ဒိန်းမတ်နိုင်ငံသမိုင်းတွင်
ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာတော့မည့်
ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်
Helle Thorning Schmidt
ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာတော့မည့်
ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်
Helle Thorning Schmidt
ယနေ့( ၁၅.၀၉.၂၀၁၁) နေ့မှာ ကျင်းပတဲ့ ဒိန်းမတ်နိုင်ငံ
ပါလီမန်အဆင့် ရွေးကောက်ပွဲ ညဥ့်နက်ပိုင်း ရလာဒ်များအရ
လက်ရှိ ၀န်ကြီးချုပ် Lars Løkke Rasmussen ဦးဆောင်
သော အုပ်စုက အတိုက်အခံ Helle Thorning Schmidt
ဦးဆောင်သော အုပ်စုကို ပါလီမန် အမတ်ဦးရေ (၈၉)နေရာ၊
(၈၆)နေရာ ဖြင့် ရှုံးနိမ့်သွားသောကြောင့် လက်ရှိ ၀န်ကြီးချုပ်က
အတိုက်အခံ ခေါင်းဆောင်၏ အောင်မြင်မှုအတွက် ၀မ်းမြောက်
ဝမ်းသာ ဖြစ်ကြောင်း ပြောကြားလိုက်ပါပြီ ....
-စစ်ငြိမ်းဒီရေ
5 comments:
အစ်ကိုအောင် ရေ လာလည်ရင်း မှတ်သားသွားပါတယ်ခင်ဗျာ။ ကောင်းသောညခင်းလေးဖြစ်ပါစေ။
အစ်ကိုရေ လာဖတ်သွားပါတယ်နော်။ အစစအရာရာ အဆင်ပြေပါစေရှင်။
ခင်တဲ့
မေသိမ့်
ဒိန်းမတ်နိုင်ငံ
ပါလီမန်အဆင့် ရွေးကောက်ပွဲ ညဥ့်နက်ပိုင်း ရလာဒ်များအရ
လက်ရှိ ၀န်ကြီးချုပ် Lars Løkke Rasmussen ဦးဆောင်
သော အုပ်စုက အတိုက်အခံ Helle Thorning Schmidt
ဦးဆောင်သော အုပ်စုကို ပါလီမန် အမတ်ဦးရေ (72)နေရာ၊
(87)နေရာ ဖြင့် ရှုံးနိမ့်သွားသည်။
ဆရာအောင်
ဒိန်းမတ်ပါလီမန်မှာ အမတ်ဦးရေက စုစုပေါင်း ၁၇၉ယောက်ရှိတာ။ ဆရာပြောတဲ့ အမတ်ကိန်းဂဏန်းတွေက မပြည့်စုံသေးဘူး။ ဖာရိုကျွန်းနဲ့ ဂရင်းလန်းကျွန်းတွေက အမတ်လေးယောက်ရဲ့ အနိုင်စာရင်းများလိုနေတာလား မသိဘူး။ အမတ်လေးယောက်လိုနေသေးတယ်။ တကယ်လို အဲဒီအမတ်လေးယောက်ကိုများ လက်ရှိအစိုးရဖက်က အနိုင်ရသွားခဲ့ရင် ဘယ်လိုလုပ်မလဲးး)။ အပျော်ပါ။ အဲဒီဒေသက အမတ်သုံးယောက်နေရာကို အတိုက်အခံဖက်က အနိုင်ရသွားပါတယ်။ အဖြေမှန်က Helle ၉၂ Lars ၈၇ ဖြစ်သွားပါတယ်။
မောင်နေမိုးရေ ... ၁၇၉ နေရာမှာ၊ အဲဒီဖက်က လေးနေရာ မပါပဲ အစိုးရ ဖွဲ့ခွင့်အတွက် ဥပဒေ ပြင်ဆင်ထားပါတယ်၊ ဂရင်းလန်းက သီခြားလွတ်လပ်ရေး ယူပြီပါပြီ၊ ဖရိုကျွန်းအုပ်စုကလည်း ကိုယ်ပိုင်အုပ်ချုပ်ရေး ယူထားပါတယ်၊ ရုပ်ပြသက်သက်သာ လွှတ်တော်ဆီ လာကြတာပါ ...
Post a Comment