ဖေ့ဘွတ်(facebook) ပေါ်မှာ Blogger for Ayeyarwady
ခေါင်းစဉ်နဲ့ ဘလော့တချို့က မြစ်ဆုံရေကာတာ ကန့်ကွက်
ရေး လှုပ်ရှားမှု အဖြစ် (၂၃.၀၉.၂၀၁၁)နေ့ မှာ ဘလော့
တွေပေါ် မြစ်ဆုံရေကာတာ ရပ်တန့်ရေး၊ လုံးဝ ဖျက်သိမ်း
ရေး ပို့စ်တွေ ရေးသားပြီး တင်ကြဖို့ လှုံဆော်နေပါတယ်။
နာမည်ကြီးဘလော့ဂါတွေ၊ ပရိတ်သတ်အများစု နေ့စဉ် ဖတ်ရှု
နေကြတဲ့ ဘလော့ဂါတွေ ပိုမို ပါဝင်လာကြရင် တော်တော်လေး
မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နိုင်တာပေါ့ဗျာ ...
တချိန်တည်းလိုလိုပဲ ရန်ကုန်မြို့ရှိ မြန်မာဌက်နှင့် သဘာဝ
ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း(BANCA) အသင်း
အစီအစဉ်နဲ့ မြစ်ဆုံရေကာတာ အလုပ်ရုံ ဆွေးနွေးပွဲလုပ်မယ်
ဆိုတဲ့ အစီအစဉ်ဟာလည်း (၂၃.၀၉.၂၀၁၁)နေ့မှာပဲ ဖြစ်ပါတယ်။
မြစ်ဆုံရေကာတာ ကန့်ကွက်ရေး၊ ဧရာဝတီမြစ်ကို အဓွန့်ရှည်
စီးဆင်းနိုင်ရေးအတွက် အင်တာနက်ပေါ်မှာ ပုံစံအမျိုးအမျိုး
တင်ပြသူတွေရဲ့ လင့်ခ်တွေကို စုပြီး ကျနော့်ဘလော့ပေါ်မှာ
`ဧရာဝတီကို ချစ်သော ဘလော့ဂါများ စုစည်းမှု´ ဆိုပြီး
လုပ်ထားပါတယ်။ ရင်းနှီးသူတချို့ကိုလည်း မြစ်ဆုံရေကာတာ
ဆန့်ကျင်ကန့်ကွက်ရေးမှာ ပါဝင်ကြဖို့ တီးခေါက်ကြည့်ပါတယ်။
ကျနော့် စည်းရုံးရေး ညံ့နေလို့လားတော့ မပြောတတ်ပါ …
လူငယ်တချို့က အခုလို မှတ်ချက်ပေးကြပါတယ် …
`ကူးစက်ရောဂါ´ ….
တချို့ကလည်း ပြောကြပါတယ်၊ သူတို့ မွေးဖွားရာ၊ ရှင်သန်ကြီးပြင်း
ရာ အရပ်ဒေသသည် ဧရာဝတီမြစ်ကြီးနဲ့ အလှမ်းဝေးလို့ ….
တချို့ကလည်း ဧရာဝတီမြစ်ကို ယနေ့အထိ အကြောင်း
အမျိုးမျိုးကြောင့် မျက်ဝါးထင်ထင် မတွေ့ဘူးလို့ …
ဒီစာကို ရေးနေတဲ့ ကျနော့်ကိုယ်တိုင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊
ဂွတ္တလစ်ရပ်ကွက် (ယနေ့အခေါ် ဆရာစံရပ်ကွက်) မှာ မွေးဖွားသူ
ပါ။ ရန်ကုန်မှာ မွေးပြီး ရန်ကုန်မှာ ကြီးပြင်းခဲ့သူပါ။ ဧရာဝတီမြစ်ကို
`ပြည်´မြို့မှာ ဘုရားဖူးသွားမှ စတင်ပြီး မြင်တွေ့ဖူးပါတယ်။
နောက်တော့ မန္တလေးတို့ စစ်ကိုင်းတို့ ရောက်တိုင်း
ဒါ … ငါတို့မြေက အရှည်ဆုံး မြစ်ကြီးပါလား …
ဒီမြစ်ကြီးဟာ … ငါတို့နိုင်ငံမှာ မြစ်ဖျားခံပြီး ငါတို့နိုင်ငံရဲ့
အလယ်ဗဟိုကနေ စီးဆင်းတဲ့ မြစ်ကြီးပါလား ….
