Monday, 26 September 2011

ဆန္ဒပြပွဲသတင်း

(NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး ပြောတဲ့ “ဆန္ဒစောတယ်” ဆိုတဲ့ စကားနဲ့
ဒေါ်နော်အုန်းလှ ပြောတဲ့ “ကျမတို့ အလုပ် ကျမတို့ လုပ်တာပါ”
ဆိုတဲ့ စကားကြားမှာ မီဒီယာသမားတွေ ... အလယ် လိုလို ..
ဟိုဖက်လိုလို ဒီဖက်လိုလို ... ဖြစ်နေကြပါတယ် .... :D
မှတ်ချက်။ ။ ပျူနိုင်ငံ။)

မျိုးသန့် | တနင်္လာနေ့၊ စက်တင်ဘာလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၃၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွှေဝါရောင် လေးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒဂုံမြို့သစ်အရှေ့ပိုင်းမှ ဆူးလေဘုရားသို့ ဆုတောင်းရန် သွားရောက်သူ ၂၀၀ ခန့်ကို လုံထိန်းနှင့် ရဲအင်အား ၄၀၀ ခန့်မှ တနင်္လာနေ့တွင် တာဆီးကာ လူစုခွဲ လိုက်သည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမှာ ဆူးလေသို့ သွားရောက်သူ ၂၀၀ ခန့်ကို လုံထိန်း၊ ရဲ၊ ထောက်လှမ်းရေး အင်းအား ၄၀၀ ခန့်မှ မရမ်းကုန်းမြို့နယ် စာတိုက်မှတ်တိုင် အနီးရှိ မိုးလေဝသနှင့် ဇလဗေဒရုံးရှေ့တွင် မရမ်းကုန်းမြို့နယ်ရဲမှူး ဦးမောင်စိုးမှ တားဆီးကာ တည်ဆဲဥပဒေအရ အရေးယူနိုင်ကြောင်း ပြောဆိုသည်ဟု ဆုဆောင်းမှုကို ဦးဆောင်သူ တဦးဖြစ်သူ ကိုဝေဋ္ဌု က မဇ္ဈိမကို ပြောသည်။

"သူတို့က ဒီလက်ရှိ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ၃၅၄ အရ လွတ်လပ်စွာ စီတန်းခွင့်နဲ့ သွားလာခွင့် ရှိတယ် ဆိုတဲ့ ဥပဒေက လက်ရှိလွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းဖို့ မဆုံးဖြတ်ရသေးဘူး ဆိုတဲ့အကြောင်းပြချက်နဲ့ လက်ရှိ တည်ဆဲ ဥပဒေ ငါးယောက်ထက် ပိုမစုရ ဆိုတာနဲ့ ကျနော်တို့ကို ဖမ်းလို့ ရတယ်လို့ ပြောလာပါတယ်။" ဟု ကိုဝေဋ္ဌု

က ဆိုသည်။

ယင်းကဲ့သို့ လူစုခွဲခိုင်းခြင်းကြောင့် ဒေသ စံတော်ချိန် ၁း ၄၅ မိနစ်တွင် လူစုခွဲလိုက်ကြပြီ ဖြစ်ကြောင်းလည်း ဆုတောင်းမှုတွင် ပါဝင်သူတဦးဖြစ်သူ ဦးဝင်းချိုက မဇ္ဈိမကို ပြောသည်။


"သုံးယောက် တတွဲစီ လူစုခွဲပြီးတော့ ပြန်ရမယ်လို့ ကျနော်တို့ကို ညွှန်ကြားချက် ပေးပါတယ်။ အဲဒီတော့ ကျနော်တို့ လူစုက နည်းနည်းများတဲ့ အတွက် စည်းမဲ့ကမ်းမဲ့ ဖြစ်သွားမှာစိုးလို့ ကျနော်တို့ သုံးယောက်ချင်း သုံးယောက်ချင်း လူစုခွဲဖို့ ကျနော်တို့ လူစုခွဲနေပါပြီ။ ဥပဒေရဲ့ ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာမှာဖြစ်ပါတယ်" ဟုဦးဝင်းချိုက ဆိုသည်။

ထူးခြားစွာပင် ဆန္ဒပြမှုကို ကန့်ကွက်မှုများလည်း တပါတည်း ထွက်ပေါ်လာခဲ့သည်။

“မကြာမီမှာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty) ရှိတယ်။ တိုင်းပြည် တည်ငြိမ်မှုနဲ့ အတူ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ ရှိတယ်။ မြစ်ဆုံ ပြဿနာ ဖြေရှင်းဖို့ ရှိတယ်။ မြစ်ဆုံ ပြဿနာကလည်း ပြေပြေလည်လည် ဖြစ်သွားမှာပါ။ လက်ရှိမြန်မာနိုင်ငံရေး ရေချိန်က Arab style uprising ဖြစ်စရာ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလို

ပြောထားတယ်။ ဒီလို ဆန္ဒပြမှုတွေကို ဘယ်သူမှ မလုပ်စေချင်ဘူး။”ဟု ရန်ကုန်မြို့ အခြေစိုက် Weekly Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်ကို ကိုးကား၍ သူ၏ အပတ်စဉ်ထုတ် ဂျာနယ် ဝီးကလီးအလဲဗင်း၏ အွန်လိုင်း သတင်းတွင် ရေးသားထားသည်။

ရွှေဝါရောင် တော်လှန်ရေးသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့က ပခုက္ကူမြို့တွင် အစိုးရဆန့်ကျင် ဆန္ဒပြ သံဃာတော်များကို အာဏာပိုင်များက ရိုက်နှက်မှု ဖြစ်ခဲ့ပြီးနောက် ရန်ကုန်၊ မန္တလေး၊ စစ်တွေ စသည့် မြို့ကြီးများတွင် သံဃာ့လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။


အမှတ်တရ နှစ်ပတ်လည်နေ့နှင့် လမ်းလျှောက်စုတောင်းကြသူများ၊ စောင့်ကြည့်နေကြသူများနှင့် မီဒီယာသမားများ

မေသင်္ကြန်ဟိန်(မြစ်မခ)

စက်တင်ဘာ ၂၆၊ ရန်ကုန်မြို့။



ဒီနေ့ နံနက်ကတည်းက အလှူပွဲတွေ၊ အခမ်းအနားတွေ ရှိတာကို ကြားရ သိရပါတယ်။ သတင်း ဂျာနယ် နှစ်စောင်အတွက် သတင်းတွေပို့ပေးနေရလို့ ရုံးကနေ ထွက်ခွင့်ရတဲ့အချိန်က နေ့လည် ၁၁ နာရီ ကျော်နေပါပြီ။

ဆူးလေဘုရားအနီး၊ မြို့တော်ခန်းမ ရှေ့ကို ရောက်တဲ့အချိန်မှာ နေ့လည် ၁၂နာရီ ထိုးပြီး ၁၅ မိနစ်ပါ။ မြို့တော်ခန်းမရှေ့က့  မီဒီယာကော်နာရှေ့မှာ ကျမရဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကိုလည်း ကင်မရာ ကိုယ်စီနဲ့ တွေ့မြင်ရပါတယ်။

မြို့တော်ခန်းမရှေ့မှာတော့ ယူနီဖောင်းအပြည့်အစုံဝတ် လုံထိန်းတွေကို တင်ထားတဲ့ ကား ၆ စီးနဲ့ မြို့တော်ခန်းမအနီးမှာ စောင့်နေတဲ့ ရဲကား ၃ စီးကို မြင်တွေ့နေရပါတယ်။

နေ့လည် ၁နာရီ ထိုးပြီး ၃ မိနစ်လောက်မှာပဲ မိုးစက်တွေက ဝေါကနဲ့ သွန်ချလိုက်ပါတယ်။ မိုးစက်တွေနဲ့အတူ အ၀ါရောင်တီရှပ်အကျီာင်္တွေ ၀တ်ထားတဲ့ အမျိုးသားအမျိုးသမီး အယောက် ၃၀ လောက်က ကားတွေ၊ လိုင်းကားတွေ၊ ရဲကားတွေကို ဖြတ်ပြီး မဟာဗန္ဓုလပန်းခြံရှေ့ကနေ ဆူးလေ ဘုရားပေါ်ကို တက်သွားကြပါတော့တယ်။

အဲဒီအ၀ါရောင်တီရှပ်တွေ နောက်ကို ယူနီဖောင်းဝတ် ရဲ ၂၀ လောက်က ပြေးလိုက်သွားကြသလို၊ ကင်မရာကိုင် သတင်းသမား ၃၀ လောက်နဲ့ ၊ အရပ်ဝတ်ထားတဲ့ ရဲ ၂၀ လောက်ကလည်း အပြေးအလွှား ပြေးလိုက်ကြပါတယ်။

ဆူးလေဘုရားပေါ်မှာတော့ ဘုရားဖူးသူ နည်းနည်း လုံခြုံရေးချထားတဲ့ ယူနီဖောင်းဝတ်ရဲ၊ ရဲအရာရှိများ၊ အရပ်ဝတ်ရဲများများနဲ့ သတင်းသမားတွေက၀ိုင်းပြီး အ၀ါရောင်လမ်းလျှောက်စုတောင်းနေကြသူတွေကို မေးမြန်းကြ၊ ဓါတ်ပုံရိုက်ကြနဲ့ပါပဲ။

မိုးတွေကလည်း တဝေါဝေါရွာလို့၊ သတင်းသမားတွေရဲ့ တယောက်တခွန်းမေသံတွေနဲ့ မှတ်တမ်းတင် ဓါတ်ပုံရိုက်နေကြသူတွေကြားမှာ

အ၀ါရောင်ဝတ်သူတွေကတော့ တည်တည်ငြိမ်ြိငြိမ် အေးအေးဆေးဆေးနဲ့ပါပဲ။

`ဘာကြောင့်ခုလို လမ်းလျှောက်ဆုတောင်းကြတာပါလဲ`ဆိုတဲ့ အမေးအဆုံးမှာ ပန်းတွေ ပွေ့ထားတဲ့ မျက်နှာ ချိုချိုနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားက လေသံအေးအေးနဲ့ပဲ ဖြေပါတယ်။

`၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အထိမ်းအမှတ် နှစ်ပတ်လည်ပါ။ပြီးတော့ ကျနော်တို့ ရဲ့ ရဲဘော်တွေဖြစ်တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့သူတွေကို ရည်စူးပြီး ကောင်းမှုကုသိုလ် လုပ်တာပါ။ အင်္ကျီဝါကို ၀တ်ဆင်ရခြင်းကလည်း ၂၀၀၇ ဖြစ်စဉ်ကိုပဲ ရည်ရွယ်ကိုယ်စားပြုပြီး ၀တ်ဆင်တာပါ။ ဒီအထိမ်းအမှတ်ပွဲမှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူတွေရဲ့ မိသားစုဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ မိသားစုဝင်တွေ၊ အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့က အဖွဲ့ဝင်တွေပါပါတယ်” လို့ သူက အေးဆေးစွာပဲ ပြောပါတယ်။

ခဏကြာတော့ ရဲအရာရှိကြီးတွေက အ၀ါေ၇ာင်တီရှပ်ဝတ်တွေနဲ့ စကားတွေ ပြောဆိုကြပါတယ်။မိုးစက်သံတွေနဲ့ ရပ်နေရာကနေ ဘာတွေ ပြောကြသလဲဆို မကြားရလိုက်ပေမဲ့၊ ကမ္ဘာအေးကနေ ရောက်လာမဲ့ အဖွဲ့ကို စောင့်နေတာကိုတော့ ကြားလိုက်ရပါတယ်။

ကျန်တဲ့ အဖွဲ့ဝင်တွေကတော့ မိုးရေတွေထဲမှာ အေးအေးဆေးဆေးပဲ ထိုင်နေပြီး ဘုရားဝတ်ပြုနေကြတယ်။ သူတို့ဟာ စိုးရွံ့နေပုံမရဘူး၊ ပျာယာလည်း ခတ်မနေကြဘူး၊ ပြာယာခတ်နေတဲ့ သူတွေ ဟိုပုံရိုက် ဒီပုံရိုက်နဲ့ ကင်မရာ၊ ဗီဒီယို ကင်မရာ ကိုင်ထားကြသူတွေ ကြားမှာ အ၀ါရောင်သူတွေကတော့ အေးဆေးစွာနဲ့ ဘုရားဝတ်ပြုနေကြပါရဲ့။

ကမ္ဘာအေး ဘုရားမှာ ဆုတောင်းတဲ့ အဖွဲ့ တဖွဲ့ရှိသေးတယ်၊ သူတို့နဲ့လည်းဆူးလေမှာပဲ ဆုံဖို့ ချိန်းထားတယ်ဆိုတဲ့ စကားကြောင့် မီဒီယာသမားတွေ ကမ္ဘာအေး ဘုရားဘက်ကို ရွေ့ဖို့ ပြင်ကြတယ်။

ဆူးလေနဲ့ ကမ္ဘာအေးဘုရား လူခွဲပြီး နေကြမယ်ဆိုပြီး မီဒီယာသမားတွေ အချင်းချင်းတိုင်ပင်ပြီး ကမ္ဘာအေးဘက်ကို ရွေ့ကြတယ်။ အဲဒီထဲမှာ ကျမလည်းပါတာပေါ့။

ကားငှားပြီး ထွက်ခဲ့ပေမဲ့ ရွှေဂုံတိုင်ရောက်တော့ မိုးရေတွေက လမ်းပေါ်တက်ပြီး ကားဆက်သွားလို့မရတော့ဘူး၊ ဆူးလေဘက် ပြန်လှည့်လာတော့ ဦးထောင်ဘိုလမ်းထိပ်မှာ ရွှေဂုံတိုင်ဘက်ကို လမ်းလျှောက်လာတဲ့ အ၀ါရောင်အဖွဲ့ကို တွေ့လိုက်ရပါတယ်။

အ၀ါရောင်ဝတ်ဆင်သူပေါင်း ၆၀ ကျော်လောက်နဲ့ ၄ ယောက်တတွဲလမ်းလျှောက်လာတဲ့ သူတွေပါ။ အမျိုးသမီးအမျိုါ်သားတွေနဲ့ တက်တက်ကြွကြွလျှောက်လာကြတာပါပဲ။

သူတို့နားဘေးနားမှာတော့ အရပ်ဝတ်နဲ့ ရဲတွေပါ၊ သူတို့မှာလည်း ကင်မရာတွေ နဲ့ပါပဲ။ သတင်းထောက်နဲ့ စုံထောက်တွေလည်း မျက်လုံးချင်း မကြာခဏ စုံမိကြပါရဲ့။ အမြဲတွေ့တွေ့နေရတဲ့ သူတွေမို့  သူတို့တွေကလည်း ကျမတို့တွေကို မှတ်မိ၊ ကျမတို့သတင်းသမားတွေကလည်း သူတို့တွေကို မှတ်မိနဲ့ပါ။

လမ်းလျှောက်သူတွေနဲ့ တကောက်ကောက်လိုက်ကြရင်း ရွှေဂုံတိုင်မီးပွိုင့်မှာ ရပ်လိုက်ကြပါတယ်။

ကမ္ဘာအေး အဖွဲ့က လူစုကွဲသွားပြီ ဆူးလေကို ပြန်ကြရအောင်ဆိုလို့ နောက်ကြောင်း ပြန်လှည့်ပြီး ထွက်လာတော့ညနေ ၃နာရီ ခွဲကာနီးပါပီ။

ဆူးလေမှာ ပြန်ဆုံကြတော့ ညနေ၄နာရီပါ။ ဆူးလေမှာ သံလျင်က လာတဲ့အဖွဲ့နဲ့ ဒေါ်နော်အုန်းလှတို့အဖွဲ့ ဆုံကြပြီး ဆုတောင်းကြပါတယ်။

`ဒီမိုကရေစီ လှုပ်ရှားမှုများကြောင့် အကျဉ်းထောင်အသီးသမီးတွင် ထောင်ကျအကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လည်း လွှတ်မြောက်ပါစေ၊ နယ်စပ်ဒေသအသီးသီးတွင် ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသော တိုင်းရင်းသား ပြည်သူလူထုကြီး တရပ်လုံးငြိမ်းချမ်းသာယာစေရန်အတွက် တန်းတူညီမျှတဲ့ စစ်မှန်သော တွေ့ဆုံရှင်းလင်းမှုများနှင့် ဖြေရှင်းနိုင်ပါစေ`ဆိုပြီး ဆုတောင်းခဲ့ကြသလို ဆက်လျက်ပြီးတော့လည်း တိုင်တည် ဆုတောင်းခဲ့ကြပါတယ်။

`တိုင်းပြည်နှင့်ပြည်သူလူထုကြီး အကျိုးနှင့် ဆန့်ကျင်သော ဧရာဝတီမြစ်ဆုံရေကာတာ စီမံရေးကိစ္စ ပြည်သူလူထုကြီးဆန္ဒနှင့် အညီ ဖြစ်ပေါ်ပါစေ`ဟု အ၀ါရောင်ဝတ်ဆင်သူ ၅၀ ၀န်းကျင်ခန့်က ဆုတောင်းခဲ့ကြသည်။

သတင်းသမားများ၊ အရပ်ဝတ် ရဲများ၊ ယူနီဖောင်းဝတ် ရဲများနှင့် အတူ လာရောက်ကြည့်ရှုကြသော ပြည်သူလူထုများနှင့် ဆူးလေဘုရား နောက်ဘက်မုဒ်နှင့်မြောက်ဘက်မုဒ်ကြားပြည့်ညှပ်သွားတော့သည်။

ညနေလူစုခွဲတော့ ၄နာရီ ကျော်ပေပြီ။


မြန်မာနိုင်ငံတွင် ယနေ့  သံဃာ့အရေးအခင်း ၄ နှစ်ပြည့်နေ့ အဖြစ် ကျင်းပနေပြီး ဆန္ဒပြနေသည်ဟု သိရှိရ သည်။ ဆန္ဒပြသူများ မှာ မိုးသည်းထန်စွာရွာနေသည့်ခြားမှ အ၀ါရောင်အကျီ င်္တွေဆင်တူဝတ်၍ ဆူလေဘုရားကို ချီတက်လာနေကြပြီလို့ သတင်းရရှိပါတယ်။ မြို့တော်ခန်းမရှေ့မှာတော့ ရဲတွေ အမြောက်အများ တင်ကျပ်စွာ ချထားပါတယ်လို့  သိရသည်။ ရန်ကုန်မြို့မှ လူအများ အနေဖြင့် ထိုသတင်း မှန်မှန် အတည်ပြုပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံလိုပါတယ် ခင်ဗျာ ။

ကျနော်တို့ တိုင်းပြည်ရဲ့ နောက်ဆုံးနေ့ရက်များ မရောက်ခင် ကြိုတင်တားဆီးပေးဖို့ အတွက် မြန်မာနိုင်ငံသားအာလုံး
ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါလို့ လေးစားစွာ တိုက်တွန်းပြောကြားလိုပါတယ် ခင်ဗျာ ။


န၀ဒေးလမ်းဆုံနဲ့ကမ္ဘာအေးကြားမှာ အပိတ်ခံနေတယ်လို့ သတင်းရရှိပါတယ် ။

မြို့ထဲကိုချီတက်တဲံ့သူတွေ မီဒီယာလွှတ်ပေးပြီး အမြန်ဆုံး သတင်းရယူပေးစေလိုပါတယ် ခင်ဗျာ ။

ဖုန်းနံပါတ် 0949332594 ကိုမြတ်မင်း
0943003726 ကိုသိန်းအောင်မြင့်
0949277823 ကိုစိုးအောင် တို.ကိုဆက်သွယ်မေးမြန်းကြပါ။ ရန်သူကအားသုံးပြီးနှိမ်နင်းမယ့်သဘောရှိတယ်။

ပြည်သူလူထု အားလုံး ပူးပေါင်းပေးကြပါ.....ခင်ဗျာ ။




7days ကတော့ ဒီလိုရေးထားတယ် *** နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးပါ စာတန်းပါသောအင်္ကျီ အ၀ါရောင်များကိုတူညီစွာဝတ်ဆင်ထားသည့် လူအယောက်၁၀၀ ခန့်သည် ယနေ့ နေ့လည်၁နာရီခန့်ကမ္ဘာအေးဘုရားလမ်းအတိုင်းချီတက်လာရာ မိုးလေ၀သနှင့်ဇလဗေဒရုံးရှေ့အရောက်တွင် လုံခြုံရေးရဲများကတားဆီးသဖြင့် လမ်းဘေးတွင်ထိုင်ကာလက်အုပ်ချီဆုတောင်းမှု့များပြုလုပ်လျှက်ရှိသည်ဟု မျက်မြင်တွေ့ရှိသူများကပြောကြားသည်။

"အော်တာဟစ်တာမရှိပါဘူး ။ ငြိမ်ငြိမ်လေးဘဲရှိခိုးပြီးဆုတောင်းနေကြတယ်။ ဘာတွေဆုတောင်းလဲဆိုတာ ဝေးတော့ မကြားရဘူး"ဟု ထိုနေ

ရာတွင်ရောက်ရှိနေသူတစ်ဦးကဖုန်းဖြင့်ပြောကြားသည်။

အ၀ါရောင်အင်္ကျီဆင်တူများဝတ်ဆင်ထားသည့်လူတစ်ရာတွင် အသက်၂၀မှ ၅၀ အထိ အမျိုးသား၊အမျိုးသမီး အရွယ်စုံပါဝင်ကြောင်းယင်းက ပြောကြားသည်။

"ရဲတွေ၊လုံခြုံရေးတွေနဲ့ ရပ်ကွက်ကလူကြီးတွေက လူ၁၀၀လောက်ရှိတယ်။ လမ်းမပိတ်အောင် ယာဉ်ထိန်းကရှင်းပေးနေတယ်။ ရပ်ကွက်ထဲက လမ်းကြားမှာတော့ လက်နက်အပြည့်နဲ့လုံခြုံရေးကားတစ်စင်းရပ်နေတာလှမ်းတွေ့ရတယ်" ဟု ထိုနေရာအနီးတွင်ရောက်ရှိနေသူတစ်ဦး ကပြောသည်။

ထိုနေရာသည်ကမာအေးဘုရားလမ်းမပေါ် ၊ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု့ဦးစီးဌာနရှေ့ ၊ မရမ်းကုန်းမြို့နယ်တွင်ဖြစ်သည်။ ***



မိတ်ဆွေတို့ ရရှိတဲ့ သတင်းများကိုလည်း ပြန်လည် ပေးပို့ကြပါလို့ လေးစားစွာ မေတ္တာရပ်ခံချင်ပါတယ် ခင်ဗျာ။

....

