင်းက ပြောကြားသည်။

"ရဲတွေ၊လုံခြုံရေးတွေနဲ့ ရပ်ကွက်ကလူကြီးတွေက လူ၁၀၀လောက်ရှိတယ်။ လမ်းမပိတ်အောင် ယာဉ်ထိန်းကရှင်းပေးနေတယ်။ ရပ်ကွက်ထဲက လမ်းကြားမှာတော့ လက်နက်အပြည့်နဲ့လုံခြုံရေးကားတစ်စင်းရပ်နေတာလှမ်းတွေ့ရတယ်" ဟု ထိုနေရာအနီးတွင်ရောက်ရှိနေသူတစ်ဦး ကပြောသည်။

ထိုနေရာသည်ကမာအေးဘုရားလမ်းမပေါ် ၊ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု့ဦးစီးဌာနရှေ့ ၊ မရမ်းကုန်းမြို့နယ်တွင်ဖြစ်သည်။ ***



မိတ်ဆွေတို့ ရရှိတဲ့ သတင်းများကိုလည်း ပြန်လည် ပေးပို့ကြပါလို့ လေးစားစွာ မေတ္တာရပ်ခံချင်ပါတယ် ခင်ဗျာ။

....

“ နိုင်ငံရေးဆိုတာ အထိမ်းအမှတ်ပွဲတွေ လုပ်လိုက်၊ တောင်းဆိုလိုက်၊ ဆန္ဒ
ပြလိုက် ဆိုတာထက်ပိုပြီး ကျယ် ကျယ် ပြန့်ပြန့် စဉ်းစားထားဖို့လိုပါတယ်။ လူ
အများစုရဲ့ဆန္ဒဆိုတာ လူအများစုရဲ့စိတ်ခံစားမှုထက် ပိုမြင့်ပါတယ်။ ဆန္ဒပြတာ
မဟုတ်ဘူးဆိုပေမယ့် အများပြည်သူ အကြားမှာ ဆန္ဒပြတယ်ဆိုပြီး အုပ်အော်
သောင်းနင်းဖြစ်သွားတယ်။ ဒီရိုက်ခတ်မှုမှာ Negative Impact ရှိတယ်။
ဆူးလေဘုရားမှာ ဆန္ဒပြသူက(၇၀)ကျော်၊ သတင်းယူသူက (၁၀၀)ကျော်
ရှိတယ်။ တချို့သတင်းထောက် တွေက သတင်းကြိုရထားကြတယ်။
အလုပ်ဆိုတာ အရွေ့မရှိဘဲနဲ့ အလုပ်မပြီးမြောက်ဘူး ဆိုတာ နိုင်ငံရေးကို
လုပ်ကိုင်နေတဲ့ သူတွေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ အနေနဲ့ သိသင့်
ပါတယ်။ နိုင်ငံရေးမှာ ရှုထောင့်တစ်ခုထဲက ကြည့်ရင် အရွေ့ဆိုတာ ဘယ်တော့
မှဖြစ်လာမှာ မဟုတ်ပါဘူး။ Bird eye view ဆိုတာ နယ်ပယ်
အသီးသီး မှာရှိပါ တယ်။ တိုင်းပြည်ရဲ့ရေရှည်အကျိုး၊ ဒုက္ခတွေခံစား
နေရတဲ့ ပြည်သူတွေရဲ့အကျိုးအတွက် ကျွန်တော်ကတော့ ဒီနေ့ဖြစ်ရပ်
ကို လုံးဝသဘောမကျဘူး”ဟု Eleven Media Group ၏ CEO
ဒေါက်တာသန်းထွဋ်အောင်က ပြောကြား ....


(အီမေးလ်မှတဆင့် လက်ခံရရှိသောသတင်းများ ဖြစ်ပါသည်။)

6 comments:

Anonymous said...

http://news-eleven.com/index.php?option=com_content&view=article&id=10281:2011-09-26-07-20-27&catid=42:2009-11-10-07-36-59&Itemid=112

မဒမ်ကိုး said...

တကယ်ကိုသတိပြန်ရသွားစေတယ် အကိုရေ စိတ်မကောင်းဘူး အဲညတွေကိုတွေးမိရင်း(

Anonymous said...

I side with U Tin Oo. That dick heads are trying to screw up small progress made.

မိုးယံ said...

http://www.facebook.com/notes/kyawt-kay-khine-nyunt/by-dracula-dangerous/254118924632893

အဲဒီမှာလဲ တွေ့တယ် ကိုအောင်ရေ..။ :)

မေသိမ့်သိမ့် ကျော် said...

ဖတ်သွားပါတယ်ရှင်။

Anonymous said...

သွေးမြေကျရတဲ့ အဖြစ်ပျက်က နှလုံးမသာယာစရာပါပဲ


မောင်ဘကြိုင်