ဒီမြစ်ကြီးရဲ့ နံဘေးမှာ ငါတို့ဘိုးဘွားတွေ ဓါးမဦးချ
လယ်ယာစိုက်ပျိုးပြီး ငါတို့ရဲ မျိုးဆက်ကို ထူထောင်ခဲ့ပါလား …
ဒီမြစ်ကြီးရဲ့ နံဘေးမှာ တခါက ရှင်သန်ခဲ့တဲ့ သရေခေတ္တရာ
လို့ ခေါ်တဲ့ အခု `ပြည်´မြို့၊ ပေါက္ကံ လို့ခေါ်တဲ့ `ပုဂံ´၊
`ရတနာပုံ´လို့ ခေါ်တဲ့ `မန္တလေး´ အစရှိတဲ့ ငါတို့နိုင်ငံရဲ့
သမိုင်းတွေအားလုံး ရှိခဲ့ပါလား ….
မြစ်ဆုံရေကာတာ ကန့်ကွက်ရေး လှုပ်ရှားမှုဟာ အမျိုးသားရေး
တာဝန်တစ်ခုပါ၊ ကူးစက်ရောဂါ … သူများတွေ မုန့်ဟင်းခါးအကြောင်း
ရေးတာများလို့ ကိုယ်လည်း မုန့်ဟင်းခါးအကြောင်း လိုက်ရေးရတဲ့
`ကူးစက်ရောဂါ´ မဟုတ်ပါဘူး။ ဒီပြဿနာဟာ ပြည်သူတွေရဲ့
အသည်းနှလုံးကို စူးစိုက်ဝင်ရောက်နေတဲ့ အဆိပ်စူး တစ်ချောင်း
လို ကြောက်စရာကောင်းတဲ့ အရေးကိစ္စတစ်ခုပါ။
ဘယ်လို အကြောင်းပြချက်မျိုးနဲ့ ဘလော့ဂါ ဖြစ်လာပါစေ၊ ကျနော်တို့
အားလုံး တင်ပြလိုက်တဲ့ ပို့စ်များဟာ အင်တာနက်စီးဆင်းမှုပေါ်ကနေ
နေရာအနှံ တိုးဝင်နေကြပါပြီ၊ ကိုယ့်အကြောင်း ကိုယ်ရေးတာပဲ ဖြစ်ဖြစ်၊
အများအကြောင်း ကိုယ်ရေးတာပဲ ဖြစ်ဖြစ်၊ သူများရေးတာကို ကူးတင်
တာပဲ ဖြစ်ဖြစ်၊ ကျနော်တို့ရဲ့ အချိန်ပေးနိုင်မှု၊ ကျနော်တို့ရဲ့ ကျွမ်းဝင်မှု၊
ကျနော်တို့ရဲ့ ကြိုးစားမှုများဟာ ယခုလို `ဧရာဝတီမြစ်ကြီး´ အတွက်
အရေးကြီးနေချိန်မှာ ကိုယ်တတ်နိုင်တဲ့ဖက်ကနေ အကောင်းဆုံး
ပေးဆပ်ခြင်းအားဖြင့် အင်တာနက်ပေါ်က၊ အွန်လိုင်းပေါ်က မြန်မာစာပေ
နဲ့ ရေးသားကြသော ဘလော့ဂါများ၏ အခန်းကဏ္ဍကို ထင်ရှားစေ
ပါတယ် ….
လာမယ့် (၂၃.၀၉.၂၀၁၁)နေ့အမှီ ဘလော့ဂါအားလုံး ညီညွတ်
ကြပါစို့ ….