“ နိုင်ငံရေးဆိုတာ အထိမ်းအမှတ်ပွဲတွေ လုပ်လိုက်၊ တောင်းဆိုလိုက်၊ ဆန္ဒ
ပြလိုက် ဆိုတာထက်ပိုပြီး ကျယ် ကျယ် ပြန့်ပြန့် စဉ်းစားထားဖို့လိုပါတယ်။ လူ
အများစုရဲ့ဆန္ဒဆိုတာ လူအများစုရဲ့စိတ်ခံစားမှုထက် ပိုမြင့်ပါတယ်။ ဆန္ဒပြတာ
မဟုတ်ဘူးဆိုပေမယ့် အများပြည်သူ အကြားမှာ ဆန္ဒပြတယ်ဆိုပြီး အုပ်အော်
သောင်းနင်းဖြစ်သွားတယ်။ ဒီရိုက်ခတ်မှုမှာ Negative Impact ရှိတယ်။
ဆူးလေဘုရားမှာ ဆန္ဒပြသူက(၇၀)ကျော်၊ သတင်းယူသူက (၁၀၀)ကျော်
ရှိတယ်။ တချို့သတင်းထောက် တွေက သတင်းကြိုရထားကြတယ်။
အလုပ်ဆိုတာ အရွေ့မရှိဘဲနဲ့ အလုပ်မပြီးမြောက်ဘူး ဆိုတာ နိုင်ငံရေးကို
လုပ်ကိုင်နေတဲ့ သူတွေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ အနေနဲ့ သိသင့်
ပါတယ်။ နိုင်ငံရေးမှာ ရှုထောင့်တစ်ခုထဲက ကြည့်ရင် အရွေ့ဆိုတာ ဘယ်တော့
မှဖြစ်လာမှာ မဟုတ်ပါဘူး။ Bird eye view ဆိုတာ နယ်ပယ်
အသီးသီး မှာရှိပါ တယ်။ တိုင်းပြည်ရဲ့ရေရှည်အကျိုး၊ ဒုက္ခတွေခံစား
နေရတဲ့ ပြည်သူတွေရဲ့အကျိုးအတွက် ကျွန်တော်ကတော့ ဒီနေ့ဖြစ်ရပ်
ကို လုံးဝသဘောမကျဘူး”ဟု Eleven Media Group ၏ CEO
ဒေါက်တာသန်းထွဋ်အောင်က ပြောကြား ....


(အီမေးလ်မှတဆင့် လက်ခံရရှိသောသတင်းများ ဖြစ်ပါသည်။)
Read more »

Friday, 23 September 2011

ဧရာဝတီကို ချစ်သော ဘလော့ဂါများ (စုစည်းမှု -၄)


(ဧရာဝတီရယ် အမေရယ် ဒိုးကန်ရယ်) မဒမ်ကိုး
(ချစ်သော မဟာနဒီသို့) ကိုဟယ်ရီလွင်
(ဧရာဝတီကို ထာဝရရှင်သန်စေလိုသည်) နှင်းဟေမာန်
(မြစ်ဆုံစစ်တမ်း- သစ္စာနီ) ဒီမိုဝေယံ
(ဧရာဝတီအတွက်- ဦးအေးဆောင်) ဒေါက်တာလွဏ်းဆွေ
(ဧရာဝတီမြစ်ကို ကျနော်ချစ်တယ် ... မဟင်္သာ) ကိုအောင်သာငယ်
(ကျနော်ချစ်တာ ဧရာဝတီမဟုတ်ပါ) ကိုဇော်
(ဧရာဝတီရဲ့ ပဲ့တင်သံများ) မြတ်လေးငုံ
(ရှက်စရာ ကျွန်ုပ်ဘ၀နဲ့ မြန်မာ့လျှပ်စစ်မီး) ဇက်ဗီ
(သက်ရှိမြစ်- လေးဖြူ) လှိုင်ဘွား
(မှင်တစက် ... ဧရာဝတီအတွက်ဆင်းသက်ခဲ့ပြီ) ညိုလေးနေ
(မြောက်ဖျားပိုင်းက နမ့်ကျို) ကိုရန်နိုင်
(လူစွမ်းဆိုး) မန်းကိုကို
(ထာဝရမြစ်) မနီဇူလိုင်
(ဧရာဝတီအတွက် မန်းကစတင်ဦးဆောင်လိုက်ပြီ) ကိုမိုးသီးဇွန်
(ဧရာဝတီမြစ်- လာရှိုးသိန်းအောင်) ကိုအိုးဝေအောင်
(ရင်ဘတ်ထဲက မြစ်တစင်း) ဆန်းထွန်း
(အိမ်မက်ဆိုးတို့ သက်ဝင်ချိန်) မြတ်မွန်
(ဧရာဝတီအတွက် မင်းတို့ဘာမှ ပြောစရာမလိုဘူး) Sosegado
(ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း ...) angelshaper
(ဧရာကမ်းက လွမ်းစာခွေ) ဦးဟန်ကြည်
(ဆက်လက်စီးဆင်းနိုင်ပါစေ မိခင်ဧရာဝတီ) မခင်မင်းဇော်
(မြစ်တစင်းအကြောင်း) မမသီရိ
(မြစ်ဆုံဆည်စီမံကိန်းကို လုံးဝကန့်ကွက်ပါသည်) မြစ်ကျိုးအင်း
(ဧရာဝတီအတွက် ဆုတောင်း) မယ်သံ
(သို့ ... ဧရာဝတီ) ဇူးငယ်
(မြစ်ဧရာ အဓွန့်ရှည်ကျန်းမာနိုင်ပါစေ) ဧပရယ်လ်ပူး
(ဧရာဝတီအတွက် ...) အိမ်မက်စေရာ
(မြစ်ဆုံဆည် သတင်းများ) ဒီမိုဝေယံ
(မြစ်ဆုံဆည်ဆိုင်ရာ ...) ကိုပီတာ
(ဧရာဝတီအတွက် ရေတစ်စက်- ၂) မောင်လေး
(ချစ်သော ဧရာဝတီ ...) ညီလင်းသစ်
(ဧရာဝတီကို တတ်နိုင်သမျှ ကုစားကြဖို့ ...) သက်တန့်ချို
(ကျွန်မလည်း ဧရာဝတီကိုချစ်သည်) TTSweet
(သေမင်းတမန် မြစ်ဆုံရေကာတာ ...) မငယ်နိုင်
(Say “No” to ....) monpetitavatar
(ခေတ်သစ် တိဘက်) အိမ့်ချမ်းမြေ့
(ဒီလိုဆို “မြစ်ဆုံ စီမံကိန်း” ...) မိုးယံ
(ချစ်သော အမေ့အတွက် ...) ၀ါခေါင်မိုး
(အမေ့ကို ကယ်တင်ကြစို့) အင်ကြင်းသန့်
(ဧရာဝတီကို ကယ်တင်ပါ) ယွန်း
(ချစ်သောဧရာဝတီ ရှင်သန်ရမည်) မရွှေစင်ဦး
(စိုးထိတ်ပါသည် ဧရာဝတီ) လင်းခေတ်ဒီနို
(ဧရာဝတီကို စောင့်ရှောက်ကြကုန်လော့) မြသွေးနီ
(မြစ်ဧရာ အေးချမ်းပါစေ) အန်တီတင့်
(ထာဝစဉ် ....) မေဓာဝီ
(ဧရာဝတီ တော်လှန်ရေး) မကေ
(အကြွင်းမဲ့ ကန့်ကွက်ပါသည်) ကိုအေအေတီအို
(ရပ်) ကိုလူသစ်
(မြစ်ဆုံဆည် ... ) သဒ္ဒါလှိုင်း
(မြယဉ်မဟာမြစ်ဧရာ) မစုချစ်သူ
(မြစ်ဆုံဆည်နဲ့ ပက်သက်သော) ရဲရင့်ငယ်
(ဧရာဝတီ တမ်းချင်း) ငွေလမင်း
(မြစ်မင်း ဧရာသို့) မေသိမ့်သိမ့်ကျော်
(ဧရာဝတီမြစ်ဆုံဆည် ... ) အဖြူရောင်နတ်သမီး
(မိခင် ဧရာဝတီ) မချစ်ကြည်အေး
(ချစ်ရပါသည် ဧရာဝတီ) ဖြိုးဖြိုးလှိုင်
(ဧရာဝတီ ကာကွယ်ရေး) ကိုဧရာ
(ဧရာဝတီသည် ငါတို့မြစ်) rose sharon
(ကမ်းစပ်ရေကြည်ကြည်) နှင်းနဲ့မာယာ
(မျှော်လင့်လျှက်ပါ မြစ်ဧရာ ...) ချောအစိမ်းရောင်လွင်ပြင်
(ချစ်တတ်ပါရဲ့လား ...) အဖြူလေး
(ကျမချစ်သော ဧရာဝတီ) Baby Taster
(ဧရာဝတီမြစ်ထဲက သရဲ) စစ်ငြိမ်းဒီရေ
(blogger mgmyo for ayeyarwady) မောင်မျိုး
(ဧရာဝတီဆိုသည်မှာ ...) ဇော်သိင်္ခ
(ဧရာဝတီဆိုတဲ့ သွေး) ကိုလင်းဦး(စိတ်ပညာ)
(သို့ ... ဧရာဝတီ) blackroze
(ဧရာဝတီအတွက် စကားစမြည်း) ညီရဲသစ်
(မြစ်ကြီး ဧရာဝတီ) ဇွန်မိုးစက်
(ဧရာဝတီ ... အားလုံးနဲ့ဆိုင်ပါသည်) KiKi
(ချစ်သော ဧရာဝတီသို့) မသက်ဝေ
(ရွှေမြန်ပြည်နှင့် အတူတည်စေ) မောင်ဘကြိုင်
(ရေကာတာ၏ ဆိုးကျိုးများ) မကောင်းမွန်ဝင်း
(Save Our Rivers (Ayeyawadi)) ရဲအောင်သူ
(မြေမြိုမှာ မကြောက်တော့ဘူး အမေငိုမှာပဲ ...) မဒမ်ကိုး

စုစည်းမှု(၃)

ရွှေစင်ဦး(ပန်ကြားချက်)(၁၉..၀၉.၂၀၁၁)
အိပ်ယာ(မြစ်ဧရာခေါ် ...)(၁၉.၀၉.၂၀၁၁)
ဒီမိုဝေယံ(မြစ်ဆုံဆည်သတင်းများ)
ကလူသစ်(ရောဂါသည်)(၁၈.၀၉.၂၀၁၁)
မြတ်လေးငုံ(မြစ်ပျောက်ရင် ...)(၁၈.၀၉.၂၀၁၁)
သတိုး(ဧရာဝတီ ဥဒါန်း)(၁၈.၀၉.၂၀၁၁)
Jasmine(တောင်ကြီး)(ဧရာဝတီအတွက် ...)(၁၈.၀၉.၂၀၁၁)
မောင်လေး(ဧရာဝတီအတွက် ရေတစက်)(၁၇.၀၉.၂၀၁၁)
ဇော်သိင်္ခ(ကျနော်တို့ရဲ့ ပထမအမေ ဧရာဝတီ)(၁၇.၀၉.၂၀၁၁)
သားထူး(အဆင့်သင့်ပဲဟေ့)(၁၇.၀၉.၂၀၁၁)
မောင်ဘကြိုင်(စိုးရိမ်မိပါသည် … အို ...)(၁၇.၀၉.၂၀၁၁)
မင်းဧရာ(အကြွင်းမရှိ ကန့်ကွက်ပါတယ် ...)(၁၇.၀၉.၂၀၁၁)
ကိုကိုးအိမ်(ဧရာနဲ့ချင်းတွင်း မြစ်နှစ်စင်းရဲ့ပေါင်းဆုံရာ)(၁၆.၀၉.၂၀၁၁)
ရဲရင့်ငယ်(မြစ်ဆုံရေကာတာမှ ရရှိမယ့် ... -VOA)(၁၅.၀၉.၂၀၁၁)
ငွေလမင်း(မထောက်ခံပါ ...)(၁၅.၀၉.၂၀၁၁)
ရွှေစင်ဦး(ရွှေစင်ဦးလည်း ဧရာဝတီကိုလွမ်းတယ်)(၁၄.၀၉.၂၀၁၁)
သိင်္ဂါကျော်(အားနဲ့မာန်နဲ့ မြစ်တစင်း)(၁၄.၀၉.၂၀၁၁)
ကိုကိုးအိမ်(ဧရာဝတီလား သူငိုနေတယ်)(၁၄.၀၉.၂၀၁၁)
မေဓာဝီ(မှင်စာလေးကို ကြည့်ပေးပါ)(၁၃.၀၉.၂၀၁၁)

စုစည်းမှု(၂)

ဒီမိုဝေယံ(မြစ်ဆုံဆည်နောက်ဆက်တွဲ-ကိုတင့်)(၁၃.၀၉.၂၀၁၁)
အောင်ဒင်(ဧရာဝတီတော်လှန်ရေး)(၁၂.၀၉.၂၀၁၁)
ကိုပီတာ(နာယူမှတ်သား ၀န်မင်းစကား...)(၁၂.၀၉.၂၀၁၁)
blueskyforest(မီးတောက်မယ့်မြစ်)(၁၂.၀၉.၂၀၁၁)
ခင်မင်းဇော်(ဧရာဝတီကို ကျမလည်းပိုင်တယ်)(၁၂.၀၉.၂၀၁၁)
ကိုပေါ(ပြဿနာအပေါင်း မြစ်ဖျားခံရာ)(၁၁.၀၉.၂၀၁၁)
ညီရဲသစ်(လွမ်းမောမိတယ်၊ ရင်မော....)(၀၇.၀၉.၂၀၁၁)
ငြိမ်းအေးအိမ် (မြစ်ဆုံသို့) (၁၈.၀၈.၂၀၁၁)
ဒီမိုဝေယံ(တိုင်းပြည်ကိုရောင်းစားနေတယ်-ကိုကိုအောင်)(၀၇.၀၉.၂၀၁၁)
ကိုမင်း-ကဗျာများ(မောင်စိန်ဝင်း-ပုတီးကုန်း၏သား)(၀၈.၀၉.၂၀၁၁)
ဝါခေါင်မိုး(သူ မရှိတော့ရင်)(၀၉.၀၉.၂၀၁၁)
လင်းဦး-စိတ်ပညာ(အို ... ဧရာဝတီ)(၀၉.၀၉.၂၀၁၁)
ချစ်သူမောင်(ကျန်းမာပါစေ အမေ ဧရာဝတီ)(၁၈.၀၈.၂၀၁၁)
ချော-အစိမ်းရောင်(ဧရာဝတီနဲ့ Eleven-media)(၁၀.၀၈.၂၀၁၁)
ဒေါက်တာလွဏ်းဆွေ(မောင်ငြိမ်းအေး- တိုက်ပွဲခေါ်တဲ့ ဧရာဝတီ)
(၂၉.၀၈.၂၀၁၁)
ရဲရင့်သက်ဇွဲ(ဧရာဝတီ စိတ်ကစင့်ကလျား ...)(၂၇.၀၈.၂၀၁၁)
ရဲရင့်ငယ်(စိုင်းစိုင်းသန်းရွှေ- ဧရာဝတီသို့)(၂၉.၀၈.၂၀၁၁)

စုစည်းမှု(၁)

မယ်ကိုး(ရေစီးဖြင့် ထုံးချည်ခြင်း)(ဇွန်လ ၂၀၁၁)
အိန္ဒြာ(ဧရာဝတီ၊ သူ စီးထွက်သွားခဲ့ပြီ ပင်လယ်ဆီ)(၀၁.၀၇.၂၀၁၁)
အောင်ဒင်(ဧရာဝတီကို ကာကွယ်ကြစို့)(၀၃.၀၈.၂၀၁၁)
အေးခိုင်(လေ၀ါရိုင်းသို့)(၀၆.၀၈.၂၀၁၁)
ဟယ်ရီလွင်(မဟာနဒီ၏ ဈာပနနိဒါန်း)(၁၂.၀၈.၂၀၁၁)
ငွေလမင်း(နူတ်ဆက်တော့မည် ဧရာဝတီ)(၁၃.၀၈.၂၀၁၁)
ကေ(အခမ်းနားဆုံးသော သက်ရှိကဗျာ)(၁၄.၀၈.၂၀၁၁)
အလင်းစက်(ဧရာဝတီအတွက် တုံပြန့်ချက်နဲ့ ...)(၁၅.၀၈.၂၀၁၁)
မိုးလှိုင်ည(ဧရာဝတီကို မချုပ်နှောင်နဲ့)(၁၅.၀၈.၂၀၁၁)
အောင်ဝေး(ဧရာဝတီရေဆန်)(၁၅.၀၈.၂၀၁၁)
အိမ့်ချမ်းမြေ့(မငိုပါနဲ့ ဧရာဝတီ)(၁၆.၀၈.၂၀၁၁)
လင်းခေတ်ဒီနို(ayarwaddy-not-for-sale)(၂၃.၀၈.၂၀၁၁)
ချစ်ကြည်အေး(အခမ်းနားဆုံးသော သက်ရှိကဗျာသို့)(၂၆.၀၈.၂၀၁၁)
မိုးယံ (ပြည်ကြီးတန်ဆာ)(၂၆.၀၈.၂၀၁၁)
ဒီမိုဝေယံ(ရေကာတာ၏ ဆိုးကျိုးခံနေရသော ပြည်သူများအတွက်
လက်ဆွဲစာအုပ်)(၂၇.၀၈.၂၀၁၁)
စစ်ငြိမ်းဒီရေ(ခေတ်တစ်ခေတ်၏ မြစ်)(၂၈.၀၈.၂၀၁၁)
ဘုန်းမြင့်ခိုင်(အရည်အချင်းရှိသော နိုင်ငံရေး ...)(၃၁.၀၈.၂၀၁၁)
ငြိမ်းစိုးဦး(မယားဆံတောက်၊ နောက်အလွန်)(၀၁.၀၉.၂၀၁၁)
ပန်ဒိုရာ(စေ့ရုံစေ့ထားတဲ့ ရွှေတံခါးတွေ)(၀၂.၀၉.၂၀၁၁)
Read more »

Thursday, 22 September 2011

ဧရာဝတီမြစ်ထဲက သရဲ

ခေါင်းစဉ်မှာ “သရဲ”ဆိုတော့ ကျနော့်စာမျက်နှာမှာ သရဲတစ္ဆေ
ဇာတ်လမ်းဖတ်ရှုနေကြ စာဖတ် ပရိတ်သတ်တွေ ၀မ်းသာသွား
မှာပါ၊ ဒီဇာတ်လမ်းက ကျနော့်ကိုယ်တွေ့တော့ မဟုတ်ပါဘူး၊
ကျနော့်အကိုအရင်းဖြစ်သူဆီက ပြန်လည် သိခဲ့ရတဲ့ ဇာတ်လမ်း
လေးတစ်ပုဒ်ပါ။ ဧရာဝတီမြစ်ကြီး ရေရှည်တည်တံ့ဖို့၊ မြစ်ဆုံ
ရေကာတာကို ကန့်ကွက်တဲ့အနေနဲ့ ဘလော့ဂါတွေဖြစ်တဲ့
သဒ္ဒါလှိုင်းတို့ နတ်ဆိုးလေးတို့ မရွှေစင်ဦးတို့က (၂၃.၀၉.၂၀၁၁)
နေ့မှာ ပို့စ်တစ်ခု တင်ဖို့ ဘလော့ဂါအားလုံးကို နိုးဆော်ထား
ပါတယ်။ ကျနော်က စစ်ရေး၊ နိုင်ငံရေး၊ တရုတ်အရေး၊ ကုလားအရေး၊
ရေကာတာအရေး ကျွမ်းကျင်သူ မဟုတ်တော့ ကျနော် ကျွမ်းကျင်တဲ့
“သရဲ”ဖက်ကနေ တင်ပြလိုက်ပါတယ် ....:D


အခုတလော မြစ်ဆုံရေကာတာ ကန့်ကွက်ရေးပဲ စိတ်ထဲ လွှမ်းမိုးနေ
တော့ ထစ်ကနဲဆို တရုတ်ပြည် ... တရုတ်ပြည်နဲ့ ... ကျနော့်မိတ်ဆွေ
တချို့တောင် ကျနော့်ကို တရုတ် ဆန့်ကျင်ရေးသမားလို့ မြင်လာကြ
သူတွေ ရှိပါတယ်။ ကျနော့်ကို ပညာသင်ကြားပေးခဲ့တဲ့ ဆရာသမားတွေ၊
သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေတွေထဲမှာ မြန်မာပြည်ဖွား တရုတ်
တွေ အများကြီး ရှိပါတယ်၊ ဟိုယခင် မြန်မာပြည်မှာ နေစဉ်ကတည်းက
သူတို့ တရုတ်တွေရဲ့ရှေ့မှာ တရုတ် မကောင်းကြောင်း ကျနော် ပြောနေ
ကြပါ။ ကျနော်ရဲ့ ဆိုလိုရင်း အဓိပ္ပါယ်က တရုတ်ပြည်ရဲ့ မြန်မာပြည်အပေါ်
ထားတဲ့ မူဝါဒကို ကန့်ကွက်တာပါ၊ မြန်မာပြည်ဖွား တရုတ်တွေကို မုန်း
တီးဖို့ ကျနော်တို့ တိုက်တွန်းနေတာ မဟုတ်ပါဘူး၊ ဒါကြောင့် ကျနော်
တရုတ် မကောင်းကြောင်း ပြောရင် ကျနော့်သူငယ်ချင်း တရုတ်တွေက
“ဟေ့ကောင်၊ မင်းက ... သူများကို လိုက်ကြည့်နေတယ်၊ ကိုယ့်ဟာလည်း
ကိုယ် ငုံ့ကြည့်အုံး ...” လို့ ရယ်စရာ မောစရာ နောက်ပြောင်လေ့ ရှိပါတယ်။
ကျနော့်သူငယ်ချင်း အများစုမှာ တရုတ်သွေး ရောနှောတဲ့ မြန်မာပြည်ဖွား
တရုတ်ကပြားတွေ များပါတယ်။ မြန်မာစစ်စစ်ကွလို့ ကြွေးကြွော်တဲ့ ကျနော်
ကိုယ်တိုင်လည်း မြန်မာသွေး တ၀က်လောက်ပဲ ပါဝင် ပါတယ်၊ ကျန်တ၀က်
က ပြည်ထောင်စု တိုင်းရင်းသား သွေးပါ။

ဟိုတလောက ကျောင်းနေဖက်၊ ကျူရှင်အတူတူတက်ဖက် ငယ်သူငယ်ချင်း
တရုတ်တစ်ယောက်နဲ့ အွန်လိုင်းမှာ ပြန်ဆုံတော့ မြန်မာပြည်အကြောင်း
သူ့ဆီ မေးဖြစ်ပါတယ်။ သူပြောပြတာက “.... ဟေ့ကောင်ရေ၊ မြန်မာပြည်မှာ
က .... အာဏာရတုန်း ရသမျှကို ခိုးတဲ့ လူတွေနဲ့၊ စားစရာမရှိလို့ လှည့်ပတ်
ပြီး အလှူခံစားနေရတဲ့ လူဆိုပြီး နှစ်မျိုးပဲ ရှိတယ်ဟေ့ ... စီးပွားရေး လုပ်တယ်
ဆိုတာ ခု ချက်ချင်း ရေတွင်းတူး .. ခုချက်ချင်း ရေကြည်သောက်လို့ ရတာ
မဟုတ်ဘူး၊ မျိုးရိုးစဉ်ဆက် အချိန်တွေ ငွေတွေ လုပ်အားတွေ အများကြီး
ရင်းနှီးမြုပ်ရတာ၊ ငါတို့ တရုတ်တွေ အဲလို ပေတေပြီး လုပ်ခဲ့လို့ ငွေရှိတယ်
ဆိုပါတော့၊ မင်းတို့ မြန်မာတွေ အဲလောက် သည်းခံပြီး ပေတေ နိုင်ပါ့မလား ...”

