ဘောလုံးဆိုတော့လည်း လုံးကြတာပေါ့ ...
အာဏာမလိုချင်ရင် အစကတည်းက ဘာလို့ ပါတီထောင်ပါသလဲလို့
မမေးတော့ပါဘူး ...
သခင်တင်မြတို့ ဦးချမ်းအေးတို့ ဦးကျော်ဝင်းတို့ ကိုအေးလွင်တို့ကို
ဆဲခဲ့တဲ့သူတွေ အခုမှ ဘွာတေး သွားလုပ်လို့ အချိန်မမှီတော့ဘူး ...
ဒီည ဘန်ဖီကာနဲ့ မန်ချက်စတာမှာ ဘယ်ဖက်က ရှိလဲ ...
ရီရယ်မက်ဒရစ် ဘယ်နှစ်ဂိုးသွင်းမှာလဲ ...
အင်တာမီလန်ရော ဂိုးတွေအများကြီး သွင်းမှာလား ...
မန်စီတီးရော ဘယ်နှစ်ဂိုး သွင်းမှာလဲ ...
တစ်လုံးတည်း လုံးနေကြလို့ မေးရအုံးမယ် ...
မြန်မာပြည်က ဘောလုံးဆရာ `ပဲခူးသန်းအောင်´ ဆိုတာ ကြားဖူးလား ...
သူ ထ'သွားတဲ့ဖက်က နိုင်တယ်ဆိုတာလေ၊ လွန်ခဲ့တဲ့နှစ် ၃၀ လောက်က
နာမည်ကြီးတစ်ယောက်ပေါ့ ...
ပဲခူးသန်းအောင် တစ်ယောက်တည်း လောင်းကစား သမား မဟုတ်တော့ဘူး၊
လောင်းကစားသမိုင်းကို ပြင်တော့မယ် ....
-စစ်ငြိမ်းဒီရေ
5 comments:
ပဲခူး သန်းအောင်ကို မသိတော့...နည်းနည်း နားထွေး နေတယ်။
သမိုင်း ကတော့ ခဏခဏ ပြင်နေတာပါဘဲ
အသက် ၃၀ အောက်တွေ မပြောနဲ့ ၃၈ ..၃၉ တွေတောင် သိဖို့ ခက်တယ်၊ ရန်ကုန်သား စစ်စစ် အသက် ၄၅ တန်း ... ၅၀ တွေဆို သိပါတယ်၊ ရန်ကုန်မပြောနဲ့ မန်းတလေးက ဗထူးကွင်းအထိ လောင်းကစား လှမ်းလုပ်တယ်၊ အောင်ဆန်းကွင်းထဲက အထူးတန်း အလယ်မှာ သူ ထိုင်နေရင် ကြည့်နေရတယ်၊ မြောက်ဖက်ကို လမ်း လျှာက်သွားရင် မြောက်ဖက်က အသင်း နိုင်တယ်၊ တောင်ကို သွားရင် တောင်ဖက်က အသင်း နိုင်တယ် ...
Bago Than Aung,
Owner of cheroot business, movies actor produced by own money, want to be popular and made stunts (i.e. scooter driving in Bago river).
He offered free movies to people by independence day but must watch his only movies first and other in later.
He did ridiculous stories for Bago city.
မြန်မာ အားကစား အဖွဲ့ချုပ် က ဗိုလ်မှူးကြီး ကျော်စိန်ထွန်း နဲ့ မယား ညီကိုတော်တယ်။ ဗိုလ်ချုပ်လမ်း ပုဇွန်တောင် မှာ နေတယ်။
Post a Comment