-စစ်ငြိမ်းဒီရေ
Outer Banks သွား တောလား - ၁
1 day ago
8 comments:
ဒါဟာ.... ရာသီစာ မဟုတ္ဘူး
ဒါဟာ.... ရာသီနာ မဟုတ္ဘူး
ကူးစက်ရောဂါဆိုရင်တောင်
တမျိုးသားလုံး ကျန်းမာရေး အတွက်
အကူးစက်ခံလိုက်မယ်..။
အထက်ပါ ဖိတ်စာနဲ့ ပတ်သက်ပီး သတင်းတခုခုတော့ မှားနေပုံရပါတယ် ကြားမိသလောက်ကတော့
ဧရာဝတီဟာ မြန်မာပြည်တစ်လျှောက်
စီးတယ် .. ဒါတင်ဘယ်ကမလည်း
မြန်မာပြည်သူတွေရင်ထဲအထိလည်း သူ.. စီးဆင်းပါတယ် အစ်ကိုအောင်
ကူးစက်ရောဂါလို့ ပြောသူတွေအတွက်
ဧရာဝတီဟာ စိတ္တဇဆန်ချင်ဆန်နေမယ်
ကျွန်တော်အတွက်တော့ မဟာလည်းဆန်တယ်၊ကဗျာလည်းဆန်တယ်ဓမ္မဓိဌာန်လည်းဆန်ပါတယ်၊
ဒီအတွက်ပါ
(ဧရာ ရယ် တစ်မြစ်ထဲ ပေမယ့် နေရာတွေ
တစ်နယ်စီခြားလည်း စုံဖြစ်အောင် သူဖန်တီးတယ်
ညီနောင်တွေအကြေ နဲ့ အညာ
ရေပြာပြာစုန်ဆန်ကြည့်ရင်
ပြည်ထောင်တွေအလီလီတည်
ခေတ်တိုင်းကို သူ သာသိ သည်မို့ တားစီးကာ တစ်မြစ်ထဲ မြစ်မိသည် . . .
အို ဘဲ့ . . . အို ဘဲ့ . . .ဧရာဝတီ . . . .)
လေးစားလျက်
လှိုင်ဘွား(သီချင်းအိမ်)
ဧရာဝတီသည် သမိုင်းဝင်မြစ်...
ဧရာဝတီမြစ်ကို စောင့်ရှောက်ဖို့ က သမိုင်းပေးတာဝန်...
လုပ်ပါလို့ အတင်း မတိုက်တွန်းလိုသလို မလုပ်ပါနဲ့ လို့ လဲ လာတားလို့ မရဘူး...
မှန်တယ်ကိုအောင်ရေ တချို့ ဒါကို ပေါ်ပင်အလုပ်လို့ ထင်နေကြသေးတယ် တကယ်အရေးကြီးတဲ့အချိန်ရောက်နေတာကို မသိကြဘူး အရမ်းဝမ်းနည်းဖို့ကောင်းပါတယ် ကျွန်တော်တို့ တတ်နိုင်သလောက်ဆက်လုပ်ကြတာပေါ့ ။
ခပ်တိမ်တိမ်တွေးတတ်တဲ့ ကိုယ့်စီးပွားရေးနဲ့  ပါးစပ် တစ်ပေါက်က လွဲလို့  ကျန်တာ ဘာမှ မစဉ်းစားတဲ့ လူအချို့ပဲ.... ဒါမျိုးပြောပါလိမ့်မယ်။ ဘာလို့ ဆိုတော့ သူတို့  အဆင်ပြေနေတာကိုး။ ဘယ်သူပဲသေသေ ငတေတွေမာနေသေးသ၍ အဲ့လို ပြောနေမှာပဲ။ ရုရှားက ဟိုကောင်တွေ အော်နေတာလည်း သူတို့ တွေ အဆင်ပြေနေသေးလို့ ပဲ။ အဲ..... ပြည်တော်ပြန်ပြီး ရွှေကျင်ကျောက်ကြီးခွင်လို့  အသံကြားတာနဲ့  တပ်ပြေး လုပ်ကြလိမ့်မယ်.....။
တတ်နိုင်သလောက် ဧရာဝတီအတွက် လုပ်သွားမယ်။
တတ်နိုင်သလောက်ကြိုးစားကြည့်ကြတာပေါ့... အစစအရာရာအဆင်ပြေပါစေ။
ကျနော်က ဒီထက်မက အပြောခံရပါတယ်
သံလွင်တုန်းက ဘာလို့မပြောလဲပေါ့
ဧရာဝတီက သူတို့နဲ့ အဝေးကြီးပါတဲ့
Post a Comment