ကျနော့်သူငယ်ချင်း ဆက်ပြောပြပုံက ....
ဒို့အဖိုး လက်ထက်၊ ဒို့အဖေတွေ ငယ်စဉ်က ငါတို့ အိမ်နံဘေးမှာ အင်မတန်
ချမ်းသာပြီး သဘောမနော ကောင်းတဲ့ မြန်မာ မိသားစုကြီး တစ်စု ရှိခဲ့ဖူး
တယ်၊ ဒို့အဖိုးက ခေါက်ဆွဲလုပ်ပြီး ရောင်းစားရတဲ့ သာမန် တရုတ်ကွ၊
အဲဒီ မြန်မာ မိသားစုကြီးဟာ အလှူအတန်းဆိုလည်း ရက်ရောတယ်၊
အပေးအကမ်းလည်း လက်မြန်တယ်၊ ဘယ်နေရာသွားသွား အစေအပါး
တွေနဲ့ တရုံရုံပေါ့၊ သူတို့ သားသမီးတွေ ညဖက် အိပ်ရင်တောင် ခြင်တွေ
ယင်တွေ လာ နားမှာဆိုးလို့ ယက်ခတ်ပေးဖို့ ဌားထားတဲ့ အလုပ်သမားတွေ
တောင် ရှိသတဲ့၊ သူတို့ မိသားစုမှာ လယ်ဧကပေါင်း ရာနဲ့ချီပြီး ပိုင်ဆိုင်
ကြတယ်၊ ဒါကြောင့် သီတင်းဝါလတောင် မကျွတ်သေးဘူး၊ သူတို့ အိမ်ရှေ့
မှာ သီတင်းကျွတ်ရင် အလှူလုပ်ဖို့ မဏ္ဍာန်ကြီးထိုးပြီး စပါးထောင် ဆန်ဖွတ်
နဲ့ အဲဒီလောက်ထိ စည်းကားခဲ့တာ။ အဲဒီလိုနဲ့ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့တဲ့
မိသားစုကြီး သားသမီးတွေ အရွယ်ရောက်လာတော့ ပြဿနာ စတော့
တာပါပဲ၊ သမက်တွေ ချွေးမတွေ ခမည်းခမက်တွေ၊ မိဘ မသေခင် အမွေ
လိုချင်တဲ့ ရောဂါတွေနဲ့ မိဘ လက်ထက်က မြို့လယ်ခေါင်မှာ ခမ်းခမ်း
နားနား နေခဲ့တဲ့ မိသားစုဟာ သားသမီး လက်ထက်မှာ အမွေတွေ ခွဲပြီး
မြို့စွန်းမြို့ဖျား ရောက်သွားကြတယ်၊ နဂိုက ခြေမွှေး မီးမလောင် လက်မွှေး
နေလာတော့ ရောင်းရေးဝယ်တာ နားလည်ပေမယ့်လည်း သုံးတာစွဲတာ
ပေးတာကမ်းတာ လျှော့လို့ မရတော့ဘူး၊ မိဘ လက်ထက်ကလို အစေးအပါး
တရုံရုံ၊ အလှူအတန်းတရုံရုံနဲ့ နေချင်တဲ့ ဆန္ဒကလည်း နည်းနည်းမှ မလျှော့
နိုင်၊ ဒါနဲ့ပဲ အမွေရတဲ့ ပိုက်ဆံပုံလေး ... ဟိုရွေ့ ဒီရွေ့နဲ့ ကုန်ပါလေရော၊
အခု မြေးတွေ မြစ်တွေ လက်ထက်ရောက်တော့ အဖိုးအဖွားလက်ထက်က
ဆောက်လုပ် လှူဒါန်းခဲ့တဲ့ မြို့လယ်က ဘုန်းကြီးကျောင်းရှေ့မှာ ကွမ်းယာ
ဆိုင်ဖွင့်ပြီး ကွမ်းယာရောင်းပြီး ၀မ်းစား ရှာရပါတော့တယ်၊ ဒါပေမယ့် ဈေးဦး
မပေါက်သေးဘူး၊ ချဲတို့ နှစ်လုံးထီတို့ကို အကြွေးနဲ့ ထိုးပြီးပြီ၊ ဘယ်လို လုပ်
မလဲ၊ ချမ်းသာပြီး ပြေလည်တဲ့ သားသမီးတွေ မရှိဘူးလား ... ဆိုတော့ ရှိတော့
ရှိပါတယ်၊ သို့ပေမယ့် သူတို့လည်း ငွေရေးကြေးရေး နည်းနည်းလောက်
အဆင်ပြေလာရင် ဟိုစကားပုံထဲကလို “အမြှီးမြောက်လိုက် အီးပေါက်လိုက်”
လုပ်တော့ အရင်းအနှီက တိုးတက် မလာဘူး၊ ပြေလည်မှုဟာ ယာယီအဆင့်
လောက်ပဲ၊ ဒို့တရုတ်တွေမှာက ဆန်စက် ဆီစက် တစ်လုံးလောက် ပိုင်လို့
စက်သူဋ္ဌေးသားလို့ ဘယ်သူမှ မခေါ်ဘူး၊ မင်းတို့ ဆီမှာက အကြွေးတွေ
ပတ်လည်ဝိုင်းနေပါစေ၊ သနပ်ခါးလိမ်း ရွှေဘီးပတ်ပြီး ရွာပတ် ကြွားတဲ့
ဓလေ့က ပြင်လို့ မရသေးဘူး၊ စီးပွားရေး လုပ်လို့ မြတ်တော့မယ်ဆိုတဲ့ အသံ
လေးကြားတာနဲ့ သုံးမယ် ဖြုန်းမယ်ဆိုတဲ့ ဥာဉ်ဆိုးဟာ ဘယ်လိုဘယ်လို ချက်ချင်း
ကြီးထွားလာသလဲလို့ စဉ်စားလို့တောင် မရဘူး သူငယ်ချင်းရေ၊ ငါလည်း
မြန်မာပြည်မှာ မွေး၊ မြန်မာပြည်မှာ ကြီး၊ မြန်မာ့ရေသောက်နေရတာမို့၊ မင်းတို့
မြန်မာတွေကို ချစ်ပါတယ် သူငယ်ချင်း .....

ကျနော်လည်း အခုတလော မြစ်ဆုံ ရေကာတာ ပြဿနာဖြစ်လာတော့
တွေးမိတာ အစုံပါပဲ၊ တရုတ်နိုင်ငံဟာ နည်းပညာ တိုးတက်မှုကို အခြေခံပြီး
ပေါက်ကရမျိုးစုံလုပ်လာတဲ့ ဈေးကွက်တွေကလည်း ကြောက်စရာပါ၊ အရက်
သောက်တတ်သူတွေ သောက်ဖို့ တရုတ်ပြည်က တီထွင်တဲ့ အမှုန့်ဆိုတာ
အခု လာနေပါပြီ၊ အဲဒီ ဓါတုဗေဒ အရက်မှုန့်ကို ရေနဲ့ ဖျော်ပြီး သောက်
လိုက်တာနဲ့ မူးစေရမယ်လို့ ထုတ်လုပ်သူတွေက ကြော်ငြာနေကြောင့်
ပြည်တွင်းက မိတ်ဆွေတစ်ဦးက ပြောပြပါတယ်၊ အရက်ကို လွယ်လွယ်ကူကူ
သယ်ဆောင်လို့ရအောင် “ဓါတုဗေဒ အရက်အမှုန့်” လုပ်တာလို့ ပြောကြ
ပါတယ်၊ ဘယ်လောက်တောင် သေကြအုံးမလဲ မသိပါဘူး။ သြော် အခု
ကျနော်တို့ မျိုးဆက် ရင်ဆိုင်နေရတဲ့ မြစ်ဆုံ ရေကာတာ ပြဿနာကြီး
ပြေလည်လို့ ဆက် မဆောက်ဖြစ်ရင်တောင်၊ ရေရှည်မှာ လူဦးရေ
ပေါက်ကွဲမှု ဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်တို့ လူဦးရေနဲ့ ဓနအင်အား
ကြီးထွားလာတဲ့ တရုတ်မျိုးဆက်တွေ ယှဉ်ပြိုင်ဖို့၊ ကာကွယ်ဆိုတာ
တော်တော် မလွယ်တဲ့ ပြဿနာတွေပါ၊ ပြဿနာအသစ်အဆန်းနဲ့ တွေ့တိုင်
မေတ္တာတရားနဲ့ ဘာသာတရား ကိုးကွယ်မှုကို လက်ကိုင်ထားပြီး ဖြေရှင်းဖို့
ကြိုးစားလေ့ရှိတဲ့ ကျနော်တို့ နိုင်ငံသားတွေ ရေရှည်မှာ လွယ်ပါ့မလား။
ကျနော် လက်ရှိ နေထိုင်နေတဲ့ ဥရောပ၊ အမေရိကန်၊ ကနေဒါ၊
သြစတြေးရီးယား အစရှိတဲ့ အနောက်အုပ်စုဝင် နိုင်ငံတွေမှာ
ဘာသာမဲ့(Nihilism) အဖြစ် ခံယူသူ လူငယ် အရေအတွက် သိသိသာသာ
တိုးတက်လာပါတယ်။ Nihilism နဲ့ Free thinker မတူပါဘူး၊ Free thinker
က ဗုဒ္ဓဘာသာဖက် တော်တော်လေး ယိမ်းပါတယ်။ Nihilism တွေက လုံးဝ
ဥသုံး ဘာသာမဲ့ပါ၊ ဘယ် ဘာသာကိုမှ မကိုးကွယ်သူတွေပါ။ Nihilism ကို
လက်ခံတဲ့ လူငယ်တွေရဲ့ အတွေးအခေါ်ကို ယနေ့ ကမ္ဘာနဲ့အ၀ှမ်း လက်ခံ
နေရတာတွေ ရှိပါတယ်၊ အဲဒါက ဘာသာတရား ကိုးကွယ် ယုံကြည်သူသည်
ဒီမိုကရေစီနဲ့ အံ့ဝင်ခွင်ကျ လုံးဝ မဖြစ်၊ အကြောင်းတစုံတရာ ဖြစ်လာပါက
ဘာသာတရား ကိုးကွယ်ယုံကြည်သူသည် သူ ကိုးကွယ် ယုံကြည်သည့်
ဘာသာတရားက ပေးတဲ့ စံတန်ဖိုး ရှုဒေါင့်ကနေ အရာရာ ဆုံးဖြတ်တတ်
ပါတယ်၊ ဒါဟာ ဒီမိုကရေစီ ကျဆုံးခန်းပါပဲ ... လို့ သူတို့က ဆိုပါတယ်။
ဘာသာရေး ဗန်းပြပြီး ပေါက်ကရလုပ်နေတဲ့ လူကြီးတွေထက် စာရင်
ဘာသာတရားကိုးကွယ်မှု အားနည်းတဲ့၊ လုံးဝ မကိုးကွယ်တဲ့ လူငယ်တွေ
က တော်အုံးမယ် ထင်ပါတယ် ..... :D

ရေးချင်တာက သရဲအကြောင်း ရေးရင် ... ရေးရင်နဲ့ တရုတ်လူမျိုးတစ်ဦးရဲ့
ရှုထောင့်ဆီ ရောက်သွားလိုက်၊ ဘာသာမဲ့အကြောင်း ရောက်သွားလိုက်၊
ဘလော့ဂါဆိုတာ ဒီလိုပဲ ဖြစ်တတ်တယ်လို့ ကွယ်လွန်သွားရှာတဲ့ ဘလော့ဂါ
ကိုကြီးကျောက်က ပြောဖူးပါတယ်။ ကျနော့်အကိုက ဟိုဘလော့ဂါ ကိုလူသစ်ကြီး
တို့ တက်ခဲ့တဲ့ တက္ကသိုလ်ကပါ၊ ကျောင်းမပြီးခင် ကြင်ယာစုံတော့၊ ကျနော့်မိဘ
တွေ ဒေါပွပြီး ဖြတ်လေးဖြတ် လုပ်ပါတော့တယ်၊ အဲဒါနဲ့ မောင်မင်းကြီးသား
ဘာလုပ်သလဲဆိုတော့ သူ့ယောက္ခမတွေနဲ့အတူ တက္ကသိုလ်ကျောင်းပိတ်
ချိန်မှာ ဧရာဝတီမြစ်ထဲ ပြေးတဲ့ “ဈေးသင်္ဘော”နဲ့ ကုန်လိုက် ကူးပါတယ်။
အောက်ပြည်အောက်ရွာ ဖြစ်တဲ့ ဧရာဝတီတိုင်းထွက်တဲ့ ငပိ၊ ငါးခြောက်
တွေကို အထက်ဆီ သယ်၊ မြန်မာပြည် အပေါ်ပိုင်းကထွက်တဲ့ သနပ်ခါးတို့
ပဲမျိုးစုံတို့၊ အညာထွက်တွေ စတာတွေကို အောက်ဖက် ပြန်သယ်ပါတယ်။

ဈေးသင်္ဘောပေါ်မှာ ဈေးသည်တွေ၊ ကုန်ပစ္စည်းတွေ အပြင် ဖဲဝိုင်းတွေ၊
အရက်ရောင်းတဲ့ အရက်ဆိုင်တွေပါ ပေါ်လာပါတယ်၊ တနေ့ကြတော့
မြစ်လယ်ခေါင်ကနေ လူသေအလောင်း နှစ်လောင်း မျောလာပြီး သင်္ဘော
နံဘေးမှာ ငြိပြီး လာကပ်ပါတော့တယ်၊ ဒါ ဘယ်က အလောင်းမှန်းလည်း မသိ၊
အမှုလာပတ်မှာ ကြောက်တဲ့ သင်္ဘောအမှုထမ်းတွေက အဲဒီ ငယ်ငယ်ရွယ်ရွယ်
နဲ့ သေဆုံးထားပုံရတဲ့ အလောင်း နှစ်လောင်းကို ၀ါးလုံးတွေ၊ သစ်ချောင်း
တွေနဲ့ တွန်းထိုးကြပါတယ်၊ နီးစပ်ရာ ဆိပ်ကမ်း ကပ်ပြီး ရဲစခန်းတွေ ဘာတွေ
သွားအကြောင်းကြားရင် အမှုတွေပတ်၊ သက်သေခံတွေ ဘာတွေ လုပ်ပေးရ
မှာ ကြောက်တော့ ပိုင်ရှင်မဲ့ လူသေအလောင်းကို ဖြစ်ကတတ်ဆန်း တွန်းထိုး
ကြတာပါ။ ဧရာဝတီမြစ်တလျှောက် မြို့အများစုမှာ ဒီလို လူသေ အလောင်း
ရေထဲ မျောပြီး ကိုယ့်မြို့က ဆိပ်ကမ်းဆီ လာကပ်လေ့ရှိပါတယ်၊ ဒီလို လာကပ်
ရင် အဲဒီမြို့တွေက ရဲတွေ ဦးဆောင်ပြီး မြစ်ထဲ ပြန်မျောသွားအောင် လုပ်လေ့
ရှိပါတယ်။ နောက်မို့ဆို ဘယ်က အလောင်းမှန်း မသိ၊ လက်သည်လည်း မပေါ်၊
စစ်ဆေးဖို့ နေရာ အခက်အခဲ၊ ပစ္စည်းပစ္စယ မပြည်စုံတာကြောင့် ရဲတွေ
ကိုယ်တိုင် အဲလို လုပ်နေကြပါ။ သူများ တိုင်းပြည်တွေမှာ အနုပညာဆန်ဆန်
ရေထဲ ပန်းတွေ မျောကြပါတယ်၊ ဒို့ပြည်တော့ အဲဒီခေတ်တွေတုန်းက နာရေး
အသင်းတွေ မရှိလို့၊ အမှုပတ်မှာ ကြောက်လို့ အဲဒီလိုပဲ ဧရာဝတီမြစ်ကြီးကို
အားကိုးပြီး ရေထဲ မျောကြပါတယ်။

အဲလို သင်္ဘောမှာ လာငြိနေတဲ့ လူသေအလောင်း နှစ်လောင်းကို တွန်းထိုး
လိုက်တဲ့ နေ့ကစပြီး သင်္ဘောပေါ်မှာ အမှုပေါင်းစုံ ပြဿနာပေါင်းစုံ သိသိ
သာသာ စ’ပါတော့တယ်။ ပထမတော့ သိပ် မသိမသာပါ၊ သင်္ဘောပေါ်ကနေ
ရေထဲ လူ ပြုတ်ကျတယ်၊ ဟိုလူ နေမကောင်း ဖြစ်လိုက်၊ ဒီလူ နေမကောင်း
ဖြစ်လိုက်ပါ၊ နောက်တော့ ဒီထက် ကြမ်းလာပါတယ်၊ သင်္ဘောတစ်စီးလုံး
ရေလယ်ခေါင်မှာ ညဖက်ကြီး စက်ထိုး ရပ်သွားပါတယ်၊ သင်္ဘောပေါ်က
ကုန်ပစ္စည်းတွေ သူ့အလိုလို ရွေ့ပါတယ်၊ ဖြေးဖြေးချင်း သူ့အလိုလို
ရွေ့တာကနေ ပုဏ္ဍာက တိုက်သလို ၀ုန်းဒိုင်းကြဲ လာပါတယ်၊ တချို့ဆို
တစုံတယောက်က ဇွတ်အတင်း ဆွဲပြီး ရေထဲ တွန်းချတဲ့ ပုံစံမျိုး ကိုးရို့ကားယား
နဲ့ ရေထဲ တွန်းချ ခံရပါတယ်။ ရေထဲ ကျသွားသူဟာ သူ့ဘာသာ ကိုးရို့ကားယား
ဖြစ်ပြီး ကျသွားတာပါ၊ သူ့နံဘေးမှာ ဘာမှ မမြင်ရပါဘူး၊ သူ့ပါးစပ်ကတော့
ကျနော့်ကို ဆွဲချနေပြီ ... လုပ်ကြပါအုံး ... ကယ်ကြပါအုံး ... စသဖြင့်တော့
အော်ပါတယ်၊ သူ့နံဘေးမှာ ဘာမှ မမြင်ရပါဘူး၊ ဒီလိုနဲ့ သင်္ဘောတစ်စီးလုံး
မြစ်လယ်ခေါင်မှာ ဗျောင်ဆန်နေပါတယ်။

အဲဒါနဲ့ တချို့လည်း ကယ်ပါ ... ယူပါ အော်ကြတော့ ခပ်လှမ်းလှမ်း ဖြတ်သွား
တဲ့ ငါးဖမ်းလှေတစ်စီးက ကမ်းဆီ အမြန်ပြေးသွားပြီး ဘုန်တော်ကြီးတစ်ပါးကို
ပင့်လာပါတယ်။ ဘုန်းကြီး ကြွလာတော့ နည်းနည်းလောက် သက်သာလာပါ
တယ်၊ လုံးလုံး မပြီးသေးပါ၊ ဒါနဲ့ ဆရာတော်က မေတ္တာသုတ်တွေ ဘာတွေ
ရွတ်ဖတ်လိုက်တော့ အမျိုးသမီးတစ်ဦးကို ၀င်ပူးပြပါတော့တယ်၊ ပြဿနာက
လူသေအလောင်း နှစ်လောင်း သင်္ဘောဆီ ကပ်လာတုန်းက သင်္ဘောကလူတွေ
ပြန်တွန်းထုတ်လိုက်တော့ လူသေအလောင်းကနေ လက်တစ်ဖတ် ပြတ်ပြီး
သင်္ဘောမှာ ငြိပြီး ကျန်ခဲ့တယ်လို့ အပူးခံရသူက ပြောပါတယ်၊ အဲဒီလက်ကို
ပြန်ဖြုတ်ပြီး ရေထဲ မျောပေးရင် ခြောက်လန့် ဒုက္ခပေးတာတွေ ရပ်မယ်လို့
ဆိုပါတယ်၊ ဒါနဲ့ လူသေကောင်ရဲ့ လက်တစ်ဖက်ကို ညကြီးမိုးချုပ် လိုက်ရှာ
တော့ သင်္ဘောနံဘေးအောက်မှာ ပြုတ်ထွက်ပြီး ချိတ်ကျန်ရစ်နေတာကို
ထူးထူးဆန်းဆန်း တွေ့ရပါတယ်၊ အဲဒီလူသေလက်ကို ဖြုတ်ပြီး ရေထဲ
မျောလိုက်မှပဲ သင်္ဘောလည်း နဂိုအတိုင်း အရာရာ ပြန်ပြီး အဆင်ပြေသွား
ပါတယ်။

ဇာတ်လမ်းလေးက ဒီလောက်ပါပဲ၊ အဲဒီသရဲ အခုထိ ရှိရော ရှိနေသေးလား
မပြောတတ်ပါဘူး၊ မြစ်ဆုံမှာ ရေကာတာကြီး ဆောက်ဖြစ်လို့ ဧရာဝတီမြစ်
ကြီးထဲ ရေမစီးတော့တဲ့ တစ်နေ့ကြရင် အဲလို သရဲတစ္ဆေတွေ ကုန်းပေါ်တက်
လာမယ်ဆိုရင် ဘယ်နဲ့ လုပ်ကြမလဲ .... :D

မြန်မာပြည်မြေပုံကို ကြည့်လိုက်လို့ မေခမြစ်နဲ့ မလိခမြစ်က ဧရာဝတီရဲ့
အပေါ်ပိုင်း ညာဖက်မှာလား ... ဘယ်ဖက်မှာလား ... အလွတ်မရတဲ့သူတွေ
အများကြီး ရှိနိုင်ပါတယ်။ သို့ပေမယ့် ဧရာဝတီဆိုတဲ့ မြစ်ကြီးဟာ ကျနော်တို့
အသွေးအသားထဲ၊ နှလုံးသား၊ အသိဥာဏ်ထဲမှာ ထာဝရ စီးဆင်းနေမယ့် ...
စီးဆင်းနေတဲ့ မြစ်ကြီးတစ်ခုပါ၊ နိုင်ငံတော်ရဲ့ ကျက်သရေဆောင်၊ ဂုဏ်ထူး
ဆောင်၊ ကူးသန်းရောင်းဝယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ သဘာဝ ပတ်ဝန်ကျင်
စိမ်းလန်းစိုပြေရေး၊ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မိုးကျော်နယ်လို့ ခေါ်တဲ့
အညာဒေသကြီး တစ်ခုလုံးကို သဲကန္တာရဖြစ်မသွားအောင် ထိမ်းသိန်းပေးနေတဲ့
မိခင်ကြီး တစ်ဦးပါ ....

ကျွန်ုပ်တို့ ဘိုးဘွားများစွာရဲ့ ဧရာဝတီ
ကျွန်ုပ်တို့ရဲ့ ဧရာဝတီ
ကျွန်ုပ်တို့ သားစဉ်မြေးဆက်များအတွက် ဧရာဝတီ
ဧရာဝတီမြစ်ကြီးကို စောင့်ရှောက်ကြပါ ...
ဧရာဝတီကို မရက်စက်ကြပါနဲ့ ဗျာ .....

-စစ်ငြိမ်းဒီရေ
Read more »

Wednesday, 21 September 2011

ဧရာဝတီကိုချစ်သော ဘလော့ဂါ လှုပ်ရှားမှု

ဖေ့ဘွတ်(facebook) ပေါ်မှာ Blogger for Ayeyarwady
ခေါင်းစဉ်နဲ့ ဘလော့တချို့က မြစ်ဆုံရေကာတာ ကန့်ကွက်
ရေး လှုပ်ရှားမှု အဖြစ် (၂၃.၀၉.၂၀၁၁)နေ့ မှာ ဘလော့
တွေပေါ် မြစ်ဆုံရေကာတာ ရပ်တန့်ရေး၊ လုံးဝ ဖျက်သိမ်း
ရေး ပို့စ်တွေ ရေးသားပြီး တင်ကြဖို့ လှုံဆော်နေပါတယ်။
နာမည်ကြီးဘလော့ဂါတွေ၊ ပရိတ်သတ်အများစု နေ့စဉ် ဖတ်ရှု
နေကြတဲ့ ဘလော့ဂါတွေ ပိုမို ပါဝင်လာကြရင် တော်တော်လေး
မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နိုင်တာပေါ့ဗျာ ...

တချိန်တည်းလိုလိုပဲ ရန်ကုန်မြို့ရှိ မြန်မာဌက်နှင့် သဘာဝ
ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း(BANCA) အသင်း
အစီအစဉ်နဲ့ မြစ်ဆုံရေကာတာ အလုပ်ရုံ ဆွေးနွေးပွဲလုပ်မယ်
ဆိုတဲ့ အစီအစဉ်ဟာလည်း (၂၃.၀၉.၂၀၁၁)နေ့မှာပဲ ဖြစ်ပါတယ်။


မြစ်ဆုံရေကာတာ ကန့်ကွက်ရေး၊ ဧရာဝတီမြစ်ကို အဓွန့်ရှည်
စီးဆင်းနိုင်ရေးအတွက် အင်တာနက်ပေါ်မှာ ပုံစံအမျိုးအမျိုး
တင်ပြသူတွေရဲ့ လင့်ခ်တွေကို စုပြီး ကျနော့်ဘလော့ပေါ်မှာ
`ဧရာဝတီကို ချစ်သော ဘလော့ဂါများ စုစည်းမှု´ ဆိုပြီး
လုပ်ထားပါတယ်။ ရင်းနှီးသူတချို့ကိုလည်း မြစ်ဆုံရေကာတာ
ဆန့်ကျင်ကန့်ကွက်ရေးမှာ ပါဝင်ကြဖို့ တီးခေါက်ကြည့်ပါတယ်။
ကျနော့် စည်းရုံးရေး ညံ့နေလို့လားတော့ မပြောတတ်ပါ …
လူငယ်တချို့က အခုလို မှတ်ချက်ပေးကြပါတယ် …
`ကူးစက်ရောဂါ´ ….

တချို့ကလည်း ပြောကြပါတယ်၊ သူတို့ မွေးဖွားရာ၊ ရှင်သန်ကြီးပြင်း
ရာ အရပ်ဒေသသည် ဧရာဝတီမြစ်ကြီးနဲ့ အလှမ်းဝေးလို့ ….
တချို့ကလည်း ဧရာဝတီမြစ်ကို ယနေ့အထိ အကြောင်း
အမျိုးမျိုးကြောင့် မျက်ဝါးထင်ထင် မတွေ့ဘူးလို့ …

ဒီစာကို ရေးနေတဲ့ ကျနော့်ကိုယ်တိုင် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊
ဂွတ္တလစ်ရပ်ကွက် (ယနေ့အခေါ် ဆရာစံရပ်ကွက်) မှာ မွေးဖွားသူ
ပါ။ ရန်ကုန်မှာ မွေးပြီး ရန်ကုန်မှာ ကြီးပြင်းခဲ့သူပါ။ ဧရာဝတီမြစ်ကို
`ပြည်´မြို့မှာ ဘုရားဖူးသွားမှ စတင်ပြီး မြင်တွေ့ဖူးပါတယ်။
နောက်တော့ မန္တလေးတို့ စစ်ကိုင်းတို့ ရောက်တိုင်း
ဒါ … ငါတို့မြေက အရှည်ဆုံး မြစ်ကြီးပါလား …
ဒီမြစ်ကြီးဟာ … ငါတို့နိုင်ငံမှာ မြစ်ဖျားခံပြီး ငါတို့နိုင်ငံရဲ့
အလယ်ဗဟိုကနေ စီးဆင်းတဲ့ မြစ်ကြီးပါလား ….
ဒီမြစ်ကြီးရဲ့ နံဘေးမှာ ငါတို့ဘိုးဘွားတွေ ဓါးမဦးချ
လယ်ယာစိုက်ပျိုးပြီး ငါတို့ရဲ မျိုးဆက်ကို ထူထောင်ခဲ့ပါလား …
ဒီမြစ်ကြီးရဲ့ နံဘေးမှာ တခါက ရှင်သန်ခဲ့တဲ့ သရေခေတ္တရာ
လို့ ခေါ်တဲ့ အခု `ပြည်´မြို့၊ ပေါက္ကံ လို့ခေါ်တဲ့ `ပုဂံ´၊
`ရတနာပုံ´လို့ ခေါ်တဲ့ `မန္တလေး´ အစရှိတဲ့ ငါတို့နိုင်ငံရဲ့
သမိုင်းတွေအားလုံး ရှိခဲ့ပါလား ….

မြစ်ဆုံရေကာတာ ကန့်ကွက်ရေး လှုပ်ရှားမှုဟာ အမျိုးသားရေး
တာဝန်တစ်ခုပါ၊ ကူးစက်ရောဂါ … သူများတွေ မုန့်ဟင်းခါးအကြောင်း
ရေးတာများလို့ ကိုယ်လည်း မုန့်ဟင်းခါးအကြောင်း လိုက်ရေးရတဲ့
`ကူးစက်ရောဂါ´ မဟုတ်ပါဘူး။ ဒီပြဿနာဟာ ပြည်သူတွေရဲ့
အသည်းနှလုံးကို စူးစိုက်ဝင်ရောက်နေတဲ့ အဆိပ်စူး တစ်ချောင်း
လို ကြောက်စရာကောင်းတဲ့ အရေးကိစ္စတစ်ခုပါ။

ဘယ်လို အကြောင်းပြချက်မျိုးနဲ့ ဘလော့ဂါ ဖြစ်လာပါစေ၊ ကျနော်တို့
အားလုံး တင်ပြလိုက်တဲ့ ပို့စ်များဟာ အင်တာနက်စီးဆင်းမှုပေါ်ကနေ
နေရာအနှံ တိုးဝင်နေကြပါပြီ၊ ကိုယ့်အကြောင်း ကိုယ်ရေးတာပဲ ဖြစ်ဖြစ်၊
အများအကြောင်း ကိုယ်ရေးတာပဲ ဖြစ်ဖြစ်၊ သူများရေးတာကို ကူးတင်
တာပဲ ဖြစ်ဖြစ်၊ ကျနော်တို့ရဲ့ အချိန်ပေးနိုင်မှု၊ ကျနော်တို့ရဲ့ ကျွမ်းဝင်မှု၊
ကျနော်တို့ရဲ့ ကြိုးစားမှုများဟာ ယခုလို `ဧရာဝတီမြစ်ကြီး´ အတွက်
အရေးကြီးနေချိန်မှာ ကိုယ်တတ်နိုင်တဲ့ဖက်ကနေ အကောင်းဆုံး
ပေးဆပ်ခြင်းအားဖြင့် အင်တာနက်ပေါ်က၊ အွန်လိုင်းပေါ်က မြန်မာစာပေ
နဲ့ ရေးသားကြသော ဘလော့ဂါများ၏ အခန်းကဏ္ဍကို ထင်ရှားစေ
ပါတယ် ….

လာမယ့် (၂၃.၀၉.၂၀၁၁)နေ့အမှီ ဘလော့ဂါအားလုံး ညီညွတ်
ကြပါစို့ ….

-စစ်ငြိမ်းဒီရေ
Read more »

Tuesday, 20 September 2011

နော်ဝေးနိုင်ငံရောက် မြန်မာနိုင်ငံသားတဦး၏ မြူနီစပါယ် ရွေးကောက်ပွဲ အတွေ့ အကြုံ အပိုင်း(၃)

ယခင် အပိုင်း(၁+၂)တို့မှ အဆက် ….

မဲပေးသောနေ့

စာရေးသူတို့  မဲထည့်ရမည့် မဲရုံမှာ“ လိစယောဒ” အမည်ရှိ
အထက်တန်းကျောင်း ဖြစ်သည်။ မဲ ရုံ သို့ သွားရာလမ်းတလျောက်
တွင် လူစု လူဝေးများ၊ လုံခြုံရေးတာဝန် ယူနေသည့် ယူနီဖေါင်းဝတ်
လက်နက်ကိုင် အဖွဲ့ အစည်းများ၊ဒုတ်၊ဒါး လက်နက်များကို ပေါ်ပေါ်
ထင်ထင် နီးပါး ကိုင်ဆောင်ထားခွင့်ရှိသော နိုင်ငံတော်၏ လုံခြုံရေး
တာဝန်နှင့် မည်သို့ ပတ်သက်မှန်းမသိသည့် အရပ်ဝတ် အမူးသမား
များ အစရှိသည့် မဲဆန္ဒရှင်တို့ ၏စိတ်ကို ခြောက်ချားစေနိုင်သည့်
အစုအဝေးတခုကို မှမတွေ့ မြင်ခဲ့ရပေ။ (ပုံ- ၀၁ ကို ရှုပါ။)


မဲရုံအတွင်းသို့ ဝင်မည့် တံခါးပေါက်၏ အပြင်ဘက်တွင် ပါတီ
အသီးသီးမှ မဲရုံကိုယ်စားလှယ်များက ပြုံးရွှင် စွာကြိုဆို နေကြ
သည်။ မဲဆန္ဒရှင်များက အပြုသဘောဖြင့်မေးသောမေးခွန်း
ဖြစ်စေ။ အပြုသဘောမဆောင်သော မေးခွန်းများကို ဖြစ်စေ
စိတ်ရှည်လက်ရှည် ပြန်လည်ဖြေကြားပေးကြသည်။
ဥပမာအားဖြင့် စာရေးသူမှ လက်ဝဲပါတီ၏ မဲရုံကိုယ်စားလှယ်
တစ်ဦးထံသို့ သွား၍ လက်ယာပါတီမှ အမတ်လောင်းအား
မည်သို့ မဲပေးရွေးချယ်ရမည်ဖြစ်ကြောင်းမေးပါက ၎င်းမှ စာရေးသူ
သိရမည့် တရားဝင်မဲဖြစ်စေမည့်  အချက်အလက်များကိုပါ
စိတ်ရှည်လက်ရှည် ရှင်းပြပါသည်။ သတင်းအမှားများပေးခြင်း၊
မကျေနပ်သည့် အမူအယာဖြင့်သက်ဆိုင်ရာပါတီသို့ တိုက်ရိုက်
သွားမေးခိုင်းခြင်း၊မိမိ ပါတီအား မဲထည့်ရန်ဆွယ်ခြင်းမျိုးကို
မပြုလုပ်ကြပေ။ (ပုံ-၀၂ နှင့် ပုံ-၀၃ ကို ရှုပါ။)



မဲရုံ ကိုယ်စားလှယ်များကို ကျော်ဖြတ်ပြီးသည့်အခါ မဲရုံဝင်ပေါက်
တံခါးသို့ေ၇ာက်ရှိသည်။နော်ဝေးနိုင်ငံ၏ချမ်းသာကြွယ်ဝမှုအရ
အဆောက်အဦးတခု၏ ဝင်ပေါက်ထွက်ပေါက်တံခါးများအားလုံး
မှာ အလိုအလျောက် ဖွင့်ပိတ်စံနစ်ကို အသုံးပြုသည်။ မဲရုံအတွင်း
ရောက်သည်နှင့် အပြင်မှအသံများကို မကြားရတော့ပေ။ မဲရုံ
အတွင်း၌တန်းစီ၍ ဆန္ဒမဲ ပေးသည့်အခန်းငယ်လေးများသို့
ဝင်ရောက်ရသည်။(ပုံ-၀၅.၀၂ ကိုရှုပါ။)


၎င်းအခန်းငယ်လေးများအတွင်းတွင်စားပွဲငယ်တလုံး၊ဘောပင်များ
နှင့် ၎င်းအထက် နံရံပေါ်တွင်ပါတီများမှအမတ်လောင်းများ၏အမည်
များပါဝင်သည့် မဲစာရွက်များ(မဲပြား)များကို စံနစ်တကျ ချိတ်ဆွဲ
ပေးထားသည်။ ထို့ ပြင် မဲပေးပုံးနည်းစံနစ်ကို ရှင်းပြထားသည့်
စာရွက်တစ်ရွက်ကို နံဘေးနံရံတွင်ကပ်ထားပေးသည်။ မဲပေးနည်း
မှာ မိမိနှစ်သက်သည့်ပါတီမှမဲစာရွက်တစ်ရွက်ကိုယူ၍ အကြိုက်ဆုံး
ပုဂ္ဂိုလ်၏နံဘေးရှိလေးထောင့်ကွက်လေးတွင် 1 ဟုရေးပေးရသည်။
ထို့ ပြင် ဒုတိယ အကြိုက်ဆုံး ပုဂ္ဂိုလ်၏နံဘေးရှိ အကွက်လေးတွင်
ကြက်ခြေခတ် ခြစ်၍ အရံမဲတမဲပေးခွင့်ရှိသည်။ အကယ်၍ မဲစာရင်း
ထဲတွင် အခြား ကိုယ်စားလှယ်လောင်းများ ခေါင်းစဉ်အောက်မှ
ဝင်ရောက် အရွေးခံသူ တဦးကို မဲပေးလိုပါက ၎င်း၏ အမည်ကို
အပြည့်အစုံရေးသွင်းပေးရပါသည်။ မဲစာရင်းတွင် အမည်ရေးသွင်း
ရန် နေရာကို ထည့်သွင်းရိုက်နှိပ်ထားပါသည်။

မဲစာရင်းစာရွက်ဖြည့်သည့်အခန်းသို့ ရောက်ချိန်မှစ၍ အခြား
မဲဆန္ဒရှင်တစ်ဦးနှင့် စကားပြောခွင့်မရှိတော့ပေ။
အကယ်၍ မဲဆန္ဒရှင် တစ်ဦးအနေဖြင့် အခက်အခဲ တစုံတရာ
ရှိပါက ကူညီပေးရန်မဲရုံဝန်ထမ်း များကို ထားရှိပေးသည်။
(ပုံ-၀၅ နှင့် ပုံ-၀၆ ကိုရှုပါ။)



မဲစာရွက်တွင် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ပြီးသည့် အခါ
မဲစာရွက်ကို ထက်ဝက်ခေါက်လိုက်ရပါသည်။ မဲစာရွက်၏ အပြင်
ဘက်မျက်နှာစာတွင် သက်ဆိုင်ရာ မဲရုံ၏အမှတ်တံဆိပ်ကို ခတ်နှိပ်
ရန် နေရာပါရှိသည်။ ထိုမဲရုံတံဆိပ်တုံးရိုက်နှိပ်ရန်အတွက် မဲရုံ၏
အလည်လူမြင်ကွင်းတွင် ၄ နေရာ ခန့် ခွဲ၍မဲရုံဝန်ထမ်းများကို
ချထားပေးပါသည်။ မိမိ၏မျိုးရိုးအမည် (တနည်း အားဖြင့် နောက်ဆုံး
အမည် ၏ ထိပ်ဆုံး စာလုံး ရှိရာစားပွဲသို့ သွားရပါသည်။ ဥပမာ
စာရေးသူ၏ နောက်ဆုံး အမည်သည် Ha ဖြစ်သောကြောင့်
၎င်း၏ထိပ်စာလုံးဖြစ်သော H ရှိရာ စားပွဲသို့ သွား၍ မဲရုံတံဆိပ်တုံး
ခပ်နှိပ်ရပါသည်။)မဲရုံတံဆိပ်တုံးခတ်နှိပ် ပြီးပါက ၎င်းးတို့ ရှေ့
စားပွဲပေါ်ရှိမဲပုံးထဲသို့ ထည့် လိုက်ပါက တရားဝင်မဲတစ်မဲကို
အောင်မြင်စွာပေးပြီးဖြစ်ပါသည်။(ပုံ-၀၄ ကိုရှုပါ။)


မိမိ၏မြို့ နယ်အုပ်ချုပ်ရေးမှုးကို ဆန္ဒမဲပေးလိုပါက၎င်းစားပွဲတွင်
ပင် တောင်းခံ၍မဲပေးနိုင်ပါသည်။ ထူးခြားသောအချက်တခုမှာ
ရွေးကောက်ပွဲအစီအစဉ် တခုလုံးတွင် ကွန်ပြူတာနှင့် အခြား
လျပ်စစ်ပစ္စည်းများအသုံးမပြုခြင်းပင်ဖြစ်သည်။

နိဂုံး

စာရေးသူသည် သာမန် အရောင်းဈေးသည်တစ်ဦးမျှသာဖြစ်ပါ
သည်။ အားလပ်သောအချိန်လေးများတွင် စာတပုဒ်ဖြစ်မြောက်
ရေးအတွက် မှီငြမ်းကိုးကားနိုင်လောက်သည့် အချက်အလက်များ
ရရှိရန် စာတိုပေစလေးများအဖြစ် ရေးသားမှတ်သားခြင်းးနည်းဖြင့်
၎င်း၊ တစ်ခါတစ်ရံ အလွတ်ကျက်သည့်နည်းဖြင့်၎င်း စုဆောင်း
ထားရပါသည်။ အင်္ဂလိပ်ဘာသာ၊နော်ဝေးဘာသာ နှင့် မြန်မာ
ဘာသာသုံးရပ်လုံးတွင် အားနည်းခြင်းကြောင့်ခွန်အားရှိသော
စာတစ်ပုဒ်ဟုတိတိကျကျ မပြောနိုင်စေကာမူ ကျွန်တော်ချစ်သော
အနာဂတ်မျိုးဆက်များအတွက် တစ်စုံတစ်ခုသော ဗဟုသုတ၊
အတွေးအမြင် တစ်ခုကို ရရှိစေပြီး အမိမြန်မာပြည်ကြီးတိုးတက်ရေး
အတွက် လိုအပ်ချက်များကို တောင်းဆို ရဲသည့် ပညာတတ်
လူလတ်တန်းစား လူငယ်များပေါ်ထွန်းလာရေး အတွက် အုတ်
တစ်ကျိုး၊သဲတစ်မှုန် ဖြစ်ခဲ့မည်ဆိုပါက စာရေးသူ အဖို့  အဟောသုခံ။

ဓါတ်ပုံများကို ဖိုင်နှင့်တွဲထည့်ပေးလိုက်ပါသည်။ ဓါတ်ပုံများအောက်ရှိ
ပုံနံပါတ်နှင့်စာသားများကို (ပုံ ===== ကို ရှုပါ) နေရာများတွင်
ထည့်သွင်းဖေါ်ပြပေးပါရန်မေတ္တာရပ်ခံပါသည်။ ထို့ ပြင် ယခုဆောင်းပါး
အပါအဝင် မိမိရေးသားသည့် စာပေများ၌ မှားယွင်းလွဲချော်နေယော
အချက်များ၊လိုအပ် နေသော အချက်အလက်များ ရှိပါက ဝိုင်းဝန်းကူညီ
ဖြည့်စွက် ထောက်ပြအကြံပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

တော်လှန်ရေးသစ္စာဖြင့်
ကိုမိုးကြီး
Read more »

ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် မြစ်ဆုံရေကာတာ ကန့်ကွက် ဆန္ဒပြမှု ဖြစ်ပွား


ဒီနေ့ နေ့လည် ၁၂ နာရီကျော်ကျော်က ရန်ကုန်တိုင်း
ဒဂုံမြို့နယ် အမှတ် ၄၇ ခရေပင်လမ်းမှာရှိတဲ့ တရုတ်
ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဌာနရှေ့မှာ အသက် ၄၅နှစ်
အရွယ် အမျိုးသားတဦးက ဧရာဝတီမြစ်ဆုံ ရေကာတာ
စီမံကိန်း ချက်ချင်းရပ်ဆိုတဲ့ အင်္ဂလိပ်လိုစာသားပါ ပိုစတာ
ကိုကိုင်ပြီး ဆန္ဒပြခဲ့လို့ လုံခြုံရေးရဲတွေက ဖမ်းဆီးသွားတယ်
လို့သိရပါတယ်။ ဆန္ဒပြမှုဖြစ်ချိန် အဲဒီအနီးနားမှာရောက်နေသူ
တဦးက
သူက stop Irrawaddy dam ဆိုတဲ့စားသားပါ ပိုစတာကို
ကိုင်ထားတယ် ခဏနေတော့ ရဲတွေကခေါ်ပြီး သူ့ကို ဓါတ်ပုံ
ရိုက်တယ် မေးမြန်းစစ်ဆေးပြီး ဒဂုံရဲစခန်းကိုခေါ်သွားတယ်။
နာမည်က ကိုအောင်သိန်းလို့ ကြားလိုက်တယ်။
ဒဂုံရဲစခန်းကိုမေးကြည့်တော့ တာဝန်ကျအရာရှိက သူတို့ဆီမှာ
ဒီကိစ္စနဲ့ဖမ်းထားတာ မရှိဘူးလို့ဖြေကြားခဲ့ပါတယ်။ နောက်ထပ်
မျက်မြင်တယောက် အပြောအရ
တရုတ်ပြန်ကြားရေးရုံးရှေ့မှာ ဖမ်းခံရသူဟာ ကိုအောင်သိန်းလှ
ခေါ် ကျော်ဝင်း တောင်ဥက္ကလာ ၇ ရပ်ကွက် ရွှေသိဒ္ဓီ ၁၁လမ်းမှာ
နေသူဖြစ်ပြီး မလေးရှားကနေ အမေရိကန်နိုင်ငံကို ရစတမန့်နဲ့
သွားပြီး အမေရိကန်နိုင်ငံသား ခံထားသူဖြစ်တယ် လို့ပြောပါတယ်။
သူဟာဒီလထဲမှာမှ ပြည်တော်ပြန်လာသူဖြစ်တယ်လို့ပြောပါတယ်။
မနေ့က စက်တင်ဘာ ၁၉ ရက် တုန်းကလည်း တရုတ်သံရုံးရှေ့မှာ
လူအုပ်နဲ့ ဆန္ဒပြမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာလို့ သတင်း
ထောက်တွေနဲ့ လုံခြုံရေးအမြောက်အများ တရုတ်သံရုံးရှေ့မှာ
စောင့်ဆိုင်းခဲ့ကြပေမယ့် ဆန္ဒပြမှုမဖြစ်ခဲ့ပါဘူး။ ဒီနေ့ တရုတ်သံရုံး
ဝန်းကျင်မှာ လုံခြုံရေးတွေ အရပ်ဝတ်နဲ့ တမျိုး ယူနီဖေါင်းနဲ့တဖုံ
စောင့်ဆိုင်းနေကြတယ်လို့ မျက်မြင်တွေအပြောအရ သိရပါတယ်။

(အညာနွေတမာဘလော့မှ ထပ်ဆင့်ကူးယူဖော်ပြ ...။)
(ဓါတ်ပုံက နေ့သစ် စာမျက်နှာမှ ကူးယူထားပါတယ်။)
Read more »

မက်ချင်လွန်းလျက်နဲ့  မက်လို့ မရခဲ့တဲ့အိပ်မက်

တစ်

သူငယ်ချင်းတို့ ရေ
ကိုယ်က ၈၈ မှာ ပါခဲ့ဘူးတယ်။ မကသလို့  ခေါ်တဲ့ အဖွဲ့ မှာ။
ကိုယ်တို့ က အဲဒီတုန်းက လိုင်းအပ် ၂ခု ချခဲ့တယ်။
တခုက နိုင်ငံရေးပေါ်လစီ။
ကိုယ်တို့ ရဲ့  နိုင်ငံရေးပေါ်လစီက ပရက်ရှား အင် ကွန်ပရိုမိုက်။
လူထုနဲ့ ဖိအားပေးပြီး အာဏာရှင်က တိုင်းပြည်အာဏာကို သူတို့
အတွက်ထွက်ပေါက်တခုနဲ့ လွှဲပေးနိုင်မယ့်နည်းလမ်းတခုပေါ်မှာ
ဆွေးနွေးနိုင်ဘို့ ပေါ့ကွာ။ ကိုယ်ဖတ်ဘူးတဲ့စာအုပ်တအုပ်ရှိတယ်။
စတူးဒင့် ရီဗော်လူးရှင်း ဆိုတဲ့စာအုပ်။ ပြင်သစ်က ဆန္ဒပြပွဲတွေကို
ဦးဆောင်တဲ့ တက္ကသိုလ်ကျောင်းသားတွေကို ဘီဘီစီ က ဗျူးတာ
တွေကို တိုက်ရိုက်ရေးထားတာ။


အားလုံးသိတဲ့အတိုင်း ကိုယ်က အင်္ဂလိပ် မှာ တောင်မရောက်
မြောက်မရောက်။ ဒါပေမယ့် အဲဒီကတည်းက စွတ်ဘာသာပြန်တာ
မှာတော့ထိပ်တန်းဘဲ။ အဲဒီထဲက စာတပိုဒ်ကို သိပ်ကြိုက်တယ်။
“ကိုယ့်မှာ ညီမျှတဲ့ အင်အားတခုရှိမယ်ဆိုရင်တောင်မှ အာဏာရှင်
နဲ့ အဖြေတခု ထွက်အောင်ဆွေးနွေးဘို့ ဆိုတာ သိတ်ခက်ပါတယ်”တဲ့။
ကဲ ဒါဆို ၁၉၈၈ မှာရှိတဲ့ ကိုယ်တို့ ဘက်က လူထုအင်အားနဲ့ ခု လက်ရှိ
ကိုယ့်ဘက်ကလို့ ပြောလို့ ရတဲ့ လူထုအင်အားလေးကို ချိန်ဆကြည့်ပါကွာ။
ဒါပေမယ့် အဲဒီတုန်းက ကိုယ့်ဘက်ကလူတွေက `လုပ်ပလိုက်မယ်နော်´
ဆိုတဲ့သူတွေချည်းဘဲ။
ဒါပေမယ့် တူတာတခုရှိတယ်။အဲဒီတုန်းက လူထုခေါင်းဆောင်က
ခုလူထုခေါင်းဆောင်ဘဲ။ အဲဒီတော့ စစ်အာဏာရှင်တွေက တို့ ဘက်က
ပေါ်လစီကို ဒီလို သမုတ်တယ်။
“ကွန်ဖရန်တေးရှင်း” တဲ့။
မြန်မာပြည် ရဲ့  အစိုးရကို ဖြုတ်ချရေးတိုက်ပွဲတိုင်းကို တက္ကသိုလ်
ကျောင်းသားတွေက ဦးဆောင်ခဲ့ တယ်။
၁၉၅၅ က စကြည့်ပါ။
ဒါပေမယ့် ၁၉၆၂ မောင်နေဝင်းတက်လာပြီးတော့ တက္ကသိုလ်
ကျောင်းသားသမဂ္ဂ အရေးအခင်းမှာကြွေးကျော်လိုက်တာ
“ဒါးဒါးချင်းလှံလှံချင်း” တဲ့။
သူက ချနေကြလေ။
အဲဒီကတည်းက စလို့  ၁၉၈၈ အထိကိုယ်တို့တွေ တကယ်
ချတတ်တာဆိုလို့ ဖဲနဲ့ အရက်ဘဲရှိတာ။
(နောက် ၂ခု ကျန်သေးတယ်လေဗျာ မလုပ်နဲ့ ဘေးမှာမိန်းမရှိလို့ )
အဲဒီရဲ့ အကျိုးဆက်ကတော့.....
စာသံပေသံနှင့်ပြောမည်ဆိုပါက
“ စစ်တပ်မှပစ်လွှတ်လိုက်သော ဘောင်းဘောင်းဘောင်းဟူသည့်
သေနတ်သံများက ကျွန်ုပ်တို့ အား ယိုးဒယားနိုင်ငံသို့
ဂျောင်းဂျောင်းဂျောင်း ဟုနှင်လွှတ်လိုက်သည့် ကုလားဆိုးကြီး၏
အော်ဟစ်သံကဲ့သို့ ပင်တည်း။ စစ်တပ်ကို ရင်ဆိုင်ပစ်လွှတ်ရန်
ကျွန်ုပ်တို့  ယူဆောင်လာသော ဒူးလေးများ လောက်လေးဂွများ၊
ဂျင်ဂလီခေါ် လက်နက်ဆန်းများသည် အကယ်တန္တုအားဖြင့်
စစ်တပ်၏သေနတ်များကို ဖက်ပြိုင် အံတုရန် မစွမ်းနိုင် လေရကား
၎င်းတို့ ကို လမ်းမပေါ်သို့ လွှတ်ချပြီးသကာလ တာမှလွှတ်သော
မြင်းများကဲ့သို့ စစ်တပ်၏ဆန့်ကျင်ဘက်အရပ်သို့ အသော့နှင်ကျ
ရကုန်၏။ ကျွန်ုပ်တို့ အား ၁၉၈၈ စက်တင်ဘာ ၁၉ ရက်နေ့ တွင်
ချီတက်ရန် လှုံ့ ဆော်ခဲ့သော ခေါင်းဆောင်ကြီး၏အမိန့် ကို နာခံရန်
လိုက်ရှာသောအခိုက်တွင် ၎င်း ကား ကြိုးမဲ့ လေတံခွန် တခုကဲ့သို့
လေနှင့်အတူ လွင့်ပါသွားခဲ့လေပြီ ” ။
(“နောက်တာပါကွာ”။ တို့ သူငယ်ချင်းတွေကို လွှတ်အောင် နမိတ်
ယူပြီး လွှတ်တွေကို လွှတ် သုံးလိုက်တာ စွန်လွှတ်တဲ့ အကြောင်း
ရောက်သွားတယ်။)

ရန်သူကိုဘယ်တော့မှသူကျွမ်းကျင်တဲ့လက်နက်နဲ့ မတိုက်ရဘူးကွ။
ငါ့ ငှက္ကဥ ကြီးပြောသလို ဆို “ခွေးရူးကို ရေထဲမှာရိုက်ရတယ်”။
ဆိုပါတော့ကွာ။ အတိုချုပ်ရင် ကိုယ်တို့ က ကွန်ပရို မိုက်ကိုမှ
ကြိုက်မိလေတော့လူမိုက်တွေဖြစ်ခဲ့ ရပါတယ်။ အဲဒီကာလတုန်းက
တော်တော်တက်ကြွတဲ့  ငတိလေးတွေ ၂သိုက် ၃သိုက်ရှိတယ်။
ဒီကောင်တွေက သူတို့ အကိုတွေကွဲတာကို အမြဲဆဲပြီး သူတို့ 
ကျတော့လည်း က နဲ့  ခနဲ့ ကွဲ။ အဲဒီတုန်းကတော့သူတို့ နဲ့
တည့်အောင်ပေါင်းရတယ်။ ခဲနဲ့ ပေါက်တာ အရေးမကြီးဘူး။လက်ဘက်ရည်ဆိုင်ထိုင်နေတုန်းအုပ်လိုက်ကြီးရောက်လာပြီး
လက်စားချေတဲ့ အနေနဲ့ ဝင်စားသွားလို့  အရှက်ကွဲ ရပေါင်းမနဲဘူး။
အဲဒီတုန်းက ခုလိုလည်းမိုဘိုင်းဖုန်းလေးဆက်ပြီးပိုက်ဆံ
လာပို့ ခိုင်းလို့ ရတာမဟုတ်ဘူးလေ။

တနေ့ တော့ ကျွန်တော်တို့ ရဲ့ ဌာနချုပ်မှာ တွေ့ ဆုံဆွေးနွေးပွဲ
လုပ်ပါရောခင်ဗျာ။ အဲဒီမှာ အဲဒီတုန်းက ပုစွန်စိတ်လေး ဘယ်လို
ငယ်တို့ ။ သင်္ကြန်သံချပ်တို့ နဲ့ ဟော့ နေတဲ့ မောင်ကြေးမုံရဲ့သား
သီဟလေးကကျွန်တော်တို့ ကို မေးခွန်းတခုမေးပါတယ်။ ခုခင်ဗျား
တို့ ရဲ့ ကွန်ပရိုမိုက်ကြီးက မမှားဘူးလို့ ဘယ်လိုသက်သေပြမလည်း
တဲ့။ ကျွန်တော်ကလည်းငယ်ငယ်တုန်းက ဖတ်ဘူးတဲ့ စာအုပ်
တစ်အုပ်ထဲ က ခေါင်းဆောင်ကြီးတစ်ယောက်ရဲ့ စကားကို
လှတယ်ထင်တာနဲ ယူကြိတ်လိုက်တယ်။
“ဟစ်စထရီ ဝယ် ဆို့ လဗ မီ ” ဆိုပြီးတော့။အဲဒီမှာသူက ထပ်ပြီး
မေးပါတယ်။
ခင်ဗျားတို့ ကို သမိုင်းကအဖြေပေးမှာကို ကျုပ်တို့ က သင်္ချိုင်းကုန်း
က စောင့်ကြည့်ရမှာလားတဲ့။ ပညာရှိသတိဖြစ်ခဲမှာစိုးလို့  ပြောပြ
တာပါ။ မင်းနဲ့ ငါ တို့ ကတူလို့ လားမေးရင် မတူပါဘူးခင်ဗျာ။
ကျွန်တော်တို့ ကစောပါတယ်။ ခံရတာကိုပြောတာပါ။
အသက်ကြီးပြီး အိုမင်းရုံ အိုမင်းလာတဲ့သူတွေကို ကျွန်တော် မလေးစားပါ။
အသက်ကြီးပြီး ဥာဏ်ကြီးလာတဲ့သူတွေကို ဘုရားနဲ့ တဂိုဏ်းထဲ ထား
ပါတယ်။ နိုင်ငံရေးပေါ်လစီပြီးတော့ တက်ကတစ်စ( တက်ကနစ်
မဟုတ်ပါ။ tactics လို့ သိုးဆောင်းမှာပေါင်းပါတယ်။ ခုလေးတွင်မှ
အက်စ ပါမှန်းသေချာတာ) ကျွန်တော်တို့ ကို ကျောင်းသားအရေးဘဲ
လုပ်တဲ့ အဖွဲ့လို့  မလိုလားသူတွေက ဝှစ်စပါးရင်းကမ်ပိန်း လုပ်ကြ
ပါတယ်။ ကျွန်တော်တို့ နည်းက ကျောင်းသားကိစ္စ ကျောင်းသား
အသိဆုံး၊ လယ်သမားကိစ္စလယ်သမားအသိဆုံး ၊အလုပ်သမားကိစ္စ
အလုပ်သမားအသိဆုံးဖြစ်တဲ့အတွက် အမှန်တကယ်ကို အဲဒီ
လူတန်းစားတွေထဲမှာရှိနေတဲ့ ပုဂ္ဂိုလ်တွေကသာ အဲဒီလူတန်းစားရဲ့
နစ်နာမှု၊ ဆုံးရှုံးမှု၊လိုအပ်မှု တွေကို ပိုမိုထိစပ်သိမြင်နိုင်ပါတယ်။
အဲဒီလို လူတန်းစားအသီးသီးရဲ့ ပကတိအခြေအနေကို အမှန်တကယ်
သိမြင်ပြီး နိုင်ငံရေးအစ်ရှုးတခုဖြစ်အောင်လုပ်နိုင်ခြင်းဟာ နိုင်ငံရေး
ပါတီတစ်ရပ်ရဲ့တာဝန်ပါ။ ကျွန်တော်တို့ မှာ အဲဒီကာလက ရွေးချယ်စရာ
ပါတီတစ်ခုဘဲ ရှိပါတယ်။
ကျွန်တော်တို့ ကို မုန်းသည်ဖြစ်စေ၊ကျွန်တော်တို့ က မုန်းသည်ဖြစ်စေ။
ကျွန်တော်တို့ ကိုလိုလားသည်ဖြစ်စေ၊မလိုလားသည်ဖြစ်စေ။
ကျွန်တော်တို့ မူက အလုပ်ဖြစ်ရေးပါ။
လယ်သမားတွေကို ခေါင်းဆောင်တဲ့လယ်သမားတွေက
လယ်သမားတွေရဲ့ နစ်နာမှုတွေကိုတင်၊
အလုပ်သမားတွေကိုခေါင်းဆောင်တဲ့ အလုပ်သမားတွေက
အလုပ်သမားတွေရဲ့ နစ်နာမှုတွေကိုတင်။
ကျောင်းသားတွေကိုခေါင်းဆောင်တဲ့ကျောင်းသားတွေက
ကျောင်းသားတွေရဲ့ နစ်နာမှုတွေကိုတင်။
အင်အယ်ဒီက ဒီလို အထွေထွေနစ်နာမှုတွေဟာ စစ်တပ်ရဲ့
မကျွမ်းကျင်သောအုပ်ချုပ်မှုကြောင့်လို့ ပြော။
ငါတို့ ကို ပေးအုပ်ချုပ်မှ ဒီကိစ္စတွေအေးမှာ။
မကောင်းဘူးလားဗျာ။ ဒီတက်ကတစ်စလေးက။
သပိတ်စုံ သူပုန်ထ ဆိုတဲ့ ခေါင်းဆောင်ကြီးတွေက သပိတ်စုံအောင်
မလုပ်တတ်ဘဲ သူပုန် ထချင်စိတ်တွေများလေတော့။
ခုတော့လည်း
ဟင်းမပြောလိုက်ချင်ဘူး။
ချစ်လိုက်ပါပြောတာလည်းသူတို့ ဘဲ။
မုန်းလိုက်ပါပြောတာလည်းသူတို့ ဘဲ။
ခံစားရတာကတို့ ၂ယောက်ထဲ။

နှစ်

ပြောရင်းနဲ့ ဖဲအကြောင်းပါလာတော့ သူငယ်ချင်းဖဲသမား
တစ်ယောက်ကိုသတိရပါတယ်။ ဖဲသမားလည်းဖြစ်တဲ့အပြင်
မိုက်ဂုဏ်လေးလည်းရှိတော့ ၄၀ ရပ်ကွက်မှာ ဒီကောင်ကို
တော်တော်ရှိန်ကြပါတယ်။
ကံကလည်းကောင်းပါတယ်။
ချဲ ဒိုင်ကိုင်လည်းနိုင်တာဘဲ။
ဘောလောင်းလည်းနိုင်တာဘဲ။
ဘော်ဒါဘော်ချွတ် တရုံးရုံး နဲ့ ဆိုတော့ ကြွစောင်းစောင်း ဖြစ်လာ
တာပေါ့။လူကိုး။
ဆိုင်ရာပိုင်ရာကလည်းသူ့ ကိုလွှတ်ပေးမြှောက်ပေးထားတော့
ထိန်းမနိုင်အောင်ပါ။
ဒါပေမယ့် ကျွန်တော် တို့ မြန်မာပြည် ရန်ကုန်မြို့ တော်ကြီးမှာ“စွမ်းစွမ်း”
“ဖိုးစီ” အစရှီတဲ့ လောင်းကစားဒိုင်ကြီးတွေရှိပါတယ်။
စွမ်းစွမ်းက ကိုးကန့် ပိုင်ပါ။
ဖိုးစီက မြန်မာလူမိုက်တယောက်ပိုင်ပါ။
အဲဒီက ကောင်တွေက မိုက်သလားမမေးနဲ့ ။
ဗိုလ်ချုပ်ခင်ညွန့် လက်ထက်မှာတောင် ဖဲရှုံးလို့ အကြွေးမပေးတဲ့
`ဝ´ စစ်တပ်က ကောင်ကို ဒူးထောက်ခိုင်းပြီး ပါးရိုက် နိုင်လောက်
အောင် အရှိန်ကြီးပါတယ်။
တနေ့ကံဆိုးချင်တော့ အဲဒီသူငယ်ချင်း ဟာ အဲဒီဝိုင်းတွေဆီကို
ရောက်သွားပါတယ်။
ခင်ဘို့ ကောင်းသလားမမေးပါနဲ့ ။
ညီလေးနားချင်သလား။ အော် ညီလေးသူငယ်ချင်းတွေလား။
ခန သွားအနှိပ်ခံလိုက်ဦး။
ပြီးမှဆက်ဆော့။
အော် ညီလေးသူငယ်ချင်းတို့ ရေ။ ပျင်းနေဘီလား။
လုပ်စရာရှိတာလုပ်ပါ။
စားပါသောက်ပါ ရန်မရှာပါနဲ့ ။
လူမိုက်ချင်းကြလည်း သိပုံများ။
သူငယ်ချင်းရဲ့ ဘော်ဒါဘော်ချွတ်တွေအကုန် သွားဖြဲလေးနဲ့ ။
ထုံးစံအတိုင်း နောက် ၄ - ၅လ ကြာတော့ရှိတဲ့ ငွေတွေပြောင်ပါတယ်။
ဘာရှိလည်း။ ရှိတာအကုန်ယူခဲ့ ။
မလိမ္ဘူး။ မႏွိမ္ဘူး။ မူရင်းဈေးအတိုင်းရမယ်။
ပိုပြောရင်တောင် လိုက်ပေးလိုက်သေးတယ်။
နောက်ဆုံးကား။ ရုပ်ပျက်တယ်။ လာအုံးမယ်ဆို ပြန်စီးသွား။
ဘာဝှီးတက်၊ ဘာလိုင်စင်မှယူမထားဘူး။
၁၅၀ တန် ကား ၁၂၀ ချေးပေးထားတယ်။
ညီလေးကို ယုံလို့ ၊ခင်လွန်းလို့  လိုက်လျောထားတာနော်။
ခင်တာကို ချဉ်တာတော့မထင်နဲ့ ။ ညီလေးနဲ့ အကို ကြားမှာ
စိတ်မဆိုးချင်ဘူးကွာ။
ညီလေး သူငယ်ချင်းတွေ။
ဒီကိစ္စ မင်းတို့ လည်းသိတယ်နော်။မင်းတို့ သူငယ်ချင်း
ပျောက်သွားရင် မင်းတို့ ကိုဘဲ မေးရမှာ။
အဲဒီအခြေအနေမှာ ကျွန်တော့်သူငယ်ချင်း ကျွန်တော့်ဆီ
ရောက်လာပါတယ်။ အမှန်တော့ အကြံဥာဏ်ယူဘို့ မဟုတ်ဘူး။
သူ့ ရဲ့ အမှန်တရားတည်ထောင်မှုထဲမှာ ကျွန်တော့် ကို ဆွဲထည့်
ဘို့ ပါ။ သို့ သော်လည်း သူငယ်ချင်းတို့ ရဲ့ ဝတ္တရားရှိသည်နှင့်
အညီသူ့ ကို ကျွန်တော်ကအကြံပေးပါတယ်။
သူ့ အိမ်ကို ပေါင်ဘို့ ပါ။ ကားကိုလည်းပေးလိုက်တော့။
ဂရမ်ပေါင်ပြီး ကားအမျိုးကောင်းတစ်စီးကိုငှားစီး။ မိန်းမကို ၄-၅
ကျပ်သားလောက်ပြန် ရှိုင်း ထား။
ရပ်ကွက်မှာပြန်ပြီးဒိုင်ကိုင်ဖို့ ပါ။
သူ က မလုပ်ချင်တော့ဘူး။
အသည်းတထိတ်ထိတ်ရင်တဖိုဖို၊ စီမံချက်နဲ့ မညားမှ
တနှစ်လုံးတကုတ်ကုတ်နဲ့ ပေသီးတွက်ရင်း ၄-၅ ရာလောက်
ရမှာကို သူမလိုချင်တော့ဘူး။
ဟိုမှာဆို ငြိမ်းလည်းငြိမ်းတယ်၊လုံလည်းလုံ တယ်။ ကိုယ့် အလှည့်
ရောက်ရင် တညထဲနဲ့ သုံးလေးရာ အသာလေးဘဲ။
ကျွန်တော်လည်း စိတ်ပေါက်လာတော့ ကောပြစ်လိုက်တယ်။
အေးသူငယ်ချင်း မင်းဘာသာ လူမိုက်ဘဲဖြစ်ဖြစ်လူကောင်းဘဲ
ဖြစ်ဖြစ် ငါ သောက်ဂရုမစိုက်ဘူး။
မင်းမိန်းမနဲ့ ကလေးမျက်နှာကြည့်အုံး။ မနိုင်လို့ ဘဲ ကုန်ပြီကို
မင်းက တည သုံး .. လေးရာ လုပ်နေသေးတယ်။
ခုချိန်မှာ ဘာမှမလုပ်ဘဲထိုင်နေရင်တောင် မင်း တို့ ဘဝက
သူဌေးအဆင့်လောက်ရှိသေးတယ်။
ထုံးစံအတိုင်းဒီကောင်က ထပေါက်တော့တာဘဲ။
ဟေ့ကောင် မိုးကြီး ၊ငါ့ဘဝနဲ့ ငါ့အကြောင်းပါကွ။
တံငါသည်ကို ရေ လာကြောက်ခိုင်းမနေနဲ့ ။
ကြောင်ဆိုတာ ကြာကြာ ရေမငုပ်ဘူးကွ။
မရင်းရဲရင် ဒီဘဝတောင် ရောက်မလာဘူး။
ငါ့ကိုငါယုံတယ်။ဖြစ်လာသမျှ ငါတာဝန်ယူတယ်။
ငါ့မိန်းမနဲ့ ငါ့ ကလေးကို ငါ့ အသက်ထက်ချစ်တယ်ကွ။
သူတို့ ဘဝပျက်အောင်လုပ်နေတာမဟုတ်ဘူး။သူတို့ ဘဝအတွက်
လုပ်နေတာ။
အေးလေ သူငယ်ချင်းရာ ၊ဒါဆိုလည်း မင်းသဘောပါပေါ့ ။
အဲဒီ တခေါက်ဟာ သူနဲ့ ကျွန်တော်ရဲ့ နောက်ဆုံးပါဘဲ။
သူရဲ့ သတင်းတွေကို မကြားလိုတော့တာကြောင့် ကျွန်တော်
မကြားတော့ပါဘူး။
သိပ်ချစ်တဲ့သူငယ်ချင်းဖြစ်ခဲ့ လို့  အီမ်ပေါင်ပြီးသူ သွားဆော့တဲ့
အခေါက်မှာ တဝိုင်းလုံးသိမ်းလာခဲ့တယ်လို့  မိုးသောက် မနက်
အာရုဏ်တက်တိုင်းမှာ အိပ်မက် မက်လေ့ရှိ ပါတယ်။

သုံး

ဆိုးသောသူငယ်ချင်းပြီးတော့ ကောင်းသောမိတ်ဆွေများနှင့်
လေးစားထိုက်သော အသိများကို သတိရမိပြန်ပါတယ်။ တစ်ခု
ဖြတ်ပြောပါအုံးမယ်။ အိတ်စစ်စတင်ရှယ်လစ် (ဖြစ်တည်မှု ပဓါန
ဝါဒီ၊ ပထမနှစ် ပီအက်စ်၊ နိုင်ငံရေးသိပ္ပံ စာအုပ်ထဲက ကူးချတာ)
တို့ ၏ စာရေးနည်းကို သိစိတ်အလျဉ်ရေးးနည်း ဟုခေါ်ကြောင်း
သတိရမိပါသည်။ ယန်းပေါဆတ် ၊ဟာမန်းဟက်စ ၊ဖ၇န့် ကပ်ဖကာ။
အဲဘတ်ကမျူး၊ မဒမ် ဒီဘူးဘွား၊ဆရာမ မေငြိမ်း၊ ဆရာမ ဂျူး၊
ဆရာ မောင်ကြည်သစ် အစ`ရှိသော ကျွန်တော့်ဘာသာ အိတ်စစ်
ဟု သတ်မှတ်ထားသည့် စာရေးဆရာကြီးများကို အံတု ယှဉ်ပြိုင်
အနိုင်ယူ ကျော်ဖြတ်တက်ရန် အတွက် ကျွ န်တော့်ဘာသာ နိုတြီ
ပတ်ဘလစ် ပြုလုပ်ထားသော သောက်စိတ် အလျဉ်ရေးနည်းကို
အသုံးပြုထားပါသည်။ စကားချပ်။)
ကိုယ်တို့  ၈၈ ကို ဖြတ်ကြတုန်းက အမှတ်ရရ လေးစားစံပြုထိုက်သူ
တွေတော်တော်များများပါတဲ့အဖွဲ့ တွေနဲ့ ဆုံခဲ့ရဘူးတယ်။
ပေးဆပ်ကြသူတွေ ၊အာဇာနည်တွေနေတဲ့ တိုင်းပြည်လို့ ညွှန်းဆို
ရလောက်အောင် စံနမူနာပြုထိုက်သူတွေ၊ကိုယ်တို့ တိုင်းပြည်မှာ
ပေါ်ထွက်ခဲ့တယ်။ ကိုယ့်မူကသေပြီးသောသူကော မသေဘဲ
ကျန်ရစ်သူကိုကော သိသလောက်ချီးမွမ်းစကားဆိုရေး၊ စာထက်
အက္ခရာတင်ထားနိုင်ေ၇းဘဲ သူငယ်ချင်းတို့ ရေ။

ကိုယ်ရဲ့  ကွန်တင်ပိုရာရီတွေကိုဘဲ ကိုယ်ကပြောပြနိုင်တာဖြစ်တဲ့
အပြင်သမိုင်းမှတ်တမ်းမဟုတ်လို့ သူတို့ ထက် နစ်နာခဲ့ သူတွေ၊
သူတို့ လောက်နစ်နာခဲ့ သူတွေ၊ဘယ်လောက်ဘဲဖြစ်ဖြစ်နစ်နာခဲ့
တဲ့သူတွေ၊လူမသိ သူမသိ မထင်မရှားနဲ့ အသက်တွေ ဒါမှမဟုတ်
ဘဝတွေကို ပေးဆပ်ခဲ့ ရရှာတဲ့ အညတြ အာဇာနည်တွေ အားလုံး
ကို တို့ ရဲ့ လေးစားထိုက်သော နိုင်ငံရေးလုပ်ဖေါ် ကိုင်ဖက်များ
အဖြစ် ထည့်သွင်းစဉ်းစားရပါမယ်။တို့ တွေ ဟာနိုင် ငံရေးမှာ
တစ်ခုခုကို တွေးခေါ် ကြံဆလုပ်ဆောင် ဘို့ ပြင်ဆင်တိုင်းမှာ ဒီပြောင်းလည်းမှုဖြစ်စဉ်ကြီးမှာပါဝင်ပေးဆပ်ခဲ့တဲ့သူများရဲ့ အခြေခံ
လိုလားချက်တွေနဲ့ သွေဖီမသွားအောင်တော့ဂရုစိုက်ရမယ်သူငယ်ချင်း။

နိုင်ငံရေးမှာ ခု စာကလေးကျော်၊ ခု ဆီထမင်း လုပ်လို့ မရဘူး။
ဆိုပါစို့ ကွာ။ ကိုယ့်ဘဝမှာ မှတ်မှတ်ရရ ဖြစ်နေတဲ့အဖွဲ့ တစ်ခုရှိတယ်။
တကယ်ဆို ကျောထောက်နောက်ခံ တွေ ကိုကြည့်ရင် ကိုယ်တို့
နဲ့ သူတို့ က ဘုတ်ကျီးမြှောက် ကျီးဘုတ်မြှောက်ရလောက်အောင်
တစ်ထပ်တည်းကျ တဲ့သူတွေမဟုတ်ဘူး။ အဲဒီတော့ သူတို့ ကို
ဥပမာအနေ နဲ့ ပြောရတာ စိတ်ပို သန့် တယ်။ နောက်ပြီး ခုနက
ကိုယ်ပြောသလို ဘဲ သေသူရောရှင်သူရောကို ဥပမာ တပြိုင်တည်း
ပေးလို့ ရလို့ ပါဘဲ။

၁၉၈၈ ကို ဖြတ်သန်းခဲ့ သူတိုင်း အယ်အက်စ လို့ ခေါ်ကြတဲ့ အဖွဲ့
ကို သိကြမှာပါ။ တချို့ က လေဘာဆိုက်ဆိုပြီးပြောကြတယ်။ အမှန်
တော့ လေဘာဆိုလဒါရတီ လို့ ခေါ်တဲ့ အလုပ်သမားသွေးစည်း
ညီညွတ်ရေးအဖွဲ့ ပါ။ အဲဒီအဖွဲ့ ကို စတင်ဦးဆောင်ခဲ့တာက မင်းသစ်
လို့ခေါ်တဲ့ ပုဂ္ဂိုလ်ပါ။ နာမည်ရင်းက ဦးမောင်ကို၊ သူကို ဆိပ်ကမ်း
မြို့ နယ်က ဦးမောင်ကိုလို့ သိကြတယ်။ ခုနော်ဝေးနိုင်ငံ ဒီမိုကရက်
တစ် မြန်မာ့အသံမှာ လုပ်နေတဲ့ မိုးအေး (နိုဘယ်နဲ့  ၁၀နှစ်ကျော်
နေခဲ့ ရတဲ့  အောင်မိုး)ရဲ့မိန်းမ၊ မဆွေဆွေရဲ့ အဖေ ပါ။
အရေးအခင်းမဖြစ်ခင်က မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဌာနမှာ
မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ပြီး အင်းလျားရိပ်သာလမ်း
မှာနေတာပါ။ စကားလုံးရိုင်းရိုင်းပြောရရင် ဒီမိုကရေစီမရလို့
ထမင်းငတ်သေမယ့် အထဲမှာသူမပါပါဘူး။ မနေနိုင်မထိုင်နိုင်
အရေးအခင်းမှာဝင်ပါပြီးတော့ အင်အယ်ဒီ ဗဟိုအလုပ်သမားအဖွဲ့
ရဲ့ ကော်မီတီဝင်တောင်လုပ်လိုက်သေးတယ်။ နအဖ ကဖမ်းပြီးတော့
စစ်ကြောရေးမှာ နှိပ်စက်သမျှကို ကုန်းခံ။ သုံးရက်မီးလွတ်စားပြီး
ကိုယ့်ကို ကိုယ် သတ်သေသွားတဲ့ သူ။ သေတဲ့အထိ ထောက်လှမ်းရေး
ကို သူ့ ရဲဘော် တယောက်ရဲ့ နာမည်မှ မပေးခဲ့တဲ့သူပါ။

နောက်တယောက်က သူများတွေ တောင်ပြောမြောက်ပြော
ပြောနေချိန် မှာ အပြောမဟုတ် အလုပ်နဲ့ သက်သေပြတဲ့အနေ
နဲ့ ၂၀၀၈ ခုနှစ်က အင်းစိန် အကျဉ်းထောင်ရှေ့ မှာ နိုင်ငံရေး
အကျဉ်းသားတွေလွှတ်ပေးဘို့  တစ်ကိုယ်တော် ဆန္ဒပြခဲ့လို့ 
၂၀၁၁ အထိ နိုင်ငံရေးအကျဉ်းသားဖြစ်သွားပြန်တဲ့ ဗိုလ်ကြီးဟောင်း
ဇော်ညွန့် ပါ။ သူကလည်း အယ်အက်စ ရဲ့ အထွေထွေ အတွင်း
ရေးမှုး (ကိုဝင်းချိုအဆိုအရ ဥက္ကဌ၊ ကျေးဇူးပါ ကိုဝင်းချို၊ မှားးတာတွေ
လွဲတာတွေကို သိမှီသူတွေဝိုင်းဖြည့်ပေးကြပါ။) လုပ်ခဲ့တာပါဘဲ။
ခေတ်ပြိုင်တွေကတော့ အာကာဟိန်းလို့ သိကြပါတယ်။
ဦးမောင်ကို သေ(ခေတ်မီအောင်ပြောရင်တော့ ကျဆုံး)။
အာကာဟိန်း ဝင်နေတဲ့အချိန်မှာ ၂ဗိုလ်ကျလို့  ၂ဗိုလ် တက်လာ
ခဲ့ပါတယ်။ ဥက္ကဌ အဖြစ် မြင့်စိုးနဲ့  အတွင်းရေးမှုးအဖြစ် ဇီးကွက်
ခေါ်ထွန်းထွန်းးနိုင်တို့ က ယိမ်းယိုင်သွားတဲ့ အလုပ်သမားသွေးစည်း
ညီညတ်ရေးအဖွဲ့ ရဲ့ အလံတော်ကို တည့်မတ်ဝှေ့ ယမ်းလို့ အာဏာရှင်
အစိုးရကို ခြောက်ချားစေခဲ့ပြန်ပါတယ်။ ဆိုင်းသံဗုံသံ တညံညံနဲ့
ပင်နီတွေဝတ်ပြီး ပြောချင်တာတွေရှောက်ပြောလို့ ရတဲ့
၁၉၈၈နှောင်းပိုင်းကာလမဟုတ်တဲ့ ၁၉၉၃။ ၈ လေးလုံးမှာ သူတို့
တွေပေးဆပ်ခဲ့ပါတယ်။ သာကေတ က စက်ဘီးပြင်သမားလေး
မြင့်စိုးနဲ့ မိသားစု တွေကြုံခဲ့ရတဲ့ အသည်းကွဲဇါတ်လမ်းတွေက ပြန်လည်
ပြောနိုင်စွမ်းမရှိလောက်အောင်ရှည်လျား ခါးသီးလှပါတယ်။ ခုအချိန်ထိ
မြင့်စိုးဟာထောင်ထဲမှာပါ။

ယောက္ခမ ထောင်ထွက်ကြီးနဲ့  ယောက်ဖ ထောင်ကျတို့ ကို ဇီးကွက်ခေါ်
ထွန်းထွန်းနိုင်ကလည်း ကျော်ဖြတ်စံချိန်သစ်တင်ဘို့ ကြိုးစားနေဆဲပါဘဲ။
အပြင်မှာ ၃နှစ်လောက်နေပြီး ရွှေဝါရောင်တော်လှန်ရေးကြီးနဲ့  ဗန်းမော်
အထိပြန်လိုက်သွားခဲ့သူပါ။ ထူးထူးခြားခြား ဦးသိန်းစိန်ရဲ့ တိုရေရှားရေ
မေတ္တာ လေးကို တပြိုင်ထဲ ခံစားခဲ့ ရတာ အာကာဟိန်းနဲ့ ဇီးကွက်ပါဘဲ။
သူတို့ လွတ်လာတာကို စောင့်နေတဲ့ အလားပါဘဲ။သူတို့ အယ်အက်စရဲ့
အရေးပါတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုလူသစ်၊ သူတို့ လွတ်လာပြီး
ရက်ပိုင်းအတွင်းမှာဆုံးပါတယ်။ ကိုယ့်ရဲဘော်ရဲ့ ဈာပနကို အားရပါးရ
ကူလိုက်မယ်လို့ စဉ်းစားနေတဲ့ အာကာဟိန်းခမျာ အဲဒီအချိန်မှ ကိုက်ပြီး
ပေါင်ကျိုးရှာတဲ့ အမေအို အတွက်အခက်တွေပွေရပြန်ပါတယ်။
ဘောက်ထော်လို နေရာမျိုးကနေ ဒဂုံမြို့ သစ်ကို ရောက်အောင် နိုင်ငံရေး
နဲ့ မွေးမေကျေးဇူးကို ဆပ်ထားဘူးတဲ့ အာကာဟိန်းတယောက် အဲဒီ
ကာလက ဘယ်လောက် ခံစားရမှာပါလိမ့်ဆိုတဲ့ အဖြေမလိုသောအမေး
တခုကို ကျွန်တော်မကြာခဏ တွေးနေမိပါတယ်။

အဲဒီလိုပါဘဲ ခုအချိန်ထိ အက်တစ်ဗစ်တွေရဲ့ ပွဲတွေမှာတွေ့
နေရတဲ့  လူမမယ် ခလေး၂ယောက် အဖေ။ ကျန်းမာရေး မကောင်း
ရှာတဲ့ ဇနီး အဖေ ယောက်ခမ အထီး ယောက္ခမ အမ စုစုပေါင်း
လေးယောက်ကို အပြိုင်တည်းပိုင်ဆိုင်ထားတဲ့ အသည်းရောဂါသည်
သူငယ်ချင်း ဇီးကွက်ရဲ့ ညိုညစ်ညစ် ဖြစ်စပြုလာထဲ့ မျက်နှာပေါ်က
စူးရှဆဲ မျက်လုံးတွေကို ကြည့်မိတိုင်းမှာ အာဏာရှင်စံနစ်ဆိုးတွေကို
ချုပ်ငြိမ်းအောင် မစွမ်းနိုင်ခဲ့ရင်တောင်မှ အသက်ရှည်ဆေး ကျွေးမိသူ
ဘဝထဲမှာ ငါ မပါစေရ လို့ သံဓိဌာန်ချနိုင်ခဲ့ ပါတယ်။
၅၅၀ နိပါတ် လို ဆိုရင်တော့
ဇါတ်ကိုပေါင်းသော်
ဦးမောင်ကို ကား “ဆရာဦးမောင်ကိုရဲ့ စွန့် လွှတ်မှု ပေးဆပ်မှုတွေကို
ကျမတို့ ထာဝရ ဂုဏ်ပြု အမှတ်ရနေမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်
ကိုယ်တိုင် ရေးသားဂတိပေးထားသူ။
မြင့်စိုးကားပြည်သူအများ။
အာကာဟိန်းကား ဒီမိုကရေစီ လိုလားသည့် တပ်မတော် အရာရှိဟောင်းတစ်ဦး။
ဇီးကွက်ကား အန်ကယ် ဦးဝင်းတင်၏အရင်းနှီးဆုံး နိုင်ငံရေး လုပ်ဘော်
ကိုင်ဘက်များထဲမှတစ်ဦးဖြစ်သော ဦးအောင်မြင့်၏သားမက်။
စာရေးသူ အာဝါဒါး(အလကားကောင်) ကား ငါဘုရား ဖြစ်ပေတကား ပေါ့ဗျာ။

လေး

ကျွန်တော်က နိုင်ငံတခု ထဲကလူသားတွေနဲ့ ပတ်သက်ပြီး ဒီလို မြင်ပါ
တယ်။ နိုင်ငံတခု ရဲ့ တစ်စုံလုံးဟာ ပြည်သူလူထုပါ။ နိုင်ငံေ၇းသမား၊
အတိုက်အခံ၊ အစိုးရ၊ အာဏာရှင်၊ ဒီမိုကရေစီဘက်တော်သား၊
အချောင်သမား၊ လူပျင်း၊ ဒုက္ခိတ၊ အခွင့်အရေးသမား၊ ငတုံး အစရှိသဖြင့်
ပေါ့ဗျာ။ အားလုံးဟာပြည်သူလူထုထဲမှာပါပါတယ်။
အနှီ ထိုထိုသောပုဂ္ဂိုလ်များထဲမှ ကောင်းသောစိတ်နဲ့ ဖြစ်စေ ဆိုးသောစိတ်
နဲ့ ဖြစ်စေ ပြည်သူလူထုကြီးတစ်ရပ်လုံး ကတော့ ငါ မကယ်ရင် ငတ်ရချည်
ရဲ့လို့ တွေးတောစိတ်ပူရာမှတဆင့် ဟိုလို လုပ်ရင် ကောင်းမယ်၊
ဒီလို လုပ်ရင် ကောင်းမယ် ဆိုပြီး ပြည်သူ ကြားအောင်ပြောဆိုမိသူများ
ဟာ နိုင်ငံရေး လှုပ်ရှားသူများ ဖြစ်လာပါတယ်။ အဲဒီထဲကမှအသံပိုကျယ်ပြီး
သူပြောတာတွေကို လူတချို့ သို့ မဟုတ် လူတော်တော်များများက ကြိုက်
လာတဲ့အခါ အဲဒီသူဟာနိုင်ငံရေးသမားစဖြစ်ပါတယ်။(သမား=ဆရာ ကိုး)
နိုင်ငံရေးသမားဖြစ်တာနဲ့ အဲဒီပုဂ္ဂိုလ်ဟာ အလုပ်တွေ စရှုပ်ပါပြီ။
(အရှုပ်တွေစလုပ်ပါပြီလို့ တော့ မမှားလိုက်ပါနဲ့ အယ်ဒီတာကြီးတို့ ရေ။)

ကမ္ဘာကြီးမှာ အတိတ်က ဘာတွေဖြစ်ခဲ့ တယ်၊ ခုဘာတွေဖြစ်နေပြီ၊
နောက်ဆို ဘာတွေဖြစ်လာမှာ။ဟိုနိုင်ငံတွေကတော့ ဘာကြောင့်
ဆင်းရဲတယ်၊ ဒီနိုင်ငံ တွေကတော့ဘာကြောင့်ချမ်းသာတာ။အဲဒီနိုင်ငံ
တွေရဲ့  နိုင်ငံရေး စံနစ်နဲ့ အစိုးရတွေကဘယ်လို။ ထိုထိုသော အကြောင်း
ခြင်းရာများကို ကိုယ်ဖတ်ထား မှတ်ထား၊ဖြတ်သန်းထားသော အတွေ့
အကြုံ ဗဟုသုတများနဲ့ ချဉ်းကပ်ပြိးသကာလ ကျွန်ုပ်တို့ ၏ နိုင်ငံတော်
ကြီးကို ဤမူ ဤစံနစ်များဖြင့် တည်ဆောက်လိုက်ပါက ပြည်သူလူအများ
ကို လောကနိဗ္ဗာန်သို့ပို့ ဆောင်နိုင်မည်မှာ မလွဲတည်း လို့ အဖြေတခု
ထုတ်ပြီးလှုပ်ရှားရပါတယ်။ အသေးဆုံးက စပြီးအကြီးဆုံး အထိကို
မြင်နိုင်ဘို့ နိုင်ငံရေးသမားတယောက်ဟာ အမြဲတမ်း စပ်စုလို စိတ်နဲ့
သင်ကြားလိုစိတ်ကို မွေးထားရပါတယ်။ နိုင်ငံရေးသမားဟာ ပြည်သူ
တွေ အဆင်ပြေချောမွေ့ စွာ အီအီးပါနိုင်ရေးအထိကိုစဉ်းစားရပါတယ်။
( ဥပမာ-ယင်လုံအိမ်သာတည်ဆောက်ရေး)။

အဲဒီကစပြီး အေးကွာ ငါလည်းမင်းလိုဘဲ ယူဆတယ်၊ယုံကြည်တယ်၊
ခံယူတယ် ဆိုတဲ ပုဂ္ဂိုလ်များ စုပေါင်းမိတဲ့အခါမှာ နိုင်ငံရေးအခြေခံ
တူညီတဲ့အစု အဖွဲ့ ဖြစ်လာပါတယ်။အဲဒီလို တခါမှမတွေးဘဲပေါင်းလုပ်ကြ
လို့ ရှိရင်တော့ စလယ်ဝင် ဖင်မမဲ ခင်က ကွဲနေကြအုံးမှာပါဘဲ။ အဲဒီလို
သန္ဓေတည်မိတဲ့ အစုအဖွဲ့ က ဒါဆို တိုင်းပြည်ကို ငါတို့ အုပ်ချုပ်ခွင့်ရအောင်
လုပ်ကြမယ်ကွာ ဆိုတဲ့အဆင့်အထိ သဘောတူမိပြီဆိုရင်တော့ သူတို့
သွားမယ့်မူဝါဒ၊လမ်းစဉ်၊စံနစ် (ဒီနေရာမှာတခုအံ့သြစရာကောင်းတာက
မြန်မာနိုင်ငံမှာ ၁၉၈၈ နောက်ပိုင်းပေါ်ထွန်းခဲ့တဲ့ ဘယ်နိုင်ငံရေးပါတီ၊
ပြည်ပရောက်အတိုက်အခံအဖွဲ့ အစည်းကအစ ဘယ်သူကမှ သူတို့
စွဲကိုင်တဲ့ ဝါဒကို မကြေငြာခဲ့တာပါဘဲ။) စသည်တို့ကို ကြေငြာ၊
ဖွဲ့ စည်းပုံ စည်းမျဉ်းစည်းကမ်းများနဲ့  အနားသတ်ပြီးသကာလ၊ ရာထူး၊
တာဝန်အသီးသီးခွဲဝေလို့  လက်ရှိတရားဝင်အစိုးရဆီမှာ ငါတို့လည်း
အစိုးရလုပ်တော့မည်ဖြစ်ကြောင်း မှတ်ပုံတင်၇ပါတယ်။အဲဒီကစလို့ ခုနက
အစုအစည်းဟာ နိုင်ငံရေးပါတီတစ်ရပ်ဖြစ်ပါပြီ။
(တော်လှန်ရေးပါတီများကို မဆိုလိုပါ၊ မြေပေါ်နိုင်ငံရေးပါတီဆိုသည်များ
ကိုသာရည်ညွှန်းပါတယ်။)
အဲဒီပါတီများထဲက လူထုက ဒီပါတီ ကတော့ငါတို့ ကို သူဌေးဖြစ်အောင်၊
လွတ်လွတ်လပ်လပ်၊ပျော်ပျော်ပါးပါး၊လုံလုံခြုံခြုံ နေခွင့်ရအောင် လုပ်အပေး
နိုင်ဆုံးဘဲဟေ့ လို့ ထောက်ခံမှု အများဆုံးရတဲ့ပါတီဟာ နိုင်ငံတော်အာဏာ
ကို ရယူမယ့်ပါတီဖြစ်လာပါတယ်။(သေနတ်မပါကြေးဆိုရင်ပေါ့ဗျာ။)
နောက်တခုကြားဖြတ်ပြိးကျွန်တာ့်အမြင်လေးကို ပြောရရင် အဖွဲ့အစည်း၊
အသင်းအပင်း သို့ မဟုတ် ပါတီတစ်ရပ် အတွက်ဖွဲ့ စည်းပုံ ရေးဆွဲတဲ့
အခါမှာ ပြစ်ချက်နှင့်ပြစ်ဒဏ်များဆိုတဲ့ အခန်းတခုကို အလေးအနက်
ထားပြီးရေးဆွဲ ရပါမယ်။ဒါမှမဟုတ်ရင်တော့ ပါတီအတွင်း အကွဲအပြဲဖြစ်တဲ့
အခါ ဘယ်သူမှန်ပြီး ဘယ်သူမှားတယ်ဆိုတာရှင်းလို့ မရအောင် ဖြစ်တတ်
ပါတယ်၊ နောက်တခု အင်အားကြီးပါတီများအနေ နဲ့ သတိထားသင့်တာက
နက်ဖြန်တိုင်း ဟာ ရက်ရာဇာ မဟုတ်ဘူးဆိုတာပါဘဲ။အချိန်ကာလကြောင့်
ဖြစ်စေ (ဘယ်လောက်ကောင်းကောင်း တစ်မျိုးထဲကို အကြာကြီးစားရ
တဲ့အခါ အီ တတ်တယ်။)၊လုပ်နည်းကိုင်နည်းအမှားကြောင့်ဖြစ်စေ၊လူထု
က ပိုမိုယုံကြည် လာတဲ့အခြားပါတီတစ်ရပ် ထပ်မံပေါ်ထွန်းလာလို့ ဖြစ်စေ လူထုထောက်ခံမှုကျဆင်းလာတတ်ပါတယ်။ပါတီဆိုတာလူသားတွေနဲ့ 
ဖွဲ့ စည်းထားတာဆိုတော့လည်း ပါတီကို ဦးဆောင်သူများဟာ လောကဓံ
တရား ရှစ်ပါးကို ခံနိုင်ရည်နဲပါးပြီးတစုံတခုသော နိုင်ငံေ၇းကိစ္စတရပ်ကို
အဂတိတရားလေးပါး နဲ့  တုံ့ ပြန်လိုက်မိတဲ့အချိန်ဟာ အဲဒီပါတီရဲ့
ပထမဆုံးသော ပြဿဒါး ရက်ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့်
ကျွန်တော်တို့ အမိမြန်မာနိုင်ငံကြီးမှာ ပေါ်ထွန်းလာခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီ
စံနစ်ကြီး ဟာ သွေးညှီတွေအထပ်ထပ်၊ ဘဝတွေ မြောက်များစွာ ပေးဆပ်
ပြီး ရလာခဲ့တာပါ။ ခုချိန်ထိလည်း ပါတီစုံ ဒီမိုကရေစီစံနစ် တည်တံ့ခိုင်မြဲ
နိုင်ဘို့ တနည်းအားဖြင့် အာဏာရှင်စံနစ်ဆိုး ကို အမြစ်ချိုးနိုင်ဘို့  အထက်
မှာ ဥပမာပြခဲ့သူများလိုဘဲ အသက်တွေဘဝတွေကို ပေးဆပ်နေကြသူတွေ
ပိုလို့ တောင်များလာကြပါသေးတယ်။

ပါတီတစ်ရပ်ဟာ ကိုယ်အခြေခံခဲ့တဲ့ ယုံကြည်မှု ၊ကိုယ်မျှော်မှန်းခဲ့တဲ့
အနာဂတ်၊ ကိုယ်ချမှတ်ခဲ့တဲ့သဘောထား၊ ကိုယ့်အတွက်ပေးဆပ်ခဲ့တဲ့
ရဲဘော်ရဲဘက်များရဲ့ လိုလားချက်များနဲ့ ပြောင်းပြန်ဆန့်ကျင် ဖြစ်
လောက်တဲ့အထိ သွေဖည်ခွင့်မရှိပါဘူး။ သွေဖည်ရေးသမား
(သို့ မဟုတ်) သွေဖည်ရေးဝါဒီ ( deviant )or (deviationist)
တစ်ယောက်ဟာမွန်းကျပ်မှုတွေပေါင်းစုံမိတဲ့အခါ ဘီထရေးယား
(မြန်မာလို မပြန်ရက်လို့ ပါ။) ဖြစ်သွားတတ်ပါတယ်။
ကျွန်တော့သူငယ်ချင်းဖဲသမား လို လူဆိုးတစ်ယောက်တောင်မှ သွေး
ဆူပြီး မွှန်နေတဲ့အခါမှာ သူချလိုက်တဲ့ဆုံးဖြတ်ချက်က သူ့ မိသားစုကို
ဘဝ ပျက်စေနိုင်ပါသေးတယ်။ နိုင်ငံရေးကစားတာဟာ ဖဲ ကစားတာ
မဟုတ်တဲ့ အပြင် ကိုယ့်မိသားစုနဲ့ ကိုယ့်ဘဝ တခုထဲ ကိုဘဲ ရင်းပြီး
ပြီးသွားတာမဟုတ် ပါဘူး။ စစ်တပ်တောင်မှတိုက်ပွဲမှာ ကျည်ဆံထိသွား
တဲ့ ရဲဘော်ကို သေသေ မသေသေ တက်ဆွဲ ပါသေးတယ်။ ဂတိတွေ
အများကြီးနဲ့ ဘဝတွေအများကြီး ကို တာဝန်ယူထားရတဲ့ နိုင်ငံရေး
သမားတယောက် အနေနဲ့ အားလုံးကောင်းဘို့  ငါကြိုက်သလို
ငါလုပ်မယ်စောင့်သာကြည့်နေ၊ (ဟစ်စထရီဝယ် ဆို့ လမီ) ဆိုရင်တော့
ကျဆုံးခဲ့ရသော ဝိဥာဏ်အပေါင်းနဲ့ ပေးဆပ်နေရသော ဘဝအပေါင်း
တို့ ရဲ့ ကျိန်စာသင့်တတ်ပါကြောင်း ( brinkmanship)ကို ကျင့်သုံးမိ၊
ကျင့်သုံးဆဲ၊ကျင့်သုံးလတ္တံ့သော နိုင်ငံေ၇းသမားအပေါင်းကို ဒီစာစု
လေးနဲ့  သတိပေးလိုက်ပါတယ်။

နိုင်ငံရေးဆိုတာ ပုဂ္ဂလဓိဌာန်ကျတဲ့ ကိစ္စ မဟုတ်တဲ့ အတွက်
မိုးသောက်မနက် အာရုဏ်တက်တွေမှာ တို့ ချစ်တဲ့သူတွေဘက်က
တဝိုင်းလုံး သိမ်းလာခဲ့ပြီလို့ တခါမှ အိပ်မက် မ မက်နိုင်ခဲ့ပါဘူး။


တော်လှန်ရေးသစ္စာဖြင့်
ကိုမိုးကြီး
Read more »

Monday, 19 September 2011

ရန်ကုန်မြို့ တရုတ်သံရုံးရှေ့ရောက် လူစုပွဲ (facebook)သတင်းများ


(တောင်တရုတ်ပင်လယ်ရှိ ကျွန်းလုပွဲ ပြဿနာတွင်
ဗီယက်နမ်နိုင်ငံရှိ တရုတ်သံရုံးရှေ့တွင် ရဲရင့်စွာ ဆန္ဒပြ
ခဲ့ကြသော ဗီယက်နမ် မျိုးဆက်သစ်များ။)

*ယနေ့ နံနက်ကတည်းက ရန်ကုန်၊ကလေးဆေးရုံကြီးရှေ့၊
တရုတ်သံရုံးရှေ့တွင် လုံထိန်းနှင့် ရဲများစုစုပေါင်း ၅၀ ၀န်းကျင်
ခန့် လုံခြုံရေးချ ထားကြောင်း တွေ့မြင်ခဲ့ရပြီး၊ ကလေးဆေးရုံ
ကြီးရှေ့ရှိ လက်ဖက်ရည်ဆိုင်များလည်း ပိတ်ထားကြောင်း
တွေ့ရသည်။

*ညနေ ၃နာရီခွဲအချိန်ထိ တရုတ်သံရုံးရှေ့မှာ ဘာမှ ထူးခြားမှု
မရှိပါ၊ မနက်ကတည်းကမိုးရွာထဲမှာ သွားလိုက်၊လာလိုက် ၊
အပင်အောက်ကနေ စောင့်ကြည့်လိုက်လုပ်နေကြရသော
သတင်းသမားများလည်း ပြန်သွားကြပါပြီ၊ လုံထိန်းကားတစီး
လည်း ပြန်ထွက်သွားပါပြီ၊ အရပ်ဝတ်ရဲတွေလည်း ဟိုမှာ ဒီမှာ
ထိုင်စောင့်ရင်း ပြန်ဖို့ ပြင်ဆင်နေကြပါပြီ။

*အကြောင်းကြောင်းကြောင့် တရုတ်သံရုံးရှေ့  မရောက်ဖြစ်ဘူး။
သံရုံးရှေ့ မှာ ရှိနေကြတဲ့ သူတချို့ ကြောင့် အခြေအနေတွေကို
မပြတ်သိနေရပါတယ်။ ဒီကိစ္စ နောက်ကွယ်မှာ ပေးချင်တဲ့
မက်ဆေ့တွေ အကျအန ရှိနေပုံ ရပါတယ်။
Read more »

Sunday, 18 September 2011

ဧရာဝတီကို ချစ်သော ဘလော့ဂါများ (စုစည်းမှု -၃)


ရွှေစင်ဦး(ပန်ကြားချက်)(၁၉..၀၉.၂၀၁၁)
အိပ်ယာ(မြစ်ဧရာခေါ် ...)(၁၉.၀၉.၂၀၁၁)
ဒီမိုဝေယံ(မြစ်ဆုံဆည်သတင်းများ)
ကလူသစ်(ရောဂါသည်)(၁၈.၀၉.၂၀၁၁)
မြတ်လေးငုံ(မြစ်ပျောက်ရင် ...)(၁၈.၀၉.၂၀၁၁)
သတိုး(ဧရာဝတီ ဥဒါန်း)(၁၈.၀၉.၂၀၁၁)
Jasmine(တောင်ကြီး)(ဧရာဝတီအတွက် ...)(၁၈.၀၉.၂၀၁၁)
မောင်လေး(ဧရာဝတီအတွက် ရေတစက်)(၁၇.၀၉.၂၀၁၁)
ဇော်သိင်္ခ(ကျနော်တို့ရဲ့ ပထမအမေ ဧရာဝတီ)(၁၇.၀၉.၂၀၁၁)
သားထူး(အဆင့်သင့်ပဲဟေ့)(၁၇.၀၉.၂၀၁၁)
မောင်ဘကြိုင်(စိုးရိမ်မိပါသည် … အို ...)(၁၇.၀၉.၂၀၁၁)
မင်းဧရာ(အကြွင်းမရှိ ကန့်ကွက်ပါတယ် ...)(၁၇.၀၉.၂၀၁၁)
ကိုကိုးအိမ်(ဧရာနဲ့ချင်းတွင်း မြစ်နှစ်စင်းရဲ့ပေါင်းဆုံရာ)(၁၆.၀၉.၂၀၁၁)
ရဲရင့်ငယ်(မြစ်ဆုံရေကာတာမှ ရရှိမယ့် ... -VOA)(၁၅.၀၉.၂၀၁၁)
ငွေလမင်း(မထောက်ခံပါ ...)(၁၅.၀၉.၂၀၁၁)
ရွှေစင်ဦး(ရွှေစင်ဦးလည်း ဧရာဝတီကိုလွမ်းတယ်)(၁၄.၀၉.၂၀၁၁)
သိင်္ဂါကျော်(အားနဲ့မာန်နဲ့ မြစ်တစင်း)(၁၄.၀၉.၂၀၁၁)
ကိုကိုးအိမ်(ဧရာဝတီလား သူငိုနေတယ်)(၁၄.၀၉.၂၀၁၁)
မေဓာဝီ(မှင်စာလေးကို ကြည့်ပေးပါ)(၁၃.၀၉.၂၀၁၁)

စုစည်းမှု(၂)

ဒီမိုဝေယံ(မြစ်ဆုံဆည်နောက်ဆက်တွဲ-ကိုတင့်)(၁၃.၀၉.၂၀၁၁)
အောင်ဒင်(ဧရာဝတီတော်လှန်ရေး)(၁၂.၀၉.၂၀၁၁)
ကိုပီတာ(နာယူမှတ်သား ၀န်မင်းစကား...)(၁၂.၀၉.၂၀၁၁)
blueskyforest(မီးတောက်မယ့်မြစ်)(၁၂.၀၉.၂၀၁၁)
ခင်မင်းဇော်(ဧရာဝတီကို ကျမလည်းပိုင်တယ်)(၁၂.၀၉.၂၀၁၁)
ကိုပေါ(ပြဿနာအပေါင်း မြစ်ဖျားခံရာ)(၁၁.၀၉.၂၀၁၁)
ညီရဲသစ်(လွမ်းမောမိတယ်၊ ရင်မော....)(၀၇.၀၉.၂၀၁၁)
ငြိမ်းအေးအိမ် (မြစ်ဆုံသို့) (၁၈.၀၈.၂၀၁၁)
ဒီမိုဝေယံ(တိုင်းပြည်ကိုရောင်းစားနေတယ်-ကိုကိုအောင်)(၀၇.၀၉.၂၀၁၁)
ကိုမင်း-ကဗျာများ(မောင်စိန်ဝင်း-ပုတီးကုန်း၏သား)(၀၈.၀၉.၂၀၁၁)
ဝါခေါင်မိုး(သူ မရှိတော့ရင်)(၀၉.၀၉.၂၀၁၁)
လင်းဦး-စိတ်ပညာ(အို ... ဧရာဝတီ)(၀၉.၀၉.၂၀၁၁)
ချစ်သူမောင်(ကျန်းမာပါစေ အမေ ဧရာဝတီ)(၁၈.၀၈.၂၀၁၁)
ချော-အစိမ်းရောင်(ဧရာဝတီနဲ့ Eleven-media)(၁၀.၀၈.၂၀၁၁)
ဒေါက်တာလွဏ်းဆွေ(မောင်ငြိမ်းအေး- တိုက်ပွဲခေါ်တဲ့ ဧရာဝတီ)
(၂၉.၀၈.၂၀၁၁)
ရဲရင့်သက်ဇွဲ(ဧရာဝတီ စိတ်ကစင့်ကလျား ...)(၂၇.၀၈.၂၀၁၁)
ရဲရင့်ငယ်(စိုင်းစိုင်းသန်းရွှေ- ဧရာဝတီသို့)(၂၉.၀၈.၂၀၁၁)

စုစည်းမှု(၁)

မယ်ကိုး(ရေစီးဖြင့် ထုံးချည်ခြင်း)(ဇွန်လ ၂၀၁၁)
အိန္ဒြာ(ဧရာဝတီ၊ သူ စီးထွက်သွားခဲ့ပြီ ပင်လယ်ဆီ)(၀၁.၀၇.၂၀၁၁)
အောင်ဒင်(ဧရာဝတီကို ကာကွယ်ကြစို့)(၀၃.၀၈.၂၀၁၁)
အေးခိုင်(လေ၀ါရိုင်းသို့)(၀၆.၀၈.၂၀၁၁)
ဟယ်ရီလွင်(မဟာနဒီ၏ ဈာပနနိဒါန်း)(၁၂.၀၈.၂၀၁၁)
ငွေလမင်း(နူတ်ဆက်တော့မည် ဧရာဝတီ)(၁၃.၀၈.၂၀၁၁)
ကေ(အခမ်းနားဆုံးသော သက်ရှိကဗျာ)(၁၄.၀၈.၂၀၁၁)
အလင်းစက်(ဧရာဝတီအတွက် တုံပြန့်ချက်နဲ့ ...)(၁၅.၀၈.၂၀၁၁)
မိုးလှိုင်ည(ဧရာဝတီကို မချုပ်နှောင်နဲ့)(၁၅.၀၈.၂၀၁၁)
အောင်ဝေး(ဧရာဝတီရေဆန်)(၁၅.၀၈.၂၀၁၁)
အိမ့်ချမ်းမြေ့(မငိုပါနဲ့ ဧရာဝတီ)(၁၆.၀၈.၂၀၁၁)
လင်းခေတ်ဒီနို(ayarwaddy-not-for-sale)(၂၃.၀၈.၂၀၁၁)
ချစ်ကြည်အေး(အခမ်းနားဆုံးသော သက်ရှိကဗျာသို့)(၂၆.၀၈.၂၀၁၁)
မိုးယံ (ပြည်ကြီးတန်ဆာ)(၂၆.၀၈.၂၀၁၁)
ဒီမိုဝေယံ(ရေကာတာ၏ ဆိုးကျိုးခံနေရသော ပြည်သူများအတွက်
လက်ဆွဲစာအုပ်)(၂၇.၀၈.၂၀၁၁)
စစ်ငြိမ်းဒီရေ(ခေတ်တစ်ခေတ်၏ မြစ်)(၂၈.၀၈.၂၀၁၁)
ဘုန်းမြင့်ခိုင်(အရည်အချင်းရှိသော နိုင်ငံရေး ...)(၃၁.၀၈.၂၀၁၁)
ငြိမ်းစိုးဦး(မယားဆံတောက်၊ နောက်အလွန်)(၀၁.၀၉.၂၀၁၁)
ပန်ဒိုရာ(စေ့ရုံစေ့ထားတဲ့ ရွှေတံခါးတွေ)(၀၂.၀၉.၂၀၁၁)
Read more »

Friday, 16 September 2011

ဒိန်းမတ်နိုင်ငံ ပါလီမန်အဆင့် ရွေးကောက်ပွဲ


ဒိန်းမတ်နိုင်ငံသမိုင်းတွင်
ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာတော့မည့်
ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်
Helle Thorning Schmidt

ယနေ့( ၁၅.၀၉.၂၀၁၁) နေ့မှာ ကျင်းပတဲ့ ဒိန်းမတ်နိုင်ငံ
ပါလီမန်အဆင့် ရွေးကောက်ပွဲ ညဥ့်နက်ပိုင်း ရလာဒ်များအရ
လက်ရှိ ၀န်ကြီးချုပ် Lars Løkke Rasmussen ဦးဆောင်
သော အုပ်စုက အတိုက်အခံ Helle Thorning Schmidt
ဦးဆောင်သော အုပ်စုကို ပါလီမန် အမတ်ဦးရေ (၈၉)နေရာ၊
(၈၆)နေရာ ဖြင့် ရှုံးနိမ့်သွားသောကြောင့် လက်ရှိ ၀န်ကြီးချုပ်က
အတိုက်အခံ ခေါင်းဆောင်၏ အောင်မြင်မှုအတွက် ၀မ်းမြောက်
ဝမ်းသာ ဖြစ်ကြောင်း ပြောကြားလိုက်ပါပြီ ....

-စစ်ငြိမ်းဒီရေ
Read more »

Thursday, 15 September 2011

နော်ဝေးနိုင်ငံရောက် မြန်မာနိုင်ငံသားတဦး၏ မြူနီစပါယ် ရွေးကောက်ပွဲ အတွေ့ အကြုံ (၁+၂)

ပထမဦးဆုံးအနေဖြင့် နော်ဝေးနိုင်ငံ၏ရွေးကောက်ပွဲ စံနစ်ကို
တင်ပြပါမည်။ စတိုတင်ဂေး (stortinget) ဟုနော်ဝေးဘာသာ
ဖြင့်ခေါ်ဆိုသည့်  ပြည်သူ့ လွှတ်တော်ကို မဲဆန္ဒနယ်အသီးသီးမှ
အချိုးကျ ရွေးကောက်တင်မြောက်လိုက်သောကိုယ်စားလှယ်
၁၄၆ဦးနှင့်ဖွဲ့ စည်းပါသည်။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
တစ်ဦး၏သက်တမ်းသည် ၄ နှစ်ဖြစ်ပြီး တာဝန်ထမ်းဆောင်နေဆဲ
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား မည်သည့် အကြောင်းနှင့်
မှ ကိုယ်စားလှယ် အဖြစ်မှပျက်ပြယ်ကြောင်းကြေငြာခွင့်မရှိပေ။
ပြည်သူ့ လွှတ်တော်သည် ဥပဒေပြုခွင့် အာဏာကိုပါ ရရှိသည်။
နော်ဝေးနိုင်ငံသည်ပါတီစုံဒီမိုကရေစီ စံနစ်ကို ကျင့်သုံးသည်။
နိုင်ငံတော်၏အာဏာကို ပါတီ အဖွဲ့ အစည်းတစ်ခုတည်းက ရရှိခဲ့
ဘူးခြင်းမရှိပေ။


ထို့ ကြောင့်ပါတီများစုပေါင်း၍ အနည်းစု ကက်ဘိနက်(သို့ မဟုတ် )
ညွန့်ပေါင်းအစိုး၇ကို ဖွဲ့စည်းကြရသည်။ နော်ဝေးနိုင်ငံသည်ပြည်သူ့
လွှတ်တော်ရွေးကောက်ပွဲနှင့်မြူနီစပါယ်ရွေးကောက်ပွဲ ဟူ၍ ရွေးကောက်ပွဲ
၂ မျိုးကျင်းပသည်။ ရွေးကောက်ခံရသောကိုယ်စားလှယ်များ၏
သက်တမ်းသည် ၄နှစ်ဖြစ်သည်။ရွေးးကောက်ပွဲ၂ခု ကို ၂နှစ်ခြား၍
ကျင်းပသည်။ `ဥပမာအားဖြင့်ယခုကျွန်တော်တို့ မဲပေးခဲ့ သည့် မြူနီစပါယ်
ရွေးကောက်ပွဲကို ၂၀၁၅ တွင် ထပ်မံကျင်းပမည်ဖြစ်ပြီး၊ ပြည်သူ့ လွှတ်တော်
ရွေးကောက်ပွဲမှာ ၂၀၁၃ တွင် တစ်ကြိမ် ၊၂၀၁၇ တွင် တစ်ကြိမ် ကျရောက်
လိမ့် မည်ဖြစ်သည်။ စကြာဝဠာတခုလုံးတွင်ရှိသော နော်ဝေးနိုင်ငံသာ
တိုင်း မဲပေးခွင့်ရှိသည်။( အဓိပါယ်မှာ အာကာသယာဉ်မှုးများ၊နောင်တစ်ချိန်
ကမ္ဘာမြေကဲ့သို့ သောနေရာသစ်တစ်တွင် ရောက်ရှိနေနိုင်သော နော်ဝေး
နိုင်ငံသားများကို ညွှန်းဆိုဟန်ရှိပါသည်။ (စကားချပ်)

ရွေးကောက်ပွဲ ကျင်းပသည့်နှစ်အတွင်း အသက် ၁၈နှစ်ပြည့်မည့်သူများ
မှစ၍မဲပေးခွင့် ရှိသည်။ ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲတွင် နော်ဝေး
နိုင်ငံသားများနှင့် နော်ဝေးနိုင်ငံသားအဖြစ် တရားဝင်ခံသူထားတော
အခြားနိုင်ငံသားများသာမဲပေးခွင့် ရှိသည်။ မြူနီစပါယ် ရွေးကောက်ပွဲများ
တွင်နော်ဝေးနိုင်ငံအတွင်း ၃နှစ်ထက်မနည်း အဆက်မပြတ်နေထိုင်သည့်
နိုင်ငံခြားသားများလည်းမဲပေးခွင့် ရှိသည်။ (ယခင်က ၅နှစ်မှမဲပေးခွင့်ရှိသည်
ဟုထင်ပါသည်။ စာရေးသူ) ၁၉၁၃ ခုနှစ်မှစ၍ အမျိုးသမီးများမဲပေးခွင့်
ရခဲ့သည်။ ရွေးကောက်ပွဲ ၂ခု စလုံးတွင် နော်ဝေးဘုရင်ကြီးကို နိုင်ငံသား
အဖြစ်ထည့်သွင်းမစဉ်းစားသောကြောင့် မဲပေးခွင့်မရှိပေ။ မိဖုရာကြီးနှင့်
အိမ်ရှေ့ မင်းသားကို ဥပဒေအရတားမြစ်ထားခြင်းမရှိသော်လည်းမဲပေး
လေ့မရှိကြပေ။ (ဘာကြောင့် ဆိုသည်ကို ဘရိန်းစတောင်းမင်း
လုပ်ကြည့်သင့် ကြပါသည်။စာေ၇းသူ)

မဲပေးပိုင်ခွင့်

အဓိကအားဖြင့်၂မျိုးခွဲခြားထားသည်။
ကြိုတင်မဲ နှင့် မဲရုံမဲ ဖြစ်ပါသည်။
အကယ်၍ မဲပေးပိုင်ခွင့်ရှိသူတစ်ဦးသည် နာမကျန်းဖြစ်နေလျင်ဖြစ်စေ
ခရီးသွားစရာရှိလျင်ဖြစ်စေ
၎င်း ၏ သန်းခေါင်စာရင်းရှိရာ မြို့ နယ်မှဝေးရာသို့ ရောက်နေလျင်ဖြစ်စေ
၎င်းး၏ကိုယ်ပိုင်ဆန္ဒအရဖြစ်စေ
ကြိုတင်မဲရုံများတွင်၎င်း
နော်ဝေးနိုင်ငံဆိုင်ရာသံရုံးများတွင်၎င်း
အင်တာနက်မှ၎င်း
ကြိုတင်ဆန္ဒမဲပေးနိုင်သည်။
ကြိုတင်ဆန္ဒမဲကို တရားဝင်သတ်မှတ်ထားသည့်မဲပေးရက်သို့
ရာက်မည့်  တစ်ရက်အလိုထိပေးနိုင်ပါသည်။

မဲရုံမဲကို ကြေငြာထားပြီးဖြစ်သော တနင်္ဂနွေ နှင့်တနင်္လာ ၂ရက်တွင်
မိမိ သန်းခေါင်စာရင်းရှိရာ မြို့ နယ်မှ သတ်မှတ်ပေးထားသည့်
မဲရုံတွင်ထည့်ရသည်။ တနင်္ဂနွေ နေ့ တွင် မဲရုံကို ညနေ ၂ နာရီမှ ည ၆
နာရီအထိ၎င်း၊ တနင်္လာနေ့ တွင် နဲနက် ၉နာရီမှည၉နာရီအထိ ၎င်း မဲပေး
နိုင်သည်။ မဲပေးရန်အတွက် မဲဆန္ဒရှင်၏ထင်ရှားသောဓါတ်ပုံပါဝင်သည့်
ဘဏ်ကဒ် ၊ ကားလိုင်စင် ၊ပတ်စပို့ (လူတိုင်းလက်ထဲတွင် ပတ်စပို့ရှိသည်။
နိုင်ငံအားလုံးနီးပါးသို့  နော်ဝေးပတ်စပို့ ကိုင်ဆောင်ထားသူတစ်ဦးအနေဖြင့်
ကြိုတင် ဗီဇာမလိုဘဲ ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်နိုင်ပါသည်။ စာရေးသူ)
ရွေးကောက်ပွဲမတိုင်မီ၁လ အလိုခန့် တွင် မိမိ သန်းခေါင်စာရင်း ရှိရာ
မြို့ နယ်မှလက်ရှိနေထိုင်ရာလီပ်စာသို့ မဲပေးခွင့်ကဒ်ပြားကိုပို့ ပေးပါသည်။
(နော်ဝေးနိုင်ငံ၏လူနေမှုပုံစံနှင့် လူမှုဖူလုံရေးစံနစ်အကြောင်းကို သီးခြား
တင်ပြပါအုံးမည်။ အလွန်မင်္ဂလာရှိပါသည်။စာရေးသူ)

(အပိုင်း ၂)

မိမိထံသို့ ပေးပို့ ထားသော မဲပေးခွင့်ကဒ်ပြားမပါရှိခဲ့ချင်လည်း
မဲရုံ အမှုထမ်းများထံတွင် မိမိ၏အိုင်ဒီ (နော်ဝေးရောက် မြန်မာများ
အခေါ် ၁၁ လုံးနံပါတ်)ကို ပြော၍မဲပေးနိုင်ပါသည်။ မိမိ အတွက်
သတ်မှတ်ထားသောမဲရုံ မဟုတ်လျင်လည်း မဲပေးနိုင်ပါသည်။
မဲရုံမဲ ပေးသည့်ရက်များတွင် အရက် ၊ဘီယာ ရောင်းချခွင့်မပြုပေ။
မဲရုံများအဖြစ် မြို့ တော်ခန်းမအပါ အဝင် နိုင်ငံတော်ပိုင်နေရာများ
(အထူးသဖြင့် ကျောင်းများ ကို အသုံးပြုသည်။)

နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲ ကမ်ပိန်း

အဓိကအားဖြင့် အင်အားကြီးမားသောနိုင်ငံရေးပါတီ ၆ခု ရှိသည်။
၎င်းတို့ မှာဗဟိုလက်ဝဲပါတီ ၊အလုပ်သမားပါတီ၊လက်ဝဲပါတီ၊
လက်ယာပါတီ၊ အက်ဖအာပီ နှင့် ကေအာအက်ဖတို့ ဖြစ်ပြီး ယခုအခါ
အနီပါတီမှာလည်း စည်းရုံးရေးအင်အားတိုးလာဟန်ရှိသည်။ ပြည်သူ့ 
လွှတ်တော်အမတ် နေရာအများစုကို ဒုတိယကမ္ဘာစစ်ကာလ ဂျာမန်တို့
၏အုပ်စိုးမှုကို ဦးဆောင်တော်လှန်ခဲ့သောအလုပ်သမားပါတီမှရရှိသည်။
အကြမ်းဖြင်းအားဖြင့် လက်ယာ ပါတီ ၃ ခု နှင့် လက်ဝဲပါတီ ၃ခု ဟု
ဆိုနိုင်သော်လည်း ပါတီအားလုံးမှာ တိုင်းပြည်၏လူဦးရေအရ၎င်း၊
အမျိုးသားသယံဇာတ အရင်းအမြစ်ဖြစ်သော ရေနံဓန ပေါကြွယ်ဝမှု
ကြောင့်၎င်း၊ ဆိုရှယ်ဒီမိုကရက်စံနစ် ကို ဇောင်းပေးမဲဆွယ်ကြရသည်။
(တိုင်းပြည်၏ နေရှင်နယ်ရီဆို့ နှင့် လမ်းပန်းဆက်သွယ်ရေး၊ ဆိုရှယ်ဝဲဖဲ
တို့ ကို အစိုးရမှတိုက်ရိုက်နီးပါးချုပ်ကိုင် ထားပြီး ကုန်သွယ်မှုဆိုင်ရာ
လုပ်ငန်းများကို စီးပွားရေးလုပ်ငန်းစုကြီးများသို့ ချပေးသောစံနစ်မျိုး
ကို စာရေးသူက ဆီုရှယ်ဒီမိုကရက်စံနစ်တွင် ဘောင်ဝင်သည်ဟု
သတ်မှတ်ပါသည်။စံနစ်တခုလုံးနှင့်ချီ၍ အငြင်းပွားလိုသူများ၊ လေ့လာ
လိုသူများ ယခုခေတ်တွင် စာအုပ်စာတမ်းရှာမရပါက ဂူဂဲနှင့် ဝိကီပိဒိယ
တို့ တွင် အခမဲ့ရနိုင်ပါသည်။ ထိုကဲ့ သို့ လေ့လာလိုသောသူများ အထူးသဖြင့်
ပညာတတ်လူလတ်တန်းစားလူငယ်များ များပြားလာပါက မြန်မာပြည်ကြီး
အတွက် အဟောသုခံ။)
ထူးခြားသောအချက်မှာရွေးကောက်ပွဲကာလတွင် မည်သည့်ပါတီမှ
တူညီဝတ်စုံများဝတ်၍ စီတန်းလှည့်လည်ခြင်း၊အသံချဲ့စက်များသုံး၍
အော်ဟစ်လူခေါ်ခြင်း၊ တပါတီနှင့်တပါတီ မူးယစ်သောက်စား၍ အော်ဟစ်
ရန်စခြင်း စော်ကားခြင်းမျိုး မရှိပေ။ ပါတီများအနေဖြင့်တနှစ်ပတ်လုံး
မီဒီယာများတွင် တိုင်းပြည်၏ ထူးခြားသော အရေးကိစ္စများအတွက်၊
တစ်ပါတီခြင်းသော်၎င်း၊ပါတီအများမှခေါင်းဆောင်များစုဆုံ၍၎င်း၊
စကားစစ်ထိုးပွဲများကို အပတ်စဉ်နီးပါး ပြုလုပ်ပြီးတိုက်ရိုက် ထုတ်လွှင့်
ပြသနေသဖြင့်ပါတီခေါင်းဆောင်များ၏ အရည်အသွေးအစစ်အမှန်များကို
လူထုမှသိရှိပြီးဖြစ်နေသဖြင့် ရွေးကောက်ပွဲနီးမှမဲဆွယ်ရန် မလိုတော့ပေ။
မီဒီယာများမှကျွမ်းကျင်သူများ၊တခါတရံ နိုင်ငံမှထင်ရှားသောပုဂ္ဂိုလ်
များမှ စကားစစ်ထိုးပွဲများတွင် ကြီးကြပ်သူများအဖြစ်ဆောင်ရွက်ကြသည်။
(ဝန်ကြီးချုပ်ပင်ဖြစ်စေ ကြီးကြပ်သူ က အလှည့်ပေးမှပြောရသည်။
ပြောလိုသူမှလက်ညှိုးထောင်ထားပြီး ခွင့်တောင်းရသည်။ကြီးကြပ်သူမှ
ဆက်မပြောရန် သတိပေးပါက မိမိစကားကို ရပ်ပေးရသည်။အကယ်၍
ရပ်သင့်မရပ်သင့် ဝိရောဓိဖြစ်ဖွယ်ရာအခြေ အနေ ဆိုပါက တက်ရောက်
နားတောင်သူများကို ကြီးကြပ်သူမှသဘောထားယူလေ့ရှိပါသည်။ စာရေးသူ)

ယခုနှစ်တွင်ထူးခြားသောဖြစ်ရပ်တစ်ခု ရွေးကောက်ပွဲမတိုင်မီ ကဖြစ်ပွား
ခဲ့သည်။ ၎င်းကိုယ်ကို “ကျောင်းတော်ခေတ် မြင်းစီးစစ်သည်တော်” အဖွဲ့
မှဟုကြေငြာထားသည့် ဘရိုက်ဒါဗစ်ဆိုသူ လက်ယာအစွန်းရောက်ဝါဒီ
တဦးမှ အလုပ်သမားပါတီ၏ မျိုးဆက်သစ်လူငယ်များစုစည်းလျက်ရှိ
နေသော နွေရာသီအပန်းဖြေစခန်း ကို ဝင်ရောက်ပစ်ခတ်သဖြင့်
အလုပ်သမားပါတီအနေဖြင့် ၎င်းတို့ ၏အနာဂတ်ခေါင်းဆောင်များအဖြစ်
ရည်မှန်းထားသူ ၇၀ ဦးခန့်ဆုံးရှုံးခဲ့ရသည်။ ပစ်ခတ်သူမှာ အက်ဖအာပီ
ပါတီဝင်ဟောင်းတဦးဖြစ်သည်။ သို့သော် ယခု နော်ဝေးနိုင်ငံ၏ဝန်ကြီးချုပ်
အဖြစ်တာဝန်ယူနေသော လေဘာပါတီခေါင်းဆောင်အပါအဝင် ပါတီ
အသီးသီးမှခေါင်းဆောင်များတွေ့ ဆုံဆွေးနွေးပြီး တိုင်းပြည်၏ဝမ်းနည်း
ကြေကွဲဖွယ်ရာ အဖြစ်ဆိုးကြီးကို ရွေးကောက်ပွဲကမ်ပိန်းအနေဖြင့် အသုံးမချ
ရန်သဘောတူခဲ့ ကြသည်။ ရွေးကောက်ပွဲလုပ်မည့် တစ်လ အလိုခန့်မှ
စ၍ ပါတီများမှ ပါတီပိုင် သတင်းစာများ၊သို့ မဟုတ် ပါတီသြဇာငြောင်းသော
သတင်းစာများတွင် ၎င်းတို့ ပါတီအာဏာရပါက လုပ်ဆောင်မည့်ကိစ္စများ၊
အထူးသဖြင့် လက်ရှိ အစိုးရ မှ လုပ်ဆောင် မပေးခဲ့သော ပြည်သူတို့
အတွက် အကျိုးရှိမည့်ကိစ္စများကို ထောက်ပြဝေဖန်ကြသည်။ထို့ ပြင်
လူစည်ကားရာနေရာများတွင် ဘီဘုတ်ကြီးများဖြင့် ပါတီမှအရေးအကြီး
ဆုံးဟုယူဆသည့် ဆောင်ပုဒ်တခုနှင့် ရွေးကောက်ခံမည့် ကိုယ်စားလှယ်
၏ပုံကို ယှဉ်တွဲဖေါ်ပြထားလေ့ရှိသည်။ထို့ ပြင်မီဒီယာအသီးသီးမှလည်း
ရွေးကောက်ပွဲဝင်မည့် ပါတီကိုယ်စားလှယ်လောင်းများကို တန်းစီဖေါ်ပြပြီး
ပုံများ၏အောက်တွင် ၎င်းးတိ့ ၏ဖြတ်ထိုးဥာဏ်ကို စမ်းသည့် မေးခွန်း
တိုလေးများနှင့် အဖြေများကို ဖေါ်ပြပြီး လူထုနှင့်မိတ်ဆက်ပေးလေ့ရှိသည်။

(ဆက်လက်ဖေါ်ပြပါမည်။ မဲပေးသောနေ့  အခန်းတွင် ဓါတ်ပုံများဖြင့်
တင်ပြပါမည်။)

-ကိုမိုးကြီး
Read more »

Wednesday, 14 September 2011

ပဲခူးသန်းအောင် လွမ်းချင်း



ဘောလုံးဆိုတော့လည်း လုံးကြတာပေါ့ ...
အာဏာမလိုချင်ရင် အစကတည်းက ဘာလို့ ပါတီထောင်ပါသလဲလို့
မမေးတော့ပါဘူး ...
သခင်တင်မြတို့ ဦးချမ်းအေးတို့ ဦးကျော်ဝင်းတို့ ကိုအေးလွင်တို့ကို
ဆဲခဲ့တဲ့သူတွေ အခုမှ ဘွာတေး သွားလုပ်လို့ အချိန်မမှီတော့ဘူး ...
ဒီည ဘန်ဖီကာနဲ့ မန်ချက်စတာမှာ ဘယ်ဖက်က ရှိလဲ ...
ရီရယ်မက်ဒရစ် ဘယ်နှစ်ဂိုးသွင်းမှာလဲ ...
အင်တာမီလန်ရော ဂိုးတွေအများကြီး သွင်းမှာလား ...
မန်စီတီးရော ဘယ်နှစ်ဂိုး သွင်းမှာလဲ ...
တစ်လုံးတည်း လုံးနေကြလို့ မေးရအုံးမယ် ...
မြန်မာပြည်က ဘောလုံးဆရာ `ပဲခူးသန်းအောင်´ ဆိုတာ ကြားဖူးလား ...
သူ ထ'သွားတဲ့ဖက်က နိုင်တယ်ဆိုတာလေ၊ လွန်ခဲ့တဲ့နှစ် ၃၀ လောက်က
နာမည်ကြီးတစ်ယောက်ပေါ့ ...
ပဲခူးသန်းအောင် တစ်ယောက်တည်း လောင်းကစား သမား မဟုတ်တော့ဘူး၊
လောင်းကစားသမိုင်းကို ပြင်တော့မယ် ....


-စစ်ငြိမ်းဒီရေ
Read more »